← Chapters

သော့ တစ်ချောင်း။

Vol. 66 Ch. 914

သော့ တစ်ချောင်း။

Vol. 66 Ch. 914

ဦးခေါင်း မပါသော အလောင်းမှာ၊ မြေပြင်နှင့် ထိမှန် သွားသော အသံကြောင့်၊ လူတိုင်း ထိတ်လန့် သွားသည်။

လင်းယွန် တစ်ယောက်၊ မည်သို့ လှုပ်ရှား လိုက်သည်အား မမြင် လိုက်ရဘဲ၊ အပြာရောင် ကြာပန်း တစ်ပွင့်၊ ဖန်းဝူကျိ ခေါင်းတွင် ပွင့်ကာ ပေါက်ကွဲ သွားသည် ကိုသာ၊ မြင်လိုက် ကြသည်။

“ သေသွား တာလား။ ”

“ ဓားတစ်ချက် တည်းနဲ့ တကယ် သတ်လိုက် တာပဲ၊ ကြောက်စရာ ကောင်း လိုက်တာ။ ”

ဖန်းဝူကျိအား သတ်လိုက် ခြင်းဖြင့်၊ လူတိုင်း၏ နှလုံးသား ထဲသို့ အကြောက် တရား ရိုက်သွင်း ပေးနိုင်ကာ၊ အချိန် အကြာကြီး တိတ်ဆိတ် သွားစေသည်။

မြင့်မြတ် မြေမှ ပါရမီရှင် များမှာ၊ ချွေးများဖြင့် ရွှဲနစ် သွား၏။ ဤဓား မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူတို့ မြင်နိုင်သည်။

ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းမှာ အကြောက်ဆုံး ဖြစ်သည်။ တစ်ဖက် လူမှ ဓား မဆွဲ ချင်ကြောင်း ပြောချိန်၌ အလေး အနက် မထား ခဲ့ချေ။ ထိုစဉ်က မည်မျှ သေဘေးနှင့် နီးကပ် နေခဲ့ သည်ကို သိရှိ လာမိ၏။

မိုဟန်၊ ရှစ်ဖန့်နှင့် ချမ်းအင် တို့မှာ၊ မျက်နှာများ လေးနက် သွားသည်။ ဖြစ်စဉ် အသေး စိတ်ကို မမြင်နိုင် သော်လည်း၊ အရေး ကြီးသော အချက် အလက် အချို့ကို ကောင်ယူ နိုင်ခဲ့သည်။

အခြားသူများ အမြင်၌ လင်းယွန် ထံတွင် အပြာရောင် ကြာပန်း တစ်ပွင့် ကိုသာ မြင်နိုင် ကြသည်။

ထိုကြာပန်း ဖန်းဝူကျိထံ မည်သို့ ရောက်ရှိသွား သည်ကို မသိ နိုင်ချေ။ ယင်းမှာ ရွေ့ပြောင်း လိုက်သော စွမ်းအား ဖြစ်သည်။

( အပြာရောင် ကြာပန်း ဟူသည် ကောင်းကင် ဘုံ၌ ပွင့်သော ပေါက်ကွဲ အားပြင်း သည့်၊ ကြာပန်း တစ်ပွင့် အဖြစ်၊ တရုတ် များက ယူဆ ပေသည်။)

အမှန်မှာ ဖန်းဝူကျိ တစ်ယောက် နှေးကွေး သောကြောင့် မဟုတ်ချေ။ ဓားဆွဲထုတ် နိုင်ပါက၊ လင်းယွန်အား ရပ်တန့် နိုင်မည် ဖြစ်သည်။ သိုင်း ရည်ရွယ်ချက်များ အပေါ်၊ ထိုးထွင်း နားလည် မှု၏ ကွာဟချက် ဖြစ်သည်။

ဆိုလို သည်မှာ လင်းယွန်၏ ဓား ရည်ရွယ်ချက်သည်၊ အားကောင်း လွန်းသဖြင့်၊ ဖန်းဝူကျိကို ကန့်သတ် နိုင်ခဲ့ခြင်း ဖြစ်၏။

ယင်းကို ချိုးဖျက်ရန် ဓါးဆွဲလိုက် သော်လည်း၊ အချိန် နှောင်းသွားပြီ ဖြစ်သည်။ လင်းယွန်၏ ခွန်အားမှာ နိမ့်ကျ သော်လည်း၊ ဓားရေး အရာ၌၊ နဂါး အဆင့်ရှိ ပါရမီရှင် များကို ယှဉ်နိုင် ပေသည်။

သူ့ ဓားရေးမှာ နက်ရှိုင်း လွန်းသဖြင့် ပြန်လည် သုံးသပ် ရန်ပင်၊ အချိန် အတော် ကြာမိသည်။ တစ်ဖက်တွင် လင်းယွန်မှာ ကျေနပ်ခြင်း မရှိချေ။

သူ့ ဓားရေးသည် ပြီးပြည့် စုံရန် လိုအပ်ချက်များ ရှိချေပြီ။ လုံလောက်သော အဆင့် အထိ ရောက်ရှိ လာပါက၊ မည်သူမျှ မြင်နိုင်မည် မဟုတ်ချေ။

ထို့ထက် ပို၍ ပြဿနာ ဖြစ်စေ သည်မှာ၊ စိတ်စွမ်းအင်နှင့် မူလ စွမ်းအင်များ ကုန်ခမ်း သွားခြင်း ဖြစ်သည်။

သို့သော် ပစ်မှတ် သေဆုံးပြီး ဖြစ်သဖြင့်၊ သူ့ဓားရေး အပေါ် စိုးရိမ် နေစရာ မလိုတော့ချေ။ ကောင်းကင် ကြာပန်း၏ အနှစ် သာရမှာ၊ အမြန် နှုန်း မဟုတ်ကြောင်း၊ သူသာ သိသည်။

ဖန်းဝူကျိ တစ်ယောက် ဓားဆွဲ နိုင်သော်မှ ဓားသုတ္တန် နှစ်ခုကို ကြာပန်း အဖြစ်၊ ပြောင်းလဲ ထားသော ပေါက်ကွဲ စွမ်းအား အပေါ်၊ ဖြေရှင်း နိုင်မည် မဟုတ်ချေ။

“ ဝှစ် ... ။ ”

လူတိုင်း ငိုင်တွေ နေစဉ်၊ ဖန်းဝူကျိ အလောင်းရှိ ဆေဘာဓားမှာ၊ လင်းယွန် လက်ထဲ ပျံသန်း သွားသည်။

နောက်ဆုံးတွင် ဤဓားမှာ အဖိုးတန်သော တာအို လက်ရာ တစ်ခု ဖြစ်သည်။ ထို့နောက် သိုလှောင်အိတ် တစ်လုံးပါ ပျံသန်း သွား၏။

ဖန်းဝူကျိ ကဲ့သို့သော ပါရမီရှင် တစ်ဦး၏ သိုလှောင် အိတ်တွင်၊ စိတ်ကူး မယဉ် နိုင်သော ရတနာများ ပြည့်နှက်နေ မည်မှာ၊ သံသယ ဖြစ်ဖွယ် မရှိချေ။

ထို့ကြောင့် မိုဟန်၊ ရှစ်ဖန့်နှင့် ချမ်းအင်က စကား ပြောရန် အတွက်၊ ရှေ့ တစ်လှမ်း တိုးမိ သည်။

“ သူငယ်ချင်း၊ မင်း တကယ် လောဘ ကြီးတာပဲ၊ ငရဲ တိမ်လွှာ ဓားကို ယူရုံသာ မကဖူး၊ သိုလှောင်အိတ် ကိုပါ သိမ်းယူ ထားတယ်၊ ဒါက နည်းနည်းတော့ လွန်တယ်လို့ မထင် ဖူးလား။ ”

မိုဟန်က ပြုံးလျက် စကားစ လိုက်သည်။ ယခု ချိန်၌ ဖန်းဝူကျိထက် ရတနာ များက ပို၍ စိတ်ဝင်စားရာ ကောင်းပေသည်။

ဤနည်းဖြင့် သွေးအရိုး နယ်မြေမှာ၊ လင်းယွန် နောက်သာ မက သူတို့ နောက်သို့ပါ၊ လိုက်ပါလာ နိုင်သော်လည်း၊ ရတနာ များကို မျက်နှာ မလွဲ နိုင်ချေ။

“ ဖန်းဝူကျိကို ဓားတစ်ချက် တည်းနဲ့ သတ်နိုင် ထဲက၊ မင်း အရည် အချင်းကို အသိ အမှတ် ပြုပါတယ်၊ ဒါပေမယ့် လူတိုင်း ကိုတော့ မင်း ဒီလို သတ်နိုင်တဲ့ အင်အား မရှိနိုင် ပါဘူး၊ ဟုတ်တယ် မလား။ ”

လင်းယွန် လက်ထဲရှိ ငရဲ တိမ်လွှာ ဆေဘာဓားကို ကြည့်ကာ၊ ရှစ်ဖန့် မှလည်း ဝင်ရောက် ပြောဆို လာသည်။

“ မင်းတို့ မယုံရင် ... ၊ လာစမ်း ကြည့်လို့ ရပါတယ် ... ။ ”

လင်းယွန်က ဖန်းဝူကျိ၏ ပစ္စည်း များကို သိမ်းဆည်းကာ ပြုံးလျက် ဆိုလိုက်သည်။

“ မင်း ... ။ ”

တစ်ဖက် လူမှာ နောက်တစ်လှမ်း ဆုတ်ပေးရန် ရည်ရွယ်ချက် မရှိ သောကြောင့်၊ မိုဟန်၊ ရှစ်ဖန့်နှင့် ချမ်းအင် တို့က ဒေါသထွက် သွားသည်။

ဖန်းဝူကျိအား သတ်သော ဓားကို တစ်ကြိမ်သာ အသုံးချ နိုင်မည်ဟု ယုံကြည်ထား သော်လည်း၊ မည်သူ ကမျှ ၎င်းအား အတည် ပြုရန် ဆန္ဒ မရှိ ကြပေ။

တိုက်မည် ဆိုပါက၊ လင်းယွန်ကို မြန်နိုင် သမျှ မြန်မြန် သတ်ရန် လိုသည်။

“ သွေးအရိုး နယ်မြေ ဆိုတာ မြတ်မြတ် မြေတွေ ကြားမှာတောင် ထိပ်တန်း နယ်မြေ တစ်ခုပဲ၊ နဂါး အဆင့် ကျွမ်းကျင်သူ တွေတောင် ရှိတယ်၊ ... ”

“ ... တတိယ ကောင်းကင် ဝိညာဉ် နယ်မြေက၊ ကျွမ်းကျင်သူ တွေကို ရင်ဆိုင်နိုင် လိမ့်မယ်လို့၊ မင်း ထင်နေလား။ ”

“ ဒါက မင်း စိတ်ပူ နေစရာ မလို ပါဘူး၊ စကားများ မှာလား တိုက်မှာလား၊ မတိုက် ရဲရင် ငါ့ ရှေ့က ထွက်သွားပါ။ ”

“ ကောင်းပြီ ... ၊ ငါစောင့် နေမယ် မင်းဘယ်လောက် အထိ မောက်မာ နိုင်ဦး မလဲ ကြည့်မယ်။ ”

ဖန်းဝူကျိ အိတ်တွင် ရတနာ များစွာ ရှိနေ ကြောင်းကို၊ သိထား သောကြောင့် သူတို့ သုံးဦး မှာ၊ အနည်းငယ် တွေဝေ နေခဲ့သည်။

သို့သော် ခြေထောက် များက လှည့်ထွက် နေပြီ ဖြစ်၏။ ရုတ်တရက် လှည့်ထွက် သွားနေ ရာမှ၊ ရှစ်ဖန့်က ချက်ချင်း ရပ်လိုက်ပြီး၊

“ မင်း ဓားနာမည် ဘယ်လို ခေါ်လဲ။ ” ဟု လှည့်မေး လာလေသည်။

သူ့နောက်တွင် ဓားရှည် တစ်လက်ကို လွယ်ပိုးထား သဖြင့်၊ ဓားသမား တစ်ယောက် ဖြစ်ကြောင်း သတိဝင် လာ စေသည်။ မဟုတ် ပါက၊ လင်းယွန် ဓားအမည်ကို မေးမည် မဟုတ်ချေ။

“ သူ့ နာမည်က ပန်းသင်္ချိုင်း ...၊ ဒါကြောင့် ငါက ပန်း တွေနဲ့ လူ တွေကို မြှုပ်နှံပေး နေတဲ့ ဓားသမား ပဲ။ ”

“ မဆိုးဖူး ... ၊ နာမည် ကောင်းတယ်၊ ဒါပေမယ့် ဘုန်းနေမင်း ဝိညာဉ်ကို၊ မင်း မလို ချင်တာ ပိုကောင်းမယ်၊ ငါတို့က နှစ်ယောက်၊ မင်းမှာက ဓား တစ်လက်ပဲ ရှိတယ်။ ”

-ဟု ဆိုလျက်၊ ရှစ်ဖန့်က မီးလျှံ အတား အဆီး ထဲသို့၊ ဝင်ရောက် ပျောက်ကွယ်သွား တော့သည်။

ထို့နောက် လူအုပ် ကြီးမှာ တဖွဲဖွဲ လိုက်ပါ သွားကုန်၏။ သည်နေ့ ပြီးနောက် လင်းယွန် အမည်မှာ နဂါး ပြည်နယ်တွင်၊ တောမီး တစ်စလို ပျံ့နှံ့သွား ပေမည်။

ချန်ရွှမ်တို့ အဖွဲ့မှာ ဖြစ်ရပ်များ အပေါ်၊ မယုံကြည် နိုင်သေးချေ။ လမ်း တစ်လျှောက် သူ့တို့ သဘောထား များကို၊ ပြန်သတိ ရသော အခါတွင်၊ အဆင် မပြေ ဖြစ်ကုန် ကြသည်။

လင်းယွန် ကမူ ဂရု မစိုက်ချေ။ နဂါး ဝိုင်အိုးကို ထုတ်ကာ၊ သူ့ အတွက် တစ်ခွက် ငှဲ့ယူ လိုက်ပြီး၊

“ လာကြ ... ၊ ဒါက နဂါး ဝိုင်ပဲ၊ အတား အဆီးထဲ မဝင်ခင်၊ တစ်ခွက်လောက် သောက် ကြ ရအောင်။ ”

-ဟု ဖိတ်ခေါ် လိုက်လေသည်။

နဂါး ဝိုင်သည် သူတော်စင် အဆင့် ဆေးလုံး များနှင့် ယှဉ်နိုင်၏။ အလွန် ရှားပါး သော်လည်း၊ လင်းယွန်မှ ရက်ရက် ရောရော ပေးကမ်းလာ လေပြီ။ ထို့ကြောင့် လူတိုင်းက စိတ်လှုပ်ရှား စွာဖြင့်၊ လက်ခံရန် ရှေ့တိုး လိုက်မိသည်။

ဝမ်းဗိုက် ထဲသို့ ရောက်သည်နှင့်၊ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင်များ ဆူပွက် တိုးပွားလာ သည်ကို ခံစား လိုက်ရသည်။

တိုတောင်း လှသော ဤအခိုက် အတန့် အတွင်း မှာပင်၊ သူတို့၏ ကျင့်ကြံမှုမှာ ခုန်ပျံ ကျော်လွှား တိုးတက်လာ တော့သည်။

သဘာဝ အားဖြင့် လင်းယွန်မှာ တိုးတက်မှု မရှိ သော်လည်း၊ မူလ စွမ်းအင်များ ပြန်လည် ဖြည့်တင်း ရာ၌ အထောက် အကူ ရလေသည်။

မိုဟန်၊ ရှစ်ဖန့်နှင့် ချမ်းအင်တို့ ပြောသည်မှာ မမှားချေ။ သူ့ အနေဖြင့် ကောင်းကင် ကြာပန်း ကို၊ တစ်ကြိမ်သာ ထုတ်ဖော် နိုင်သည်။ ထပ်မံ လုပ်ဆောင်ချင် ပါက တန်ကြေး ကြီးကြီး ပေးအပ် ရပေမည်။

သို့သော် ယင်းမှာ ကောင်းကင်ဘုံ သုံးပါးမှ တစ်ပါးသာ ဖြစ်ကြောင်း၊ ဤလူမိုက် သုံးဦးက မသိချေ။

“ လင်းယွန် ... ၊ သွေးအရိုး နယ်မြေက မင်းနောက်ကို သေချာပေါက် လိုက်လိမ့်မယ်၊ မိုဟန် ပြောတာ တွေက အမှန်ပဲ၊ ... ”

“ ... သူတို့က အရမ်း ကြောက်စရာ ကောင်းတယ်၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေက ကျွမ်းကျင်သူ တွေတောင် ရှိတယ်။ ”

ချန်ရွှမ်က လင်းယွန်ကို လေးလေး နက်နက် စိုက်ကြည့်ပြီး၊

“ မင်း ထွက်သွားတာ အကောင်း ဆုံးပဲ။ ”

-ဟု သက်ပြင်း ချကာ ဆိုလိုက်၏။

“ ရတယ်၊ ပြဿနာ မရှိဘူး။ ”

လင်းယွန်က ပြုံးကာ တုန့်ပြန်သည်။

“ ဒါနဲ့ ငါ မင်းကို အကူ အညီ တောင်းစရာ တစ်ခု ရှိတယ်၊ အစ်ကို ချန်ရွှမ်။ ”

ထို့နောက် လင်းယွန်က သန်းပေါင်း များစွာသော ကြယ်ပုလဲ များနှင့် အတူ ၊ ရတနာ အချို့ကို ထုတ်ယူကာ၊ ဖန်ရှောင်ယု၊ ဇိုချင်းရှန် နှင့် ချောင်ချန် တို့ထံ ပေးအပ်ရန်၊ ချန်ရွှမ်အား တောင်းဆို လိုက်သည်။

သူ့ အနေဖြင့် မိုးကြိုး မြို့သို့ ပြန်တော့မည် မဟုတ်ချေ။

“ စိတ်မပူ ပါနဲ့၊ ငါ တာဝန်ယူ ပါတယ်။ ”

ချန်ရွှမ်က လေးနက်စွာ ကတိပေး လိုက်သည်။ သူတို့ စကားဝိုင်း အတွင်းသို့ လျူယွင် တစ်ယောက် လှမ်းဝင် လာပြီး၊

“ လင်းယွန်၊ လမ်း တစ်လျှောက် ငါရဲ့ လုပ်ရပ်တွေ အတွက် တောင်းပန် ပါတယ်၊ မင်းက ဖန်းဝူကျိကို သတ်နိုင်တဲ့ အတွက်၊ ဒီသွေးနေ သစ်သီးက မင်း အပိုင်ပါ။ ”

လင်းယွန်သာ သူ့အတွက် ရပ်တည် ပေးခဲ့ခြင်း မရှိပါက၊ ဆုံးခန်းတိုင် သွားပေမည်။ ထို့ကြောင့် သွေးနေ သစ်သီးကို ယူထားရန် အထိ၊ အရှက် မမဲ့ ဝံ့ချေ။

သူ့ လက်ထဲရှိ သစ်သီးကို လင်းယွန်က တစ်ချက်သာ ကြည့်ပြီး၊

“ ငါ မလိုဘူး၊ ယူထားလိုက်၊ မင်းက ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် ထားတယ် မဟုတ် လား၊ မင်းမှာ ခွန်အား မရှိရင်၊ ဒီဓားရဲ့ စွမ်းအား အပြည့်ကို ထုတ်လွှတ် နိုင်မှာ မဟုတ်ဘူး၊ လာ ငါတို့ သွားရအောင်။ ”

-ဟု ဆိုလျက် မီးလျှံ အတား အဆီး ထံသို့ ဦးတည် သွားတော့သည်။

ဘုန်းနေမင်း ဝိညာဉ်မှာ၊ ချိပ်ပိတ်ထား သော်မှ၊ နဂါး တားမြစ် နယ်မြေကို ဖွင့်ရန် သော့ များအနက်၊ တစ်ချောင်း ဖြစ်နေပေ သေးသည်။

***

All Chapters