စမ်းသပ်မှု။
Vol. 66 Ch. 915
ချင်ဖုန်းတို့ လူအုပ်မှာ လင်းယွန်နှင့် အတူ၊ မီးလျှံ အတား အဆီး ဆီသို့ လိုက်လာ ကြသည်။ အပူချိန် များစွာ လျော့ကျ သွားပြီ ဖြစ်၏။
အတား အဆီးကို ဖြတ်ကျော် မိသည်နှင့်၊ လေထု ထဲရှိ ထူထပ်သော ကြယ် စွမ်းအင်အား ခံစား လိုက်ရသည်။
ဘုန်းနေမင်း ဝိညာဉ်သည် နေမှ မွေးဖွား လာမည် ဖြစ်သဖြင့်၊ ကြယ်စွမ်းအင် သိပ်သည်းမှု ရှိရန် လိုသည်။
ထို့ကြောင့် လေထု အတွင်းရှိ ကြယ်စွမ်းအင် များမှာ၊ နတ်ကြယ် ပုလဲ များထက် အနည်းငယ် မျှသာ နိမ့်ကျ လေသည်။
“ ဒီနေရာက ကြယ် စွမ်းအင်က အရမ်း သိပ်သည်းတယ်၊ ကြယ်ပုလဲတွေ ထက်တောင် ပို သန့်စင်တယ်။ ”
ချန်ရွှမ်နှင့် အခြား သူများက၊ အံ့အားသင့် စွာဖြင့် ဆိုလိုက် ကြ၏။ ထိုထက် ပို၍ အံ့အား သင့်စေ သည်မှာ၊ အမြင် အာရုံများ ကန့်သတ်ခံ လိုက်ရခြင်း ဖြစ်သည်။
လင်းယွန်က မျက်လုံး များတွင် ဓားကို သွန်းလောင်းကာ၊ ကြည့်လိုက် သော်လည်း၊ အလားတူ ပေပင်။
အမည်မဲ့ စွမ်းအား တစ်ခုက၊ သူ့အား ပိတ်ဆို့ကာ၊ အခြားသူ များနှင့် ခွဲခြား ပစ်လိုက် တော့သည်။
အတား အဆီး အတွင်း ပိုင်းသည်၊ လူတိုင်းကို ခွဲထုတ်ရန် ရည်ရွယ်ထား ပုံ ရသည်။ ကံတရားထက် ခွန်အား အပေါ်သာ အားကိုး ရမည် ဖြစ်၏။။
လင်းယွန်က စိုးရိမ်ခြင်း မရှိဘဲ၊ အတွင်း ထဲသို့ တရွေ့ရွေ့ တိုးဝင်လာ ခဲ့သည်။ တစ်နာရီ အကြာတွင် ပတ်ဝန်း ကျင်ရှိ မြင်ကွင်းများ ကြည်လင် လာ၏။
မဝေးကွာ လှသော အရပ် ဆီ၌၊ မြူများ ဖုံးလွှမ်း နေသော ရှေးဟောင်း ရွှေရောင် တံခါး တစ်ချပ်အား လှမ်းမြင် လိုက်ရသည်။
ဤအခိုက် အတန့်၌ မီးလျှံ ငှက် ဆယ်ကောင်မှာ၊ အတောင်ပံ ခတ်လျက်၊ တံခါး ဝမှ ပျံထွက် လာသည်။
ယင်းမှာ သူ့ ခွန်အား အပေါ်၊ စမ်းသပ်ရန် အစီရင် တစ်ခု ဖြစ်ပေ၏။ မီးလျှံ ငှက် များသည် ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိလေပြီ။
ဤနေရာတွင် ပထမ ကောင်းကင် ဝိညာဉ် နယ်ပယ် ငှက် များသာ ဆိုပါက၊ မည်သူ မဆို ရှေ့ဆက်ရန် ခက်ခဲ သွားနိုင် ပေမည်။
“ ကျီး ... ။ ”
မီးလျှံ ငှက်များက အော်ဟစ် လိုက်ပြီး၊ ခြေသည်း များကို ဖွင့်လျက်၊ သူ့အား တိုက်ခိုက် လာတော့သည်။
သည်ငှက် များမှာ၊ အစစ် အမှန် မဟုတ် သဖြင့်၊ လျင်မြန်စွာ ဖျက်ဆီးနိုင် ဖို့သာ လိုပေ မည်။
ဓားသုတ္တန် နှစ်ခု စလုံးကို တစ်ပြိုင် နက်တည်း လှည့်ပတ် လိုက်ကာ၊ ငှက် (၁၀) ကောင်အား ချက်ချင်း ဖျက်ဆီး ပစ်လိုက်သည်။
“ ဒါက ဘာလဲ။ ”
“ သူတို့က ပြန်လည် မွေးဖွား နိုင်တာလား။ ”
“ သေစမ်း ... ၊ ဒီနေရာ ကနေ လှည့်ပြန် ရမယ့် ပုံပဲ။ ”
ထိုအချိန်တွင် ချန်ရွှမ်၊ ချင်းဖုန်နှင့် ယန်ခိုင် တို့၏ မျက်နှာ များ၌ ချွေးများ ရွှဲနစ် နေတော့ လေသည်။
ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်ထား နိုင်သောကြောင့်၊ လင်းယွန် တစ်ယောက်သာ မီးငှက် သုံးကောင်အား၊ တပြိုင် နက်တည်း သတ်နိုင် ခဲ့သည်။
ဤစမ်းသပ်မှု သည် သူ့ အတွက် အခွင့် အရေး ဖြစ်ပေ၏။ တိုက်ခိုက် နေလျက် ဖြင့်ပင် သိပ်သည်းသော ကြယ်စွမ်းအင် များကြောင့်၊ ကျင့်ကြံမှု ကြီးထွား လာသည်။
များမကြာမီ မီးငှက် (၁၀) ကောင်အား သတ်ပြစ် နိုင်ပြီး၊ ကျင့်ကြံမှု ခိုင်မာလာ သည်ကို ခံစားမိ လိုက်သည်။
“ ငါ သိပြီ … တိုက်ခိုက်ပြီး၊ ကြယ်စွမ်းအင် တွေကို အလို အလျောက် ရရှိ နိုင်တယ်၊ သူမှာ ပါတဲ့ မီး ရည်ရွယ် ချက်က ငါရဲ့ မူလ စွမ်းအင်ကို သန့်စင် ပေးလိမ့်မယ်။ ”
လင်းယွန်က စိတ်လှုပ်ရှား စွာဖြင့်၊ အော်ဟစ်လိုက်သည်။ စမ်းသပ်မှု ကျရှုံး ပါက ထိုအခွင့် အရေးအား ဆုံးရှုံးမည် ဖြစ်၏။
အောင်မြင်သူ ရှိသည့် အတွက်၊ ကျရှုံးသူ များလည်း ရှိပေသည်။ မအောင် မြင်သော အခါ တွင်၊ တွန်းအား တစ်ခုက ဖယ်ရှားမည် ဖြစ်သည်။
ချင်းဖုန်နှင့် ယန်ခိုင် တို့မှာ တစ်ချိန် တည်းတွင်၊ တွန်းထုတ်ခြင်း ခံခဲ့ရ သော်လည်း၊ ပျော်ရွှင် နေဆဲ ဖြစ်၏။
အချိန် တိုတို အတွင်း မှာပင်၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၏ အထွတ် အထိပ်သို့၊ ရောက်ရှိ လာသည်။
“ ချင်ရွှမ် မထွက်လာ သေးဘူး၊ သူ ထွက်လာ ပြီးရင်၊ ဒုတိယ ဒုက္ခကို ခံနိုင်ရည် ရှိနိုင် လောက်တယ်။ ”
မီးလျှံ အတား အဆီးထံ ကြည့်ပြီး၊ ချင်းဖုန်မှ ဆိုသည်။ ယန်ခိုင်က လင်းယွန်အား သတိရ သွားကာ၊
“ လင်းယွန်ရဲ့ ကန့်သတ် ချက်က ဘာဖြစ် မလဲ။ ”
-ဟု ရေရွတ် လိုက်သည်။
မြင့်မြတ်မြေ များမှ ပါရမီရှင် အများစု သည်ပင်၊ စမ်းသပ်မှုကို ကျရှုံးလာ ကြသည်။ ထို့ကြောင့် လူတိုင်း ဘုန်းနေမင်း ဝိညာဉ်ကို မြင်ခွင့် ရမည် မဟုတ်ပေ။
“ ဒီနေရာက ရတနာ တစ်ခုပဲ၊ ဆိုးဆိုး ရွားရွား ပျက်စီး ကုန်တာ နှမျော စရာ ကောင်း လိုက်တာ၊ မဟုတ်ရင် ဒီနေရာမှာ ဒုက္ခကို ဖြတ်ကျော်ရင်၊ နတ်ကြယ် ပုလဲ အသုံးပြု ထားသလို၊ အကျိုးထူး နေမှာ အမှန်ပဲ။ ”
တတိယ အကြိမ်မြောက် စမ်းသပ်မှုကို ဖြတ်ကျော် နိုင်ခဲ့သော မိုဟန်က၊ ပို၍ ထူထပ် လာသော၊ သူ၏ အရှိန် အဝါ သမုဒ္ဒရာအား ကြည့်ကာ၊ ရေရွတ် လိုက်သည်။
ကြယ် စွမ်းအင် များမှာ၊ အလွန် သိပ်သည်း သဖြင့်၊ မြူများ အဖြစ်ပင် ရစ်သိုင်း နေပေသည်။ အချိန်တို အတွင်း မှာပင်၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်၏၊ ဒသမ အဆင့် ပိတ်ဆို့မှုကို ကြုံတွေ့ လာရ၏။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ အဲ့ဒီ ဖန်းဝူကျိ တစ်ယောက် မီးလျှံ အတား အဆီးကို မဝင်ခင်၊ လင်းယွန်နဲ့ တိုက်ခိုက် ခဲ့တာ ဝမ်းသာ စရာပဲ။ ”
မိုဟန်က ပြုံးလိုက်သည်။ သူ့ အောင်မြင်မှုကြောင့် ဖန်းဝူကျိသာ အသက်ရှင် နေခဲ့ လျှင်ပင်၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည်သည်။
ဒသမ အဆင့် အတား အဆီးကို ကြုံပြီးနောက်၊ လင်းယွန်၏ ဝိညာဉ်ရေး ဓားမှာ၊ သူ့အား ကန့်သတ်ထား နိုင်တော့မည် မဟုတ်ချေ။
ကံကောင်းသွား သည်မှာ၊ ဖန်ဝူကျိ အသက်ကို အရင်း ပြု၍၊ လင်းယွန် ခွန်အားကို စမ်းသပ် နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ် ပါက သူပင် သေဆုံး သွားနိုင်၏။
လူတိုင်းက တိုက်ခိုက် နေလျက်ဖြင့်၊ ကြယ်စွမ်းအင် များကို သန့်စင်ကြ သော်လည်း၊ လင်းယွန်က ထိုသို့ မလုပ်ချေ။
လေထု အတွင်းရှိ ကြယ်စွမ်းအင် များမှာ၊ နတ်ကြယ်ပုလဲ များကို မမှီ သည်မှာ သဘာဝ ပေပင်။ ဤနေရာ၌ တစ်နေကုန် ကျင့်ကြံ လျှင်ပင်၊ နတ်ကြယ် ပုလဲ တစ်ရာ နှင့်သာ ညီမျှ ပေမည်။
ထို့ကြောင့် အတား အဆီးကို နောက်ကျ ပြီးမှ ဝင်သော်လည်း၊ လူ အများစု ရှေ့တွင် ရှိနေ ခဲ့သည်။
အခြား သူများ ရုန်းကန် နေချိန်တွင်၊ ကိုးကြိမ်မြောက် စမ်းသပ်မှုသို့ ရောက်ရှိ နေပြီ ဖြစ်သည်။
နဝမမြောက် စမ်းသပ်မှုတွင်၊ ဖန်းဝူကျိ ခွန်အား မျိုးနှင့် ညီမျှသော မီးငှက် တစ်ကောင် ဖြင့်၊ ရင်ဆိုင် ရ၏။
ထိုမီး ငှက်မှာ လေထု အတွင်း ပျံတက် လာပြီး၊ အတောင်ပံ ခတ်လျက်၊ ဖိအားများ လွှတ်လာသည်။
ဖိအားမှာ အလွန် ပြင်းထန် သဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါ စေသည်။ သည့်နောက် မယုံ နိုင်ဖွယ် ကောင်းသော အဟုန်နှင့်၊ ပျံသန်း လာ၏။
တစ်ခု တည်းသော နည်းလမ်းမှာ၊ ဤတိုက်ခိုက်မှုကို တတ်နိုင် သမျှ မြန်ဆန်စွာ ဟန့်တားရန် ဖြစ်သည်။
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်။ ”
“ ဘုန်း ... ။ ”
တိမ်ပေါ် တက်လှမ်း ခြင်းဖြင့်၊ ထောက်ပံ့ ပေးထားသော လက်သီးမှာ မီးငှက်အား၊ ရေှာင်တိမ်းရန် အခွင့် အရေး မပေး ခဲ့ချေ။
လက်သီး ထိမှန် သွားပြီး၊ မီးတောက် နေသော အမွေးများ ကျွတ်ကျ ကုန်၏။
“ ဘယ်လောက် တောင် မာကြောတဲ့၊ ခုခံ ကာကွယ်ရေး အလွှာလဲ … ။ ”
မီးငှက်ကို ထိခိုက်ခြင်း မရှိ သောကြောင့်၊ မျက်ခုံးပင့် မိသည်။ သတ်ဖြတ်ခြင်း လက်သီး (၇) ချက်မှာ၊ ကံကြမ္မာ ကိုယ်ခံ ပညာ မဟုတ် သဖြင့်၊ စွမ်းအား ပြင်းထန်ခြင်း မရှိချေ။
“ ကျီး ... ။ ”
မီးငှက်က သူ့ ခန္ဓာ ကိုယ်ကို လေထု အလယ်တွင် လှည့်ပစ်ပြီး၊ ကန့်သတ် ထားသော ဓားအရှိန် အဝါကို၊ ဖြိုခွင်း လိုက်သည်။
“ နဂါး ထွက်သက်- တံဆိပ် ရှစ်ခု။ ”
ထောင်စုနှစ် မီးလျှံကို သန့်စင် ပြီးနောက်၊ သူ၏ ရောင်ဝါ သမုဒ္ဒရာသည် မီတာ (၆၀) အထိ ကြီးထွား လာခဲ့သည်။
ထို့ကြောင့် နဂါး ထွက်သက်နှင့်၊ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို အလွယ် တကူ ပေါင်းစည်း နိုင်၏။
အနက်ရောင် နဂါး လက်သည်း တစ်ဖက် ထွက်ပေါ် လာပြီး၊ မီးငှက်အား ထိမှန်ကာ၊ မြေပြင်ပေါ် လွင့်စင်သွား စေခဲ့သည်။
မီးလျှံ အမွေး အတောင် များနှင့်၊ အနက်ရောင် အကြေးခွံများ ကောင်းကင်မှ မိုးရေစက် များကဲ့သို့ ရွာကျ လာ၏။
“ ဖရူး ... ။ ”
သို့သော် မြေပြင်ပေါ် ပြတ်ကျသွား သည့်တိုင်၊ မီးငှက်က ထပ်မံ တိုက်ခိုက်ရန်၊ အတောင်ပံ များကို ခတ်လျက် ကြိုးစား လာလေသည်။
“ ဘယ်လောက်တောင် အနှောက် အယှက် ပေးလိုက်လဲ။ ”
သည်းမခံနိုင် တော့ဘဲ အေးစက် စွာဖြင့်၊ အော်ဟစ် လိုက်သည်။ သည့်နောက် ဓားအား ဆင့်ခေါ်ကာ၊ ခုတ်ပိုင်းချ လိုက်တော့၏။
“ ရွှပ် ... ။ ”
ပန်းသင်္ချိုင်း ဓားမှာ၊ ရူရ် များက တလက်လက် တောက်ပ လာပြီး၊ မကြာမီ တာအို အဆင့်သို့ ရောက်ရှိ တော့မည် ဖြစ်ကြောင်းကို၊ ပြသ လာလေသည်။
***