တာအို လက်နက်၏ စွမ်းအား။
Vol. 66 Ch. 916
တာအို ရှေးဟောင်း ပစ္စည်း များသည် အဖိုးတန် သတ္တုများ လိုအပ်ကာ၊ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်မှ၊ ပဉ္စမတန်း ရူရ် များဖြင့် ရေးထွင်း ရသည်။
ပဉ္စမ တန်းနှင့်၊ အထက် ရှိသော ဝိညာဉ်ရေး ရူရ် များကို သူတော်စင် ရူရ်ဟု ခေါ်ဆို ကြ၏။ ၎င်း သူတော်စင် ရူရ် များကို၊ အခြေခံ၊ အလယ် အလတ်နှင့်၊ အဆင့်မြင့် ဟူ၍ ခွဲခြား ထားသည်။
သာမန် အားဖြင့် အခြေခံ သူတော်စင် ရူရ်များ သည်ပင် ရှားပါး လှ၏။ ထို့ကြောင့် သူတော်စင် ဝိညာဉ် ရေးရာ ဆရာသခင် များမှာ၊ အခြေခံ သူတော်စင် ရူရ် သုံးလုံးထက် ပို၍၊ ဆုပ်ကိုင် ထားနိုင်ခြင်း မရှိချေ။
အလယ် အလတ်နှင့်၊ အဆင့်မြင့် သူတော်စင် ရူရ် များကိုမူ၊ သမိုင်းကြောင်း ရှည်ရှားသည့် ဂိုဏ်းများ၊ မျိုးနွယ်စုများ တွင်သာ တွေ့ရှိနိုင် တော့သည်။၏
၎င်းတို့မှာ နတ်ဘုရား ရူရ် များထက်၊ အားနည်းခြင်း မရှိ ဟုပင်၊ ပြောဆို နေကြ လေသည်။
ရှင်းရှင်း ဆိုရပါမူ၊ နတ်ဘုရား ရူရ် များက၊ မပြည့်စုံ သောကြောင့်၊ အဆင့်မြင့် သူတော်စင် ရူရ် များကို၊ မမှီ တော့ခြင်း ဖြစ်၏။
ပယင်း နယ်မြေရှိ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင်များ အတွက်မူ၊ သာ၍ ဆိုး ချေပြီ။
သူတော်စင် ရူရ် များဖြင့်၊ တာအို လက်ရာ များ၏ စွမ်းအားနှင့် အဆင့်ကို ဆုံးဖြတ် သည်။ ရှားပါးသော သူတော်စင် ရူရ် များကြောင့်၊ တာအို လက်ရာ အများ အစား မရှိချေ။
လူ အများစု အတွက် တာအို အဆင့် ရှေးဟောင်း ပစ္စည်းများ ပိုင်ဆိုင်ရန်၊ အိပ်မက် တစ်ခုသာ ဖြစ်ပေသည်။
ပန်းသင်္ချိုင်းဓား မှာမူ၊ ထိုကွက်လပ်ကို ဖြည့်ဆည်း ပေးနိုင်မည်။ ရှားပါးသော ပန်းရနံ့ များကို စုပ်ယူ ခြင်းဖြင့်၊ ၎င်း အဆင့်သို့ ကြီးထွား လာမည် ဖြစ်သည်။
ထို့ကြောင့် ဓား ကိုယ်ထည်ရှိ ရူရ် များမှာ၊ သူတော်စင် ရူရ် များ ဖြစ်မှန်း သတိထား မိပြီး၊ စိတ်လှုပ်ရှား လာတော့၏။
လူသုံးယောက် သွေးကို သောက်ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားမှာ သိသိ သာသာ အားကောင်း လာသည်။ တာအို အဆင့်သို့ ရောက်ရန် ခြေ တစ်လှမ်း မျှသာ လိုပေ တော့၏။
ဓားသုတ္တန် နှစ်ခုကို ဖြန့်ဝေကာ၊ မူလ စွမ်းအင်များ လောင်းထည့် မိသော အခါတွင်၊ အသံ အချို့ ထွက်ပေါ် လာသည်။
“ ..... ။ ”
ချက်ခြင်းပင် တောက်ပ လွန်းသော ဓား ရောင်ဝါများ ထွက်ပေါ် လာပြီး၊ ပတ်ဝန်းကျင် အနှံ့၊ လှိုင်းများ ပျံ့ကျဲ လာ၏။
“ သွား ... ။ ”
ထို့နောက် ဓား ရောင်ခြည် များကို ဓားတစ်လက် အသွင် ပေါင်းစပ်ကာ နံရံအား၊ ချိုးဖြတ် ပစ်လိုက်သည်။
ထက်ရှ လွန်းသော ဓားရောင်ခြည် များကြောင့်၊ နံရံ၌ အပေါက်ကြီး တစ်ပေါက်၊ ဖြစ်ပေါ် လာ၏။
“ ဒါက ငါ့ရဲ့ လျှပ်တပြက် တိုက်ခိုက်မှုပဲ၊ ခွန်အား အပြည့်သာ ဆိုရင်၊ အတား အဆီးကို ဖြိုခွဲ နိုင်လိမ့်မယ်။ ”
ထို့နောက် ပြုံးလျက် ပန်းသင်္ချိုင်း ဓားအား ပြန်လည် သိမ်းဆည်း လိုက်သည်။
“ မြင့်မြတ် မြေက ပါရမီရှင် တွေကို ငါ ရိုက်ချိန် တန်ပြီ၊ ဒီအချိန်ဆို သူတို့ရဲ့ စမ်းသပ်မှု တွေလည်း ပြီးသွား လောက်ပြီ။ ”
မီးလျှံ အတား အဆီး အတွင်းရှိ၊ အာကာ ပြင်သည် ဆန်းကြယ် လှပြီး၊ အခြေခံ အားဖြင့် တစ်ဦးချင်း စီ၏ ကိုယ်ပိုင် ကမ္ဘာ ဖြစ်သည်။
မီးလျှံ အတား အဆီး အပြင် ဘက်တွင် လူအများ အပြား စုရုံးလျက်၊ အတား အဆီးမှ တွန်းထုတ် လာသော၊ လူများကို စောင့်ကြည့် နေကြသည်။
မြင့်မြတ် မြေ၏ အထက် တန်းစား များပင်၊ ထုတ်ပယ်ခြင်း ခံလာ ရပြီး ဖြစ်သည်။
“ လူ နည်းနည်းပဲ ကျန်တော့တယ်။ ”
“ ဒီအတား အဆီး ထဲမှာ၊ ခွန်အားသာ အရာရာပဲ။ ”
“ နေဦး လင်းယွန် မထွက်လာ သေးဖူး မဟုတ်လား။ ”
တစ်စုံ တစ်ယောက်က ထိုသို့ သတိတရ ဆိုလိုက်ပြီး၊ ချန်ရွှမ်တို့ အဖွဲ့ထံ လှည့်ကြည့် သည်။
ဖန်းဝူကျိကို သတ်ရုံသာ မက၊ မိုဟန်၊ ချမ်အန်နှင့် ရှစ်ဖန့် တို့အား ဂရုမ စိုက်ကြောင်း၊ လင်းယွန်မှ ပြသ ခဲ့သည်။
“ ဒါက ... ”
ချန်ရွှမ်၊ လျူယွင်နှင် ချင်းဖုန်တို့ အဖွဲ့မှာ၊ စိုးရွံ့ လာကြ၏။ မိုဟန်၊ ချမ်းအင်နှင့် ရှစ်ဖန့်တို့ ရှေ့တွင်၊ လင်းယွန် တစ်ယောက်၊ ဝှက်ဖဲ အချို့အား ထုတ်ပြမိ ခဲ့သည်။
ထို့အပြင် ၎င်းတို့ သုံးဦး၌၊ တာအို အဆင့် လက်နက် များ လက်ဝယ် ရှိချေသည်။ ယင်းက ပို၍ အန္တရာယ် များစေ၏။
ဤအခိုက် အတန့်တွင် မိုဟန်၊ ရှစ်ဖန့်နှင့် ချမ်းအင် တို့က၊ နောက်ဆုံးသော စမ်းသပ်မှုကို ဖြတ်ကျော် နိုင်ခဲ့သည်။
“ ဘုန်းနေမင်း ဝိညာဉ် မွေးဖွားတဲ့ အခါ၊ ရတနာ များစွာ ပါလာ တက်တယ်။ ”
ရှစ်ဖန့်က အခန်း ထဲသို့ လှမ်းဝင်လျက် ရေရွတ် လိုက်သည်။ အခန်း အတွင်း၌ ရွှေရောင် သစ်သီး တစ်လုံးအား တွေ့လိုက် ရ၏။
သန့်စင်သော မီး စွမ်းအင် ပါဝင်သည့်၊ မီးနဂါး သစ်သီး ဖြစ်သဖြင့်၊ သူ့ မျက်လုံးများ တောက်ပ သွားသည်။
၎င်းတွင် မီးနဂါး သွေး အချို့ ပါဝင်သည်။ ထို့ကြောင့် ဖန်းဝူကျိ၏ သွေးနေ သစ်သီးထက်၊ တန်ဖိုး ရှိလေသည်။
“ ဟမ့် ... ၊ အဲဒါက နည်းနည်းတော့ ဒုက္ခ ရှိနေ ပုံပဲ။ ”
ရှစ်ဖန့်က ပြုံးလိုက်သည်။ အတွေ့ အကြုံရှိ နေပြီး ဖြစ်ရာ၊ အသီးကို ယူရန် အလျင် စလို မရှိ ချေ။
တစ်ချိန်တည်း မှာပင်၊ မိုဟန်နှင့် ချမ်းအင် တို့သည်လည်း၊ ရတနာများ ရှိရာ မတူညီသော အခန်းများ ထဲသို့၊ ဝင်ရောက် လာကြသည်။
အခြားသူ များနှင့် မတူဘဲ၊ လင်းယွန်က ရွှေရောင် အဆင်း ရှိသော ကျောက်စိမ်းတုံး တစ်တုံးကို တွေ့ရှိ ခဲ့သည်။
“ ကံကြမ္မာ ကိုယ်ခံ ပညာပဲ။ ”
ကျောက်စိမ်းတုံး တစ်ဝိုက်ရှိ ပြင်းပျသော မီးစွမ်းအင်ကြောင့်၊ သာမန် နည်းစနစ် မဟုတ် ကြောင်း၊ ခန့်မှန်း နိုင်သည်။
“ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ ဖြစ်နိုင် မလား။ ”
အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် များကို အုပ်စိုးရှင်၊ ဘုရင်နှင့် ဧကရာဇ် အဖြစ် ပိုင်းခြား ထားသည်။
ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ရရှိထား သော်လည်း၊ ၎င်းမှာ ရွေ့လျားမှု ပညာ ရပ်သာ ဖြစ်သည်။
ကောင်းကင် လမ်းတွင်၊ သာမာန် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် များမှာ၊ ပေါကြွယ်ဝ လှပြီး၊ အဆင့်မြင့် ပညာရပ် သည်သာ ရှားပါး ပေသည်။
ကောင်းကင်ဘုံ သုံးပါးသည်၊ မြင့်မြတ်မြေ များကို ယှဉ်ပြိုင် နိုင်သော်လည်း၊ လက်သီးနှင့် ရွေ့လျားမှု နည်းစနစ် များမှာ၊ ထိုပါရမီရှင် များထက်၊ အားနည်း ပေသည်။
ထို့ကြောင့် ၎င်းအား ယူရန် ခြေတစ်လှမ်း တိုးလိုက်သော အခါတွင်၊ သူ့ ဓားက ခန္ဓာကိုယ် အတွင်း၌ စူးရှစွာ မြည်လျက်၊ သတိပေး လာသည်။
မီးလျှံများ ထတောက် လာပြီး၊ နံရံ ပေါ်၌ ရောယှက် နေသော အစီရင် တစ်ခု ထွက်ပေါ် လာ၏။
ချက်ချင်း ပြန်ဆုတ် မိသော်လည်း၊ နောက်ကျ နေဆဲ ဖြစ်သည်။ မီးတောက် များက ဝိညာဉ်ရေး ဓားကို လောင်ကျွမ်းလျက်၊ စွမ်းအင် အကာ အကွယ်အား၊ ဆုတ်ဖြဲ ပစ်လိုက်သည်။
ကံကောင်း ထောက်မ စွာဖြင့်၊ သတိ ရှိနေသောကြောင့် သာလျှင်၊ ပြာကျ မသွားခြင်း ဖြစ်သည်။
“ ကျောက်စိမ်း တုံးနဲ့ ဆယ်မီတာ အတွင်း ဝင်လာတဲ့ ဘယ်သူ မဆို၊ အစီရင်ရဲ့ တိုက်ခိုက် ဟန့်တားခြင်း ခံရ လိမ့်မယ်။ ”
နံရံပေါ်ရှိ အစီရင်အား ကြည့်ကာ လင်းယွန်က ရေရွတ် လိုက်သည်။ မည်သို့ ဖြေရှင်း ရမည်ကို၊ မကြံဆ နိုင်သေး သဖြင့်၊ ခေါင်းယမ်း လိုက်မိ၏။
ပြီးပြည့် စုံသော ဝိညာဉ်ရေး ဓားကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်ပါလျှင်၊ အဆိုပါ မီးတောက်အား၊ ပိတ်ဆို့ နိုင်မည်ဟု ထင်မိ သော်လည်း၊ မစွန့်စား ဝံ့ချေ။
ကျောက်စိမ်း တုံးကို တစ်ပတ် ပတ်ကာ၊ အစီရင်အား လေ့လာနေ မိသည်။ အဆုံးတွင် အစီရင် အပေါ်၊ နားလည် လာ၏။
အစီရင်ကို နံရံ ပေါ်တွင်၊ ထွင်းထု ထားသော်လည်း၊ ဗဟို ချက်မှာ ကြမ်းပြင်၌ မြှပ်နှံထား လေသည်။
ထို့ကြောင့် မျက်လုံးများ မှိတ်လျက်၊ အဖြေအား တွေးတော မိသည်။ သို့သော် အခန်း တံခါးပွင့် လာပြီး၊ ချမ်းအင် ဝင်ရောက်လာ သဖြင့်၊ မျက်လုံးများ ဖွင့်လိုက် ရသည်။
အခန်းထဲ၌ လင်းယွန်ကို မြင်လိုက် ရသောကြောင့်၊ ချမ်းအင်မှာ အံ့သြ သွားသည်။ သန်မာသော နောက်ခံ မရှိ ပါက၊ ဘုန်းနေမင်း ဝိညာဉ်ကို ပိုင်ဆိုင် ခြင်းသည်၊ အကျိုး မရှိချေ။ ယင်း အစား ဒုက္ခ များသာ ရရှိ လာမည် ဖြစ်သည်။
“ မင်းက ... သေရမှာ တကယ် မကြောက် ဖူးပဲ၊ သွေးအရိုး နယ်မြေကို စော်ကားပြီး တာတောင်၊ ဘုန်းနေမင်း ဝိညာဉ် အတွက် ပြိုင်ချင် နေသေးတယ်။ ”
ချမ်းအင်က ကြာပွတ်အား ဆင့်ခေါ်ကာ၊ တင်းကျပ်စွာ ဆုပ်ကိုင် လိုက်လျက်၊ လေထုထဲ ရိုက်ချ လိုက်သည်။
“ ရွှပ် ... ။ ”
လင်းယွန်နှင့် တွေ့ဆုံ ပါက၊ တာအို လက်ရာအား ချက်ချင်း ကိုင်ဆွဲထား ရမည် ဖြစ်ကြောင်း၊ ဖန်းဝူကျိမှ အသက် ပေးကာ သက်သေပြ ခဲ့သည်။
ဤနည်းအားဖြင့် ကြောက်စရာ ကောင်းသော ဓားရောင်ဝါနှင့်၊ ကန့်သတ် ခံရ မှုကို ကာကွယ်ပြီး ဖြစ်ပေမည်။
“ ဒါက မင်းနဲ့ ဘာဆိုင်လဲ။ ”
ချမ်းအင်၏ ကြာပွတ်ကို စိုက်ကြည့်ကာ၊ လင်းယွန်က ဆိုသည်။
“ ထွက် သွား စမ်း ... ၊ ဒီအဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ငါ ပိုင်တယ်၊ ဒါမျိုးက ငရဲ တိမ်လွှာ နယ်မြေ မှာတောင် တွေ့ဖို့ မလွယ်ဘူး။ ”
မျက်ဝန်း များ၌ လောဘများ တဖိတ်ဖိတ် တောက်ပ လာပြီး ပြုံးလျက်ဖြင့်၊ ချမ်းအင်က ဆိုသည်။
“ ငါ့ လက်ထဲမှာ တာအို လက်နက် ရှိနေပြီ ဖြစ်လို့၊ မင်းငါ့ကို ဖယ်ထုတ်ဖို့ အခွင့် အရေး မရှိ တော့ဖူး ဆိုတာ ယုံလိုက်ပါ။ ”
တာအို လက်နက် တစ်ခု၏ စွမ်းအားကို မခံစား ဖူး သော်လည်း၊ မည်မျှ ထိတ်လန့် စရာ ကောင်းမည်ကို လင်းယွန် တွေးကြည့် နိုင်သည်။
ချမ်းအင်သာ လက်နက်၏ စွမ်းအား (၇၀%)ကို ထုတ်လွှတ် နိုင်သရွေ့၊ မီးလျှံ မြို့၌ ရှုံးပွဲ မရှိ နိုင်ချေ။
သို့သော် တာအို လက်နက် ရှိရုံဖြင့်၊ သူ့အား မောင်းထုတ် နိုင်မည်ဟု ထင်ခဲ့ ပါက၊ ဤသူမှာ နုံအ လွန်းချေပြီ။
“ မင်းက ငါ့ ပြိုင်ဘက် အဆင့်မှာ မရှိဘူး၊ တာအို လက်နက် တစ်ခု ကိုင်ထား နိုင်ရုံနဲ့၊ ငါက ဓား မဆွဲနိုင် ဖူးလို့၊ မင်းထင် နေတာလား၊ ဟမ့် ။ ”
လင်းယွန်က နှာခေါင်း ရှုံ့ကာ၊ ပြန်မေး လိုက်သည်။ ထိုမေးခွန်းကြောင့် ချမ်းအင်မှာ မျက်နှာ ပြောင်းလဲ သွားပြီး၊
“ မင်း ငါ့ကို ရင်ဆိုင်ဖို့ ဆုံးဖြတ် ထားပုံ ရတယ်၊ ကောင်းပြီ စကားတွေ ရပ်လိုက် ရအောင် ... ။ ”
စကားဆုံး သည်နှင့်၊ ချမ်းအင် လက်ထဲရှိ ကြာပွတ်မှာ အသက်ဝင် လာပြီး၊ အခန်း အတွင်း လေခွင်း သံများ ဆူညံ လာတော့၏။
“ ရွှပ် ... ။ ”
***