← Chapters

ဓား တစ်ချက်။

Vol. 66 Ch. 917

ဓား တစ်ချက်။

Vol. 66 Ch. 917

မြွေပွေးပေါင်း ထောင် ဂဏန်းခန့် အော်မြည်နေ သကဲ့သို့၊ ဆူညံ သံများ အခန်း အပြည့် ဖုံးလွှမ်း သွားသည်။

ချမ်းအင်၏ တာအို လက်ရာမှာ၊ အမှန် တကယ် အစွမ်းထက် ပေ၏။ ကြာပွတ်က မြွေ တစ်ကောင် ကဲ့သို့ ပြောင်းလဲ သွားပြီး၊ ကြက်သွေးရောင် အရှိန် အဝါများဖြင့်၊ ဖိနှိပ် လာသည်။

မြွေဦးခေါင်း ကြီးက၊ လင်းယွန်အား စိုက်ကြည့်လျက်၊ နှလုံးသားထံ အကြောက် တရားကို ရိုက်သွင်း နေခဲ့သည်။

“ ဟား ဟား ဟား လင်းယွန် ... ၊ ငါ့ သွေး မြွေပွေးနဲ့ ပတ်သက်ပြီး၊ မင်း ဘယ်လို ထင်လဲ။ ”

လေထု အလယ် ခုန်တက် လိုက်ပြီး၊ ချမ်းအင်က ရယ်သည်။ သွေး မြွေပွေး ကြာပွတ် က၊ လေဟာ နယ်ကို ဖြတ်ကာ၊ လင်းယွန်ကို ဝါးမြိုရန် ကြိုးစား လာ၏။

ကြာပွတ်၏ စွမ်းအားမှာ အလယ် အလတ် နယ်မြေရှိ၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူအား၊ အလွယ် တကူ ချေမှုန်း နိုင်သည်။

“ မဆိုး ပါဘူး။ ”

တာအို လက်ရာကို ပထမဆုံး အကြိမ် ရင်ဆိုင် ရသော်လည်း ထိတ်လန့်ခြင်း မရှိဘဲ၊ လင်းယွန်က သူ့ ဓားအား ဆင့်ခေါ် လိုက်သည်။

“ ဓား ... ။ ”

ဓားရိုးထံ လက်လှမ်း မိသည်နှင့်၊ မြွေပွေးက သူ့ လက်ကောက် ဝတ်ကို ရုတ်တရက် ပေါက်ချ လာသည်။

“ ဘယ်လောက် တောင် မြန်လိုက်လဲ။ ”

လင်းယွန်က အံ့သြ သွားသည်။ ဓားအား ဆက်ဆွဲရန် ကြိုးစား မိပါက၊ မြွေပွေးမှ ပေါက် မည်ကို သူ သိ၏။

ထို့ကြောင့် ဓားဆွဲရန် အကြံ အစည်အား လက်လွှတ်ကာ၊ ဓားသုတ္တန် နှစ်ခုကို ချက်ချင်း ဖြန့်ကျက် လိုက်ရသည်။

ကောင်းကင် သစ်ပင် ပေါ်လာပြီး၊ ထာဝရ နဂါး ဓားကြီးက ရစ်ဝဲ လာ၏။ တာအို လက်နက် တစ်ခု၏ စွမ်းအားမှာ၊ အထင် ကြီးစရာ ကောင်း သော်လည်း၊ အပြာရောင် နဂါး ကြီးက ခုခံနိုင် ခဲ့သည်။

“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်။ ”

ချမ်းအင် မျက်နှာမှာ ပြောင်းလဲ သွားသည်။ ဝိညာဉ်ရေး ဓားသည် အစွမ်းထက် လွန်းသဖြင့်၊ အံ့အားသင့် မိ၏။

“ ဝှစ် ... ။ ”

မြွေပွေးမှာ ထာဝရ နဂါး ဓားနှင့် ထိတွေ့ လိုက်သည့် အခိုက်တွင်၊ တိုက်ရိုက် ချိုးဖျက်ခြင်း ခံလိုက် ရသည်။

တစ်ဖက်တွင် ဓား ရည်ရွယ်ချက်မှာ၊ ရုတ်တရက် ငြိမ်းသွား သော်လည်း၊ မသေနိုင် သကဲ့သို့၊ ချက်ချင်း ပြန်ရှင် လာ၏။

“ ငါ့ ဆီက ဒီတစ်ခုကို ယူ ... ။ ”

လင်းယွန် မျက်လုံး များက၊ အေးစက်စွာ တောက်ပ လာပြီး၊ ထာဝရ နဂါးဓား ရည်ရွယ် ချက်နှင့် အတူ၊ ပျံတက် လာသည်။

ယင်းကို မော့ကြည့်ပြီး ကြာပွတ်အား ဝှေ့ယမ်းကာ၊ ချမ်းအင် တစ်ယောက် ခြေလှမ်း များစွာ၊ နောက်ပြန် ဆုတ်ပေး လိုက်ရသည်။

“ သခင့်ဓား- မိုးကြိုး။ ”

“ သနား စရာ၊ ကလေးကွက် လေးတွေ ... ။ ”

ချမ်းအင်က ကြာပွတ်ဖြင့်၊ ဓား အလင်း များကို ချေမှုန်း ပစ်ကာ၊ ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက် ချိန်တွင်၊ အလင်းများ ပျောက်ကွယ် သွားပြီး၊ လေထုမှာ ပို၍ တင်းကြပ် လာသည်။

တစ်ဆက် တည်းမှာပင် တောက်ပသော ဓားအလင်း တစ်လက်၊ ပြန်လည် ထွက်ပေါ်ကာ၊ သွေး ခုန်နှုန်းအား ဖိနှိပ် ခံလိုက် ရ၏။

“ အလင်းခွဲ ဖြတ်ခြင်း၊ မဟာ ပေါက်ကွဲမှု၊ အရုဏ်ဦး၊ တည်ငြိမ်သော ဓား၊ သွေးသား ဖိနှိမ်ခြင်း။ ”

လက်သီး များကို တရစပ် ထုတ်ဖော် လိုက်၏။ သခင့် ဓားမှာ အားနည်း နေပြီဖြစ် သော်လည်း၊ အသုံးဝင် နေသေးသည်။ လက်ရှိ ခွန်အား အရ အသက် တရှိုက်စာ အတွင်း ထုတ်ဖော် နိုင်ပြီ ဖြစ်၏။

အခန်း အတွင်း၌၊ ဓာတ်ပုံ ပြကွက်များ တဖျပ်ဖျပ် ရွေ့လျားနေ သကဲ့သို့၊ ထွက်ပေါ် လာသော သဘာဝ ဖြစ်စဉ် များကို၊ ချမ်းအင်က ထိတ်လန့်စွာ မော့ကြည့် မိသည်။

“ ဒီကောင် … ။ ”

ပြိုင်ဘက်၏ ဓားရေးမှာ၊ ကြောက်စရာ ကောင်း လောက်အောင်၊ ကျွမ်းကျင် ပိုင်နိုင်လှ ပေသည်။

ထို့ကြောင့် တိုက်စစ် ဖွင့်ရန် စိတ်ကူးကို လျင်မြန်စွာ စွန့်ပစ် လိုက်ပြီး၊ ကြက်သွေးရောင် မြွေပွေးကို မြွေနဂါး အဖြစ် ပြောင်းလဲကာ၊ သူ့ကိုယ်သူ ကာကွယ် လိုက်မိ၏။

မြွေနဂါး ကြီး ထွက်ပေါ် လာသည်နှင့် သဘာဝ ဖြစ်စဉ်များ အားလုံး ပြိုကျ သွားသည်။ ဆက်လက် တိုးဝင် လာသော မြွေနဂါး ကြီးကို ကြည့်ကာ၊ လင်းယွန် မျက်ဝန်းများ တောက်ပ လာ၏။

“ အချိန် ကောင်းပဲ၊ ... မဟာ ကြီးစိုးမှု။ ”

ပြိုကျ သွားသော ဖြစ်စဉ် များက၊ ရုတ်တရက် ပြန်လည် ပေါင်းစပ် လာပြီး၊ မြွေ နဂါး ကြီးကို ထိမှန် ပေါက်ကွဲ သွားသည်။

“ ဘုန်း ... ။ ”

မြွေနဂါး ကြီးက၊ အက်ကွဲ လာပြီး မြွေ အဆင့်သို့ ပြန်လည် လျော့ကျ သွား၏။ သို့သော် ၎င်းက ရပ်တန့်ခြင်း မရှိဘဲ၊ လင်းယွန်၏ လက်ကောက် ဝတ်ထံ၊ လှမ်းပေါက် လာသည်။

“ ဝှစ် ... ။ ”

လင်းယွန်အား ဓားဆွဲခွင့် မပေး နိုင်ချေ။ တိုက်ပွဲ အတွင်း ပြိုင်ဘက် အပေါ်၊ မည်သို့ ထိန်းချုပ် ရမည်ကို၊ ချမ်းအင် တစ်ယောက် ကောင်းစွာ နားလည် ထား လေသည်။

ဖန်းဝူကျိ တစ်ယောက် အသက်ပေး ခဲ့ရသော မြင်ကွင်းမှာ၊ နှလုံးသားထဲ ကွက်ကွက် ကွင်းကွင်း မြင်နေဆဲ ပေပင်။

( ဒီကောင်က ဒုက္ခပေး နိုင် လွန်းတယ်၊ ပထမ ဒုက္ခကို ဖြတ်သန်းဖူးသူ တစ်ယောက်လို အရမ်း သန်မာတယ်၊ စိတ်ရှည် ရှည်နဲ့ ချုပ်နှောင် ဖို့ ကြိုးစား ရမယ်။ )

ချမ်းအင် တစ်ယောက် စိတ်ကူး ထဲ၌ အစီစဉ်များ ချမှတ် နေစဉ်၊ တိမ်ပေါ် တက်လှမ်း ခြင်း နည်းစနစ်ကို ထုတ်ဖော်ကာ၊ လင်းယွန်က ပြန်လည် ဆုတ်ခွာ သွားပြီ ဖြစ်သည်။

တာအို လက်ရာ တစ်ခု၏ စွမ်းအားမှာ၊ ကြောက်မက်ဖွယ် ကောင်းလှ သဖြင့်၊ လက်ရှိ ခွန်အားနှင့် ထိပ်တိုက် ရင်ဆိုင်နိုင် မည်ဟု၊ ယုံကြည်မှု မရှိချေ။

ဓား ဆွဲခွင့်သာ မရ ပါက၊ ကျင့်ကြံမှု ကွာဟချက်သည် အချိန်တို အတွင်း၊ ပို၍ ထင်ရှား လာမည် ဖြစ်သည်။

“ ဟိတ် ... ။ ”

ချမ်းအင်က လေထဲ ခုန်တက် လာပြီး၊ နောက်ပါးမှ လိုက်ပါ တိုက်ခိုက် နေသဖြင့်၊ တဆုတ်တည်း ဆုတ်ခွာ ရှောင်တိမ်း လိုက်ရသည်။

“ ဝှစ် ... ။ ”

လင်းယွန် တစ်ယောက်၊ မျက်ဝန်း များ၌ အတွေး များဖြင့် ပြည့်နှက် လာ၏။ ဝိညာဉ်ရေး ဓားကိုသာ ဆက်၍ အားကိုး နေပါလျှင်၊ ရှုံးနိမ့် ရပေမည်။

ထို့ကြောင့် တခြား နည်းလမ်းအား အသုံးပြုရန်၊ ဆုံးဖြတ် လိုက်သည်။ အတွေးဆုံး သည်နှင့်၊ ခန္ဓာကိုယ် အနှံ့ ပေါက်ကွဲ စွမ်းအား များ ကြီးစွာ ဆူပွက် လာ၏။

ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသားမှာ၊ သွေးနီရောင် တောက်ပလာပြီး၊ မိုးကြိုး မုန်တိုင်း စွမ်းအင်နှင့် ပေါင်းစပ် သွားသည်။

တစ်ချိန်တည်း မှာပင်၊ အရေ ပြား၌ နဂါး ရူရ်များ လင်းလက် လာပြီး၊ ကြမ်းကြုတ်သော အရှိန် အဝါကို ထုတ်လွှတ်လျက်၊ လေထုထဲ ခုန်တက်ကာ၊ လက်သီး များဖြင့် ပစ်ထုတ် လိုက်သည်။

“ ဟိတ် ... ။ ”

ဤတိုက်ခိုက်မှု များကို ရင်ဆိုင် ရချိန်၌ ချမ်းအင် တစ်ယောက် သွေး တစ်လုတ် အန်ကျ သွားသည်။

“ ဝေါ့ ... ။ ”

လေထဲ၌ တုန်ခါမှုများ ပို၍ စိပ်လာပြီး၊ ကြာပွတ်မှာ မလှုပ်ရှား နိုင်တော့ သည်ကို သတိ ထားမိ လိုက်သည်။

“ မဖြစ် နိုင်တာ ... ။ ”

ချမ်းအင် တစ်ယောက် အံ့အားသင့် သွားသည်။ ဓား မဆွဲဘဲ တာအို လက်ရာကို၊ ကန့်သတ် နိုင်သော အခြား နည်းလမ်း၊ တစ်ဖက် လူ၌ ရှိနေ ပေသည်။

သို့သော် ဟင်းလင်း ပြင်တွင် ဆိုပါက ထိုသို့ လုပ်ဆောင်ရန်၊ လင်းယွန်မှ မတက်စွမ်း နိုင်ချေ။ ကံအား လျော်စွာ အခန်း ကျဉ်းလေး ထဲတွင် ရှိနေခြင်း ဖြစ်သဖြင့်၊ ရုပ်ခွန်အားမှ ကန့်သတ် နိုင်ခြင်း ဖြစ်သည်။

“ ခရစ် ... ။ ”

အပြာရောင် နဂါးကြီး တစ်ကောင် အဖြစ်၊ ထွက်ပေါ် လာသော လက်သီးကြောင့်၊ ချမ်းအင် ၏ မူလ စွမ်းအင် အကာ အကွယ်မှာ၊ ကွဲအက် လာသည်။

ကြာပွတ်ဖြင့် မဟန့်တား နိုင်ပါက၊ လင်းယွန်မှ သေချာပေါက် ဓားဆွဲ ပေမည်။ ဒုတိယ ဖန်းဝူကျိ တစ်ယောက် အဖြစ် မခံ နိုင်ချေ။ ထို့ကြောင့် ထွက်ပြေးရန် ဆုံးဖြတ် လိုက်ရ တော့သည်။

သည့်အပြင် လက်သီးက သူ့အား ဒဏ်ရာ ရစေသဖြင့်၊ လက်ကျန် ခွန်အားနှင့် မြန်နိုင် သမျှ မြန်မြန် ပြေးရန်၊ လိုပေသည်။

“ ဝှစ် ... ။ ”

မီလျှံ အတား အဆီး ထံသို့၊ တိုးဝင် လိုက်မှ သာလျှင်၊ အနည်းငယ် စိတ် သက်သာရာ ရသွား မိသည်။

“ ရွှပ် ... ။ ”

ထိုစဉ် မှာပင် ပန်းသင်္ချိုင်း ဓားကို ဆွဲကာ၊ လင်းယွန်က လေထဲ ခုတ်ပိုင်းလျက် ဓားအား ပြန်လည် သိမ်းဆည်း လိုက်တော့သည်။

သည့်နောက် သူ့အကြည့် များက၊ ကျောက်စိမ်း တုံးထံ ကျရောက် သွားသည်။ မတော် မဆ ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွား မလာခင်၊ ၎င်းအား အမြန်ဆုံး ရယူ ထားသင့် ခေျပြီ။

***

All Chapters