← Chapters

သွေးနဲ့ ရေးခြင်း။

Vol. 66 Ch. 920

သွေးနဲ့ ရေးခြင်း။

Vol. 66 Ch. 920

ရှစ်ဖန့်၏ အကြည့် များက သူ့အား သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ပြည့်နှက် နေလေပြီ။

“ ငါ့ကို ပြောနေ တာလား၊ မင်းက နဂါး အဆင့် သတ်မှတ်ချက် ထဲက နဂါး တစ်ကောင် ဖြစ်နေ ရင်တောင်၊ ငါက ဂရုစိုက် နေမှာ မဟုတ်ဘူး။ ”

ရှစ်ဖန့်မှ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ထုတ်ဖော် ပြသလာ သည်မို့၊ လင်းယွန်မှ မယဉ်ကျေး နိုင်တော့ချေ။

ရှစ်ဖန့် တစ်ယောက် မျက်ဝန်းများ မှေးစင်း သွား၏။ ဖန်းဝူကျိ အသတ် မခံ ရခင် အထိ၊ ဤ လင်းယွန်အား သူ့ မျက်လုံးထဲ မရှိ ခဲ့ချေ။

“ မင်းနဲ့ အချိန် မဖြုန်း ချင်ဘူး၊ အခုပဲ ငါ့ မျက်စိ ရှေ့ကနေ ထွက်သွားပါ။ ”

အရှိန် အဝါ သမုဒ္ဒရာအား ဖြန့်ကျက်လျက်၊ ရှစ်ဖန့်က ခြိမ်းခြောက် လိုက်သည်။ ဤသို့ ပြုမူ နေစဉ် အတွင်း၊ တစ်ချက် တည်းနှင့် သတ်နိုင် ရန်၊ တိတ်တဆိတ် စောင့်မျှော် နေခဲ့သည်။

“ စိတ်ဝင်စား စရာပဲ၊ မင်းကို ငါက ကြောက်နေမယ် ထင်လား၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ”

လင်းယွန်မှ ထိုသို့ တုန့်ပြန် လာသဖြင့်၊ ရှစ်ဖန့်မှာ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို ချက်ချင်း ထုတ်ဖော် မိသည်။

သို့သော် လင်းယွန်က၊ သူ့အား အာရုံ မစိုက် တော့ဘဲ၊ ဘုန်းနေမင်း ဝိညာဉ်ထံ ပြန်လှည့်သွား တော့၏။

ဘုန်းနေမင်း ဝိညာဉ်သည် မီးလျှံ များ ထဲတွင် နစ်မြုပ် နေသဖြင့်၊ မီးတောက် များကို ဦးစွာ ဖျက်ဆီးပစ် ရမည် ဖြစ်သည်။

ယင်းကို သိသည်နှင့်၊ လက် အတွင်း ဝိညာဉ်ရေး ဓားအား လောင်းထည့်ကာ၊ မီး ရည်ရွယ်ချက်ကို ထိုးဖောက် လိုက်သည်။

နောက်ဆုံးတွင် ခန်းမ တစ်ခု လုံးကို တောက်ပ စေသော၊ အလင်းများ ထုတ်လွှတ် နေသည့်၊ အနက်ရောင် အပိုင်း အစလေး တစ်ခုအား၊ ဆုပ်ကိုင် လိုက်မိသည်။

ထိုသတ္ထု အပိုင်း အစ၏ စစ်မှန်သော စွမ်းအားကို၊ ဖုံးကွယ်လို ဟန်ဖြင့်၊ ရွှေရောင် ရူရ် များ ရေးထွင်း ထားလေသည်။

ဆိုလို သည်မှာ လူတိုင်း ပြောဆို နေကြ သကဲ့သို့၊ တံဆိပ်ခတ် ထားခြင်း ဖြစ်လေပြီ။ ယင်းကို ကောင်းကင် ဝိညာဉ် နယ်မြေ အဆင့်၊ ကျွမ်ကျင်သူ တစ်ဦးပင်၊ မဖျက်ဆီး နိုင်ချေ။

“ တိရစ္ဆာန်ကောင် ဘုန်းနေမင်း ဝိညာဉ်ကို ချလိုက်စမ်း ... ။ ”

သူ၏ သတိပေး ချက်ကို လျစ်လျူရှု နေသောကြောင့်၊ ရှစ်ဖန့် တစ်ယောက် ဒေါသ ထွက်လာပြီး၊ တိုက်ခိုက် လိုက်တော့၏။

လင်းယွန်က ဘုန်းနေမင်း ဝိညာဉ် တစ်ဝိုက်ရှိ၊ မီးလျှံ အကာ အကွယ် အပေါ် အာရုံ စိုက်လျက်၊ တစ်ချက်သာ လှည့်ကြည့်သည်။

အခြား သူများ အတွက် ရှစ်ဖန့်မှာ၊ ကြောက်စရာ ကောင်းနိုင် သော်လည်း၊ သူ့ အတွက် မဟုတ်ချေ။ ထို့ကြောင့် အာရုံ ခွဲလျက် ဘုန်းနေမင်း ဝိညာဉ်ကို ယူရန်၊ ဆက်ကြိုးစား လိုက်သည်။

“ မင်း သေချင် နေတာပဲ။ ”

သူ့အား ကျောခိုင်း လျစ်လျူရှု ထားသော လင်းယွန်၏ အသွင်ကြောင့်၊ ဓားဆွဲကာ လွှဲခုတ် ချလိုက်သည်။

“ ရွှပ် ... ။ ”

ထက်ရှသော ခရမ်းရောင် ဓားအလင်း များက၊ သူ့ ရင်ဘတ် ထံသို့ ပျံသန်း လာသော် လည်း၊ လင်းယွန်မှ မပြုံး မပျက် ခဲ့ချေ။

ဤမျှ ညံ့ဖျင်းသော ဓားရေး မျိုးဖြင့်၊ ရှစ်ဖန့်မှ သူ့အား တားနိုင် လိမ့်မည်ဟု ထင်နေ သည်မှာ၊ စိတ်ပျက် စရာ ပေပင်။

လက်ညှိုးအား တောက်ထုတ် လိုက်သည်နှင့်၊ ရှစ်ဖန့် ထက်ပင် ပို၍ ထက်ရှ သာလွန်သော ဓား အလင်းများ ပြေးထွက် သွားသည်။

“ ရွှပ် ... ။ ”

ဓား အလင်း နှစ်စ တိုက်မိ ပြီးနောက်၊ ရှစ်ဖန့်၏ ခရမ်းရောင် ဓား အလင်း များမှာ၊ ချက်ချင်း ပြိုကျ သွားသည်။

“ ဝိညာဉ်ရေး ဓားလား။ ”

လင်းယွန်ကို စိုက်ကြည့်ပြီး၊ ရှစ်ဖန့်က ကျန်ဆဲ မိ၏။ တစ်ဖက် လူမှာ ကျင့်ကြံမှု နိမ့်ကျ သော်လည်း၊ ၎င်းဓားဖြင့် သူ့အပေါ် ကန့်သတ် ထားနိုင်သည်။

“ ချွမ် ..... ။ ”

ထို့ကြောင့် အချိန် မဖြုန်းလို တော့ဘဲ၊ နောက်ကျောရှိ ဓားအား ဆွဲထုတ်ပြီး၊ ခုတ်ပိုင်း ချ လိုက်သည်။

ယဇ်ပလ္လင်ကို နှစ်ပိုင်း ပြတ်စေမည့်၊ ဓားအလင်းများ ပြေးထွက် လာ၏။ သို့သော် လင်းယွန်မှာ ထိုတာအို လက်ရာအား၊ တစ်ချိန်လုံး သတိထား နေခဲ့သည်။

ထို့ကြောင့် ရှစ်ဖန့် တစ်ယောက် ဓားဆွဲနေစဉ်၊ တိမ်ပေါ် တက်လှမ်း ခြင်းဖြင့်၊ ချက်ချင်း ဆုတ်ခွာ လိုက်ပြီ ဖြစ်သည်။

ဆုတ်ခွာ သွားစဉ်တွင်၊ ဘုန်းနေမင်း ဝိညာဉ် ကိုပါ ရယူသွား သဖြင့်၊ ဖုံးအုပ် ထားသည့် မီးလျှံ အကာ အကွယ်၊ ပျောက်ကွယ် သွားကာ၊ ခန်းမ တစ်ခုလုံး ပြင်းစွာ တုန်ယင် လာ၏။

လင်းယွန် တစ်ယောက်၊ ဤမျှ လျင်မြန်စွာ ဆုတ်ခွာနိုင် လိမ့်မည်ဟု မထင် သောကြောင့်၊ ရှစ်ဖန့်မှာ အနည်းငယ် အံ့ဩ သွားသည်။

တစ်ဖက်တွင် မီးလျှံ အတား အဆီးကို၊ ချိုးဖြတ် လိုက်သဖြင့်၊ သတ်မှတ်ချိန် ကုန်ဆုံး တော့မည် ဖြစ်ကြောင်း၊ နားလည် လိုက်သည်။

ဘုန်းနေမင်း ဝိညာဉ်အား ပြန်လည် ရယူနိုင်ခြင်း မရှိပါက၊ လင်းယွန် အပေါ်၊ ပိုင်ရှင် အဖြစ် သတ်မှတ် ပေလိမ့် မည်။ ဤသို့ ဆိုသော် မြင့်မြတ် မြေများကြား၊ မျက်နှာ ပြစရာ ရှိတော့ မည် မဟုတ်ချေ။

“ သေ လိုက် စမ်း ... ။ ”

အရှိန်အဝါ သမုဒ္ဒရာနှင့် မူလ စွမ်းအင်ကို လှည့်ပတ် ပစ်ကာ၊ သူ့ဓား ထဲသို့ လောင်းထည့် လိုက်၏။

“ မဆိုးဘူး ... ၊ စိတ်ဝင် စားစရာပဲ … ။ ”

ချမ်းအင်နှင့် တိုက်ခိုက် ပြီးနောက်၊ လင်းယွန် အနေြဖင့် တာအို လက်နက် များ၏ စွမ်းအား အပေါ်၊ အစိမ်း သက်သက် မဟုတ် တော့ချေ။ ပြိုင်ဘက် အားနည်း ချက်ကို ရှာရန်၊ ဓားအား မျက်ဝန်းထဲ လောင်းထည့် လိုက်သည်။

“ မိုးကြိုး ... ၊ အလင်းခွဲ ဖြတ်ခြင်း၊ အရုဏ်ဦး၊ တည်ငြိမ်သော ဓား၊ သွေးသား ဖိနှိမ်ခြင်း။ ”

သာမာန် အားဖြင့်၊ သခင့်ဓား၏ အရှိန်အဝါမှာ၊ တာအို လက်နက်ကို၊ မယှဉ်နိုင် သော်လည်း၊ ဝိညာဉ်ရေး ဓားဖြင့် ပိတ်မိနိုင် မည်ဟု ထင်သည်။

ဓား ရောင်ခြည် များက ချက်ချင်း ပေါင်းစပ်ကာ၊ ရှစ်ဖန့်၏ ကန့်သတ် စွမ်းအားကို ဖြတ်တောက် ပစ်သည်။

“ မဟာ ကြီးစိုးမှု ... ။ ”

အစစ် အမှန် ကြီးစိုးမှု၊ ကန့်သတ် စွမ်းအားကို၊ ပြိုင်ဘက်မှ ချပြလာ သဖြင့်၊ ရှစ်ဖန့် တစ်ယောက် အံ့ဩ သွားသည်။

ဓားရေး အရာတွင်၊ သူနှင့် နားလည်မှုမှာ၊ လင်းယွန်၏ ပြိုင်ဘက် အဆင့်၌ မရှိချေ။ တာအို လက်ရာ၏ ကန့်သတ် စွမ်းအားကို၊ သာမာန် ဓားရေး တစ်ရပ်ဖြင့်၊ ချိုးဖြတ်ပြ ခဲ့ရုံ သာမက ရင်ဘတ် ပေါ်၌၊ ဒဏ်ရာပင် ချန်ထားနိုင် လေသည်။

ပို၍ ကြောက်စရာ ကောင်းသည်မှာ၊ ပန်းသင်္ချိုင်း ဓားကို မသုံးဘဲ၊ လက်လှိုင်း ဖြင့်သာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်၏။ ယင်းကပင် တာအို လက်ရာ တစ်ခု၏၊ ကန့်သတ် ရောင်ဝါကို ဖြတ်ကျော် ဝင်ရောက် နိုင်ခဲ့သည်။

“ ပန်းသင်္ချိုင်း ... ၊ မင်းက ပန်းသင်္ချိုင်း ဓားသမား ဆိုတဲ့၊ မင်းရဲ့ နာမည်နဲ့ တကယ် ထိုက်တန်ပါ ပေတယ်။ ”

တစ်ဖက် ဓားအသွား ပါသော ပုစိန်ကို ထမ်းလျက်၊ မိုဟန် တစ်ယောက် ရုတ်တရက် ဖြည်းညှင်းစွာ ဝင်ရောက် လာလေသည်။

သူ့အသွင် အရ၊ တိုက်ပွဲ အသေး စိတ်ကို မျက်ကွယ် အရပ်မှ စောင့်ကြည့် နေခဲ့ကြောင်း၊ ထင်ရှားသည်။

ရှစ်ဖန့်က မိုဟန်၏ အတွေးကို ချက်ချင်း ဖမ်းယူ နိုင်သည်။ လင်းယွန်မှာ သူနှင့် တိုက်ပြီး၊ ပွဲပန်းမည့် အချိန်ကို၊ သကောင့်သားမှ စောင့်ဆိုင်း နေခြင်း ဖြစ်၏။

သို့သော် တစ်ဖက် လူမှာ၊ သူထင်ထား သည်ထက် ပို၍ သန်မာ နေသဖြင့်၊ အတွေးများ ပြောင်းလဲ သွားခြင်း ဖြစ်သည်။

ရုတ်တရက် မိုဟန်ကို ကြည့်ကာ၊ ရှစ်ဖန့် တစ်ယောက် ထိတ်လန့် သွားသည်။ အချိန် အခါ အရ၊ ချမ်းအင် ရောက်ရမည့် အချိန် ပေပင်။

“ ချမ်းအင် ... ဘယ်မှာလဲ။ ”

ရှစ်ဖန့်က လင်းယွန်ကို ကြည့်ကာ၊ မေးလိုက်သည်။

“ လူသေ တစ်ယောက်ကို၊ ငါ စိတ် မဝင်စားဘူး၊ တစ်နေ ရာရာမှာ နောက်ဆုံး ထွက်သက်ကို ရှူထုတ် နေမလားပဲ ... ။ ”

လင်းယွန်က မတင် မကျ ပြန်ဖြေသည်။ နောက်ဆုံးတွင် ချမ်းအင် ဆိုသူ သည်မှာ၊ သူ့ ဓားကို ဆွဲပြီးနောက်၊ စိတ်ဝင်စား စရာ သက်ရှိ တစ်ကောင် မဟုတ် တော့ချေ။

“ မင်း ... ။ ”

ထိုစကားကို ကြားသော အခါ၊ ရှစ်ဖန့် ခမျာ ပို၍ တုန်ယင် သွားသည်။ စကား အသွား အလာ အရ၊ ချမ်းအင် သေဆုံး နိုင်ချေ ရှိကြောင်း ခန့်မှန်း နိုင်၏။

သူတို့ စကားဝိုင်း အပေါ်၊ နားထောင် နေသော မိုဟန်၏ အပြုံး သည်လည်း၊ ပေျာက်ကွယ် သွားခဲ့သည်။

“ ရှစ်ဖန့် ... ၊ ဒီမကောင်း ဆိုးရွား လေးကို ငါတို့ အတူတူ သတ်မှ ရမဲ့ ပုံပဲ။ ”

အသွား ဓားတစ်ဖက် ပါသော ပုစိန်ကို၊ တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်လျက်၊ ရှစ်ဖန့် ထံမှ အမြင်အား တောင်းခံ လိုက်သည်။

ဤအခြေ အနေ အထိ၊ သူ၏ တွက်ချက်မှုများ အတွင်း ရှိနေဆဲ ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် ပြုံးလိုက် မိသည်။

သူတို့ ကဲ့သို့သော၊ ပါရမီရှင် များသည် လင်းယွန် ရှေ့၌၊ ကူကယ်ရာ မဲ့နေ လိမ့် မည်ဟု၊ မထင်ထား မိသည်မှာ အမှန် ပေပင်။

ပထမ ဦးစွာ ဖန်းဝူကျိ၊ ဒုတိယ ချမ်းအင် ဖြစ်သဖြင့်၊ ဤဓားကို မောက်မာစွာ လျစ်လျူရှု နိုင်ခြင်း မရှိ တော့ကြောင်း၊ ဝန်ခံ ရပေမည်။

“ ငါတို့က ဘုန်းနေမင်း ဝိညာဉ်ကို ဘယ်လို ခွဲမလဲ။ ”

ရှစ်ဖန့်၏ မိုက်မဲသော မေးခွန်းကြောင့်၊ မိုဟန် တစ်ယောက် စိတ်ပျက် သွားပြီး၊

“ ဒါက တကယ် အရေးကြီး လို့လား၊ ဒီကောင်ကို လွှတ်ထား မိရင်၊ ငါတို့ နှစ်ယောက် မြင့်မြတ် မြေမှာ၊ ခေါင်းဖော် နိုင်ဦး မယ်လို့ မင်းထင်လား။ ”

ရှစ်ဖန့် ထံမှ တုန့်ပြန် မှုကို စောင့်နေစဉ်၊ ဘုန်းနေမင်း ဝိညာဉ်ကို ဖုံးအုပ် ထားသော မီးလျှံ အကာ အကွယ်မှာ၊ လုံးဝ ကွယ်ပျောက်သွား တော့သည်။

ရွှေရောင် ရူရ် များက ခန်းမ အတွင်း၊ လင်းလက် သွားပြီး၊ အဖျက် စွမ်းအားများ လျင်မြန်စွာ ပျံ့နှံ့ လာ၏။

“ ဖျစ် ... ။ ”

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လေဟာနယ်၌ အက်ကြောင်းများ ထင်ဟပ် လာလေသည်။

မကြာမီ လေဟာနယ် ပျက်ယွင်း တော့မည်ဖြစ် သဖြင့်၊ လင်းယွန် လက်ထဲရှိ ဘုန်းနေမင်း ဝိညာဉ်ထံ လှမ်းကြည့်ပြီး၊ နှစ်ဦးသား ဒေါသ ထွက်သွားသည်။

“ မင်းတို့ နှစ်ယောက် အခု သေပြီ ... ။ ”

ဘုန်းနေမင်း ဝိညာဉ်မှာ၊ ပိုင်ရှင်အား သတ်မှတ် လိုက်ပြီ ဖြစ်သောကြောင့်၊ လင်းယွန် တစ်ယောက် တိုက်ပွဲထံ အာရုံစိုက် နိုင်ပြီ ဖြစ်၏။

ဤလူများမှာ သူ့အား နှစ်ယောက် တစ်ယောက် ရိုက်နှက်ရန်၊ အရှက်မရှိ ကြံစည် နေကြ သောကြောင့်၊ အခြား တစ်ဖက်အား ပြချိန် တန် လေပြီ။

ပန်းသင်္ချိုင်း ဟူသော အမည်အား၊ မြတ်မြတ် မြေမှ ထိုသူရဲ ဘောကြောင်သူ များ၏ သွေးနှင့်၊ ရေးခြယ် ရပေမည်။

***

All Chapters