← Chapters

ငါက မင်းကို စိတ်ပျက် စေမှာ မဟုတ်ဘူး။

Vol. 66 Ch. 921

ငါက မင်းကို စိတ်ပျက် စေမှာ မဟုတ်ဘူး။

Vol. 66 Ch. 921

အတား အဆီး အပြင် ဘက်တွင်၊ နဂါးလေးက မြင့်မားသော နယ်ပယ်မှ ထူးချွန်သူ များကို၊ သင်ခန်းစာ တစ်ခု ပြီးဆုံးအောင် သင်ကြား ပေးနေသည်။

ထို့ကြောင့် လူတိုင်း ငြိမ်သက် သွားပြီး၊ ကြာပွတ်အား လျစ်လျူရှုလျက် အတား အဆီး ထံသာ အာရုံစိုက် ကုန်၏။

အတား အဆီး အတွင်း၌ လူသုံးဦး ရှိနေသည်။ ထို့ကြောင့် မြတ်မြတ်မြေ များမှာ၊ အနည်းငယ် စိုးထိတ် လာသည်။

မိုဟန် နှင့် ရှစ်ဖန့်တို့ ရှိသော်လည်း၊ ဖန်းဝူကျိနှင့် ချမ်းအင်မှာ အသတ်ခံ လိုက်ရ သည့် အတွက်၊ ပျော်ရွှင်ခြင်း မရှိချေ။

ပုရွက်ဆိတ် တစ်ကောင်သည် ထိုအမှုကို ပြုနိုင်လိမ့် မည်ဟု မထင်ထား သည်မှာ အမှန် ပေပင်။ ကြည့်နေစဉ် မီးလျှံ အတား အဆီးက၊ ကွဲအက် လာ၏။

“ အတား အဆီး ပျောက်တော့မယ်။ ”

“ တစ်ယောက် ယောက် ဘုန်းနေမင်း ဝိညာဉ်ကို ရသွားပြီ ထင်တယ်။ ”

အတား အဆီး ပေါ်ရှိ အက်ကွဲကြောင်း များကို လူတိုင်း သတိပြုမိ လာကုန်ပြီး၊ မျက်နှာ ပြောင်းလဲ သွားသည်။

များ မကြာခင် အတား အဆီးရှိ မီးလျှံ များက၊ ကောင်းကင်ပေါ် လျှံတက် လာပြီး၊ အနီရောင် ပြောင်းလဲ ကုန်သည်။

မီးတောက်များ ပျောက်ကွယ် သွားချိန်၌၊ လင်းယွန်၊ မိုဟန်နှင့် ရှစ်ဖန့်တို့ သုံးဦး ထွက်ပေါ် လာ၏။

ဘုန်းနေမင်း ဝိညာဉ်ကို ယူလိုက်သည့် အတွက်၊ အတား အဆီးက သူတို့အား ခန်းမ ထဲမှ ထုတ်ပယ် လိုက်ခြင်း ဖြစ်သည်။

လင်းယွန်နှင့် ဆန့်ကျင်ဘက် ဖြစ်သော မိုဟန်တို့ နှစ်ဦးမှာ၊ စိတ်ဆိုးသော အသွင်ဖြင့် ရှိနေ ကြသည်။

ယင်းကို သတိ ထားမိ ကုန်သော မြင့့်မြတ်မြေ အထက် တန်းစား များက၊ စိတ် မသက် မသာ ခံစားလာ ရသည်။

“ လင်းယွန်၊ ဖန်းဝူကျိကို သတ်လိုက်တဲ့ အတွက်၊ သွေးအရိုး နယ်မြေက မင်းအပေါ် အမဲလိုက် လိမ့်မယ်၊ အခု ထပ်ပြီး ... ”

“ ... ငါတို့နဲ့ စစ်ပွဲကို စချင် နေရ တာလား၊ ဘုန်းနေမင်း ဝိညာဉ် ပေးပါ၊ မင်း ဘေးကင်းဖို့ အာမ ခံတယ်။ ”

မိုဟန်က အေးစက်စွာ ပြောသည်။ သူ့ စကားကြောင့် လူအုပ် ကြီးက၊ မယုံ ကြည်နိုင် ဟန်ဖြင့်် လင်းယွန်ထံ လှမ်းကြည့်၏။

“ ငါ့ရဲ့ လုံခြုံ ရေးကို အာမခံ မယ်လား၊ ဟမ့် ... ”

လင်းယွန်က နှာခေါင်းရှုံ့ လိုက်ပြီး၊

“ ... ငါ့ကို စိတ်ပူ နေမယ့် အစား၊ မင်းတို့ နှစ်ယောက် ကိုယ့်လုံခြုံရေး ကိုယ် စိတ်ပူသင့် တယ်။ ”

-ဟု ဆိုလိုက်သည်။

“ ဘယ်လိုတောင် မောက်မာ လိုက်လဲ၊ ငါတို့ကို ဆန့်ကျင်ပြီး၊ မင်း အသက် ရှင်နိုင်မယ် ထင်နေလား ။ ”

ရှစ်ဖန့်မှ အော်ဟစ်လျက်၊ မီတာ (၃၀၀) ကျော်ရှိသော ခရမ်းရောင် ဓား အလင်း များဖြင့်၊ ပစ်ခတ် လိုက်သည်။

“ မင်းရဲ့ ဆုံးဖြတ် ချက်ကို နောင်တ မရ မစေနဲ့။ ”

လင်းယွန်၏ မျက်လုံး များ၌ ရက်စက်သော အရိပ် အယောင်များ တောက်ပလျက် ဆိုလိုက် သည်။

ဤနှစ်ယောက်သည် တာအို အဆင့် လက်နက်များ ကိုင်စွဲကာ၊ သူ့အား အကြိမ်ကြိမ် ခြိမ်းခြောက် နေခဲ့သည်။

အတွေး တစ်ချက်ဖြင့်၊ ထာဝရ နဂါးဓား ရည်ရွယ် ချက်အား၊ နဂါး တစ်ကောင် အဖြစ် ဖန်ဆင်း လိုက်သည်။

“ ချိုး ဖြတ် စမ်း ... ။ ”

ဓားသုတ္တန် နှစ်ခုကို တစ်ချိန်တည်း လှည့်ပတ်ကာ၊ ၎င်းအတွင်း လောင်းထည့်ပြီး၊ ရှစ်ဖန့်၏ ဓားအလင်း များအား ချေမှုန်းပစ် လိုက်သည်။

ဓားကို မသုံးနိုင် သောကြောင့်၊ လင်းယွန် အတွက် မလွယ် ကူချေ။ ပန်းသင်္ချိုင်း ဓားသည် ၎င်းကို ခံစား မိကာ ဒေါသထွက် လာသည်။

တာအို အဆင့်သို့ မြှင့်တင်ခြင်း ဖြစ်စဉ်၏ အရေး ကြီးသော အခြေ အနေ၌ ရှိနေ သဖြင့်၊ တာအို လက်ရာ များက အနိုင်ကျင့် နေခြင်းကို မကျေနပ် မိချေ။

ထို့ကြောင့် ဓားဆွဲ ခဲ့ပါက၊ ဤဖြစ်စဉ်ကို အနှောင့် အယှက် ဖြစ်စေမည်။ သည့်နောက် ထပ်မံ လုပ်ဆောင်ရန်၊ အချိန် မည်မျှ ကြာနိုင် မည်အား၊ မည်သူမျှ မသိ နိုင်ချေ။

“ တာအို လက်ရာ မရှိရင်၊ မင်း ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ”

ရှစ်ဖန့် ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲ ထွက်လာပြီး၊ ကောက်ကျစ်စွာ ဆိုလေသည်။

“ သေ ချာ လား ... ။ ”

လင်းယွန်က ပြုံးလျက် လက်သီးဖြင့်၊ တိုက်ခိုက် လာသည်။ ရုတ်တရက် အတွေး ပေါက်သွားပြီး၊ ရှစ်ဖန့် တစ်ယောက် တာအို လက်နက်အား ရုတ်သိမ်း လိုက်သည်။

လင်းယွန်မှာ လက်နက် ကိုင်ဆွဲ ထားခြင်း မရှိ သောကြောင့်၊ လက်နက်မဲ့ တိုက်ခိုက်ကာ အနိုင်ယူ ပြရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

သို့သော် မျက်နှာ ပြောင်းလဲ သွားပြီး၊ နောက်ပြန် ဆုတ်လိုက် ရ၏။ တာအို လက်နက် သည်သာ မရှိ ပါက၊ သူ ဟူသည် အမှိုက် တစ်စ မျှသာ ဖြစ်ကြောင်း၊ ထုတ်ဖော် ပြသမိ လျက်သား ဖြစ်သွားသည်။

“ မိုဟန်၊ မင်း ဘာကို စောင့်နေ တာလဲ။ ”

ရှစ်ဖန့်က အေးစက်စွာ အော်ဟစ် လိုက်သည်။

“ အဟဲ ... ငါ လာပြီ။ ”

တစ်ဖက် ဓား အသွား ပါသော ပုစိန်ကို မြှောက်လျက်၊ မိုဟန် တစ်ယောက် လင်းယွန်ထံ ပြေးဝင် သွား လေသည်။

ရှစ်ဖန့် သည်လည်း ဓားအား ပြန်ဆွဲကာ၊ မိုးဟန် ပုစိန်နှင့် ပူးပေါင်း တိုက်စစ် ဆင်ရန် ကြိုးစား လိုက်တော့သည်။

“ ဝှစ် ... ။ ”

တာအို အဆင့် လက်နက် နှစ်ခုမှ ထွက်ပေါ်လာသော အရှိန် အဝါမှာ၊ ကောင်းကင် ကြီးအား တုန်လှုပ် သွားစေ၏။

လင်းယွန် အတွက်မူ မြင့်မြတ် မြေ၏ ပါရမီရှင် နှစ်ဦးမှ၊ တာအို လက်ရာများ နှင့်အတူ၊ သူ့အား ဖိနှိမ် လာလိမ့် မည်ဟု၊ မထင်ထား မိချေ။

အခြား သူ များသာ ဆိုပါက၊ စိတ်ပျက် သွားမည် ဖြစ်သည်။ တစ်ချိန် တည်းမှာပင်၊ ဒေါသ ထွက်နေသော ပန်းသင်္ချိုင်း ဓားအား၊ နှစ်သိမ့် ပေးလိုက် မိသည်။

“ စိတ်မပူနဲ့ ငါ အဆင် ပြေတယ်။ ”

ဝိညာဉ်ရေး ဓားကို ကန့်သတ်ချက် အထိ တွန်းထုတ်ပြီး၊ ဓားသုတ္တန် များအား ဖြန့်ကျက် လိုက်၏။

ချက်ချင်းပင် ဓားရောင်ခြည် များက၊ မုန်တိုင်း အသွင် ဖြစ်တည် လာကာ၊ မိုဟန်နှင့် ရှီဖုန်း တို့ထံ ပြေးဝင် သွားသည်။

“ တာအို လက်နက်ရဲ့ စွမ်းအားက တကယ် ကြောက်စရာ ကောင်းတာပဲ။ ”

“ ဝိညာဉ်ရေး ဓားက၊ တာအို အဆင် လက်နက် တွေရဲ့ အရှိန် အဝါကို မချိုးဖြတ် နိုင်တော့ ဘူး။ ”

“ လင်းယွန် ဓားက တာအို လက်ရာ မဟုတ်တဲ့ အတွက်၊ အခွင့် အရေး မရှိ တော့တာ သနား စရာ ပါပဲ။ ”

မြေပြင်များ အက်ကွဲ လာသည့် တိုက်ပွဲကို ကြည့်ရှုလျက်၊ ပရိသတ် များက ခံစားချက်များ ပြည့်လျှံ လာသည်။ လင်းယွန် အတွက် ကျရှုံးရန် အချိန် တစ်ခုသာ လိုပေ တော့၏။

“ ..... ။ ”

ထိုအချိန်တွင် တုန်ခါ နေသော ပန်းသင်္ချိုင်း ဓားမှာ၊ ရပ်တန့် သွားပြီး၊ အဆင့်မြှင့် တင်ခြင်း ပြီးဆုံး သွားပြီ ဖြစ်ကြောင်း၊ ဆက်သွယ် လာသည်။

“ ကောင်လေး၊ မင်းကို အနိုင်ကျင့် မိတဲ့ အတွက်၊ ငါတို့ကို အပြစ် မတင် ပါနဲ့၊ တာအို လက်နက် တစ်ခုတောင် မရှိတဲ့၊ မင်းကိုယ် မင်းသာ အပြစ် တင်ပါ၊ ဟား ဟား ဟား ... ။ ”

ရှစ်ဖန့်က သူ့ဓားထံ မူလ စွမ်းအင်များ အကုန် အစင် လောင်းထည့်လျက်၊ အော်ဟစ် ရယ်မော လိုက်၏။

တာအို လက်ရာ နှစ်ခု၏ ကန့်သတ်ချက် များအကြား လင်းယွန် တစ်ယောက် ပို၍ ခက်ခဲ လာသည်ကို မြင်နေ ရသည်။

“ ချပ် ... ချပ် ချပ် ။ ”

ထိုစဉ်မှာ သူ့ ကျောပေါ်ရှိ ဓားသေတ္တာ ပွင့်လာကာ၊ သင်းပျံ့သော မွေးရနံ့များ နှင့်အမျှ ပွင့် ချပ်များ လွင့်ဝဲ လာပြီး၊ ဒေါသ ထွက်နေဟန် ရသည့်၊ နဂါး တစ်ကောင် ခုန်ထွက် လာသည်။

ပန်းသင်္ချိုင်း ဓားမှာ၊ ရှစ်ဖန့်နှင့် မိုဟန်ကို၊ မုန်းတီး နေပြီ ဖြစ်သည်။ သူ့ ရှေ့၌ အရည်ကြို အဆင့်၊ လက်နက် များဖြင့် လင်းယွန် အပေါ်၊ ဖိနှိပ် နေခြင်းအား သည်းမခံ လိုတော့ချေ။

ထို့ကြောင့် ဒေါသ ထွက်လာပြီး၊ အဆင့် မြှင့်တင်မှု ဖြစ်စဉ်ကို တတ်နိုင် သမျှ မြန်မြန် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

“ တောင်းပန် ပါတယ် ... ။ ”

လင်းယွန်က နှာခေါင်းကို လက်ညှိုးဖြင့် ပွတ်လျက်၊ ဆိုလိုက်သည်။ ပန်းသင်္ချိုင်း ဓားအား အဆင့် မြှင့်တင်မှု ပြုလုပ် နိုင်စေရန်၊ အချိန်ကို ဝယ်ယူ ပေးခဲ့သည်။

သို့သော် သူ့ အခြေ အနေမှာ၊ ၎င်းအား စိတ်သက်ရာ ရစေပုံ မပေါ်ချေ။ ထို့ကြောင့် အဆိုပါ လုပ်ငန်း စဉ်အား မြန်မြန် အပြီးသတ် လိုက်ခြင်း ဖြစ်သည်။

“ ငါ့မှာ တာအို လက်ရာ မရှိ ဖူးလို့၊ ဘယ်သူ ပြောတာလဲ။ ”

လင်းယွန်က ရုတ်တရက် ပြုံးကာ၊ ပြန်လည် မေးမြန်း လိုက်သည်။ ပန်းသင်္ချိုင်း ဓားမှ သူ့အား ယုံကြည် နေသ၍၊ စိတ်ပျက်အောင် လုပ်မိမည် မဟုတ်ချေ။

***

All Chapters