သတိထား ပါ့မယ်။
Vol. 66 Ch. 922
ဓားကို ကိုင်လိုက် သည်နှင့်၊ လင်းယွန် အသွင်မှာ၊ လုံးဝ ပြောင်းလဲ သွားသည်။ သူ့အား ကန့်သတ် ထားသော ခရမ်းရောင် ဓားအလင်း များက၊ သားရဲ တစ်ကောင်ကို မထိန်းထား နိုင်တော့ သကဲ့သို့၊ တုန်လှုပ် လာ၏။
“ နောက်ကျ သွားပြီ၊ မင်း ဓားဆွဲလဲ အလကားပဲ။ ”
ဒဏ်ရာ ရရှိ နေသော လင်းယွန်ကို ကြည့်ကာ၊ ရှစ်ဖန့်က ပြုံးလျက် ဆိုသည်။ သို့သော် သူ့ဓား အလင်းများ ရုတ်တရက် ဆုတ်ဖြဲ ခံလိုက်ရ သဖြင့်၊ အပြုံးမှာ ပျောက်ကွယ် သွား၏။
“ ငါ့မှာ တာအို လက်နက် မရှိ ဖူးလို့ ဘယ်သူ ပြောတာလဲ။ ”
ပန်းသင်္ချိုင်း ဓားအား လေထဲ ဝှေ့ယမ်း လိုက်ပြီး၊ အေးစက် စွာဖြင့် လင်းယွန်က ပြန်မေး လိုက်သည်။
တာအို အဆင့် ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ပန်းသင်္ချိုင်း ဓားထံမှ ပေါက်ကွဲ လာကာ၊ ရှစ်ဖန့်ပေါ် ကျဆင်း သွား၏။
ရှစ်ဖန့် တစ်ယောက် အားသာချက် ရရှိနေ သည်မှာ ထင်ရှား သော်လည်း၊ လင်းယွန် ဓားဆွဲ ပြီးနောက်၊ ပုရွက်ဆိတ် တစ်ကောင် အဖြစ်သို့၊ ချက်ချင်း ပြောင်းလဲ သွားသည်။
“ ချေး ပဲ ... ။ ”
အစောပိုင်း အချိန်၌ လင်းယွန် အပေါ်၊ သတ်နိုင် လိမ့်မည်ဟု ယုံကြည် နေမိသော သူ၏ ခံစား ချက်များ၊ မရှိ တော့ချေ။
တုံ့ပြန်ရန် အချိန် မရှိတော့ သဖြင့်၊ ခရမ်းရောင် ဓားရောင်ခြည် များနှင့်၊ သူ့ကိုယ်သူ ကာကွယ် လိုက်ရ လေသည်။
သို့သော် သူ့ဓား ရောင်ခြည်မှာ၊ ထိပ်တိုက် ရင်ဆိုင် ရာ၌ ခံနိုင်ရည် မရှိဘဲ၊ ချက်ချင်း ပြိုကျ လာ၏။
အချိန် အတိုင်း အတာ တစ်ခု ထိတိုင်၊ သည်းခံနေ ခဲ့ရသော ပန်းသင်္ချိုင်း ဓားသည် သူ့ ဒေါသကို ရှစ်ဖန့် အပေါ်၊ သွန်ချ လိုက်တော့ သည်။
“ မ လုပ် နဲ့ ... ။ ”
ဓား အလင်း များက အပိုင်းပိုင်း ဆုတ်ဖြဲ နေသဖြင့်၊ ရှစ်ဖန့်၏ နာကျင်နေသော အော်ဟစ် သံကို၊ လူတိုင်း ကြားလာ ရသည်။
“ ဘာ လဲ … ။ ”
မိုဟန် တစ်ယောက် စကား မပြောနိုင် တော့ချေ။ မည်သည့် လှည့်စားမှု ကိုမျှ မသုံး ခဲ့ဘဲ၊ လင်းယွန်မှ ဓားတစ်ချက် တည်းဖြင့်၊ သတ်ပစ် လိုက်ခြင်း ဖြစ်သည်။
ထိုဓားသည် မျှော်လင့်ထား သည်ထက် ပိုမြန်ပြီး၊ အငြိုး ကြီးသော သားရဲ တစ်ကောင် ကဲ့သို့၊ ရက်စက် လှပေ၏။
ထို့ကြောင့် မဆိုင်း မတွဘဲ၊ မြေပြင်ပေါ် ဆင်းသက်ကာ၊ ပုစိန်အား ပြန်လည် ထမ်းပိုး လျက်၊ လက်ဟန်ဖြင့် တံဆိပ်များ ထုတ်ဖော် လိုက်သည်။
“ ဝှစ် ... ။ ”
သည့်နောက် လမ်းကြောင်း အမျိုးမျိုး ပြောင်းကာ၊ လှည့်၍ ပြေးနေသော မိုဟန် (၁၂) ယောက် ထွက်ပေါ် လာသည်။
ယင်းမှာ ကြီးမားသည့် တန်ဖိုး တစ်ခု၊ ပေးဆပ် ရသော လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်ပေသည်။
“ မင်း ထွက်သွားချင် လို့လား ... ၊ အဲဒီလောက် မလွယ်ဘူး။ ”
ရှစ်ဖန့်အား သတ်ရုံနှင့်၊ လင်းယွန် တစ်ယောက် မကျေနပ် နိုင်သေးချေ။ ထို့ကြောင့် မိုဟန်များ ထံသို့ ဓား အလင်း (၁၀) လက်ဖြင့်၊ ပစ်ခတ် လိုက်သည်။
များ မကြာခင် မိုဟန် (၁၀)ယောက် ပျောက်ကွယ် သွားပြီး၊ ခွဲ မရအောင် ထပ်တူကျ နေသည့်၊ နှစ်ယောက်သာ ကျန်ရစ် ခဲ့သည်။
“ ရွှပ် ... ။ ”
ထို့ကြောင့် မျက်မှောင်ကြုတ်လျက် နှစ်ယောက် လုံးအား သတ်ရန်၊ ပန်းသင်္ချိုင်း ဓားကို၊ နောက်တစ်ကြိမ် လွှဲပစ် လိုက်သည်။
ကံဆိုး ပါက မိုဟန် သေမည် ဖြစ်ပြီး၊ ကံကောင်း ခဲ့သော် စိုးရိမ် ရသော အခြေ အနေ ဖြင့်၊ လက်ကျန် ဘဝအား ဖြတ်သန်း ရပေမည်။
ပန်းသင်္ချိုင်း ဓား ထွက်ပေါ် လာပြီးနောက်၊ တိုက်ပွဲ ရလာဒ်မှာ ချက်ချင်း ပြောင်းလဲ သွား၏။ တာအို လက်နက် အရှိန် အဝါမှာ၊ ဖြိုခွဲ ခံလိုက် ရပြီး၊ ရှစ်ဖန့်ကို အပိုင်းပိုင်း ခုတ်ဖြတ်သွား လေသည်။
တာအို လက်နက်သာ မရှိ ပါက၊ ရှစ်ဖန့် ဟူသည် လင်းယွန်အား တိုက်ခိုက်ရန် အဆင့် မမှီချေ။ နဂါး အဆင့်မှ ပါရမီရှင် များသာ လင်းယွန် ပြိုင်ဘက် ဖြစ်နိုင် ပေမည်။
ပထမ ဒုက္ခကို ဖြတ်ကျော် ပြီးပါက၊ လင်းယွန် တစ်ယောက် မည်မျှ သန်မာ မည်ကို၊ လူတိုင်းမှ တွေးကြည့် နေမိသည်။
အုတ်မြစ်ကို ထိခိုက် ခံကာ၊ ထွက်ပြေး လွတ်မြောက် သွားသော မိုဟန်ပင်၊ အခြေအနေ မကောင်း နိုင်ချေ။
ထို့ကြောင့် နဂါး အဆင့် သတ်မှတ်ချက်သို့ ဝင်ရောက် နိုင်သည် ဟူသော၊ မြင့်မြတ် မြေ၏ ပါရမီရှင် လေးဦးမှာ၊ လူပြက် များသာ ဖြစ်လာ လေသည်။
ဤတိုက်ပွဲ သတင်းမှာ နဂါး ပြည်နယ်တွင်၊ အကြီး အကျယ် ရုတ်ရုတ် သဲသဲ ဖြစ်လာတော့ မည်ကို၊ လူတိုင်း ခန့်မှန်း လာနိုင်သည်။
လင်းယွန်၏ သည်လုပ်ရပ်မှာ၊ မြင့်မြတ် မြေများ အားလုံးကို စိန်ခေါ်ခြင်း မည်ပေ၏။ ၎င်းတို့ မာနအား ရက်စက်စွာ နင်းချေ ပြနေ သည်။
လင်းယွန် မှာမူ ပတ်ဝန်းကျင် အမြင်များ အပါ် ဂရု မစိုက်ချေ။ ယင်းအစား ပန်းသင်္ချိုင်း ဓား ကိုယ်ထည်ရှိ ရေးထွင်း ထားသည့်၊ ပန်းပွင့် များကို စစ်ဆေး နေခဲ့သည်။
၎င်းတို့၏ သဏ္ဍာန် များမှာ၊ အလွန် ရှုပ်ထွေး လှသဖြင့်၊ အချိန်ကြာ မြင့်စွာ စိုက်ကြည့် မိပါက၊ စိတ်ဝိညာဉ် စုပ်ယူခြင်း ခံရနိုင် ပေမည်။
အလား အလာမှာ၊ အထွတ် အထိပ်သို့ မရောက်ရှိ သေးကြောင်း၊ မှိန်ဖျော့ နေသည့် အစိတ် အပိုင်း များက၊ သက်သေပြ နေ၏။
“ ပန်းသင်္ချိုင်း ဓားရဲ့ လက်ရှိ အဆင့်က၊ အခြေခံနဲ့ အလယ် အလတ် ကြားမှာ ရှိတယ်၊ အလား အလာကို မခန့်မှန်း နိုင်သေးဘူး။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို၊ စိတ်လှုပ်ရှား စွာဖြင့် ပြန်ကြည့် လိုက်ကာ၊
“ ဒီတစ်သက် ... ၊ မင်း ငါ့ကို စိတ်မပျက် စေရ ဖူးလို့ ကတိ ပေးတယ်။ ”
-ဟု ဆိုလိုက်သည်။
လင်းယွန်၏ ကတိပေး သံကို တုံ့ပြန်သည့် အနေဖြင့်၊ ပန်းသင်္ချိုင်း ဓားမှ တိုးညှင်းစွာ အသံ ပြု လာသည်။
ပန်းသင်္ချိုင်း ဓားမှာ အသက်နှင့် သေခြင်း ဆိုင်ရာ တိုက်ပွဲ များစွာကို၊ သူနှင့် အတူ မျှဝေ ခံစား ခဲ့သည်။
ထိုစဉ် မှာပင် နဂါးလေးက ရှစ်ဖန့်၏ သိုလှောင် အိတ်နှင့်၊ တာအို လက်နက်အား ကိုင်ဆောင်လျက်၊ အနား ရောက်လာသည်။
“ နောက်ဆုံးတော့ မင်း ရောက်လာပြီ။ ”
နဂါး လေးမှာ ထောင်စုနှစ် မီးလျှံကို အောင်မြင်စွာ ချေဖျက် နိုင်ခဲ့ သဖြင့်၊ လင်းယွန် တစ်ယောက် ဝမ်းသာ သွားသည်။
နဂါးလေးက ခေါင်းညိတ် ပြပြီး၊ သူ့ ပခုံးပေါ် ခုန်တက် လိုက်စဉ်၊ လူအုပ် ကြားမှ ချန်ရွှမ် တသိုက်၊ တိုးထွက် လာ၏။
မြင့်မြတ် မြေ၏ ပါရမီရှင် (၄) ဦးမှာ၊ (၃)ဦး သေဆုံးပြီး (၁)ဦး ထွက်ပြေး သွား၏။
၎င်းတို့ နှင့်အတူ မီးလျှံ မြို့သို့ လိုက်ပါ လာခဲ့သော ဓားသမား တစ်ယောက်သည်၊ ဤမျှ ကြောက်စရာ ကောင်းနေ လိမ့်မည်ဟု၊ မထင်ထား မိသည်မှာ အမှန် ပေပင်။
“ လင်းယွန် ... ၊ မြင့်မြတ်မြေ သုံးခုကို မင်းစော်ကား မိပြီ၊ သွေးအရိုး နယ်မြေရဲ့ အခြေခံ အုတ်မြစ်က နက်ရှိုင်း လွန်းတယ်။ ”
ချန်ရွှမ်က လေးနက်သော အမူ အရာဖြင့် သက်ပြင်း ချကာ သတိပေး လိုက်သည်။
“ တစ်ယောက်ပဲ သတ်သတ်၊ သုံးယောက် ကိုပဲ သတ်သတ်၊ သတ်တာက သတ်တာ ပါပဲ၊ ဘာများ ကွာခြားမှာ မို့လဲ၊ ပါဘူး၊ ... ”
“ ... နောက်ပြီး ဒီလူ တွေက ငါတို့ကို ပုရွက်ဆိတ်တွေ အဖြစ် သတ်မှတ် ထားတာ၊ ငါက သူတို့ကို သတ်သည် ဖြစ်စေ၊ မသတ်သည် ဖြစ်စေ၊ ငါ့ကို အလွယ် တကူ အနိုင်ယူ နိုင်လိမ့် မယ်လို့ ထင်နေ ကြဦးမှာ။ ”
လင်းယွန်က ဂရုမစိုက် ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။ သူ့အား စော်ကားသူ များကို သတ်ခြင်းသည် လွန်အံ့ မထင် မိချေ။
ချန်ရွှမ်တို့ လူအုပ် သည်သာ ထိုစကားကြောင့် တိတ်ဆိတ် သွားကုန်သည်။ ကောင်းကင် လမ်းတွင် ခွန်အားကို ပြနိုင်မှ သာလျှင်၊ ရိုသေ လာမည် ဖြစ်သည်။
“ မင်း အခု ... ၊ ဘာဆက် လုပ်မှာလဲ။ ”
ချန်ရွှမ် အရင်ဆုံး သတိဝင်ကာ မေးမိသည်။
“ နဂါး တားမြစ် နယ်မြေ မဖွင့်ခင်၊ ကျင့်ကြံဖို့ စဉ်းစား ထားတယ်။ ”
သူ့ အနေဖြင့် ပထမ ကောင်းကင် ဒုက္ခကို ဖြတ်ကျော်ရန် ပြင်ဆင် ရပေမည်။ အချိန်ရ ပါက အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ နှစ်ရပ်အား၊ လေ့ကျင့် ကြည့်ချင် နေသေး၏။
ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ မတိုင်ခင်၊ လေးနက်သော ခြေလှမ်း ဆယ်လှမ်း ကို ဆုပ်ကိုင် လိုသည်။ ဘုန်းနေမင်း နတ်လက်သီး တွင်လည်း၊ အလားတူ ပေပင်။
အောင်မြင်ခဲ့ ပါက၊ မြင့်မြတ်မြေ များကို စိတ်ချ လက်ချ ကိုင်တွယ် ဖြေရှင်း နိုင်မည် ဖြစ် သည်။
မီးလျှံမြို့ ခရီးစဉ် တစ်လျှောက်တွင်၊ ရိတ်သိမ်းထား နိုင်သော အရင်း အမြစ်များ အရ၊ ပထမ ဒုက္ခအား ဖြတ်ကျော် ပြီးနောက်၊ မည်မျှ အစွမ်းထက် လာမည်ကို၊ သိချင် လာခဲ့သည်။
“ မိုးကြိုး မြို့မှာ ရှိတဲ့၊ ငါ့ သူငယ်ချင်းတွေ အတွက်၊ အစ်ကိုချန် ကိုပဲ ဆက်ပြီး ဒုက္ခ ပေးရ တော့မယ် ထင်တယ်။ ”
လင်းယွန်က ဝတ်ရုံ စကို ဟန်ပါပါ ရုတ်သိမ်း လျက်မှ ဆိုသည်။
“ စိတ် မပူ ပါနဲ့၊ မင်းက ငါ့ အသက်ကို ကယ်တင်ခဲ့ တာပဲ၊ ဒါကို ငါ့ တာဝန် ထားပါ၊ ငါကိုယ်တိုင် လုပ်ဆောင် ပေးပါ့မယ်။ "
လင်းယွန်မှာ မြင့်မြတ်မြေ များ၏ အမဲလိုက်ခြင်း ခံရတော့မည် ဖြစ်ရာ၊ နဂါး ပြည်နယ် မြေပုံအား ပေးအပ် လိုက်သည်။
“ ငရဲ တိမ်လွှာ နယ်မြေ အကြောင်း ကိုတော့ ငါ မသိဘူး၊ ဒါပေမယ့် သွေးအရိုး နယ်မြေမှာ မင်းကို ခြေရာ ခံဖို့ နည်းလမ်း တစ်ခု ရှိကောင်း ရှိနိုင်တယ်၊ ... ”
“ ... သူတို့က မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တွေမို့၊ မင်းအပေါ် အမှတ် အသား တစ်ခုခု ချန်ထားမှာ သေချာတယ်။ ”
ချန်ရွှမ်က လေးနက်စွာ သတိပေး လိုက်သည်။
“ သတိထား ပါ့မယ်။ ”
မြေပုံအား လက်ခံ ယူလျက်မှ လင်းယွန်က တုန့်ပြန်သည်။ ၎င်းတို့နှင့် ရင်ဆိုင်ရန် ဆုံးဖြတ် ထားပြီး ဖြစ်သဖြင့်၊ သူ၌ စိုးရိမ် ပူပန်ခြင်း မရှိပေ။
***