နဂါး အဆင့်၊ ကျွမ်းကျင်သူ။
Vol. 66 Ch. 923
သုံးရက် ကြာသည် အထိ၊ မီးလျှံ မြို့မှာ စိတ်လှုပ်ရှား နေကြဆဲ ဖြစ်သည်။ ဘုန်းနေမင်း ဝိညာဉ်ကို သိမ်းပိုက် သွားသော်မှ၊ မြို့အတွင်း ရတနာ များစွာ ကျန်ရှိ နေ၏။
ကျန့်ယွင်ကျန်းနှင့် ချင်းကျန်းတို့ သည်လည်း၊ သူတို့၏ ကံတရား အပေါ် စမ်းသပ် နေကြ မြဲက ဖြစ်သည်။
ကျောက်သား နန်းတော်မှာ ဥပမာ ဖြစ်သည်။ ၎င်းအတွင်း အရှိ ရတနာ များမှာ ဘုန်းနေမင်း ဝိညာဉ် ထက်ပင် များစွာ သာလွန်၏။
သို့သော် ဤလျှို့ဝှက် ချက်ကို မြိုသိပ်ထား ရသည်။ အချက် အလက်များ ပေါက်ကြား ပါက ပြဿနာများ ရောက်ရှိ လာနိုင်သည်။
သုံးရက် ကြာ ပြီးနောက်၊ နှစ်ယောက် စလုံး၏ မျက်နှာ ပေါ်တွင်၊ ဆိုးရွားသော အမူ အရာများ ထင်ဟပ် လာသည်။
နေရာ အများ စုတွင် အန္တရာယ် များနှင့် ပြည့်နှက်ပြီး၊ ရတနာ အချို့ ရရှိကြ သော်လည်း၊ ကျောက်သား နန်းတော်မှ လင်းယွန် သိမ်းယူ သွားသော အရာ များဖြင့်၊ နှိုင်းယှဉ်၍ မရချေ။
“ ငါတို့ ဒီမှာ ဆက်နေလို့ မရတော့ဘူး။ ”
ရှန့်ယွင်ကျန်း တစ်ယောက် စိတ်ပျက် လက်ပျက်ဖြင့်၊ သက်ပြင်း ချကာ ဆိုလိုက်သည်။ ချန်ကျန်း အမူ အရာမှာ ပို၍ ဆိုးချေ၏။
အကယ် ၍သာ လင်းယွန်ထက် လျင်မြန်ခဲ့ ပါက၊ ထောင်စုနှစ် မီးလျှံ၊ နတ်ကြယ် ပုလဲနှင့် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများကို ရိတ်သိမ်း နိုင်မည် ဖြစ်သည်။
သတိရ သမျှမှာ နာကျင်ဖွယ် အမှတ်တရ ပေပင်။ ယင်းသည် စက်ဆုပ်ဖွယ် ကောင်းသော ကြောင် တစ်ကောင်ကြောင့် ဖြစ်ချေ၏။
“ ငါတို့ ဆက်နေ ဦးမယ် ဆိုရင်၊ မီး အဆိပ် သင့်လိမ့်မယ်။ ”
ချန်ကျန်းက ဆိုသည်။ နဂါး တားမြစ် နယ်မြေကို သွားလို လှပြီ ဖြစ်သည်။ ၎င်းတွင် မရေ မတွက် နိုင်သော ရတနာ များနှင့် အမွေ အနှစ် များစွာ ရှိ၏။
ကံကောင်း ပါက သူတို့၏ ခွန်အားကို နောက်တစ်ဆင့်သို့၊ မြှင့်တင် နိုင်မည် ဖြစ်သည်။ တန်ဖိုး မဖြတ် နိုင်သော အမွေသာ ဖြစ်သော်၊ ကောင်းကင်ပေါ် ပျံတက် သွားနိုင်သည်။
“ ဟို မှာ ကြည့် စမ်း ... ။ ”
ရှန့်ယွင်ကျန်း၏ မျက်နှာတွင်၊ ကြောက်ရွံ့မှု များ ဖြစ်ပေါ် လာပြီး၊ ဦးတည်ရာ တစ်ရပ် ထံသို့ မေးငေါ့ ပြလိုက်သည်။
“ ဘာမှား လို့လဲ။ ”
ထို့ကြောင့် ချန်ကျန်းက မော့ကြည့် လိုက်ရာ၊ အနက်ဝတ် လူငယ် သုံးဦး မြို့ထဲသို့ ချဉ်းကပ် လာ နေသည်ကို မြင်လိုက် ရ၏။
သူတို့ ထံမှ ပြင်းပျသော မီးတောင်ကြီး တစ်လုံး ကဲ့သို့ ကြောက်မက်ဖွယ် ရောင်ဝါများ ထွက်ပေါ် နေကြသည်။ ကျင့်ကြံမှုမှာ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်၏။
“ အဲဒါ သွေးအရိုး နယ်မြေပဲ၊ မြန်လိုက်တာ ...။ ”
သွေးအရိုး နယ်မြေမှ လျင်မြန်စွာ တုံ့ပြန် လာမှုကြောင့်၊ နှစ်ဦးသား ထိတ်လန့် သွားသည်။ ဖန်းဝူကျိ အသတ်ခံ ရသည်မှာ သုံးရက်သာ ရှိပေ သေး၏။
ရှန့်ယွင်ကျန်းက အဖွဲ့ကို ဦးဆောင် နေသော အနက်ရောင်ဝတ် လူငယ်ထံ ကြည့်ကာ၊ အမည် တစ်ခုအား သတိထား ရေရွတ် လိုက်သည်။
“ ယွမ် ဟမ် ထျန်း။ ”
ငရဲ တိမ်လွှာ နယ်မြေနှင့်၊ အနက်ရောင် မီးတောက် နယ်မြေ၏ အုတ်မြစ်မှာ၊ သွေးအရိုး နယ်မြေကို မမီချေ။
“ ယွမ် ဟမ် ထျန်း လား။ ”
ချန်ကျန်း တစ်ယောက် အံသြ သွားသည် ။ ခေါင်းဆောင်မှာ နဂါး အဆင့် (၉၇) တွင် ရှိသော ပါရမီရှင် တစ်ဦး ဖြစ်သည်။
ဖန်းဝူကျိ သေဆုံးမှု အတွက် နဂါး အဆင့် ကျွမ်းကျင်သူ တစ်ဦးကို စေလွှတ်လာ သည်မှာ မယုံ နိုင်စရာ ပေပင်။
နဂါး ပြည်နယ်တွင် ကျင့်ကြံသူ တစ်သန်းထက် မနည်း ရှိသည်။ သို့သော် ထိပ်တန်း (၁၀၀) သည်သာ၊ အစစ် အမှန် ကျွမ်းကျင် သူများ ဖြစ်၏။
အဆင့် သတ်မှတ်ချက် အတွင်း ဝင်ရန်၊ အခြေခံ လိုအပ် ချက်မှာ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိရ ပေမည်။
“ ကြည့်ရတာ သွေးအရိုး နယ်မြေက လင်းယွန်ကို အလေး အနက် ထားလာ ပုံပဲ၊ သူတို့ရဲ့ နဂါး အဆင့် ကျွမ်းကျင်သူ ကိုတောင် စေလွှတ် လာပြီ။ ”
ထိတ်လန့်မှုမှာ ဖော်ပြ နိုင်စရာ စကားလုံး မရှိ တော့ချေ။ သို့သော် စူးစမ်း လိုစိတ်ကြောင့်၊ နှစ်ဦးသား မယောင် မလည်နှင့် လိုက်ပါသွား မိသည်။
“ သွား ကြည့် ရ အောင်။ ”
သွေးအရိုး နယ်မြေမှာ၊ ကြောက်မက်ဖွယ် ကောင်းနိုင် သော်လည်း၊ မြင့်မြတ် မြေများကြား မလိုလား အပ်သော သတ်ဖြတ် မှုများ မပြု လုပ်ရန်၊ သဘော တူညီချက် ရှိပေသည်။
အခြားသော လူများစွာ သည်လည်း၊ သွေးအရိုး နယ်မြေ ရောက်ရှိ လာသည်ကို သတိပြု မိလာသည်။
ထို့ကြောင့် လုပ်လက်စ အရာ များကို ရပ်ပြီး၊ ယွမ်ဟမ်ထျန်းတို့ နောက်သို့ ပြေးလွှား လိုက်ပါ သွားကြသည်။
အချို့သော နယ်မြေ များမှာ သွေးအရိုး နယ်မြေနှင့်၊ ကောင်းမွန်သော ဆက်ဆံရေး ရှိသောကြောင့်၊ အဖြစ် အပျက်ကို ပြန်လည် မျှဝေ ပေးရန်၊ ရှေ့တိုးလာ ကုန်၏။
“ ကြည့်ရတာ သွေးအရိုး နယ်မြေက ဘုန်းနေမင်း ဝိညာဉ်ကို ရယူဖို့ ဆုံးဖြတ်ထား ပုံပါပဲ၊ တခြား နယ်မြေ တွေထက် လက်ဦးမှု ရယူချင် နေတယ်။ ”
“ လင်းယွန် အတွက် မျှော်လင့်ချက် မရှိ တော့ဘူး။ ”
မီးလျှံ မြို့တော်၏ လေထု အပူချိန် များကြောင့် ဖန်းဝူကျိ အလောင်းမှာ၊ အရိုးကျ နေပြီ ဖြစ်သည်။
ယွမ်ဟမ်ထျန်းက လက်ဆန့်လျက်၊ ပေါက်ကွဲပြီးသား ဦးခေါင်းခွံ အပိုင်းအစ များကို လှမ်းခေါ် လိုက်၏။
“ ..... ။ ”
အပိုင်း အစများ ပြန်လည် ပေါင်းစည်း နေသော အရိုးခေါင်း ခွံကို ကြည့်ကာ၊ လင်းယွန် ဓား မည်မျှ ရင်သပ် ရှုမောဖွယ် ကောင်းခဲ့ သည်ကို၊ လူအုပ်က အမှတ်ရ လာကြသည်။
ထို့နောက် ပေါင်းစပ် သွားသော ဦးခွံကို လက်ဖြင့် ကြိတ်ချေချ လိုက်ရာ၊ အနက်ရောင် အခိုး အငွေ့များ ထွက်ပေါ် လာသည်။
ယင်းမှာ သုံးရက် ကြာပြီး နောက်တွင်ပင်၊ သိပ်သည်းစွာ ကျန်ရှိ နေသော ဖန်းဝူကျိ၏ အမုန်း တရားများ ဖြစ်သည်။
ကျောက်စိမ်းတုံး တစ်လုံး ထဲသို့၊ ထိုအနက်ရောင် အငွေ့ များကို သိမ်းဆည်း လျက်၊ ယွမ်ဟမ်ထျန်းက မျက်လုံးများ မှိတ်ချ လိုက်သည်။
လူသတ် တရား ခံကို ရှာဖွေရန် ကြိုးစား နေမှန်း သိသဖြင့်၊ သူ့ အဖော် များက စကား တစ်ခွန်းမျှ မပြောခဲ့ ကြချေ။
ခဏ အကြာတွင် ယွမ်ဟမ့်ထျန်း၏ မျက်လုံးများ ပွင့်လာပြီး၊
“ သူ အဝေးရောက် သွားပြီ၊ ဒါပေမယ့် ဘယ်ကိုပဲ သွားနေ ပါစေ၊ ငါ့ လက်က မလွတ် ပါဘူး။ ”
“ အစ်ကိုကြီး ယွမ်၊ လင်းယွန်က အရမ်း မောက်မာတယ်၊ သူက ငါတို့ကို သတ်ဖို့ ဓား တစ်ချက်ပဲ လိုတယ်လို့ ခြိမ်းခြောက်တယ်။ ”
အနီး နားရှိ ကျင့်ကြံသူ တစ်ဦးက ပြောသည်။ မြင့်မြတ် မြေ၏ အထက် တန်းစား များမှာ၊ လင်းယွန် အပေါ် နှစ်သက်ဖွယ် သဘော ထား မရှိ ကြချေ။
“ စိတ်မပူ ပါနဲ့၊ ငါ သူ့ကို အဲ့ဒီလို လုပ်ခွင့် မပြု ပါဘူး။ ”
ယွမ်ဟမ်ထျန်းက အေးစက်စွာ တုန့်ပြန် လိုက်သည်။
“ အောက်တန်းစား နယ်မြေက ပုရွက်ဆိတ် တစ်ကောင်က ငါ့ရဲ့ သွေးအရိုး နယ်မြေကို ရန်စ ရဲတယ်လား၊ သူ့ကို သေတာထက် ပိုဆိုးတဲ့ အဆုံး သတ်ကို ငါ ပေးလိုက်မယ်။ ”
ကောင်းကင်လမ်း ဟူသည် နယ်မြေပေါင်း (၁၀,၀၀၀) ကျော်ကြား ယှဉ်ပြိုင်မှု တစ်ရပ် ဖြစ် လေသည်။ ထို့ကြောင့် မြတ်မြတ်မြေ များပင် ထင်ပေါ်ရန်၊ မလွယ် ကူချေ။
သို့သော် သွေးအရိုး နယ်မြေမှာ၊ ချွင်းချက် ဖြစ်သည်။ ၎င်းတို့မှာ မြင့်မြတ် မြေများကြား တွင်ပင်၊ နာမည် ဆိုးဖြင့် ရပ်တည် နေသူများ ဖြစ်သည်။
သွေးလွှမ်းသော သတ်ဖြတ်မှု များနှင့်၊ နယ်မြေ ကျူးကျော် မှုများသည် သူတို့ အတွက် သာမာန် လုပ်ရပ် များသာ ပေပင်။
ထို့ကြောင့် ဖန်းဝူကျိ အသတ်ခံ ရသော ဖြစ်ရပ် မျိုးမှာ၊ သူတို့၏ ဂုဏ် သတင်းကို များစွာ ထိခိုက် စေသည်။
လက်ရှိ အချိန်၌ လင်းယွန် အမည်မှာ၊ မြင့်မြတ်မြေ အချို့၏ စိတ်ဝင် စားမှု များကို ရရှိ ထားသည်။ ယွမ်ဟမ်ထျန်းအား လွှတ်လိုက် ပြီးနောက်၊ ဆိုဖွယ် မရှိ တော့ချေ။
အများစုမှ လင်းယွန် အသက်ရှင် ရမည့် ကာလကို လောင်းကြေး ထပ်လာ ခဲ့ကြ၏။ သတ်မှတ် ကာလမှာ နဂါး တားမြစ် နယ်မြေ မဖွင့်ခင် အထိသာ ဖြစ်သည်။
ဆိုလို သည်မှာ ၎င်းနယ်မြေ ဖွင့်ချိန်၌ အသက်ရှင်ရန် နည်းလမ်း မရှိဟု အဓိပ္ပါယ်ရ ချေသည်။
အထက်ပါ အချင်း အရာ များနှင့် ပတ်သက်ပြီး လင်းယွန်မှာ မသိ နိုင်ချေ။ သူ့ ပတ်လည်တွင် နတ်ကြယ် ပုလဲ ဆယ်လုံး ဝဲပျံလျက်၊ ငြိမ်သက်စွာ ထိုင်နေ ခဲ့သည်။
ရွှေရောင် ရူရ်များ လောင်ကျွမ်းလျက်၊ အဆုံး မရှိသော ကြယ်စွမ်းအင် များက၊ သူ့ကိုယ်ထဲ စီးဝင် နေသည်။
၎င်းတို့အား စုပ်ယူရန်၊ ဓားသုတ္တန် များကို ဖြန့်ဝေ လိုက်ရသည်။ တစ်ဆက်တည်း မှာပင် ရုပ်ခန္ဓာအား ကြယ်မီးတောက် များဖြင့်၊ သန့်စင် ပေးမိ၏။
အချိန် အတော် ကြာ ပြီးနောက် စိတ် လှုပ်ရှားစွာဖြင့် မျက်လုံးများ ပွင့်လာသည်။ နတ်ကြယ် ပုလဲ များမှာ သူ ထင်သည်ထက်၊ များစွာ အစွမ်းထက် နေ၏။
ကောင်းကင်နှင့် မြေကြီး ခြားနား သကဲ့သို့ နတ်ကြယ် ပုလဲနှင့် ကြယ်ပုလဲ များ၏ စွမ်းအင် ကွာခြား ချက်မှာ၊ ကြီးမား လှလေသည်။
***