← Chapters

နေ နတ်ဘုရား တံဆိပ်။

Vol. 66 Ch. 924

နေ နတ်ဘုရား တံဆိပ်။

Vol. 66 Ch. 924

လင်းယွန် တစ်ယောက် မီးလျှံမြို့မှ ထွက်ခွာလာ သည်မှာ ငါးရက် ရှိပြီ ဖြစ်သည်။ ထိုကာလ အတွင်း၊ နေ့စဉ် နတ်ကြယ် ပုလဲ ဆယ်လုံးကို သန့်စင် ခဲ့သည်။

ထို့ကြောင့် သူ၏ ကျင့်ကြံမှုမှာ၊ များစွာ လျင်မြန် လာခဲ့သည်။ ဤအဟုန်ဖြင့် ဆိုပါက ဆယ်ရက် အတွင်း၊ ပထမ ဒုက္ခကို ရင်ဆိုင် နိုင်ပေမည်။

သာမာန် ပါရမီရှင် များမှာ၊ ၎င်းတို့၏ ဒုက္ခများ အတွက်၊ သိန်း ဂဏန်းမျှ ရှိသော ကြယ်ပုလဲ များ ကိုသာ ခံနိုင်ရည် ရှိပေသည်။

မြင့်မြတ်မြေ များ၏ အထက် တန်းစား များမှာမူ၊ သန်း ဂဏန်း ခန့်အား ခံနိုင်ရည် ရှိ၏။ ၎င်းတို့ အနက် နတ်ကြယ် ပုလဲဖြင့် သန့်စင် နိုင်သူမှာ၊ များစွာ အကျိုးထူး ပေမည်။

ယင်းမှာ အခြားသူ များထက်၊ သူတို့ သာလွန်နေ ရသည့် အကြောင်း ရင်းလည်း ဖြစ်သည်။

လူ တစ်ဦး၏ ခွန်အားသည် စွမ်းအင် ကျင့်ကြံမှု နည်းစနစ် အဆင့်၊ ရုပ်ခန္ဓာ ကြံ့ခိုင်မှု နှင့် နားလည် နိုင်စွမ်းတို့ အပေါ်၊ မူတည်သည်။

နားလည် နိုင်စွမ်းနှင့် ပတ်သက်၍ လင်းယွန်မှာ၊ သဘာဝ အတိုင်း ပြောစရာ မရှိပေ။ မွေးဖွားစဉ် ကပင် ရရှိ ထားသော ကောင်းချီး တစ်ရပ် ဖြစ်သည်။

ထို့ပြင် သူ့၌ ရှိသော စွမ်းအင် ကျင့်ကြံမှု နည်းစနစ် များမှာ၊ ကောင်းကင် ဘုံကို အံတု နိုင်စွမ်း မရှိ သော်လည်း၊ တပြိုင် နက်တည်း ကျင့်ကြံထား ခြင်းဖြင့်၊ အဆင့် ကွာခြားချက် များကို၊ ပိတ်ဆို့ နိုင်ပေမည်။

တစ်ချိန်တည်း မှာပင် မိုးပြာ နဂါး မူလ ပုံစံဖြင့်၊ ရုပ်ခန္ဓာ သန်စွမ်းမှုကို ထိပ်တန်း အဆင့် အထိ၊ တက်လှမ်း ထားနိုင်သည်။

ထို့ကြောင့် နတ်ကြယ် ပုလဲ များ၏ အကျိုး သက်ရောက်မှုမှာ၊ သူ့ ခွန်အားကို အပြည့် အ၀ တူးဖော် နိုင်ပေ၏။

ဤအဆင့် အခြေခံ အုတ်မြစ်ကြောင့်၊ ပထမ ဒုက္ခကို ရင်ဆိုင် ရာတွင် နတ်ကြယ် ပုလဲပေါင်း (၁,၀၀၀) ခန့်ကို ခံနိုင်ရည် ရှိမည်ဟု ခန့်မှန်း မိသည်။

နတ်ကြယ် ပုလဲ (၁,၀၀၀) ဟူသည် ကြယ်ပုလဲ (၁၀) သန်းနှင့် ညီမျှ၏။ ယင်းပမာဏ မျိုးမှာ၊ မြင့်မြတ် မြေ၏ ပါရမီရှင် များကို ရင်ဆိုင်ရန် လုံလောက်သင့် ချေပြီ။

“ နဂါး အဆင့်က ပါရမီရှင် တွေက လေးသန်း ကနေ၊ ငါးသန်း အထိ သန့်စင်ပေး နိုင်တယ်၊ ငါ အခု သူတို့ကို အလွယ် တကူ ရင်ဆိုင် နိုင်ပြီ၊ ... ”

“ ... ဒါပေမယ့် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေက၊ ကျွမ်းကျင်သူ ဆိုရင်တော့ ပြဿနာ နည်းနည်း ရှိနိုင်တယ်။ ”

လင်းယွန် တစ်ယောက် အသေးစိတ် သုံးသပ် နေမိသည်။ လက်ရှိ ခွန်အားဖြင့်၊ မြင့်မြတ် မြေမှ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ပါရမီရှင် များကို ရင်ဆိုင်ရန်၊ ယုံကြည်မှု မရှိ သေးချေ။

သန်မာ သူများကို ရင်ဆိုင် ရာ၌၊ ဓား ရည်ရွယ်ချက် အပေါ်သာ၊ အားကိုး စရာ ရှိလေ သည်။

နဂါး အဆင့် ကျွမ်းကျင်သူ များမှာ ဖန်းဝူကျိနှင့် မိုဟန် တို့ထက် အဆပေါင်း များစွာ သန်မာ နေပေမည်။

သူ၏ ဝိညာဉ်ရေး ဓားသည် ပိတ်ဆို့ နေပြီ ဖြစ်သဖြင့်၊ တတိယတန်း သိုင်း ရည်ရွယ်ချက် များထက်ပင်၊ ပြင်းထန် နေချေပြီ။

“ ဓား ရည်ရွယ်ချက် ဒါမှ မဟုတ် ကျင့်ကြံမှုမှာ၊ အောင်မြင်မှု တစ်ခု လိုနေတယ်၊ အဲဒီ ထဲက တစ်ခု ခုကို ဆုပ်ကိုင် နိုင်ရင်၊ အောက်ခြေ အဆင့်က နဂါး တွေကို ရင်ဆိုင် နိုင်လိမ့်မယ်။ ”

ဤကာလသည် သူ့ အတွက် အန္တရာယ် အရှိဆုံး ဖြစ်နေ၏။ လက်ရှိ အရင်း အမြစ်များ ဖြင့်ပင်၊ အဆင့် ချိုးဖြတ်ရန် (၁၅) ရက်ခန့် အချိန်ပေး ရပေ ဦးမည်။

ဓား ရည်ရွယ်ချက်ကို တိုးမြှင့် ရန်မူ အနည်းငယ် ခက်ခဲ နေသေး၏။ အတွေး များနှင့် ရှုပ်ထွေး နေစဉ်၊ မလှမ်း မကမ်း၌ ကျင့်ကြံ နေသော နဂါးလေးထံ အကြည့် ရောက်သွား မိသည်။

နဂါးလေးမှာ ထောင်စုနှစ် မီးလျှံ၏ အကျိုး ကျေးဇူးကြောင့်၊ ပထမ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိ ခဲ့သည်။

လင်းယွန် တစ်ယောက် ဘုန်းနေမင်း ဝိညာဉ် အတွက် တိုက်ပွဲဝင် နေစဉ်၊ သူ၏ ပထမ ဒုက္ခကို နဂါး လေးမှ ခံယူ ထား၏။

ထို့ကြောင့် နဂါးလေး၏ ကျင့်ကြံမှုမှာ သူ့ထက် သာလွန် နေပေသည်။ နဂါး မျိုးဆက် သွေးမှာ၊ မနာလို စရာ ဖြစ်စေ၏။

“ ဆယ်ရက်၊ ပထမ ဒုက္ခကို ဆယ်ရက် အတွင်း၊ စမ်းကြည့် နိုင်အောင် ကြိုးစား ရမယ်၊ ဒီဆယ်ရက်ဟာ ငါ့ အတွက် အရမ်း အရေးကြီး တယ်၊ ... ”

“ ... အောင်မြင်မှု ရယူ နိုင်တာနဲ့၊ နဂါး အဆင့် ပါရမီရှင် တွေကို ရင်ဆိုင်ဖို့ လုံလောက် လိမ့်မယ်။ ”

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ နိုင်သော်၊ သူ၏ အခြေခံ အုတ်မြစ်မှာ၊ တိုးတက် လာမည် ဖြစ်သည်။

ထိုအချိန်တွင် အသွင် ကူးပြောင်းမှု ရရှိကာ၊ ပို၍ သန်မာလာ နိုင်၏။ ဝှက်ဖဲ သုံးချပ် ဖြစ်သော ကောင်ကင်ဘုံ သုံးပါး တွင်လည်း၊ တိုးတက် မှုများ ရရှိလာ နိုင်မည်။

သိုလှောင်အိတ်အား ညင်သာစွာ ပွတ်လျက်၊ ကျောက်စိမ်းတုံး တစ်လုံးကို ထုတ်ယူ လိုက်မိ သည်။

ပုံမှန် အားဖြင့် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို၊ အလော တကြီး ကျင့်ကြံရန် ကြိုးစား မိမည် မဟုတ် သော်လည်း၊ သူ့၌ ရွေးချယ်စရာ မရှိချေ။ ခွန်အား လိုအပ် နေသည်။

ဘုန်းနေမင်း နတ်လက်သီးတွင်၊ ပုံစံ ကိုးမျိုး ရှိပြီး၊ ပုံစံ တစ်ခု စီသည် ကြောက်မက်ဖွယ် အဖျက် စွမ်းအား ရှိပေ၏။

ပုံစံ တစ်မျိုးအား သင်ယူ နိုင်သမျှ၊ ဝှက်ဖဲ တစ်ချပ် ဖြစ်လာ နိုင်မည်။ မြင့်မားသော ကျွမ်းကျင်မှုသာ ရရှိ ပါက၊ နေနှင့် ယှဉ်နိုင်သော ရောင်ဝါကို ထုတ်ဖော်လျက်၊ ရန်သူ၏ အမြင် အာရုံကို နှောက်ယှက်ပြီး၊ သတ်နိုင်မည် ဖြစ်သည်။

နဖူးပေါ် ကျောက်စိမ်း တုံးကို တင်လိုက်ရာ၊ သတင်း အချက် အလက်များ စိတ်ထဲ စီးဆင်း လာသည်။

ပထမဆုံး မြင်ရ သည်မှာ၊ ခမ်းနားသော ရွှေရောင် တံဆိပ် တစ်ခု ဖြစ်၏။ ထိုတံဆိပ်မှာ ဘယ်ဘက် လက်၌ ဖြစ်တည် နေပြီး၊ ညာ လက်သီးကို ဆုပ်ထားသည်။

နေနတ်ဘုရား တံဆိပ်။

ယင်းသည် အစဉ် အလာ ကြီးမားကာ၊ ရှုပ်ထွေးသော တံဆိပ် တစ်ခု ဖြစ်၏။ တီထွင် သူသည် ရှေးဦးခေတ်၌၊ နေမင်းကို စောင့်ကြည့် ခြင်းဖြင့်၊ တံဆိပ်အား နားလည် လာခဲ့သည်။

နောက်ကွယ်ရှိ စစ်မှန်သော ရည်ရွယ်ချက်မှာ၊ နေမင်း၏ စွမ်းအား ကဲ့သို့ အရာ အားလုံး၊ လောင်မြိုက် ဖျက်ဆီး ပစ်ရန် ဖြစ်သည်။

ကံမကောင်း စွာဖြင့်၊ လက်ရှိ ဘုန်းနေမင်း နတ်လက်သီးမှာ၊ မပြည့်စုံ သေးချေ။ သို့သော် အစွမ်း ထက်သော အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်နေဆဲ ဖြစ်၏။

ထိုအရာ၏ အနှစ် သာရမှာ ထာဝရ တည်နေသော နေမင်း ကြီး၏ သဘော သဘာဝ အပေါ်၊ နားလည် သဘောပေါက် ထားရမည် ဖြစ်သည်။

ယင်းကို နားမလည် ပါက ဘုန်းနေမင်း နတ် လက်သီး၏၊ စွမ်းအား ဖြစ်သော နေနတ် ဘုရား တံဆိပ်အား၊ ဖန်တီး နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ၎င်းနည်းစနစ်ကို နေနတ်ဘုရား လက်သီး ဟုလည်း၊ ခေါ်ဆို ကြသည်။ အချက် အလက် များကို ဖြည်းဖြည်းချင်း ဆက်စပ် နေမိ၏။

နေမင်း ကြီး၏ ဘုန်း အသရေသည် ရှေးဦးခေတ် ကတည်း ကပင် တည်ရှိ နေခဲ့ပြီး၊ ၎င်းမှ ဆင်ခြင်ရယူ နိုင်ခဲ့သော ကိုယ်ခံ ပညာ များ အားလုံးမှာ၊ အလွန် အစွမ်းထက် လှသည်။

တစ်ချိန်တည်း မှာပင် သတိ မပြုမိ ပါက မီးလောင်ကျွမ်း သေဆုံး နိုင်ချေ ရှိ၏။ နေမင်း ကြီး၏ ဘုန်း အသရေသည်၊ သာမန် နေမင်း များ၏ ဘုန်း အသရေထက်၊ ပို၍ ကြောက်စရာ ကောင်းသည်။

ရုတ်တရက် လင်းယွန် ကြည့်နေသည့် ထိုလူက သူ့ ဘယ်ဘက် လက်ဖြင့်၊ ရှေးဟောင်း တံဆိပ် တစ်ခု ဖန်တီး နေစဉ်၊ ပြင်းပျသော မီးလျှံ များမှာ၊ စက်လုံးကြီး နှစ်လုံး အဖြစ် တဖျစ်ဖျစ် မြည်လျက်၊ ဖြစ်တည် လာသည်။

တံဆိပ်ကို လုံးလုံး ဖွဲ့စည်း နိုင်သည်နှင့်၊ လေဟာနယ် အတွင်း လက်သီးဖြင့် ထိုးချလိုက် သည်။

“ ဝှစ် ... ။ ”

ထာဝရ တည်မြဲ နေသော နေမင်းကြီး တစ်စင်း ကဲ့သို့ မီးစွမ်းအင် စက်လုံးကြီး ပေါ်လာ သဖြင့်၊ လင်းယွန် နှလုံးသားများ တဆက်ဆက် ခုန်လာ လေသည်။

စိတ် ဝိညာဉ်များ အရည်ပျော် နေသည်ကို၊ သတိ ထားမိ လာရာ၊ မျက်လုံးများ ဖွင့်လိုက်ပြီး၊ ကျောက်စိမ်း တုံးအား အမြန်ဖယ် လိုက်ရသည်။

ယခု အချိန်၌ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို ပေါ့ပေါ့ ဆဆ မကျင့်ကြံရန်၊ အဘယ့်ကြောင့် တားမြစ် ထားကြောင်း၊ သူ သိရပြီ ဖြစ်သည်။

အခန့် မသင့် ပါက၊ ပြင်းပျသော လောင်ကျွမ်းမှု အောက်တွင်၊ ပြာ အဖြစ် ပြောင်းလဲ သွား နိုင်သည်။

ပထမ ကောင်းကင် ဝိညာဉ်၌ မရှိ သဖြင့်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ကျင့်ကြံ ရန်၊ ခက်ခဲ နေသေးသည်။

လေးနက်သော ခြေလှမ်း ဆယ်လှမ်းအား လေ့ကျင့်ရန် မကြိုးစား မိသည်မှာ၊ ကံကောင်း ပေသည်။ သို့ မဟုတ်သော် သေသွား နိုင်၏။

လက်ထဲရှိ ကျောက်စိမ်း တုံးကို ကြည့်ပြီး၊ အတွေးနက် သွားသည်။ ၎င်းအား လေ့ကျင့်ရန် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ အထိ၊ စောင့်ဆိုင်း ရမည် ဖြစ်သည်။

ရုတ်တရက် စိတ်ထဲ၌ အတွေး တစ်စ ပေါ်လာ၏။ ကျင့်ကြံမှု နိမ့်ကျ ခြင်းအား၊ ထာဝရ တည်မြဲခြင်း ဓားဖြင့်၊ ပိတ်ထား နိုင် မည်ဟု ယူဆ မိသည်။

“ တံဆိပ် မထုတ် မလွှတ် မချင်း၊ အန္တရာယ် မရှိ နိုင်ဖူး ထင်တာပဲ။''

ထို့နောက် မျက်လုံး ချက်ချင်း မှိတ်လျက် ကျောက်စိမ်း တုံးကို နဖူးပေါ် ပြန်တင် လိုက်၏။ တစ်ဆက် တည်းမှာပင်၊ ဝိညာဉ်ရေး ဓားအား ကန့်သတ်ချက် အထိ၊ တွန်းထုတ် မိသည်။

ကျောက်စိမ်းတုံး ထဲတွင် မှတ်တမ်းတင် ထားသော လူအား၊ နောက်တစ်ကြိမ် တွေ့လိုက် ရသည်။

ထိုလူသည် တံဆိပ်ကို ထုတ်ဖော် နေစဉ်၊ သူ့အသွင်မှာ သမုဒ္ဒရာ တစ်စင်း ကဲ့သို့၊ နက်ရှိုင်း နေကြောင်း သတိထား မိသည်။

တခဏ အတွင်း မှာပင်၊ ထိုသူက လက်သီးနှင့် ထိုးချ လိုက်တော့၏။ သည် အချိန်တွင် လင်းယွန်၏ ထာဝရ ဓား ရည်ရွယ် ချက်မှာ၊ အပိုင်းပိုင်း ကွဲထွက် သွားသည်။

ပါးစပ်မှ သွေးများ စီးကျ လာသော်လည်း၊ စိတ်လှုပ်ရှား စွာဖြင့်၊ လင်းယွန်၏ မျက်ဝန်းများ ပြန်ပွင့် လာသည်။

“ မြန်လိုက်တာ ...၊ ကံကောင်းလို့ နေနတ်ဘုရား တံဆိပ်ကို မြင်ခွင့်ရ လိုက်တယ်၊ ဒါက ကောင်းကင်နဲ့ မြေကြီးကို ဖြိုခွင်း နိုင်မဲ့ ဘုန်းသရေ မျိုးပဲ။ ”

နေမင်းသည် မျက်နှာပြင် ဖြစ်ပြီး၊ နေနတ်ဘုရားမှာ အမြုတေ ဖြစ်၏။ ထာဝရ နေ နတ်ဘုရား ဖြစ်လိုသော်၊ နေကို ဖြိုခွဲ ပစ်ရ ပေမည်။

ယင်းသို့ နားလည် သဘောပေါက် လာပြီးနောက်၊ ကျောက်စိမ်း တုံးအား ဖယ်ရှား ပစ်လိုက်သည်။

ထို့နောက် တံဆိပ်အား ဖန်တီးရန်၊ စတင် ကြိုးစား လိုက်မိသည်။ သူ့ ခန္ဓာမှ အလင်းများ ဖြာထွက် လာပြီး၊ မူလ စွမ်းအင်မှာ နေမင်းကြီး ကဲ့သို့၊ စုစည်း လာတော့၏။။

အချိန်ကြာ လာသည် နှင့်အမျှ၊ ထိုမူလ စွမ်းအင် များမှာ၊ စက်လုံး အသွင် သူ့ ခန္ဓာအား ဖုံးအုပ် ကုန်သည်။

“ ဝှစ် ... ။ ”

သို့သော် မျက်လုံး မဖွင့်မိ သေးချေ။ ယင်း အစား၊ မှတ်မိ သမျှ လက်ဟန် များကို လိုက်ပါ လုပ်ဆောင် နေခဲ့သည်။

ထို့နောက် နေမင်း ကြီး၏ ဘုန်း အသရေ ကဲ့သို့သော၊ ရွှေရောင် အလင်းများ စတင် ထွက်ပေါ် လာ၏။

မူလ စွမ်းအင် တစ်ဝက်ခန့် ကုန်လွန် သွားပြီးနောက်၊ သူ ထံမှ ထုတ်လွှတ် ထားသော အလင်းမှာ၊ ကျောက်စိမ်းတုံး ထဲရှိ ထိုလူနှင့် ယှဉ်လာ နိုင်သည်။

ဖြစ်စဉ် အရ နေနတ်ဘုရား တံဆိပ်၏ အနှစ်သာရကို ဆုပ်ကိုင် ထားကြောင်း၊ သိသာ စေသည်။

သို့သော် ၎င်းတံဆိပ်အား နားလည် နိုင်ခြင်းသည် လုပ်ငန်းစဉ် တဝက် မျှသာ ဖြစ်ချေ၏။

ဤအတော အတွင်းတွင်၊ အလင်း ရောင်များ အောက်၌ အမျိုး မျိုးသော ပုံရိပ်များ ဖြစ်ပေါ် လာ သည်။

၎င်းပုံရိပ် များမှာ ဘုန်းနေမင်း ဝိညာဉ် မွေးဖွားရာ၊ ခန်းမ နံရံရှိ ပန်ချီကား များတွင် ပါရှိ သော၊ မီးငှက်များ၊ ရွှေကျီးကန်း များနှင့် အတောင်ပံ လူသားများ ဖြစ်၏။

“ ဟိတ် ... ။ ”

ထို့နောက် မျက်လုံးများ ဖွင့်ကာ၊ ကောင်းကင်ပေါ် ခုန်တက် လိုက်ချိန်တွင်၊ အဆိုပါ ဖြစ်စဉ်များ ပျောက်ကွယ် သွားသည်။

လက်သီးအား ထိုးချ လိုက်ချိန်တွင်၊ သစ်တော တစ်ခုလုံး ရွှေရောင် အလင်း များဖြင့် ခြယ်သထား သကဲ့သို့၊ တောက်ပ လာ၏။

လွှမ်းခြုံ ထားသော ရွှေရောင် အလင်း များက၊ အသက်ဝင် လာပြီးနောက်၊ သစ်တော အတွင်းရှိ အရာ အားလုံးကို၊ လောင်ကျွမ်း ပစ်လိုက် တော့သည်။

***

All Chapters