ဘုန်းလမင်း ဝိညာဉ်။
Vol. 67 Ch. 925
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးမှာ၊ ပြင်းစွာ တုန်ခါ လာသည်။ ဆယ်မိုင် ပတ်လည် အတွင်း သက်ရှိများ အားလုံး၊ လောင်ကျွမ်း သွား၏။
သို့သော် နဂါးလေး မပါချေ။ လင်းယွန် ရပ်နေသော မြေပြင် ၌ပင်၊ အက်ကြောင်းများ ထင်ဟပ် လာသည်။
“ ဒါက နေနတ်ဘုရား တံဆိပ်ရဲ့ စွမ်းအားလား။ ”
မျက်လုံး များ၌၊ စိတ်လှုပ်ရှားမှု များဖြင့် တောက်ပ လာ၏။ အဖျက် စွမ်းအားသည် ကောင်းကင်ဘုံ သုံးပါးမှ၊ တတိယ ပုံစံနှင့် ညီမျှ လေသည်။
ပထမ ပုံစံမှာ ထက်ရှမှု ဖြစ်ပြီး၊ ဒုတိယ ပုံစံသည် ပေါက်ကွဲ စွမ်းအား ဖြစ်ချေ၏။ တတိယ ပုံစံ အတွက်မူ၊ အဖျက် စွမ်းအား ဖြစ်လေသည်။
ဆိုလို သည်မှာ နေနတ်ဘုရား တံဆိပ် ဟူသည်၊ အဖျက် စွမ်းအားပေါ် အခြေခံ၏။ ပို၍ ကျွမ်းကျင် လာပါက၊ မယုံနိုင် လောက်အောင် ကြောက်စရာ ကောင်းလာ ပေမည်။
“ ပြီးပြည့် စုံဖို့ ငါ့မှာ၊ အဝေးကြီး လိုသေးတယ် ... ။ ”
မေးစေ့အား ပွတ်သတ်လျက် ရေရွတ် လိုက်သည်။ လက်ဖဝါးအား ဖွင့်လိုက်သော အခါတွင်၊ မူလ စွမ်းအင် များဖြင့်၊ ဖွဲ့စည်း ထားသည့် ရွှေတံဆိပ် တစ်ခု ဖြစ်ပေါ် လာ၏။
တံဆိပ်မှာ ပြီးပြည့် စုံပုံ မရ သေးချေ။ လိုအပ်ချက်များ ရှိနေကာ၊ ပင်မ ပုံစံကို ပုံစံငယ် ကိုးမျိုးမှ၊ ရစ်သိုင်း ဖုံးကွယ် ထား၏။
ခန့်မှန်း ချက်သာ မမှား ပါက၊ တံဆိပ် အဆင့်မှာ လက်သီး နည်းစနစ်၏ စွမ်းအားနှင့်၊ ဆက်စပ် လေသည်။
တံဆိပ်ငယ် ကိုးခုသည်၊ လက်သီး ပုံစံ ကိုးခု ဖြစ်ပြီး၊ ၎င်းအား အောင်မြင်စွာ ထုတ်ဖော် နိုင်မှ သာလျှင်၊ တောက်ပသော အလင်းကို ထုတ်လွှတ် နိုင်မည် ဖြစ်၏။
တတိယ တံဆိပ် ငယ်ကို ထုတ်ဖော် နိုင်ခဲ့သော်၊ နေနတ်ဘုရား လက်သီး၏ ‘နေနတ် ဘုရား ဖျက်ဆီးခြင်း စွမ်းအား’ကို၊ အစပျိုး နိုင်မည် ဖြစ်သည်။
သို့သော် ၎င်းသည် ပေါ့ပေါ့ ဆဆ အသုံး ပြုရန် မသင့်သော တားမြစ် နည်းစနစ် တစ်ရပ် ဖြစ်၏။
နေနတ်ဘုရား တံဆိပ်မှာ၊ ဖွဲ့တည်ရန် ခက်ခဲလှ သဖြင့်၊ အထွတ် အထိပ်သို့ ရောက်လို ပါက၊ မီးစွမ်းအင် ပါရှိသော သားရဲ အမြုတေ အား၊ သန့်စင် ရပေမည်။
၎င်းတွင် ရွှေကျီးကန်း မျိုးဆက်သွေး ပါရှိ ပါလျှင်၊ သာ၍ ကောင်းချေ၏။ သို့သော် အခက် အခဲ ရှိစေသည့် အချက်မှာ၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိသော၊ ဘုရင် အဆင့် သားရဲ ဖြစ်ရမည် ဟူသော အချက် ပေပင်။
ကောင်းကင် လမ်းရှိ နတ်ဆိုး သားရဲ များသည် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ တူညီသော နယ်ပယ်မှ ကျင့်ကြံသူ များကို အလွယ် တကူ နှိမ်နှင်း နိုင်၏။
အုပ်စိုးရှင် အဆင့် သားရဲ များမှာ၊ မြင့်မြတ်မြေမှ ပါရမီရှင် များကို ယှဉ်ပြိုင်နိုင် ချေသည်။ ဘုရင် သားရဲများ အတွက်မူ၊ နဂါး တစ်ရာ သာလျှင်၊ သူ့ ပြိုင်ဘက် ဖြစ်ချေ၏။
အရေးကြီးဆုံး ပြဿနာမှာ ဘုန်းနေမင်း ကုန်းမြေ၌ ဘုရင် အဆင့် နတ်ဆိုး သားရဲများ ရှာဖွေရန် ခက်ခဲ လာခြင်း ဖြစ်သည်။
“ နဂါး တားမြစ် နယ်မြေကို သွားရမယ် ထင်တယ်။ ”
ထို့နောက် ချန်ရွှမ် ပေးထားသော မြေပုံအား ထုတ်ယူ ကြည့်မိ၏။ နဂါး တားမြစ် နယ်မြေမှာ နဂါး ပြည်နယ်၏ အလယ် ဗဟိုတွင် တည်ရှိ လေသည်။
အထူးသဖြင့် ကြယ်ဝိညာဉ် (၇)ပါး ဆုံရန် အရပ် ဖြစ်သည်။ နဂါး တစ်ရာမှ ကျွမ်းကျင်သူ အချို့ပင်၊ ရောက်ရှိ လာနိုင် သောကြောင့် ထိုခရီးသည် အန္တရာယ် ရှိပေ၏။
“ နဂါး တစ်ရာက ဘယ်လောက် အထိ၊ သန်မာနိုင် မလဲ၊ ငါ သိချင် လာပြီ။ ”
လင်းယွန်က ပြုံးလျက် ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။ မြေပြင်ပေါ် ဆင်းသက် လိုက်ချိန်၌၊ နတ်ဆိုး သားရဲ တစ်ကောင်နှင့် မျက်နှာ ချင်းဆိုင် ဖြစ်၏။
ဆယ်မိုင် ပတ်လည် အတွင်း၊ အရာ အားလုံး ပြာ အဖြစ်သို့ ပြောင်းလဲ သွားပြီ ဖြစ်ရာ၊ ကျန်ရှိ နေသော ဤသားရဲမှာ၊ သန်မာ နေမည်ကို သံသယ ဖြစ်ဖွယ် မရှိချေ။
ယင်းမှာ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိသော၊ သွေးမိစ္ဆာ မြေခွေးနက် ဖြစ်၏။
နတ်ဆိုး သားရဲက လင်းယွန်အား၊ စိုက်ကြည့် လျက်မှ အနက်ရောင် အခိုး အငွေ့များ ရစ်သိုင်း လာသည်။
သူ့ နယ်မြေကို ဤလူမှာ ဖျက်ဆီးပစ် ခဲ့သည်။ ထို့ကြောင့် သည်နေရာ၌ စောင့်ဆိုင်း နေခြင်း ဖြစ်၏။
“ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ … ။ ”
နတ်ဆိုး သားရဲ၏ ကျင့်ကြံ မှုကြောင့်၊ အံ့သြသွားသည်။ နေနတ်ဘုရား တံဆိပ် မပါဘဲ၊ မြေခွေးအား ရင်ဆိုင်ရန်၊ ခက်ခဲ နိုင်သည်။
နဂါး တားမြစ် နယ်မြေသို့ မရောက် မီပင်၊ ဒုက္ခ ရောက်နေပြီ ဖြစ်သည်။ သွေးမိစ္ဆာ မြေခွေး နက်က၊ လင်းယွန်အား ထပ်၍ စဉ်းစားချိန် မပေး တော့ချေ။ ကောင်းကင်ပေါ် ခုန်လွှားကာ၊ လည်မျိုအား ခဲရန် ကြိုးစား လိုက်သည်။
လင်းယွန်က လှုပ်ရှား တော့မည် အချိန် မှာပင်၊ ကြက်သွေးရောင် မြွေပွေး တစ်ကောင် ထွက်ပေါ် လာပြီး၊ သွေးမိစ္ဆာ မြေခွေး နက်ကို ဟန့်တား လိုက်သည်။
အရိုးကွဲသံ များနှင့် အတူ သွေးမိစ္ဆာ မြေခွေးနက်မှာ ပြန်လည် လွင့်စဉ် သွား၏။ နဂါး လေးက သွေးမြွေပွေး ကြာပွတ်ဖြင့် လင်းယွန် ဘေးသို့၊ လှမ်းတက် လာသည်။
၎င်းတိုက်ခိုက်မှုမှာ ချမ်းအင် အသုံး ပြုစဉ် ကထက်၊ ပို၍ ကြောက်စရာ ကောင်းပေသည်။ ကြာပွတ်အား မရေ မတွက် နိုင်သော ရိုက်ချက် များ ထုတ်ဖော်လျက်၊ နဂါး တစ်ကောင် အဖြစ် ပြောင်းလဲ လိုက်သည်။
များမကြာမီ အနက်ရောင် သွေးများ မြေပြင်ပေါ် ပြန့်ကျဲ လာပြီး၊ သွေးမိစ္ဆာ မြေခွေး နက်မှာ အမြီး ကုပ်လျက်၊ ထွက်ပြေး တော့၏။
သို့မှသာ ကြာပွတ်အား သိမ်းလျက်၊ အနတ္တဓားကို ပြောင်းကိုင်လျက်၊ ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။
“ အု ... အူ ။ ”
ပြန်ပေါ် လာချိန်၌ အနတ္တ ဓားသည် သွေးမိစ္ဆာ မြေခွေးနက်၏ လည်ချောင်း သွေးကို သောက်ယူ နေပြီ ဖြစ်သည်။
လက်ရှိ ခွန်အားဖြင့် ဓားမဆွဲ ပါက နဂါးလေးအား မယှဉ် နိုင်ကြောင်း၊ သတိ ထားမိ လိုက်သည်။
ပထမ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်မှ သာလျှင်၊ သွေးမိစ္ဆာ မြေခွေး နက်အား၊ တစ်ချက် တည်းနှင့်၊ ချေမှုန်း နိုင်မည် ဖြစ်သည်။
သို့သော် ပထမ ဒုက္ခကို ခံယူရန် ဆယ်ရက်ခန့် စောင့်ရ ပေဦးမည်။ ထိုဆယ်ရက် အတွင်း မည်သည့် အန္တရာယ်များ ကြုံလာ နိုင်မည်ကို သူ မသိချေ။
လင်းယွန် တစ်ယောက် နဂါး တားမြစ် နယ်မြေသို့ ခရီးဆက် နေစဉ်၊ ဘုန်းလမင်း ကုန်မြေ၌ ကြယ် ဝိညာဉ် ထွက်ပေါ် လာပြီ ဖြစ်သည်။
ဘုန်းလမင်း ကုန်းမြေ၏ ကြယ်ဝိညာဉ် မွေးဖွားရာ ခန်းမ တစ်ခု ထဲတွင်။
ခရမ်းရောင် နယ်မြေ၏ လင်ကျန်း၊ အနန္တ္တ အလင်း နယ်မြေ၏ ချင်ဒေါင်းနှင့်၊ အနက်ရောင် မီးတောက် နယ်မြေ၏ ပိုင်ဝူကျင့် တို့သည် ငြိမ်သက် စွာဖြင့်၊ ဘုန်းလမင်း ဝိညာဉ် တော်ကို စိုက်ကြည့် နေကြသည်။
ဤမျှ အထိ ရောက်လာ နိုင်သောကြောင့်၊ သူတို့၏ ခွန်အား အပေါ် သံသယဝင် နေစရာ မရှိချေ။
၎င်းတို့ အားလုံးသည် နဂါး အဆင့် သတ်မှတ်ချက် အောက်၌၊ အသန်မာ ဆုံးသော လူများ ဖြစ်သည်။ အထူး သဖြင့် ပိုင်ဝူကျင့် ဖြစ်၏။
လင်ကျန်းနှင့် ချင်ဒေါင်းတို့ လက်တွဲ တိုက်ခိုက် လျှင်ပင်၊ ပိုင်ဝူကျင့်ကို အနိုင်ယူ နိုင်မည်ဟု ယုံကြည်ချက် မရှိချေ။
ပိုင်ဝူကျင့်မှာ အနက်ရောင် မီးမိစ္ဆာ နည်းစနစ်အား၊ ဒသမမြောက် အဆင့်သို့ တက်လှမ်း ထားနိုင် သဖြင့်၊ ခွန်အား အရာ၌ မယုံကြည် နိုင်စရာ ဖြစ်လာ ချေ၏။
ထို့ကြောင့် ပိုင်ဝူကျင့်က လင်ကျန်းနှင့် ချင်ဒေါင်း ထံသို့၊ တစ်လှမ်းခြင်း ဖြည်းညှင်းစွာ ချဉ်းကပ် လာပြီး၊
“ မင်းတို့ မဟာမိတ် ဖွဲ့ဖို့၊ ကြံနေကြ တာလား။ ”
-ဟု မေးမြန်း လိုက်သည်။
ချင်ဒေါင်းက ပြုံးပြီး၊
“ မင်း ဖြစ်နေတဲ့ အတွက်၊ ငါတို့မှာ တခြား နည်းလမ်း ရှိတော့ဘူး၊ ငါတို့က မဟာမိတ် ဖွဲ့ပြီး ရင်ဆိုင် ခဲ့ရင်တောင်၊ ဘယ်သူမှ ဘာမှ ပြောလာမှာ မဟုတ်ဘူး။ ”
“ ပိုင်ဝူကျင့် ... ၊ ငါတို့ နှစ်ယောက်က အတူတူ လက်တွဲ တိုက်ခိုက် ရင်တောင် မင်းကို အနိုင် ယူဖို့ မလွယ်ဘူး၊ ဒါပေမယ့် မင်းလည်း ငါတို့ကို အနိုင်ယူ နိုင်မယ် မထင်နဲ့။ ”
လင်ကျန်း ကပါ ဝင်ရောက် ပြောဆို လိုက်သည်။
“ ကောင်းပြီ ... ၊ မင်းတို့က ဘုန်းလမင်း ဝိညာဉ်ကို နှစ်ပိုင်းခွဲ နိုင်မယ်လို့ ထင်နေလား၊ ဘုန်းလမင်း ဝိညာဉ်ကို ထိတာနဲ့၊ ငါ မင်းတို့ကို သတ်ပစ်မယ်၊ ဘယ်သူက ထိဝံ့လဲ ... ။ ”
ပိုင်ဝူကျင့်က မြင့်မြတ် မြေများ ကြားရှိ သဘော တူညီချက်အား လျစ်လျူရှု လာသဖြင့်၊ လင်ကျန်းနှင့် ချင်ဒေါင်း တို့၏ မျက်နှာမှာ၊ ပျက်ယွင်း ကုန်သည်။
ပိုင်ဝူကျင့်ကို မကြောက် သော်လည်း၊ တက်နိုင် သမျှ ရှောင်ရှား လိုသည်မှာ အမှန် ပေပင်။
“ မင်းက တော်တော် မောက်မာ တာပဲ၊ ဘုန်းလမင်း ဝိညာဉ်ကို၊ ဘယ်သူမှ မထိဝံ့ ဖူးလို့ တကယ် ထင်နေလား၊ ဟမ့် ... ။ ”
ရုတ်တရက် အထင်သေး ရှုတ်ချသော အသံ တစ်သံ ထွက်ပေါ် လာသည်။
“ ဘယ်သူလဲ ... ။ ”
သုံးယောက်သား အသံ ပိုင်ရှင်အား၊ ခန်းမ အတွင်း လှည့်ပတ်ကြည့် လိုက်သည်။
“ ဝှစ် ... ။ ”
ထိုစဉ် မှာပင် အနက်ရောင် ဝတ်စုံဖြင့်၊ လူငယ် တစ်ယောက်က အလင်းတန်း သဖွယ် ယဇ်ပလ္လင်ထံ တိုးဝင် လာကာ၊ ဘုန်းလမင်း ဝိညာဉ်ကို လှမ်းယူ လိုက်တော့၏။
“ မင်း ဘယ်သူလဲ ... ။ ”
လျင်မြန် လွန်းသော လူသစ်ကို ကြည့်ကာ၊ သုံးယောက်သား မျက်မှောင် ကြုတ်လျက် မေးမြန်း လိုက်မိသည်။
“ ငါ့နာမည် ယုဟိုရှင်း၊ ပယင်း နယ်မြေက လာတယ်။ ”
လူသစ်က သူ့ အမည်အား မိတ်ဆက် လာသည်။
“ မင်းကို ဘယ်သူများ လဲလို့ ... ငါ တွေးနေ မိတာ၊ အောက်တန်း နယ်မြေက ပုရွက်ဆိတ် တစ်ကောင်ပဲ၊ မင်း သေချင် လို့လား။ ”
ပိုင်ဝူကျင့်က မူလ စွမ်းအင်ကို စုဆောင်း နေလျက်ဖြင့်၊ ဆိုလိုက်သည်။ သူ့ မျက်လုံးတွင် အထင် အမြင် သေးသော အသွင်များ ပြည့်နှက် လာ၏။
“ ဟိတ် ... ။ ”
ထို့နောက် ယုဟိုရှင်းအား တိုက်ခိုက် လိုက်တော့သည်။ ထွက်ပေါ် လာသော မူလ စွမ်းအင် လှိုင်းများက ခန်းမ တစ်ခုလုံးအား တုန်ခါ လာစေ၏။
သို့သော် ယုဟိုရှင်း၏ ရွေ့လျားမှုက ပို၍ မြန်ချေပြီ။ အနက်ရောင် အရိပ် မျှသာ မြင်လိုက် ရပြီး၊ ပိုင်ဝူကျင့် ရင်ဘတ်၌ အပေါက်ကြီး ဖြစ်ပေါ် လာတော့၏။
တစ်ဆက်တည် မှာပင်၊ လက်သီး အဟုန်ကြောင့်၊ ပိုင်ဝူကျင့် ခမျာ မြှား တစ်စင်း ကဲ့သို့၊ လွင့်စဉ် သွားသည်။
ယုဟိုရှင်း ခေါင်းပေါ်ရှိ ခရမ်းရောင် လမင်းက၊ အေးမြသော အလင်းများ ထုတ်လွှတ် လျက်၊ လေထုအား အေးခဲ ပစ်လိုက်သည်။
ယင်းကြောင့် လင်ကျန်းနှင့် ချင်ဒေါင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်း လာသဖြင့်၊ မရဏ အငွေ့ အသက်အား ခံစား လိုက်ရသည်။
“ ပုရွက်ဆိတ် တစ်အုပ်က၊ သစ်ပင်ကို လှုပ်ချင် လို့လား ဟား ဟား ဟား ... ။ ”
ယုဟိုရှင်းက ရယ်မောလျက် လက်သီးကို ဆုပ်လိုက်သော အခါတွင်၊ လေထဲ တွဲလောင်း ကျနေသော ခရမ်းရောင် လမှာ၊ ပုံပျက်သွား တော့သည်။
လင်ကျန်းနှင့် ချင်ဒေါင်းတို့ နှစ်ဦးမှ မတုံ့ပြန် နိုင်မီတွင်၊ ခန္ဓာ ကိုယ်အား နှင်းအလွှာ များဖြင့် လျင်မြန်စွာ ဖုံးလွှမ်း သွား၏။
“ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ။ ”
တစ်ဖက် လူ ထံမှ ထွက်လာသော ရောင်ဝါကို သတိပြု မိလိုက် သဖြင့်၊ လင်ကျန်း နှင့် ချင်ဒေါင်း တို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ဟား ဟား ဟား ... ၊ သေ လိုက် တော့ ပုရွက်ဆိတ်တွေ ... ။ ”
ထို့နောက် အေးခဲ နေသော လင်ကျန်းနှင့် ချင်ဒေါင်း တို့ကို၊ အပိုင်း အစ ပေါင်း တစ်သန်း တိတိ ဖြစ်လာ စေရန်၊ ထိုးခွဲချ လိုက်သည်။
“ အတုမဲ့ မိစ္ဆာ တံဆိပ်နဲ့ ပေါင်းစပ် ထားတဲ့၊ လနတ်ဘုရား လက်သီးက တကယ် ကြောက်စရာ ကောင်းတာပဲ … ။ ”
ပျောက်ကွယ် သွားသော တံဆိပ်အား တမ်းတလျက် ရေရွတ် မိသည်။ ပိုင်ဝူကျင့်က ၎င်းအား ကြည့်ပြီး၊ ထွက်ပြေးသွား သော်လည်း၊ ဂရု မစိုက် တော့ချေ။
“ အဟီး ဟား ဟား ဟား ... ၊ ငါက လနတ်ဘုရား လက်သီးနဲ့ ကံဆက် နေပုံပဲ၊ ဒါဟာ ပြီးပြည့် စုံတဲ့ ပွဲပဲ၊ ... ”
“ ... ငါ့ဘက်မှာ ကံကြမ္မာ ရှိနေ မှတော့ ဘုန်းလမင်း ဝိညာဉ်ရဲ့ တံဆိပ် ကလည်း၊ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး။ ”
ကြောက်စရာ ကောင်းသော စွမ်းအားကို မြည်းစမ်း ခွင့်ရပြီ ဖြစ်သဖြင့်၊ စိတ်လှုပ်ရှား လာ ခဲ့သည်။
သူ၏ ကျင့်ကြံမှုမှာ၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိနေပြီး၊ ဒုတိယ ဒုက္ခအား အချိန် မရွေး ခံယူ နိုင်မည့် အခြေ အနေ၌ ရှိနေပြီ ဖြစ်သည်။
လက်ရှိ ခွန်အားဖြင့်၊ ဘုန်းလမင်း ဝိညာဉ်တော်ကို မျက်လုံးထဲ မရှိ တော့ချေ။ တစ်ခု တည်းသော ပန်းတိုင်မှာ၊ ကံကြမ္မာ ရန်ကြွေး ရယူရန် ဖြစ်သည်။
“ ဟား ဟား ဟား လင်းယွန်၊ မင်း နဂါး တားမြစ် နယ်မြေကို လာသင့်တယ်၊ မဟုတ်ရင် ငါ အရမ်း ပင်ပန်း ရလိမ့်မယ်။ ”
***