ယွမ်ဟမ်ထျန်း။
Vol. 67 Ch. 926
လေးရက်ကြာ ပြီးနောက်၊ ကန့်လန့် ခံနေသော မြစ် တစ်စင်းအား တွေ့မြင်လိုက် ရသည်။
မြစ်ပြင်တွင် မြူခိုးများ ဖုံးလွှမ်းနေ သဖြင့်၊ နားမလည် နိုင်သော ခံစား ချက်များ ရရှိ လာစေ ၏။
“ ဒါ ... ကြက်သွေးရောင် တစ္ဆေ မြစ် ဖြစ်မယ်။ ”
လင်းယွန်က ရေရွတ်သည်။ ဤမြစ်၏ သက်တမ်းမှာ နှစ်ပေါင်း သောင်းနှင့် ချီရှိပြီး၊ မိစ္ဆာ အငွေ့ အသက်များ ပေါများရာ၊ အရပ်လည်း ဖြစ်သည်။
သိပ်သည်းသော အနက်ရောင် မြူ များကြောင့်၊ မြစ်ဝှမ်း အတွင်း မှီတင်း နေထိုင် ကြသည့်၊ သားရဲ များ အားလုံး၊ နတ်ဆိုး အဖြစ်သို့ ပြောင်းလဲ သွားကြသည်။
မြေပုံ အရ၊ ဤမြစ်အား ဖြတ်ပြီးနောက်၊ နဂါးတားမြစ် နယ်မြေထံ ရောက်ရှိ ပေမည်။ မြစ်ကမ်း တစ်လျှောက်တွင်၊ ရှေးဦးခေတ်မှ လက်ကျန် သင်္ဘော ကြီးများ ရှိနေ၏။
လုံလောက်သော ကြယ်ပုလဲသာ ရှိနေ ပါက၊ ၎င်းပေါ်ရှိ အစီရင်ကို အသက် သွင်းပြီး၊ လိုရာသို့ စီးနင်းနိုင် ပေမည်။
အများ စုမှာ ကြယ် ခုနစ်ပွင့် သင်္ဘောများ ကိုသာ အသုံးပြု ခဲ့ ကြသည်။ ပျံသန်း ခြင်းသည် ကောင်ကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူများ ကိုပင်၊ မောပန်း စေ၏။
ထို့ကြောင့် ပျံသန်းနိုင် သော်လည်း၊ တိုက်ခိုက်ရာ ၌သာ အသုံးပြု ကြသည်။ သည့် အပြင် သင်္ဘော များဖြင့် သွားလာ ရခြင်းသည်၊ သက်တောင့် သက်သာ ရှိစေသည်။
“ ဝှစ် ... ။ ”
မြစ်ကမ်းပါးပေါ် ဆင်းသက် လိုက်ချိန်၌ ကြက်သွေးရောင် တစ္ဆေ မြစ်မှာ သူ ထင်ထား သည်ထက် များစွာ ကျယ်ပြော လှသည်ကို၊ တွေ့မြင် လာရသည်။
လှိုင်းလုံးကြီး များက ကမ်းစပ်ပေါ် ကျော်လွှား သွားသည် အထိ၊ ရိုက်ခတ်လာ တက်၏။ ပို၍ ထိတ်လန့် စရာ ကောင်းသည်မှာ၊ မြစ်ပြင်၌ ရစ်သိုင်း နေသော မြူများ ဖြစ်သည်။
တစ်ချက် ကြည့်လိုက် ရုံနှင့်၊ စိတ် ဝိညာဉ်အား စုပ်ယူနေ သကဲ့သို့ ခံစား ရသည်။ မြစ်ပြင်ပေါ် ဖြတ်ကာ တိုက်ခတ် လာသော လေထု ထဲ၌၊ အနံ့ အသက် ဆိုးများ ပါရှိ နေ၏။
နှစ်ပေါင်း များစွာ တိုင်အောင်၊ အလောင်း များ၏ သွေးများ စိမ့်ဝင် နေသဖြင့် ရောင်ဝါမှာ၊ ကြက်သည်းထ စဖွယ် ပေပင်။
မြစ်ပြင်ကို ငုံ့ကြည့် လိုက်ချိန်၌၊ အလောင်းများ မြင်လိုက်ရ သကဲ့သို့၊ ဆိုးရွား သော အာရုံများ ဝင်ရောက် လာသည်။
ရှေးဦးခေတ်၏ ရက်စက် ကြမ်းကြုတ် လွန်းသော တိုက်ပွဲ အငွေ့ အသက် များက၊ ယခု တိုင်အောင် စွဲမြဲ နေပေသည်။
မြစ်ကမ်းပါး ပေါ်မှ နေ၍၊ နယ်မြေ အသီးသီး၏ ကျင့်ကြံသူ ပေါင်း များစွာက၊ လေးနက်သော အမူ အရာဖြင့်၊ မြစ်ကို ကြည့်နေ ကြသည်။
ထို့နောက် သင်္ဘော များပေါ်၊ အာရုံရောက် လာကြသည်။ အများ စုမှာ၊ ဟောင်းနွမ်း ပျက်စီး နေသဖြင့်၊ ကောင်းမွန်သည့် သင်္ဘော များ၌၊ ခဏချင်း လူပြည့် သွားသည်။
သင်္ဘော တစ်စီး စီတွင်၊ အနည်းဆုံး ထောင်ဂဏန်းခန့် ပါရှိ ကြ၏။ ထိုသူ များက သင်္ဘော ပဲ့ခန်းရှိ၊ အစီရင်ကို အသက် သွင်းရန်၊ ကြယ်ပုလဲများ ကောက်ခံ လေသည်။
အစီရင်မှာ အလို အလျောက် ဖြစ်ပြီး၊ လုံလောက်သော ကြယ်ပုလဲ များသာ ပေးသွင်း နိုင်ပါက အသက်ဝင် လာမည် ဖြစ်၏။
ထို့နောက် မြစ်ကြောင်း အတွင်း အလျှိုလျှို ထွက်ခွာ ကုန်ကြပြီး၊ ရုတ်ရုတ် သဲသဲ ဖြစ်စဉ်များ ငြိမ်သက်လျက်၊ အချင်းချင်း စကား စမြည်များ ပြောဆို လာကြသည်။
အကြောင်း အရာ အများ စုမှာ၊ နတ်ကြယ် ပုလဲများ၊ နဂါး တားမြစ် နယ်မြေနှင့် နဂါး အဆင့် သတ်မှတ်ချက် အတွင်းရှိ ပါရမီရှင်များ အကြောင်း ဖြစ်၏။
ကောင်းကင် လမ်းသည် အချိန် ကာလ တစ်ခု အထိသာ ဖွင့်လှစ်မည် ဖြစ်ပြီး၊ ယခု အချိန်၌ သတ်မှတ် ချိန်၏ သုံးပုံ တစ်ပုံ ကုန်လွန်သွား ခဲ့ပြီ ဖြစ်သည်။
“ အစ်ကို ကျောက်ဖုန်၊ မြင့်မြတ်မြေ တွေရဲ့ နဂါး အဆင့် ပါရမီရှင် အချို့ ဘုန်းရွှေ အလင်း ကုန်းမြေမှာ ရှိတယ်လို့ ကြားမိတယ်၊ ... ”
“ ... အခု ငါတို့မှာ ဘာမှ လုပ်စရာ မရှိတဲ့ အတွက်၊ သူတို့တွေ ဘယ်လောက်ထိ သန်မာလဲ ဆိုတာကို၊ ပြောပြပေး နိုင်မလား။ ”
မီးခိုးရောင်ဝတ် လူငယ် တစ်ဦးထံ ဦးတည်ကာ မေးခွန်းများ မေးလာ ကြသည်။ ထိုကျောက်ဖုန်ဟု အမည် ရသော လူငယ်မှာ၊ မှော်နယ်မြေမှ ဖြစ်၏။
သူ့ ခွန်အားမှာ သာမန် မျှသာ ဖြစ်သော်လည်း၊ ဒုက္ခကို နှစ်ကြိမ် တိုင်တိုင် ဖြတ်သန်း ထားပြီး ဖြစ်သည်။
ထိုသို့သော အရည် အချင်း မျိုးသည် မြင့်မြတ် မြေများ၌ ဆိုပါက၊ အသုံး မဝင်နိုင် သော်လည်း၊ ဤသင်္ဘော ပေါ်တွင် ဆန့်ကျင့်ဘက် ဖြစ်သည်။
“ အဆင်ပြေ ပါတယ်၊ ဒါက စိတ်ဝင် စားစရာ အကြောင်း အရာပဲ မဟုတ်လား။ ”
ကျောက်ဖုန်က ပြုံးကာ ခေါင်းညိတ်ပြ လိုက်သည်။ ကိစ္စ ထူးထွေ မရှိ သည့်နောက် နဂါး အဆင့် ပါရမီရှင်များ အကြောင်း ပြောရ ခြင်း သည်လည်း၊ ဂုဏ်ယူ စရာ ပေပင်။
“ မြင့်မြတ် မြေတွေ ကြားမှာ၊ ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်တယ်၊ ကြယ် ဝိညာဉ်တော် တွေက သူတို့ ပြိုင်ဆိုင် ရတဲ့၊ အဓိက အကြောင်းရင်းပဲ။ ”
“ နဂါး တားမြစ် နယ်မြေက၊ သူတို့ အတွက်လို့ ပြောလို့ ရတယ်၊ ဒါပေမယ့် ငါတို့ ကံကောင်းရင် ကျန်တာ တချို့ရ နိုင်တယ်၊ ဒါက ကောင်းကင် လမ်းမှာ ရှင်သန်ဖို့ လုံလောက် ပါလိမ့်မယ်။ ”
-ဟု ကျောက်ဖုန်က ဆိုသည်။ လူတိုင်း သူ့စကားကို လေးလေး နက်နက် နားထောင် လာကြ၏။
ကောင်းကင် လမ်းသည် အခြေခံ အားဖြင့် မြင့်မြတ်သော နယ်မြေများ အကြား၊ ပြိုင်ဆိုင်မှု တစ်ခု ဖြစ်သည်။
အောက်တန်းနှင့် အလယ် အလတ် နယ်မြေမှ ပါရမီရှင် များသည် ခွန်အားကို မြှင့်တင်ရန် အခွင့် အရေး ရှိနိုင် သော်လည်း၊ ၎င်းနယ်မြေ များအား ယှဉ်ပြိုင် နိုင်စွမ်း မရှိပေ။
ကျောက်ဖုန့်က သူ့ စကားအား ခေတ္တရပ် လိုက်ပြီးမှ၊ ဆက်ပြော လာသည်။
“ မြင့်မြတ် မြေက ပါရမီရှင် တွေက ကြောက်စရာ ကောင်းပေမယ့်၊ နဂါး တစ်ရာ ကိုတော့ မမီ သေး ပါဘူး၊ ... ”
“ ... အဲ့ဒီ နဂါး တစ်ရာက၊ အဆင့်တူ အတွင်းက အခြား ပါရမီရှင် ဆယ်ဦးနဲ့ ရင်ဆိုင် နိုင်တယ်၊ ပြီးတော့ ... ”
“ ... သူတို့ရဲ့ သိုင်း ရည်ရွယ်ချက်က မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီ၊ အများစုက အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တွေကို ဆုပ်ကိုင် ထားကြတယ်။ ”
“ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ။ ”
ထိုစကားကို ကြားသော အခါတွင်၊ လူတိုင်း တုန်လှုပ် သွားသည်။ ယင်းအား ကျောက်ဖုန်မှ သတိ ပြုမိ လိုက်ပြီး၊
“ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ဆိုတာကို၊ လူတိုင်း ကျင့်ကြံ နိုင်တာ မဟုတ်ဘူး၊ တစ်ချိန်မှာ ဒီအဆင့် နည်းစနစ်တွေ ရလာရင် သတိ ထားဖို့ အကြံ ပေးချင် ပါတယ်၊ ... ”
“ ... မြင့်မြတ် မြေရဲ့၊ အခြေခံ အုတ်မြစ် နဲ့တောင် ပျက်စီး နိုင်တယ်၊ ငါ့ရဲ့ စီနီယာ အစ်ကို တစ်ယောက် ဆိုရင် အုပ်စိုးရှင် အဆင့်၊ ... ”
“ ... အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို လေ့ကျင့်ဖို့ ကြိုးစားရင်း၊ ပေါက်ကွဲ သေဆုံးသွား ခဲ့ဖူးတယ်။ ”
“ အဲ့လောက်တောင် ကြောက်စရာ ကောင်းတာလား။ ”
လူတိုင်းက ရေခဲ ရေပုံးကို ခေါင်းပေါ် တင်ထား မိသကဲ့သို့ ခံစားလာ ရ၏။ ခပ်လှမ်း လှမ်းတွင် ရှိနေသော လင်းယွန်က၊ ကျောက်ဖုန့် စကားကို ခေါင်းညိတ် သဘောတူ မိသည်။
အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ဟူသည်၊ ပေါ့ပေါ့ ဆဆ လေ့ကျင့် သင့်သော အရာ မဟုတ် ချေ။
သူ့ အရည် အချင်း နှင့်ပင်၊ နေနတ် ဘုရား တံဆိပ်မှာ၊ လောင်းကျွမ်း သေဆုံးလု နီးပါးဖြစ် ခဲ့ရသည်။
“ အို နဂါး တစ်ရာက သန်မာ တာလား မဆန်း ပါဘူး၊ ဒီလောက် အန္တရာယ် များလှတဲ့၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ကိုတောင် လေ့ကျင့် နိုင်တယ် ဆိုတော့ ငါတို့ကို အမြင်ကျယ် စေပါတယ်။''
“ ဟား ဟား ဟား ... ၊ အဲဒါကို ဆက်မတွေး တော့တာ ပိုကောင်း လိမ့်မယ်၊ ဒီမှာ ရှိတဲ့ ထဲက တစ်ယောက် ယောက်၊ ... ”
“ ... အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်ကို ရလိမ့် မယ်လို့ ထင်နေကြ တာလား၊ အိမ်မက် မက်မနေ ကြနဲ့။ ”
ပထမဆုံး အကြိမ် ကြားဖူးသူ များအတွက် ကျောက်ဖုန့် စကား များမှာ၊ များစွာ အကျိုးရှိ လေသည်။
“ ဘုန်းရွှေ အလင်း ဝိညာဉ်ပေါ် လာတုန်းက နဂါး အဆင့် ပါရမီရှင် တွေကြားမှာ၊ တိုက်ပွဲ တစ်ခု ဖြစ်ပွား ခဲ့တယ်၊ ... ”
“ ... အဲဒီ တုန်းက ငါလုပ်နိုင် တာက အဝေးကနေ စောင့်ကြည့် နေခြင်းပဲ၊ ငါ့ရဲ့ ခွန်အား နဲ့တောင် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရဲ့ လှိုင်းဒဏ်ကို မခံ နိုင်ဘူး။ ”
ကျောက်ဖုန်၏ ဖြည့်စွက် စကား များကြောင့်၊ လူတိုင်း မျက်လုံးပြူး သွားသည်။ သူတို့ အမြင်၌ ကျောက်ဖုန်မှာ အလွန် အားကောင်း နေပြီ ဖြစ်၏။
ထို့ကြောင့် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ၊ မည်မျှ ထိတ်လန့် စရာ ကောင်းနိုင် မည်ကို၊ စိတ်ကူး မယဉ်နိုင် တော့ချေ။
လူတိုင်း မျက်လုံး ထဲရှိ သံသယကို မြင်လိုက်ရ သော်လည်း၊ ကျောက်ဖုန်က ရှင်းပြရန် စိတ်မဝင် စားတော့ချေ။
အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ၏ စွမ်းအားကို သူတို့ မသိကြ သဖြင့် ၊ ဆက်၍ ပြောခဲ့ လျှင်ပင် အသုံး ဝင်မည် မဟုတ်နိုင်။
“ အစ်ကို ကျောက်၊ ဘုန်းရွှေ အလင်း ဝိညာဉ်ကို ဘယ်သူ ယူသွားလဲ။ ”
“ ဒါက အရေး မကြီး ပါဘူး၊ ဘယ်သူပဲ ယူနိုင် ယူနိုင်၊ နောက်ဆုံး နဂါး အဆင့် ပါရမီရှင်တွေ လက်ကိုပဲ ကျရောက် သွားမှာ မဟုတ်လား။ ”
ကျောက်ဖုန့် အနေဖြင့် အဝေး မှသာ ကြည့်ခဲ့ရသည် ဖြစ်ရာ၊ အသေးစိတ် အချက် အလက် များအား မြင်ခဲ့ခြင်း မရှိချေ။ သို့သော် ၎င်းကို ဝန်မခံ လိုဘဲ၊ ဝေ့လည် ကြောင်ပတ် ပြန်ဖြေ လိုက်မိသည်။
“ အဲဒါထက် သေချာတာ တစ်ခု ရှိတယ်၊ ဘုန်းနေမင်း ဝိညာဉ်ကို ပယင်း နယ်မြေက ဓားသမား တစ်ဦး ရယူ သွားတယ်။ ”
“ အိုး … ၊ အဲဒါကို ငါလည်း ကြားတယ်၊ သူ့နာမည်က သင်္ချိုင်း မဟုတ်လား၊ ပြိုင်ဘက် တိုင်းကို ဓားတစ်ချက် တည်းနဲ့၊ သတ်နိုင် တယ်လို့၊ ပြောနေ ကြတယ်။ ”
“ အမှန်ပဲ ... ၊ သူက နဂါး အဆင့်ကို မကြာခင် တက်လှမ်း လာလိမ့်မယ်၊ မြင့်မြတ် မြေရဲ့ ပါရမီရှင် သုံးဦး၊ သူ့ဓားမှာ အသက်ပေး ခဲ့ရပြီး၊ တစ်ဦး ချိနဲ့ သွားတယ်။ ”
“ ဘယ်လောက်တောင် ရဲရင့်လဲ ဆိုရင်၊ သေဆုံးသူ သုံးဦ ထဲမှာ တစ်ဦးက သွေးအရိုး နယ်မြေ ကပဲ။ ”
“ အဲဒါက ဒီလောက် မဟုတ် သေးဘူး၊ ပိုဆိုး တာက ဓား တစ်ချက် တည်းနဲ့ ဖန်းဝူကျိကို သတ်နိုင် ခဲ့တာပဲ။ ”
လင်းယွန် အကြောင်း၊ ပြောင်းလဲ ပြောဆိုလာ ချိန်၌ သင်္ဘော ပေါ်ရှိ လေထုမှာ၊ တက်ကြွ လာခဲ့သည်။
လူတိုင်းက နဂါး တစ်ရာထက်၊ ၎င်းတို့နှင့် ရေခံ မြေခံချင်း တူသော ခွေးဆိုး တစ်ကောင် ပေါ် ၌သာ ပို၍ စိတ်ဝင်စား သည်။
လူတိုင်း၏ အာရုံမှာ ပြောင်းလဲကုန် သဖြင့်၊ ကျောက်ဖုန် တစ်ယောက် စကား စရန် ပါးစပ် ‘ဟ’ လိုက်စဉ်၊ ပြောင်းလဲ သွားသော လေထုကို ရုတ်တရက် သတိ ထားမိ လာသည်။
“ ဟမ့် ... ။ ”
သင်္ဘော ပေါ်ရှိ အခြား လူများ ကလည်း၊ သတိထား မိကုန်ကာ၊ ကောင်းကင်ပေါ် မော့ကြည့် လိုက်ကြသည်။
မိုင် တစ်ရာ အကွာမှ၊ မြူ များကို ခွဲလျက်၊ ပျံသန်း လာသော ပုံရိပ် သုံးရိပ်အား လှမ်းမြင် လိုက် ရသည်။
၎င်းတို့၏ အရှိန် အဝါမှာ အလွန် အားကောင်း လှ၏။ ပျံသန်း လာရာ လမ်း တစ်လျှောက်ရှိ၊ မြစ်ရေ ပြင်အား နှစ်ခြမ်း ကွဲသွား စေခဲ့သည်။
“ မြင့်မြတ် မြေ ... ။ ”
ဤနည်းဖြင့် ကြက်သွေးရောင် တစ္ဆေမြစ် အတွင်း၊ မြင့်မြတ် မြေများ မည်သို့ ခရီးသွား သည်ကို၊ သိရှိ လိုက်မိသည်။
များမကြာခင် ထိုလူ သုံးဦးက သင်္ဘော ပေါ်သို့၊ ဆင်းသက် လာကြ၏။ အဖွဲ့အား ဦးဆောင် လာသော လူငယ်ကို မြင်ချိန်၌၊၊ လူတိုင်း တုန်လှုပ် ခြောက်ခြား သွား တော့သည်။
“ ဒါ ... ဒါက၊ နဂါး အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့၊ သွေးအရိုး နယ်မြေရဲ့ ယွမ်ဟမ်ထျန်း မဟုတ် လား။။ ”
***