စိန်ခေါ်စာ ပေးပို့ခြင်း။
Vol. 67 Ch. 929
သွေးအရိုး မိစ္ဆာ လက်ဝါးသည် သွေးအရိုး နယ်မြေ၏ မူပိုင် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်၏။
ယွမ်ဟမ်ထျန်း ထုတ်ဖော် လိုက်သော အခါတွင်၊ မှုန်ဝါး နေသော မိစ္ဆာ လက်တစ်ဖက်၊ ထွက်ပေါ် လာသည်။
ထို့နောက် တိမ်များကို ဆုတ်ဖြဲလျက်၊ အဆိုပါ လက်ကြီးမှာ လင်းယွန် ထံသို့ ကျဆင်း သွားသည်။
ဤတိုက်ခိုက်မှု သည်သာ၊ သင်္ဘောပေါ် ကျရောက် လာပါက၊ လူတိုင်း သေဆုံးရမည် ဖြစ်၏။
အဆိုပါ ဖြစ်စဉ်ကြောင့်၊ ချောင်းကြည့် နေသူများက၊ ကြောက်ရွံ့ လာကြ သော်လည်း၊ ပြေးရန် နောက်ကျ နေပြီ ဖြစ်သည်။
“ ချေး ပဲ ... ။ ”
“ ငါတို့ မလွတ်နိုင် တော့ဘူး၊ အစ်ကိုကျောက် ပြောတာ မှန်တယ်။ ”
“ မဟုတ်ဘူး ... ၊ ဒီလိုမျိုး မသေချင် သေးဘူး။ ”
လူတိုင်း စိတ်ပျက် အားငယ် စွာဖြင့်၊ ညည်းတွား လာမိ ကြသည်။
“ ဖြစ်ဖို့ ကံပါ လာရင်၊ ဖြစ်လာမှာ ပါပဲ။ ”
ကျောက်ဖုန် ပင်လျှင်၊ လွတ်မြောက် နိုင်စရာ နည်းလမ်း မရှိချေ။ လင်းယွန် တစ်ယောက် ၎င်း စွမ်းအင် များကို၊ ချေဖျက် နိုင်ပါ စေဟုသာ၊ ဆုတောင်း လိုက်မိသည်။
လင်းယွန်က တံဆိပ်အား ဖန်တီးလျက်၊ ကောင်းကင်ပေါ် ပျံတက် သွား၏။ မတူညီသော ဖြစ်စဉ်များ နှင့်အတူ၊ ရွှေရောင် အလင်းများ ဖြာကျ လာသည်။
“ နေ နတ်ဘုရား လက်သီး။ ”
သည့်နောက် ကောင်းကင်မှ အုပ်မိုး ကျလာသော အရိုး လက်ဖဝါး ကြီးကို ပြန်လည် ထိုးနှက် လိုက်၏။
များမကြာခင် ယွမ်ဟမ်ထျန်း၏ သွေးအရိုး မိစ္ဆာ လက်ဖဝါးမှာ မီးလောင်ကျွမ်း ခံလိုက် ရပြီး၊ ပြိုကျ သွားသည်။
အရာ အားလုံး ပျောက်ကွယ် သွားချိန်တွင်၊ ဖြူဖျော့ နေသော မျက်နှာဖြင့် ယွမ်ဟမ်ထျန်း တစ်ယောက် ထွက်ပေါ် လာသည်။
ဒယိမ်း ဒယိုင်နှင့် ဒူးထောက် ကျသွားပြီး၊ ကိုယ်တွင်း အင်္ဂါ အစိတ် အပိုင်းများ ပါသော သွေး တစ်လုတ်အား၊ အန်ချ လာ၏။
“ ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ။ ”
မယုံကြည် နိုင်စွာဖြင့် လင်းယွန်အား မော့ကြည့် လိုက်သည်။ နိမ့်ကျသော ကျင့်ကြံမှု အဆင့်ဖြင့်၊ ၎င်းအား မည်သို့ လေ့ကျင့်နိုင် ခဲ့သည့်ကို နားမလည် နိုင်ချေ။
အဆုံးတွင် အုပ်စိုးရှင်နှင့်၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကြား၊ မြင့်မားသော ကွာခြားချက် တစ်ရပ် ရှိပေ၏။
ဤအခိုက် အတန့်တွင်၊ နောက်ဆုံး ကျန်ရှိသည့် လူငယ်က လင်းယွန်အား သတ်ရန်၊ မျက်ကွယ် အရပ်မှ နေ၍ ရုတ်ချည်း ထွက်ပေါ် လာသည်။
ယင်းကို မြင်ပြီး ယွမ်ဟမ်ထျန်း၏ မျက်လုံးများ တောက်ပ သွားသည်။ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို အသုံးပြု ထား သောကြောင့်၊ တစ်ဖက် လူမှာ နွမ်းနယ် နေနိုင်၏။
“ ရွှပ် ... ။ ”
သို့သော် ဆန့်ကျင်ဘက် အနေြဖင့်၊ သူ့ အဖော်ကို လင်းယွန်မှ နှစ်ခြမ်းခွဲ လိုက်လေရာ၊ မျက်လုံးပြူး သွားမိသည်။
လင်းယွန်က ဓားကို ရုတ်သိမ်းလျက်၊ ကြမ်းပြင်ပေါ် ပြန်လည် ဆင်းသက် လာသည်ကို မြင်မှသာ၊ ပြန်လည် သတိဝင်လာပြီး၊
“ အလယ် အလတ် အဆင့်၊ တာအို လက်ရာ။ ”
ပန်းသင်္ချိုင်း ဓား၏ ထက်ရှ မှုသည် ထိုအဆင့်အား ယှဉ်နိုင် ပေသည်။ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ၊ အလယ် အလတ် တာအို လက်ရာနှင့်၊ ဝိညာဉ်ရေး ဓား၊ စသည့် အရာ များသည်၊ ယွမ်ဟမ်ထျန်းအား ထိတ်လန့် သည်ထက် ပိုစေ၏။
ထို့ကြောင့် လင်းယွန် တစ်ယောက် ပထမ ဒုက္ခကို ဖြတ်သန်း ပြီးချိန်တွင်၊ မည်မျှ သန်မာ လာမည်ကို သူ စိတ်ကူး မယဉ်နိုင် တော့ပေ။
ဤအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော ဘီလူး တစ်ကောင်အား ရန်စ နေမိကြောင်း၊ သဘောပေါက် လိုက်သည်။
အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ် လာသော ထိုဘီလူးအား မော့ကြည့်ပြီး၊ တံတွေး တစ်ချက် မျိုချ လိုက်မိသည်။ သူ့ကို သတ်မည်လော။ မသေချာ ချေ။၏
“ ဝှစ် ... ။ ”
ထိုစဉ် မှာပင် ကြောင်ဖက်တီး တစ်ကောင်က သူ့ သိုလှောင် အိတ်အား ရုတ်တရက် ဖြုတ်ယူ သွား၏။
ယင်းသည် အဆုံးသတ် မဟုတ် သေးချေ။ ပြုံးလျက် သူ့အဝတ် အစား များကို ကုပ်ဖြဲကာ လည်ပင်းတွင်၊ ချိတ်ဆွဲ ထားသော ကျောက်စိမ်း တုံး ကိုပင်၊ လုယူ သွားသည်။
“ မင်း အရမ်း တော်တယ်။ ”
လင်းယွန်က နဂါးလေးအား ချီးကျူး လိုက်သည်။ ကြောင် တစ်ကောင်၏ လုယက် ခြင်း ခံလိုက်ရ သောကြောင့်၊ ယွမ်ဟမ်ထျန်း မျက်နှာမှာ၊ ဖြူဖျော့ သွားသည်။
ဤသတင်းသာ ပျံ့သွား ပါက၊ နဂါး အဆင့် ပါရမီရှင် တစ်ဦး အနေဖြင့်၊ လူရယ်စရာ ဖြစ်လာ ပေတော့မည်။
နဂါးလေး မှာမူ၊ အလောင်းများ အပေါ်၊ ရှာဖွေ ခြင်းအား အသားကျ စွဲလမ်း နေပုံ ရ၏။ သွေးအရိုး နယ်မြေနှင့်၊ သူ့ကြား အမုန်း တရား မှာ၊ ပြေပျောက် စရာ နည်းလမ်း မရှိချေ။
သူ့ အသက်ကို လိုချင် သူများ အတွက်၊ တန်ဖိုး တစ်ခု ပေးချေ ရပေမည်။ ထို့ကြောင့် နဂါးလေး လုပ်ရပ်ကို၊ ရပ်ကြည့် နေမိခြင်း ဖြစ်သည်။
“ မင်းမှာ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာနဲ့၊ တာအို လက်နက် ရှိလို့၊ သွေးအရိုး နယ်မြေကို ရင်ဆိုင် နိုင်ပြီလို့ မထင်နဲ့၊ မင်း ပြေးလို့ မလွတ်ဘူး။ ”
ယွမ်ဟမ်ထျန်းက အံကြိတ်လျက် ခြိမ်းခြောက် လိုက်သည်။ ဤနည်းဖြင့် သူ၏ ရှက်ရွံ့ နေသော ခံစား ချက်ကို၊ သက်သာ စေမည် ဖြစ်သည်။
“ ငါ ပြေးနေ တယ်လို့၊ ဘယ်သူ ပြောလဲ။ ”
လင်းယွန်က ဒေါသ ထွက်လာပြီး၊
“ ဆက်ရက် နေပြီးရင်၊ နဂါး တားမြစ် နယ်မြေရဲ့ တိမ်မီးလျှံ မြို့မှာ ငါ ရှိမယ်၊ မင်းရဲ့ သွေး အရိုး နယ်မြေက၊ ငါ့ကို တွေ့ချင်ရင်၊ အဲ့ဒီကို လာခဲ့ပါ။ ”
-ဟု အေးစက်စွာ ဆိုလိုက်၏။
ထိုစကားကို ကြားသော အခါတွင်၊ ယွမ်ဟမ်ထျန်း တစ်ယောက် ခဏတာ အံ့အား သင့် သွားပြီး၊
“ မင်း သေချာလား။ ”
-ဟု ပြန်မေး လိုက်မိသည်။
သွေးအရိုး နယ်မြေတွင် တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ရှိသဖြင့်၊ လင်းယွန်အား အလွယ် တကူ သတ်ပစ် နိုင်၏။
“ မဟုတ်ရင် ... ငါ မင်းကို အခုလို အသက်ရှင် ခွင့်ပေး ထားမယ်လို့ ထင်နေလား။ ”
လင်းယွန်၏ မိုက်မဲမှု အတွက်၊ လှောင်ပြောင်လို သော်လည်း၊ စိတ်ပြောင်း သွား မည်ကို စိုးရိမ် သဖြင့်၊ မဆိုဝံ့ တော့ချေ။
“ ကောင်းပြီ ... ၊ ငါ ပြောလိုက် ပါမယ်၊ အမှန်တော့ အသက် အတွက် မင်း ထွက်ပြေး သင့်တယ်။ ”
“ ဓားသမား တစ်ယောက်က၊ အမြီး ကုပ်ပြီး ပြေးတာကို မင်း မြင်ဖူးလား၊ အပို မပြောနဲ့ ငါ မေးတာပဲ ဖြေ၊ မင်း ငါ့ကို ဘယ်လို ရှာတွေ့ တာလဲ။ ”
ဖန်းဝူကျိမှ ချန်ထား ခဲ့သော အမှတ် အသားမှာ၊ အင်ပါရီယန်ပင် ဖျက်၍ ရမည် မဟုတ် သဖြင့်၊ ယွမ်ဟမ်ထျန်းက စိတ်ချ လက်ချ ထုတ်ဖော် ပြောပြ လိုက်သည်။
“ ရပြီ ... ၊ အခု မင်း ပြန်သွားပြီး ပြောလိုက်ပါ။ ”
မေးမြန်း ပြီးနောက်၊ လျစ်လျူရှုကာ မောင်းထုတ် လိုက်သည်။ ယွမ်ဟမ်ထျန်းမှာ အနည်းငယ် စိတ် သက်သာရာ ရသွားပြီး၊ မတ်တပ် ထရပ်လျက် ကြောင် ဖက်တီးထံ ကြည့်လိုက်သည်။
ကြောင်ဖက်တီးမှ သူ့ သိုလှောင်အိတ်ကို ပြန်ပေးမည့် အရိပ် အယောင်မျှ မပြလာ သဖြင့် ဒေါသ ထွက်သွားပြီး၊
“ လင်းယွန် ... မင်း ငါ့ကို ဒီလိုမျိုး ပြန်စေချင် တာလား ။ ” ဟု ထုတ်မေး လိုက်၏။
“ ဘာ လို့ လဲ ... ငါ့ကို လိုက်ပို့ စေချင် လို့လား။ ”
ရယ်မော လိုသော မျက်နှာဖြင့်၊ လင်းယွန်က ပြန်မေး လိုက်သည်။
“ မင်း ... ၊ ကောင်းပြီ ဆယ်ရက် နေရင်၊ တိမ်မီးလျှံ မြို့မှာ သွေးအရိုး နယ်မြေက၊ မင်းကို လာစောင့် နေမယ်၊ မင်း ကတိ တည်ပါစေ။ ”
ထို့နောက် စုပ်ပြတ် နေသော အဝတ်စ တစ်စကို ကောက်ကိုင်ကာ၊ ယွမ်ဟမ်ထျန်းက သူ့ကိုယ်သူ ဖုံးအုပ် လိုက်၏။
ချောင်းကြည့် နေသော လူများက သူတို့ မြင်လိုက် ရသည့် တိုက်ပွဲ အပေါ်၊ မယုံကြည် နိုင် သေးချေ။
နဂါး အဆင့် ပါရမီရှင် တစ်ပါးကို ပါးရိုက်ကာ၊ နဂါးသွေး ကြောင်မှ အဝတ် ဗလာ ဖြစ်သည် အထိ၊ လုယက် ခဲ့သည်။
အရှက်လုံ ရုံဖုံးလျက် ထွက်ခွာ သွားသော ယွမ်ဟမ်ထျန်း၏ ပုံရိပ်မှာ၊ သူတို့ နှလုံးသား၌ သည်တစ်သက် မေ့ဖျောက်၍ ရတော့မည် မဟုတ်ချေ။
ဤသတင်းမှာ တောမီး တစ်စ ကဲ့သို့ ပြန့်နှံ့လျက်၊ နဂါး ပြည်နယ် တစ်ခု လုံးကို လှုပ်ခါ စေမည် ဖြစ်သည်။
လူတိုင်းက သွေးများ ဆူပွက် လာ၏။ သာမာန် အားဖြင့် မြင့်မြတ် မြေမှ ပါရမီရှင် များကို မြင်ချိန်၌၊ ထွက်ပြေး ကြမည် ဖြစ်သည်။
ဤကဲ့သို့ တစ်ဦး တစ်ယောက်မှ၊ မြင့်မြတ်မြေ တစ်ခု လုံးကို စိန်ခေါ် ခြင်းမျိုးမှာ၊ ကောင်းကင်လမ်း တစ်လျှောက် တုန်လှုပ် စေသော၊ သတင်း ဖြစ်လာ နိုင်ပေမည်။
***