← Chapters

ဂုဏ်သတင်း ပျံ့နှံ့ခြင်း။

Vol. 67 Ch. 930

ဂုဏ်သတင်း ပျံ့နှံ့ခြင်း။

Vol. 67 Ch. 930

ယွန်ဟမ်ထျန်း ပုံရိပ် ပျောက်ကွယ် သွားမှ သာလျှင်၊ လင်းယွန် တစ်ယောက် သက်ပြင်းချ လိုက်သည်။

ထို့နောက် ခန္ဓာ ကိုယ်အား ဖြေလျှော့ လိုက်ရာ၊ လက်မှ သွေးများ စီးကျ လာ၏။ နေ နတ်ဘုရား တံဆိပ်ဖြင့်၊ ပြိုင်ဘက်၏ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို၊ ဖျက်ဆီး နိုင်ခဲ့ သော်လည်း၊ ကျင့်ကြံမှု ကွာခြားချက် ကြီးမား လွန်းသော ကြောင့်၊ သူ့ အတွက် မလွယ်ကူ ခဲ့ချေ။

ညာဘက် လက်ရှိ အရိုးများ အက်ကွဲ သွားသည်။ ယွမ်ဟမ်ထျန်း၏ ဒုတိယ အဖော် အား၊ သတ်ပစ်လိုက် ကတည်းက၊ သူ့ ကန့်သတ်ချက် ရောက်ရှိ သွားပြီ ဖြစ်သည်။

ယွမ်ဟမ်ထျန်းသာ ဆက်လက် တိုက်ပွဲဝင် လိုပါက၊ အခြေနေကောင်း နိုင်မည် မဟုတ်ချေ။ သို့သော် အသက်နှင့် ရင်းရသော လောင်းကြေး မျိုး ထပ်ရန်၊ တစ်ဖက် လူ၌ သတ္တိ မရှိခဲ့ သဖြင့်၊ ကံကောင်း သွားသည်။

နဂါး လေးက လောဘ ကြီးလွန်း သည်ဟု၊ အထင်ရောက် စေသော်လည်း၊ ယင်းမှာ သတိ ပေးရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်။

“ ငါက ပထမ ကောင်းကင် ဝိညာဉ် နယ်မြေကို၊ အမြန် ရောက်ဖို့ လိုနေပြီ။ ”

ခပ်တိုးတိုး ညည်းတွားလျက်၊ ပထမ ဒုက္ခကို ရင်ဆိုင်ရန် စိတ်ပိုင်း ဖြတ်လိုက် မိသည်။ လက်ရှိ အင်အားဖြင့် နဂါး အဆင့် ထူးချွန်သူ များကို ရင်ဆိုင် ရန်မှာ၊ အန္တရာယ် များလှ ၏။

အခြား လူများ ကဲ့သို့၊ သူ့တွင် အားကိုး စရာ နောက်ခံ မရှိချေ။ အနည်းငယ် တိမ်းစောင်း ရုံနှင့်၊ အသက် ပေးရ ပေမည်။

“ သွား ရ အောင်။ ”

နဂါး လေးအား ခေါ်ကာ၊ သင်္ဘော ပေါ်မှ ထွက်ခွာ လာခဲ့သည်။ အစောပိုင်း ကာလ များ၌ သင်္ဘောဖြင့်၊ ခရီး ဆက်ရန် ဆန္ဒရှိ သော်လည်း၊ အခြေ အနေ အရ အန္တရာယ် ရှိလာပြီ ဖြစ်သည်။

နဂါး တားမြစ် နယ်မြေ၏၊ သွေးအရိုး နယ်မြေ သိမ်းပိုက် ထားရာ၊ နဂါး မြို့တော် တစ်ခုတွင်၊ ကျင့်ကြံသူ များဖြင့် ပြည့်နှက် နေသည်။။

သွေးအရိုး နယ်မြေ၏ အုတ်မြစ် အရ၊ ဤမြို့ကို ‘သွေးအရိုး နဂါး မြို့’ ဟု လူသိများ ပေ၏။

သွေးအရိုး နဂါး မြို့ကြီးတွင်၊ အခြားသော မြင့်မြတ် မြေများ သာမက၊ အလယ် အလတ် နယ်မြေ များပါ၊ စတည်းချ နေကြသည်။

သို့သော် စစ်မှန်သော အာဏာ ရှင်သည်၊ သွေးအရိုး နယ်မြေ ဖြစ်သဖြင့်၊ မြို့ အတွင်းရှိ လေထုမှာ ထူးခြား နေချေ၏။

အကြောင်းမှာ ဓားသမား တစ်ဦးမှ၊ သွေးအရိုး နယ်မြေအား စိန်ခေါ်စာ ပို့ခဲ့သည် ဟူသော၊ သတင်း သဲ့သဲ့ ကြားလာ ရသော ကြောင့် ဖြစ်သည်။

ထိုသတင်းသည် မြင့်မြတ် မြေများ ကြား၌၊ သွေးအရိုး နယ်မြေ၏ ဩဇာ အာဏာကို မတည် မငြိမ်၊ ဖြစ်လာစေ ပေတော့မည်။

ဖန်းဝူကျိ အသတ် ခံရကာ၊ တာအို လက်နက်အား သိမ်းယူခံ လိုက်ရ၏။ ထို့ကြောင့် လက်တုန့် ပြန်ရန် နဂါး အဆင့်မှ၊ ယွမ်ဟမ်ထျန်းအား စေလွှတ် လိုက်သည်။

သို့သော် ရလာဒ် အနေဖြင့်၊ ကြောင် တစ်ကောင်မှ၊ ၎င်းအား အဝတ် ဗလာ ချွတ်ပြီး၊ သတင်း စကား ပါးခဲ့ကြောင်း ကြားသိ ရသည်။

ထိုသတင်းမှာ အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း၊ မြို့တော် အတွင်း အကြီး အကျယ် ရုတ်ရုတ် သဲသဲ ဖြစ်လာ စေသည်။

နဂါး အဆင့် ပါရမီရှင် များမှာ၊ တူညီသော နယ်ပယ်၌၊ အခြား ပါရမီရှင် များကို အလွယ် တကူ နှိမ်နင်း နိုင်၏။

ကနဦး ကောင်းကင် ဝိညာဉ် ၌သာ ရှိသော ဓားသမား တစ်ယောက်အား ရှုံးနိမ့် ခဲ့ခြင်းသည် မယုံကြည် နိုင်စရာ ပေပင်။

သို့သော် ယွမ်ဟမ်ထျန်း တစ်ယောက်ထဲ ပြန်ရောက် လာသည်ကို မြင်မှ သာလျှင်၊ ပါးစပ် ပိတ်ကုန် ကြသည်။

ယွမ်ဟန်ထျန်း ခေါ်ဆောင် သွားသော အထက် တန်းစား နှစ်ဦးမှာ၊ နဂါး အဆင့်တွင် မရှိ သော်လည်း၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်သည်။

ပို၍ မယုံ နိုင်စရာ ကောင်းသည်မှာ၊ ထိုဓားသမားမှ သွေးအရိုး နယ်မြေ တစ်ခု လုံးအား၊ အမှန်ပင် စိန်ခေါ် လိုက်ခြင်း ဖြစ်၏။

“ ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”

သွေးအရိုး နယ်မြေမှ လူတိုင်းက၊ ယွမ်ဟန်ထျန်း စကားကြောင့် ဒေါသ ထွက်လာ ကြသည်။

လူအုပ်၏ အလယ်တွင် ထိုင်နေသော အဝါဝတ် လူငယ် သည်ပင်၊ သွေးအန် မတက် မျက်နှာ နီမြန်း လာ၏။

“ ဘယ်လို မျက်နှာနဲ့၊ ပြန်လာ ရဲတာလဲ။ ”

အဝါဝတ် လူငယ်က အံကြိတ်လျက်၊ ယွမ်ဟန်ထျန်းအား ကြည့်သည်။ နဂါး အဆင့် ပါရမီရှင် တစ်ဦးသည်၊ နံငယ် ပိုင်းဖြင့် ပြန်လာခဲ့ သည်မှာ၊ သွေးအရိုး နယ်မြေ အတွက် ရှက်ဖွယ် လိလိ ဖြစ်ပေ၏။

သို့မှသာ ယွမ်ယန်ထျန်း တစ်ယောက် ပို၍ ရှက်သွားပြီး ခေါင်းငုံ့လျက်၊

“ လင်းယွန်က စိန်ခေါ်တဲ့ စကား ပါးချင်လို့ ငါ့ကို ပြန်ပို့ လိုက်တာပါ၊ ဆယ်ရက် နေရင်၊ ငါတို့ သူ့ဆီ ကြိုက်တဲ့လူ လွှတ်နိုင် တယ်တဲ့ ... ။ ”

တိုးတိုး တိတ်တိတ် ပျံနှံ့ နေသော သတင်း စကား များမှာ၊ အမှန် ဖြစ်လာ လေပြီ။ ယင်းက သူတို့ အောက်စည်းကို ကျော်လွန် သွားပြီ ဖြစ်၏။

“ ဒါ ပဲ လား၊ ... ”

အဝါဝတ် လူငယ်က မတ်တပ် ထရပ် လာပြီး၊ အေးစက်သော ရောင်ဝါကို ထုတ်လွှတ်လျက်၊

“ မင်း မလာခင် ထဲက၊ ဒီစကားတွေ အားလုံးကို ငါတို့ ကြားပြီးပြီ၊ ငါ ကြား သမျှဟာ အမှားတွေ ပါလို့၊ မင်း ပြောလာ လိမ့်မယ်လို့ ထင်ထားတာ ... ၊ ဒါပေမယ့် ... ”

အဝါဝတ် လူငယ်က စိတ် မထိန်းနိုင် တော့ဘဲ၊ ယွမ်ဟန်ထျန်းအား လက်ဖဝါးဖြင့် ပုတ်ချ လိုက်၏။

“ ..... ။ ”

လက်ဝါး အရှိန်ကြောင့်၊ ယွမ်ဟန်ထျန်း တစ်ယောက် ပျံသန်း သွားပြီး၊ နံရံဖြင့် ထိမှန် ကာ၊ မြေပြင်ပေါ် လျောကျ လာသည်။

ချက်ချင်းပင် ဒူးထောက်လျက်၊ မည်သည့် အရိပ် အယောက်မျှ မပြ ဝံ့ချေ။ ယင်းမှာ ပေါ့ပေါ့ ပါးပါး လက်ဖဝါး တစ်ချက် ဖြစ်၏။

သို့သော် တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၏၊ ခွန်အား ဖြစ်သဖြင့်၊ သူ့ အတွက် မသက်သာ လှချေ။

“ မင်း ... ပြန်မလာ သင့်ဘူး၊ ... ”

အဝါဝတ် လူငယ်မှ ကျေနပ်ပုံ မရသေးဘဲ၊ ကျိန်ဆဲ လိုက်သည်။ ထို့နောက် သူ အကြည့်က လူအုပ်ထံ ကျရောက် သွားကာ၊

“ ငါ့ကိုယ်စား လင်းယွန်ရဲ့ အသက်ကို ဘယ်သူ ယူပေး ချင်လဲ။ ”

-ဟု မေးလိုက်သည်။

ယွမ်ဟမ်ထျန်း အဖြစ်ကို မြင်ပြီးနောက်၊ မည်သူမျှ ယုံကြည်ချက် မရှိ တော့ဘဲ၊ ခန်းမ အတွင်း တိတ်ဆိတ် သွားသည်။

သူတို့ အတွင်း၌ ယွမ်ဟမ်ထျန်းထက် သန်မာသော လူ အများကြီး မရှိချေ။ အဝါဝတ် လူငယ်၏ မျက်နှာမှာ၊ ဒေါသကြောင့် အေးစက် လာစဉ်၊ အသံ တစ်သံ ထွက်ပေါ် လာသည်။

“ ငါ့ကို လုပ်လိုက်မယ်။ ”

ထိုအသံ ပိုင်ရှင်မှာ၊ နဂါး အဆင့် (၄၆)၊ တတိယ ကောင်းကင် ဝိညာဉ်၌ ရှိသော ခုန်းရွှမ် ဖြစ်၏။ သွေးအရိုး နယ်မြေ၏ ဒုတိယ အသန် မာဆုံး ဖြစ်သည်။

“ သူက လင်းယွန်ပါ၊ မင်း ကိုယ်တိုင် ကိုင်တွယ်ပြီး၊ မျက်နှာ ပျက်စရာ မလို ပါဘူး။ ”

“ တကယ်တော့ စီနီယာ အစ်ကို လျှိုနဲ့၊ စီနီယာ အစ်ကို ခုန်းတို့ ရှေ့ထွက် နေစရာ မလို ပါဘူး၊ ဒီဂျူနီယာက တာဝန်ယူ ပါရစေ။ ”

လူငယ် တစ်ဦးက စေတနာ့ ဝန်ထမ်း လုပ်ဖို့ရန်၊ ထရပ် လိုက်သည်။ ၎င်းမှာ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၊ အထွတ် အထိပ် ၌ရှိပြီး၊ နဂါး အဆင့် (၆၇)တွင် ရပ်တည်ထား နိုင်သော၊ ဖန်ယွင် ဖြစ်၏။

တတိယ ဒုက္ခကို အချိန် မရွေး ဖြတ်သန်း နိုင်ပြီး၊ သွေးအရိုး နယ်မြေ၏၊ တတိယ အလား အလာ အရှိဆုံး လူငယ် ဖြစ်သည်။

ယင်းမှာ လင်းယွန်အား ရင်ဆိုင်ရန်၊ အသင့်တော်ဆုံး ပေပင်။ သို့သော် ထိုအမြင် အတိုင်း၊ သူ မလုပ် ချင်ချေ။

သူ့ အနေဖြင့် တတိယ ဒုက္ခအား၊ မကြာမီ ခံယူ ရတော့မည် ဖြစ်သဖြင့်၊ ဖြစ်နိုင်ချေ ရှိသော မတော်ဆမှု တိုင်းကို၊ ရှောင်ရှား လိုသည်။

သို့သော် ခုန်းရွှမ်မှ ရှေ့ထွက် နေပြီ ဖြစ်သဖြင့်၊ သူ့၌ ရွေးချယ်စရာ မရှိ တော့ချေ။

“ မဟုတ်ဘူး ... ၊ မင်းက သူ့ ပြိုင်ဘက် မဟုတ်ဘူး၊ သူ့ကို အနိုင် ယူဖို့ ဆိုတာ ... မင်း အတွက် ခက်လိမ့်မယ်၊ ငါ့တို့ နယ်မြေရဲ့ ဂုဏ် သိက္ခာနဲ့ ဆိုင်တာမို့၊ ဒါကို သေချာအောင် လုပ်ရမယ်။ ”

ထို့နောက် ခုန်းရွှမ်က ပြုံးလိုက်ပြီး၊

“ ငါ သူ့ကို ဖျက်စီးပြီး၊ သွေးအရိုး နယ်မြေရဲ့ ကျွန် အဖြစ် ခိုင်းရမယ်၊ သတ်လိုက် ရုံနဲ့ အရှက် တရားက၊ သန့်စင် သွားမှာ မဟုတ်ဘူး။ ”

-ဆိုလာ သဖြင့်၊ အဝါဝတ် လူငယ်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊

“ ကောင်းပြီ ... ၊ မင်းပဲ တာဝန်ယူ လိုက်ပါ၊ ငါတို့ သွေးအရိုး နယ်မြေရဲ့ အစွယ်ကို လူတိုင်း မြင်အောင် ပြရမယ်။ ”

-ဟု ဖြည့်စွက် လိုက်တော့၏။

လင်းယွန်၏ စိန်ခေါ်မှုကို လက်ခံကြောင်း သွေးအရိုး နယ်မြေက သတင်းလွင့် လိုက်သည်။ ထိုသတင်းမှာ နဂါး ပြည်နယ် တစ်လျှောက် ပျံနှံ့ သွားတော့၏။

ဓားသမား တစ်ယောက်မှ၊ မြင့်မြတ်မြေ တစ်ခု လုံးကို၊ စိန်ခေါ် လိုက်သည် ဟူသော သတင်းမှာ၊ မယုံနိုင် စရာ ပေပင်။

ထို့ပြင် ပြိုင်ဘက်ကို သတ်ရန်၊ ဓား တစ်ချက်သာ လိုသည် ဟူသော လင်းယွန် စကား သည်လည်း၊ ရေးပန်း စား လာတော့၏။

ယင်းက နိမ့်ကျသော နယ်မြေ များမှ၊ ကျင့်ကြံသူတိုင်း အတွက်၊ တိုက်ပွဲဝင် ဆန္ဒ များကို တဟုန်ထိုး မြင့်တက် လာစေသည်။

လင်းယွန် အတွက်မူ ပထမ ဒုက္ခ ခံယူရန်၊ တိတ်ဆိတ်သော တောင်တန်း တစ်နေ ရာ၌၊ ပြင်ဆင် မှုများ ပြုလုပ် နေ၏။

သူတွေ့ရှိ ထားသော ချိုင့်ဝှမ်းမှာ၊ တောက်ပသော အလင်းရောင် များနှင့် အတူ၊ ကြယ်စွမ်းအင် များဖြင့် ပြည့်နှက် နေလေသည်။

ချိုင့်ဝှမ်း တစ်နေရာ၌၊ နတ်ကြယ် ပုလဲ (၁၀၀၀) မှာ၊ မှိုပွင့်ကြီး တစ်ပွင့် ကဲ့သို့ ပျံဝဲနေ ပေ၏။

အကယ် ၍သာ ရုပ်ခန္ဓာ သန်စွမ်းခြင်း မရှိပါက၊ ၎င်းအရေ အတွက် အရ၊ လောင်ကျွမ်း ပြာကျ သွားနိုင်သည်။

နတ်ကြယ် ပုလဲ ၁,၀၀၀ သည် စိတ်ကူး မယဉ် နိုင်သော ပမာဏ ဖြစ်သည့် ကြယ်ပုလဲ၊ (၁၀) သန်းနှင့် ညီမျှသည်။

နဂါး အဆင့် ပါရမီရှင် များပင်၊ တတိယ ဒုက္ခကို ခံယူ ပါက၊ ကြယ်ပုလဲ (၇) သန်းမှ (၁၀) သန်း အတွင်းသာ ရင်ဆိုင် နိုင်ပေ၏။

ထို့ကြောင့် ပထမ ဒုက္ခ အတွက် ပြင်ဆင် နေသော လင်းယွန်၏ လုပ်ရပ်မှာ၊ ရူးသွပ်နေ ခြင်းသာ ဖြစ်ချေပြီ။

“ ငါမှာ ဓားသုတ္တန် နှစ်ခု ရှိတယ်၊ နဂါး တိုက်ပွဲဝင် ခန္ဓာနဲ့၊ ထာဝရ နဂါး ဓား တစ်လက် လည်း ရှိတဲ့ အတွက်၊ နတ်ကြယ် ပုလဲ တစ်ထောင်ကို သန့်စင်နိုင် သင့်တယ်၊ ... ”

“ ... ဒါပေမယ့် ခုနစ်ရက် နေရင်၊ သွေးအရိုး နယ်မြေကို ရင်ဆိုင်ရ တော့မယ်၊ ဒီ ပမာဏက လုံလောက်မယ် မထင်ဘူး … ။ ”

မျက်လုံးများ မှေးစင်းလျက်၊ နတ်ကြယ် ပုလဲ (၅၀၀)ကို ထပ်ထည့်ရန်၊ လင်းယွန် တစ်ယောက် တွက်ဆ ချိန်ထိုး နေခဲ့ လေသည်။

***

All Chapters