ကောင်းကင်ယံ တိုက်ပွဲ။
Vol. 67 Ch. 931
နတ်ကြယ် ပုလဲ (၁,၀၀၀) ဟူသော ပမာဏမှာ၊ ကောင်းကင် ဘုံကို အံတု နေသော အရေ အတွက် ဖြစ်သည်။ ကောင်းကင် လမ်း၌ ဤကဲ့သို့ မိုက်မဲသော အရာ မျိုးကို မည်သူမျှ မလုပ်ဝံ့ ခဲ့ချေ။
ခွန်လွန် နယ်မြေ၏ ပါရမီရှင်များ ပင်လျှင်၊ သည်အချင်း အရာကို ပြုလုပ် ဝံ့မည် မဟုတ် ကြောင်း ပြောနိုင်သည်။
ထို့ကြောင့် နတ်ကြယ် ပုလဲ (၅၀၀) ကို ထပ်မံ ပေါင်းထည့် ခြင်းသည်၊ ရူးသွပ် ခြင်းထက် ကျော်လွန် သွားပြီ ဖြစ်သည်။
“ အဲဒီလောက် အထိ၊ တွေး မနေနဲ့ ... ။ ”
သွေးအရိုး နယ်မြေအား စိန်ခေါ် ရခြင်းမှာ၊ ပထမ ဒုက္ခခံ ယူနေစဉ် အနှောက် အယှက် ကင်းလို သောကြောင့် ဖြစ်သည်။
နဂါးလေးမှ ကာကွယ် ပေးမည် မှန်သော်လည်း၊ မတော်ဆမှု များ မရှိစေ ရဟု အာမခံချက် မရှိချေ။
သွေး အရိုး နယ်မြေ ဖြင့်လည်း၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူကို စေလွှတ်ကာ၊ သူ့အား ညှဉ်းပန်း နှိပ်စက်ရန်၊ အစီစဉ် ချမှတ် ထားမည်မှာ သေချာသည်။
မြင့်မြတ်မြေ များသည် မာနကြီး လွန်းချေ၏။ ထို့ကြောင့် ၎င်းတို့အား ရိုက်နှက် နိုင်ပါက၊ များစွာ အရသာ ရှိပေမည်။
သူတို့အား ရင်ဆိုင် ရာ၌၊ ဓားသမား တစ်ယောက် အနေနှင့်၊ ဆုံးဖြတ်ချက် ပြတ်သား ရန် လိုပေမည်။
ထို့ကြောင့် ဆုံးဖြတ် ချက်ချ လိုက်ပြီး၊ နောက်ထပ် နတ်ကြယ် ပုလဲ (၅၀၀) ကို ဖြန့်ကျဲ လိုက်သည်။
လေထု အတွင်းရှိ၊ ကြယ်စွမ်းအင် များက ရွှေရောင် မီးတောက်များ အဖြစ်သို့၊ ပြောင်းလဲ သွားပြီး၊ နောက်ဆုံးတွင် မီးပင်ကြီး အဖြစ် ဖွဲ့တည် လာ၏။
တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး သည်ပင်၊ ဤမီးပင်လယ် အတွင်း၌ ထိုင်နေ ခဲ့ပါမူ၊ လောင်ကျွမ်း သွားမည် ဖြစ်သည်။
သို့သော် သူ့ကဲ့သို့ ရူးသွပ် သူများ၊ ကောင်းကင် လမ်း၌ မရှိဟု၊ တစ်ထစ်ချ မပြော နိုင်ချေ။ ယင်းကြောင့် ဤအရာအား လုပ်ဆောင် နေခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက် အနည်းငယ်က၊ သူ့ ခန္ဓာအား ကျင့်သားရ စေရန် နတ်ကြယ် ပုလဲ အနည်းငယ်ဖြင့်၊ သန့်စင်ပေး ခဲ့သည်။
တစ်ဖက်တွင် ပြီးပြည့် စုံသော ဝိညာဉ်ရေး ဓား ရှိသဖြင့်၊ ၎င်းကို လုပ်ဆောင်နိုင် မည်ဟု ယုံကြည် သည်။
ထိုယုံကြည်မှုသည် သူ့ အရိုး ထဲ၌ နက်ရှိုင်းစွာ ထွင်းထု ထားပြီး၊ ဖျောက်ဖျက်၍ မရချေ။
နတ်ကြယ် ပုလဲ (၁၅၀၀)ကို ကိုင်တွယ်ရန်၊ ခရမ်းရောင် ပန်းများ ပွင့်နေသော အပြာရောင် သစ်ပင်ကြီး၊ ထွက်ပေါ် လာသည်။
အရေပြား ပေါ်ရှိ နဂါး ရူရ် များမှ၊ ရွှေရောင် မီးလျှံများ တောက်ပ လာပြီး၊ အကန့် အသတ် မရှိသော ကြယ်စွမ်းအင် များကို ခန္ဓာကိုယ် ထဲသို့၊ စုပ်ယူ လိုက်သည်။
ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ အထွတ် အထိပ်၌ ရှိနေပြီ ဖြစ်သော်လည်း၊ ဒုက္ခကို မခံ ယူမီ၊ အဆုံး စွန်သော ကန့်သတ် ချက်ထိ၊ ရောက်လို မိသည်။
ထို့ကြောင့် ခန္ဓာ ကိုယ်မှ အကန့် အသတ်မဲ့ ကြယ် စွမ်းအင်များ စုပ်ယူ နေသဖြင့်၊ နဂါး ရူရ် များ တောက်ပ လာပြီး၊ အပူချိန် တိုးလာ တော့၏။
စူးရှသော အပြာရောင် ဓား ရောင်ခြည် များက၊ ချွေးပေါက် များမှ တဆင့်၊ တိုးထွက် လာလေသည်။
ထိုမီးတောက် များကြောင့် သူ့ ခန္ဓာမှာ၊ ကန့်သတ် ချက်ထံ ချက်ချင်း ရောက်ရှိ သွားပြီး၊ ခြိမ်းခြောက်ခံ လာရ တော့၏။
ရုပ်ခန္ဓာနှင့် မူလ စွမ်းအင် တို့မှာ၊ တစ်ဖြည်းဖြည်း ပြောင်းလဲ လာသည်။ အသွင် ကူးပြောင်း မှုသည် မျှော်မှန်း ထားသည့် အတိုင်း၊ ချောမွေ့ နေ၏။
သို့သော် ရုပ်ခန္ဓာ ကန့်သတ်ချက်မှာ၊ သူ ထင်ထား သည်ထက် ပို၍ မြန်ဆန် လာသည်။ ကံကောင်း ထောက်မ စွာဖြင့်၊ ထာဝရ ဓားက၊ မီး ပင်လယ်၏ ဖိအားကို ခုခံပေး နိုင်ခဲ့၏။
မျက်စိ တစ်မှိတ် အတွင်း၊ မီး ပင်လယ် တည်း၌ ထိုင်လျက်ဖြင့်၊ နှစ်ရက်တာ ကုန်ဆုံး သွားသည်။
ထိုနှစ်ရက် လုံးလုံး၊ ဓားရောင်ဝါ အပြင် ဘက်တွင်၊ မီး ပင်လယ်ရှိ အကန့် အသတ်မဲ့ ကြယ် စွမ်းအင် များက၊ သူ့ကို ဝိုင်းရံ ထား၏။
“ ..... ။ ”
ရုတ်တရက် လင်းယွန်၏ ခန္ဓာ ကိုယ်မှ ရွှေရောင် အလင်းများ ဖြာထွက် လာပြီး၊ အရှိန် အဝါများ ပေါက်ကွဲ လာသည်။
ထိုရွှေရောင် အလင်းများ အောက်တွင် အရိုးနှင့် အတွင်း အင်္ဂါများ ပြောင်းလဲ နေ၏။ ရှန်ရှင်း နယ်ပယ်တွင် ချဲ့ထွင်ထား ခဲ့သော ဒွါရ ခုနစ်ပါးမှာ၊ တဖြည်းဖြည်း ပွင့်လာသည်။
၎င်းတို့ ပွင့်လာ သည်နှင့် အမျှ၊ ဒုတိယ ရောင်ဝါ သမုဒ္ဒရာကြီး တစ်စင်း၊ ထပ်၍ ဖြစ်ပေါ် လာ၏။
ထိုအချိန်တွင် ကြယ်စွမ်းအင် များမှာ၊ သူ့ခန္ဓာ၏ အစိတ် အပိုင်း တိုင်းကို၊ သန့်စင်ပေး နေသည်။
ကောင်းကင် ဝိညာဉ် နယ်ပယ်၌၊ လက်နှစ်ဖက်ကို ပထမဆုံး ရွေးချယ် ရပေမည်။ ဓားသမား တစ်ဦး အနေနှင့် တိုက်ခိုက် ရာ၌ လက်များမှာ၊ များစွာ အသုံးဝင် ချေပြီ။
အခြား တစ်ဖက်တွင် အဓိက ပြောင်းလဲမှု ဖြစ်သော ရောင်ဝါ သမုဒ္ဒရာ သည်လည်း၊ ပထမ သမုဒ္ဒရာနှင့် ယှဉ်လျှက်၊ ထပ်မံ ဖြစ်တည် လာမည် ဖြစ်သည်။
ယင်းသည် ဒုတိယ ခရမ်းရောင် နန်းတော် တစ်ခု၊ ဖြစ်တည် လာခြင်းနှင့် ညီမျှပြီး၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ များကိုပင်၊ တိုက်ခိုက်နိုင် ပေမည်။
ထို့ကြောင့် ယွမ်ဟမ်ထျန်း ဖြင့်သာ၊ ထပ်မံ ရင်ဆိုင် ရပါက၊ အလွယ် တကူ နှိမ်နင်း နိုင်မည် ဖြစ်၏။
အထက်ပါ အချင်းအရာ များမှာ၊ ပထမ ဒုက္ခကို ဖြတ်ကျော် ပြီးမှသာ ဖြစ်နိုင် ပေမည်။ လက်ရှိ အချိန်၌ ကြယ်စွမ်းအင် များကြောင့်၊ ရုပ်ခန္ဓာမှာ အကန့် အသတ် ရောက်ရှိ နေပြီ ဖြစ်သည်။
ထို့ကြောင့် ပထမ ဒုက္ခမှာ၊ အချိန် မရွေး ကျရောက် လာနိုင်၏။ နတ်ကြယ် ပုလဲ အရေ အတွက်မှာ၊ ဓားသာ မရှိ ပါက ပေါက်ကွဲ နိုင်ပေ လိမ့်မည်။ နဂါး ခန္ဓာသည် ဤမျှသော ကြယ် စွမ်းအင်ကို ခံနိုင်ရည် မရှိချေ။
ချိုင့်ဝှမ်း အပြင် ဘက်တွင် နဂါးလေးမှာ ကြောင် ပုံစံဖြင့်၊ သစ်ပင် အိုကြီး တစ်ပင် ပေါ်၌ ရပ်ကြည့် နေခဲ့၏။
“ ဂျိန်း ... ဒလိန်း လိန်း ဒိန်း။ ”
ချိုင့်ဝှမ်း အထက် ကောင်းကင် ယံ၌၊ မိုးကြိုးတိမ်တိုက် များဖြင့်၊ ပြည့်နှက် နေပြီး၊ လေထုမှာ အုံ့မှိုင်း နေချေပြီ။
“ ဒလိန်း ... လိန်း ... ။ ”
ကောင်းကင်ဘုံ ကပ်ဘေးမှာ၊ ကြောက်မက်ဖွယ် ကောင်းပေ၏။ သို့သော် ဒုတိယ ရောင်ဝါ သမုဒ္ဒရာကို၊ ဖွဲ့တည် ထားနိုင် သဖြင့်၊ အောင်မြင်ရန် အခွင့် အလမ်း မြင့်မား လေသည်။
“ ဂျိန်း ... ။ ”
မိုးကြိုးများ အဆက်မပြတ် ပစ်ချ လာချိန်တွင်၊ ဒုတိယ ရောင်ဝါ သမုဒ္ဒရာမှာ၊ မတည် မငြိမ် ဖြစ်လာပြီး၊ ပြိုကျ တော့မည့် လက္ခဏာများ ပြသ လာလေသည်။
ထိုအချိန်တွင် ပစ်ကိုင်းကြီး ပေါ်ရှိ၊ နဂါးလေးက ကောင်းကင်ကို ရန်လို စွာဖြင့်၊ ပြန်မော့ ကြည့်လိုက်သည်။
“ ဂျိန်း ... ။ ”
အကန့် အသတ် မဲ့သော မိုးကြိုး များက၊ မီးစက်လုံးကြီး တစ်လုံး ကဲ့သို့၊ လေထု အတွင်း ဖွဲ့စည်း နေခဲ့သည်။
“ ဂျိန်း ... ဒလိန်း ... လိန်း၊ ဂျိန်း ... ။ ”
မီးစက်လုံး ကိုးလုံး ပြည့်သွား ချိန်၌၊ လေးကြိုးမှ လွတ်ထွက် လာသော မြှား ကိုးစင်း အလား၊ တဟုန်ထိုး ဆင်းသက် လာ၏။
ယင်းမှာ မိုးကြိုး ကိုးစင်း ကောင်းကင်ဘုံ ကပ်ဘေး ဖြစ်သည်။ ကျယ်လောင်သော မိုးခြိမ်း သံများ အောက်တွင်၊ ဓားရောင်ဝါမှာ မိုးပြာ နဂါး တစ်ကောင် အဖြစ်၊ အသက်ဝင် လာသည်။
ထို မိုးပြာ နဂါးသည် ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ မိုးကြိုး ကိုးစင်းရှိ လျှပ်စီးနှင့်၊ လေ စွမ်းအင်အား ခွဲထုတ် ပစ်၏။
“ ဒိန်း ... ။ ”
အနီရောင် ကောင်းကင်အား နောက်ခံ ပြုလျက်၊ မိုးပြာ နဂါးနှင့် လျှပ်စီး သားရဲကြီး ကိုးကောင်မှာ၊ ဆက်လက် တိုက်ပွဲ ဝင်ကြ တော့သည်။
ဝိညာဉ်ရေး ဓားကြောင့်၊ အပြာရောင် နဂါးကြီး၏ မျက်လုံး များမှာ၊ စူးရဲ တောက်ပ နေ၏။
မိုးကြိုး ကိုးစင်း ဖြစ်ပေါ် လာသည်နှင့်၊ အပြာရောင် ထိုနဂါးမှ ချက်ချင်း ဖြိုချ လိုက်ပြီး၊ လက်ကျန် လျှပ်စီး သားရဲ များကို၊ တဟုန်ထိုး လက်စတုံး ပေးလိုက်သည်။
အထက်ပါ ဖြစ်စဉ်များ အတိုင်း၊ ချိုင့်ဝှမ်း အထက် လေထု အလယ်၌၊ စဉ်ဆက် မပြတ် ဖြစ်ပွား နေခဲ့၏။
များမကြာခင် လင်းယွန်ကို ဖုံးအုပ် ထားသည့် နဂါး ရူရ် များ၌ အက်ကြောင်းများ ပေါ်လာ တော့သည်။
နဂါး ရူရ် များမှာ သူ၏ နောက်ဆုံး အားကိုးရာ ဖြစ်သဖြင့်၊ ပြိုကျသွား ပါက မိုးကြိုး ထိမှန် သေဆုံး ရပေမည်။
ဆံနွယ်များ လေထဲ တဖျပ်ဖျပ် လွင့်မျော လာစဉ်၊ နာကျင်မှု များကြောင့် မျက်ဝန်းအား ဖွင့်ကြည့် လိုက်မိသည်။
သို့သော် ယင်းမှာ၊ သူ ရွေးချယ် ခဲ့သော လမ်းဖြစ် သဖြင့်၊ ကြောက်ရွံ့လျက် နောင်တရ မိခြင်း မရှိချေ။
“ ထာဝရ နဂါး ။ ”
ကောင်းကင်ရှိ အပြာရောင် နဂါးကြီးက၊ အမြီးကို ယမ်းလျက်၊ အနားရောက် လာသော လျှပ်စီး သားရဲ နှစ်ကောင်အား၊ ဖျက်ဆီး ပစ်လိုက်သည် ။
ထို့နောက် ကျန်ရှိ နေသော လျှပ်စီး သားရဲ နှစ်ကောင်ထံ လှမ်းကိုက် လိုက်၏။ တိုက်ပွဲမှာ ရက်စက် လွန်းသဖြင့်၊ အပြာရောင် နဂါးသည် အသက် ငွေ့ငွေ့ မျှသာ ကျန်ရှိ တော့သည်။
၎င်းထံမှ ပြုတ်ကျ လာသော အကြေးခွံ များသည်၊ ခရမ်း ပြာရောင် ဓားအလင်း များဖြင့်၊ တောက်ပ နေချေ၏။
ထို့ကြောင့် အပြာရောင် နဂါး ကြီးမှာ၊ နာကျင်လာ ဟန်ဖြင့်၊ ကျယ်လောင်စွာ ဟစ်ကြွေး လိုက်တော့သည်။
နာကျင်မှုသည် ဒေါသ အဖြစ်သို့ ပြောင်းလဲကာ၊ ပို၍ ကြမ်းကြုတ် လာပြီး၊ လျှပ်စီး သားရဲ ငါးကောင်ထံ၊ လှည့်ကြည့် လိုက်၏။
ရုတ်တရက် နဂါး ရူရ်များ ပေါက်ကွဲ ကုန်သဖြင့်၊ သွေးအန် လိုက်ရသည်။ အက်ကွဲရာ များက၊ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ သွားပြီး၊ သွေးများ စိမ့်ထွက် လာ၏။
ထို့စဉ် လျှပ်စီး သားရဲ တစ်ကောင်မှာ၊ အပြာရောင် နဂါး၏ ချုပ်နှောင်မှုမှ လွတ်မြောက် လာလေသည်။
ယင်းသည် အန္တရာယ် ရှိသော၊ အခြေ အနေဖြစ်၏။ ထိမှန် ပါက မီးသွေးတုံး အဖြစ်၊ ပြောင်းလဲ သေဆုံး သွားနိုင် ပေမည်။
***