← Chapters

ခွန်အားအတွက် ကြီးမားသောမြှင့်တင်မှု။

Vol. 67 Ch. 932

ခွန်အားအတွက် ကြီးမားသောမြှင့်တင်မှု။

Vol. 67 Ch. 932

ကောင်းကင်မှ ကြက်သွေးရောင် လျှပ်စီး သားရဲကြီး လွတ်မြောက် လာချိန်၌၊ လင်းယွန်၏ ရုပ်ခန္ဓာမှာ ပေါက်ကွဲ လုနီးပါး ဖြစ်လာသည်။

သူ့ကို ကာကွယ် ထားသော နဂါး ရူရ် များသာ မရှိ ပါက၊ အခြေ အနေမှာ ဆိုးရွား သွားမည် ဖြစ်၏။

“ ငါ သေတော့ မှာလား။ ”

စိတ်ထဲ၌ မြင်ကွင်း များစွာ ပေါ်လာပြီး၊ နှလုံးသားမှာ တုန်ယင် သွား၏။ ချက်ချင်းပင် ခန္ဓာအား စွန့်ချင် စိတ်များ ဖြစ်ပေါ် လာသည်။

ခန္ဓာ စွန့်ခြင်းဖြင့် ဤဝေသနာမှ လွတ်မြောက် နိုင်သည်။ သို့သော် စိတ်ထဲဝင် လာသော ထိုအတွေး များကို နှလုံးသားက ငြင်းဆန်၏။

“ ငါ ဘာလို့ သေချင် ရမှာလဲ၊ ငါက ဓားသမား မဟုတ်လား၊ ဒါကို လွယ်လွယ်နဲ့ အရှုံး မပေး သင့်ဘူး။ ”

ပတ်ဝန်းကျင်ရှိ ကြယ်စွမ်းအင် များကို ရွှေရောင် တံဆိပ် တစ်ခု အဖြစ်၊ စတင် ဖွဲ့စည်း ဝါးမျို လိုက်သောကြောင့်၊ သူ့ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လာသည်။

“ နေနတ်ဘုရား တံဆိပ်။ ”

လျှပ်စီး သားရဲကို ရူရ်များမှ မခုခံ နိုင်ပါက၊ သနား စရာ အဖြစ် ဆိုးဖြင့်၊ သေဆုံး သွာရမည် ဖြစ်သည်။

ထို့ကြောင့် ယခု အချိန်၌ နောက်ဆုံး မျှော်လင့်ချက်ကို၊ နေနတ်ဘုရား တံဆိပ်ထံ လောင်းကြေးထပ် မိသည်။

သာမာန် ကျင့်ကြံသူ တစ်ဦး အနေဖြင့်၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကပ်ဘေး ခံယူ ခြင်းသည်၊ အန္တရာယ် မရှိ နိုင်ချေ။

အရင်း အနှီး အလုံ အလောက်သာ ရှိနေ ပါက၊ ပထမ ဒုက္ခမှာ လေပြေ လေညင်း ပေပင်။ တတိယ ဒုက္ခကို ဖြတ်ကျော် ပြီးမှသာ အန္တရာယ် ရှိလာ နိုင်မည် ဖြစ်သည်။

လင်းယွန်မှာ သာမန် ကျင့်ကြံသူ တစ်ဦး မဟုတ်ချေ။ ယင်းကြောင့် လျှပ်စီး သားရဲအား နေနတ် ဘုရား လက်သီးနှင့် ချေမှုန်းရန်၊ ရူးသွပ်သော အမှုကို ပြုလုပ် လိုက်သည်။

ခန္ဓာကိုယ် အနှံ့ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ လက်ပေါ်ရှိ ရွှေ တံဆိပ်မှာ ရုတ်တရက် အသွင်ပြောင်း သွား၏။

“ ချိုး ဖြတ် စမ်း ... ။ ”

တံဆိပ်ရှိ ထိုအပြောင်း အလဲကို ဂရုမစိုက် အားဘဲ၊ လက်သီးအား ဆုပ်ကာ၊ လေထဲ ထိုးချ လိုက်သည်။

“ ဝုန်း ... ။ ”

နတ်ကြယ် ပုလဲ များ၏ ဖိအားကြောင့် ခန္ဓာကိုယ်မှာ အက်ကွဲလျက် ပြိုကျတော့မည့် အသွင်၊ ပြသ နေသဖြင့်၊ တံဆိပ်အား ဆက်၍ သိပ်သည်း စေပါက၊ ပေါက်ကွဲ သွားမည် ဖြစ်သည်။

ထို့ကြောင့် နေနတ် ဘုရား လက်သီးကို ထုတ်ဖော်လျက် ကြယ်စွမ်းအင် များကို စွန့်ပစ် လိုက်ရခြင်း ဖြစ်သည်။

ကြယ်စွမ်းအင်များ များစွာ လျော့ကျ လာသဖြင့်၊ ရောင်ဝါ သမုဒ္ဒရာ အသစ်မှာ အနည်းငယ် တည်ငြိမ် သွားသည်။

တစ်ချိန်တည်း မှာပင် အက်ကွဲ နေသော ခန္ဓာကိုယ် သည်လည်း ပြန်လည် ကောင်းမွန် လာ၏။ သို့သော် သန့်စင်ခြင်း လုပ်ငန်းစဉ်မှာ အပြီး မသတ် သေးချေ။

ဤနည်းဖြင့် ချိုင့်ဝှမ်း အတွင်း၌ သုံးရက်ကြာ ပိတ်မိ နေခဲ့သည်။ လျှပ်စီး သားရဲများ ကျွံထွက် လာသည့် အခိုက်တွင်၊ နေနတ် ဘုရား တံဆိပ် အား ထုတ်ဖော်လျက်၊ ဖြိုခွင်း နေခဲ့သည်။

ဒုတိယ ရောင်ဝါ သမုဒ္ဒရာမှာ၊ ပြီးပြည့် စုံသော အသွင်နှင့် မွေးဖွား လာ၏။ ထို့နောက် အပြာရောင် နဂါး၊ နေနတ် ဘုရား တံဆိပ်နှင့်၊ ကြက်သွေးရောင် လျှပ်စီး တို့မှာ၊ ရွှေမှုန်များ အဖြစ်၊ တဖွဲဖွဲ ရွာချ လာတော့သည်။

“ ဝှစ် ... ။ ”

ဤဖြစ်စဉ်မှာ တန်ခိုးရှင် တစ်ဦး မွေးဖွား လာသကဲ့သို့၊ ထင်မှားလာ မိစေ၏။ သည့်နောက် မျက်လုံးများ ဖွင့်ကာ၊ လေထဲ လက်သီနှင့် ထိုးချ လိုက်သည်။

“ ဝုန်း ... ။ ”

လေဟာနယ်မှာ၊ ရုတ်တရက် ဥက္ကာခဲ တစ်လုံး ပြုတ်ကျ လာကဲ့သို့၊ ပေါက်ကွဲ သံများ ဖြစ်ပေါ် လာ၏။

ဤလက်သီးမှာ နဂါး အဆင့် အောက်ရှိ၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦးအား၊ အလွယ် တကူ ဒဏ်ရာ ရရှိ စေမည် ဖြစ်သည်။

ထို့နောက် ရောင်ဝါ သမုဒ္ဒရာ နှစ်စင်းကို လှည့်ပတ်ကာ၊ ခန္ဓာ ကိုယ်၏ ထောင့်တိုင်းသို့၊ စွမ်းအင်များ ဖြည့်သွင်း လိုက်သည်။

၎င်းစွမ်းအားမှာ သိပ်သည်း လွန်းသဖြင့် ထုတ်ဖော် လိုက်ပါက၊ မည်မျှ အစွမ်း ထက်နိုင် မည်ကို တွေးဆ၍ မရပေ။

အတွေး တစ်ချက်နှင့် အတူ လက်သီးမှ အလင်း ရောင်မှာ၊ မှိန်ဖျော့ ပျောက်ကွယ် သွား သည်။

အစောပိုင်း ကာလတွင်၊ နတ်ကြယ် ပုလဲ (၁၅၀၀) ဟူသော ပမာဏကြောင့်၊ ပထမ ဒုက္ခ ဖြတ်ကျော် ပြီးပါက၊ စွမ်းအားကို မထိန်းချုပ် နိုင်တော့ မည်အား စိုးရိမ် ခဲ့သည်။

ယခုမူ အလို ရှိသည့် အတိုင်း၊ ထိန်းချုပ် နိုင်သော လက္ခဏာ ဖြစ်သဖြင့်၊ ပြုံးရယ်လိုက် မိတော့သည်။

ရုပ်ခန္ဓာ၏ ပြန်လည် ကုသ နိုင်စွမ်းမှာ၊ လျင်မြန် လှသော်လည်း၊ ရေရှည်၌ မြုံနေသော ဒဏ်ရာများ ချန်ထား ခဲ့နိုင်မည်။

ထိုအချိန်၌ နတ်ဘုရား ဖြစ်လျှင်ပင်၊ တစ်နှစ်ထက် ပို၍ အသက်ရှင် နိုင်မည် မဟုတ် ချေ။

ယခုမူ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၌ တည်ငြိမ် သွားပြီ ဖြစ်သဖြင့်၊ ၎င်းအတွက် စိုးရိမ် နေစရာ မရှိ တော့ချေ။

“ အရမ်း ကောင်းတယ်။ ”

ရုပ်ခန္ဓာအား စစ်ဆေး ပြီးနောက်၊ အတွေးများက သွေးအရိုး နယ်မြေထံ ရောက်ရှိ သွားသည်။

ရိုးရိုး သားသား ဝန်ခံရပါမူ၊ နယ်မြေ (၁)သောင်း ပါဝင်သော ဤကောင်းကင် လမ်း၌၊ ပယင်း နယ်မြေ၏ ဓားနန်းတော်မှ လာသည့် ဓားသမား တစ်ယောက် အဖြစ်၊ သူ့ အမည်ကို လူတိုင်း ရင်ထဲ၊ ရိုက်သွင်း ထားလိုသည်။

“ ကောင်းပြီ ... ၊ အကျိုးဆက် အနေနဲ့၊ နေနတ်ဘုရား တံဆိပ်မှာ ပိုပြီး ကျွမ်းကျင်လာ ပုံရတယ်၊ တစ်ချက်လောက် စမ်းကြည့် ရအောင်။ ”

လက်ဖဝါးကို ဖွင့်လိုက် သည်နှင့် ရှေးဟောင်း တံဆိပ် တစ်ခု ဖြစ်ပေါ် လာသည်။ ထိုတံဆိပ်မှာ ယခင် ကထက် များစွာ သပ်ရပ် နေ၏။

နတ်ဘုရား အရှိန် အဝါများ ထုတ်လွှတ် ထားသည့်၊ ရှေးဟောင်း စာလုံး တစ်လုံးနှင့် ပို၍ တူသည်။

အရေး အကြီးဆုံး အချက်မှာ၊ မူလ စွမ်းအင်ကို လှည့်ပတ် နေစရာ မလိုဘဲ၊ ဆင့်ခေါ် ထားနိုင်ခြင်း ဖြစ်၏။

ရောင်ဝါ သမုဒ္ဒရာ နှစ်ခုအား လည်ပတ် စေလျက်၊ မူလ စွမ်းအင်အား လောင်းထည့် လိုက်ရာ၊ တံဆိပ် ထံမှ သလင်း ရွှေရောင် အလင်းများ ထုတ်လွှတ် လာသည်။

“ ကနဦး ကျွမ်းကျင်မှု အဆင့်။ ”

တစ်ချိန် တည်းမှာပင်၊ ကောင်းကင်၌ တောင်ပံ လူသား တစ်ဦး ထွက်ပေါ် လာပြီး၊ ချိုင့်ဝှမ်း အနှံ့၊ အလင်းများ ဖြန့်ကျက် လိုက်၏။

“ အုန်း ... ။ ”

ထို့နောက် ၎င်းလူသားက မြေပြင်ကို လက်သီးနှင့် ထိုးချ လိုက်သည်။ မြေပြင် အနှံ့ အက်ကွဲ ကြောင်းများ၊ ပျံ့နှံ့ သွား၏။

“ ဝရော ... ။ ”

လက်သီး လှိုင်းမှာ၊ ပြင်းထန် လွန်းသဖြင့်၊ ချိုင့်ဝှမ်း ပတ်ပတ်လည်ရှိ တောင်ငယ်များ ပြိုကျ လာကုန်သည်။

ကျောက်တုန်း အပိုင်းအစ များက၊ သူ့အား မြှပ်ပစ် တော့မည့် အချိန်တွင်၊ ထက်ရှသော ဓား တစ်လက် ကောင်းကင်ပေါ် ထိုးတက် လာကာ၊ ၎င်းတို့အား အမှုန် အဖြစ်သို့၊ ပြောင်းလဲ ပစ်လိုက် လေသည်။

ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်မှာ၊ လုံးဝ ပိတ်ဆို့ သွားပြီ ဖြစ်သည်။ အပြာရောင် နဂါး၏ ကောက်ကြောင်းကို၊ ၎င်းနှင့် ဖန်တီးထားပြီး၊ ဓားကြိုး တိုင်း၌ မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်များ ပါရှိ နေ၏။

ဆိုလို သည်မှာ ဝိညာဉ်ရေး ဓားချင်း ယှဉ်ပါက၊ မည်သူမျှ သူ့ ပြိုင်ဘက် မဟုတ် တော့ချေ။

တစ်စုံ တစ်ယောက် သည်သာ အဝေးမှ ကြည့်ခွင့် ရမည် ဆိုပါက၊ အပြာရောင် နဂါးအား နဂါး အစစ် တစ်ကောင် အဖြစ်၊ ထင်မြင်မိ ပေမည်။

၎င်းအား ဓား ရည်ရွယ်ချက်မှ မွေးဖွား ထားခြင်း ဖြစ်သည်ဟု၊ ပြောလျှင်ပင် ယုံကြမည် မဟုတ်ချေ။

“ မ ဆိုး ဘူး ... ။ ”

တိုးတက်မှု အတွက် အားရ ကျေနပ်စွာ ရေရွတ် မိသည်။ ကောင်းကင် ဓားကို ဆက်၍ ဆုပ်ကိုင် နိုင်ပါက၊ နဝမမြောက် ကောင်းကင် လမ်းအား၊ ကိုင်လှုပ် နိုင်မည် ဖြစ်သည်။

သို့သော် ရှန်ရှင်း ဓားကို နားလည်မှု ရယူရာ၌၊ အသက်နှင့် သေခြင်းအား ဖြတ်သန်းခဲ့ ရသည်ကို သတိရ သွားသည်။

ယင်းကြောင့် ကောင်းကင် ဓားမှာ၊ လွယ်ကူမည် မဟုတ်ကြောင်း၊ ခန့်မှန်းလာ နိုင်သည်။

ဝိညာဉ်ရေး ဓားကို ရှာဖွေ ရာ၌ အန္တရာယ် တစ်စုံ တစ်ရာ မရှိခဲ့ သော်လည်း၊ ကံတရားနှင့် ကြိုးစား အားထုတ် ရသည်။

ဤအခိုက် အတန့်တွင် နဂါလေးမှာ ကောင်းကင်ပေါ် ပျံတက် လာပြီး၊ လင်းယွန်ထံ ငုံ့ကြည့်ကာ ထိတ်လန့် သွားသည်။

ယင်းကို မြင်ချိန်၌ လင်းယွန် တစ်ယောက် ဂုဏ်ယူစွာ ပြုံးလိုက် မိ၏။ ပထမ ဒုက္ခ မခံယူမီ၊ သူ့ ခွန်အားမှာ နဂါးလေးထပ် နိမ့်ကျ ပေသည်။

ယခုမူ များစွာ သန်မာ လာပြီ ဖြစ်၏။ သူသည်သာ အားနည်း နေပါက၊ အရင်း အမြစ် များကို၊ နဂါးလေးမှ မလု ယက်ဟု မည်သူမျှ အာမ၊ မခံ နိုင်ချေ။

“ နဂါးလေး သွားစို့ ... ၊ ဒီလူတွေ စိတ်ဆိုး နေလောက်ပြီ။ ”

လင်းယွန်က ပြုံးကာ ဆိုမိသည်။ ပထမ ဒုက္ခခံယူ နေချိန်တွင်၊ သူနှင့် ပတ်သတ်သော လှိုင်းများ ကယက်ရိုက် နေမည်မှာ သေချာ၏။

ကောင်းကင်လမ်း တစ်လျှောက် တစ်ဦး တစ်ယောက်မှ မြင့်မြတ်မြေ တစ်ခု လုံးအား၊ စိန်ခေါ်ဝံ့ ခြင်းမျိုး မရှိ ခဲ့ချေ။

ထို့ကြောင့် သူ သေမည့် အရေးကို၊ လာရောက် စောင့်မျှော် ကြည့်ရှုမည့် သူများ ရှိပေမည်။

“ တောင်းပန် ပါတယ်၊ မင်းတို့တွေ စိတ်ပျက်သွား မှာကို၊ ငါ ကြောက်မိတယ်၊ သွေး အရိုး နယ်မြေလား ... ”

“ ... မင်းတို့ ငါ့ အသက်ကို လိုချင်ရင်၊ မင်းတို့ရဲ့ လက်သီး ဘယ်လောက် ပြင်းလဲပေါ် မူတည် လိမ့်မယ်။ ”

စူးရှသော မျက်ဝန်း များ၌၊ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာပြီး၊ အဝေးကို ငေး ကြည့်လျက်၊ လင်းယွန် တစ်ယောက် ပြုံးရယ် လိုက်မိ လေသည်။

***

All Chapters