ဘယ်သူ ငါ့ကို တိုက်ချင် တာလဲ။
Vol. 67 Ch. 933
တိမ်မီးလျှံ မြို့သည်၊ နဂါး တားမြစ် နယ်မြေ၏ မြို့ငယ်လေး မျှသာ ဖြစ်၏။ သေးငယ် လွန်းသောကြောင့် မြို့ ဟုပင် မသတ်မှတ် ကြချေ။
တားမြစ် နယ်မြေသို့ သွားရာ လမ်းတွင်၊ ခရီးတစ်ထောက် အနားရန် နေရာ အဖြစ်သာ အသုံးပြု ကြသည်။
သို့သော် လင်းယွန်ကြောင့် မြို့မှာ နေ့ချင်း ညချင်း နာမည်ကြီး လာ၏။ များပြား လှသော လူအုပ်ကြောင့်၊ မြို့နေ လေထုမှာ အလွန် တင်းကြပ် လာသည်။
ဤတိုက်ပွဲအား ကြည့်ရန်၊ ဆယ်ရက် အတွင်း ကျင့်ကြံ သူများ တဖွဲဖွဲ ရောက်ရှိလာ နေသည်။
သွေးအရိုး နယ်မြေ၏ အဖွဲ့သား များမှာ၊ ငါးရက် အလို ကတည်း ကပင်၊ ရောက်ရှိ လာခဲ့ သည်။ လင်းယွန် သည်သာ ပျောက်ချက်သား ကောင်းနေ၏။
တစ်ဦး တစ်ယောက်တည်း ခွန်အားဖြင့်၊ မြင့်မြတ်မြေ တစ်ခု လုံးကို စိန်ခေါ် ခဲ့ သည်မှာ၊ လှည့်စား ခြင်းမျှသာ ဖြစ်ကြောင်း၊ သတင်းများ ထွက်ပေါ် လာသည်။
သွေးအရိုး နယ်မြေ၌၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ အဆင့်၊ ကျွမ်းကျင်သူ နှစ်ဦး ရှိ နေသည် ဖြစ်ရာ၊ မြင့်မြတ် မြေများ ကြား၌ပင်၊ သတိထား စရာ ဖြစ်သည်။
စစ်မှန်သော အင်အားစု တစ်ခုနှင့် မတွေ့ မချင်း မည်သူ့ ကိုမျှ၊ ကြောက်ရွံ့ရန် အကြောင်း မရှိပေ။
ထို့ကြောင့် လင်းယွန်မှ ထွက်ပြေးရန် အတွက်၊ လှည့်စား ခဲ့ခြင်း ဖြစ်သည်ဟု ထင်ကြ သည်မှာ၊ သဘာဝ ပေပင်။
အထူး သဖြင့် ဤတိုက်ပွဲမှာ လင်းယွန် အပေါ်၊ တရား မျှတမှု မရှိသော အဓိပ္ပါယ်မဲ့ ယှဉ်ပြိုင်မှု ဖြစ်သည်။
သို့သော် အခြားသော မြင့်မြတ်မြေ များမှာမူ၊ လင်းယွန် တစ်ယောက် သွေးအရိုး နယ်မြေ လက်၌၊ ကြောက်မက်ဖွယ် သေခြင်း တရားဖြင့်၊ အဆုံးသတ် စေရန် မျှော်လင့်မိ ကြသည်။
ထို့ကြောင့် သူရဲ ဘောကြောင်သော ပုရွက်ဆိတ်၊ မောက်မာ လွန်းသော အရူး၊ စသော နည်းမျိုးစုံဖြင့်၊ ထိုးနှက်ကာ လင်းယွန် ရောက်လာ စေရန်၊ ကြိုးစား ကြသည်။
“ ဆယ်ရက် ပြည့်ပြီ၊ သူ ဘယ်မှာလဲ။ ”
သွေးအရိုး နယ်မြေ စခန်းချရာ အရပ်တွင်၊ လင်းယွန်၏ သတင်း မျှကိုပင် မကြားရ သဖြင့်၊ စိတ်ဓာတ်ကျ လာကုန်သည်။
သူတို့မှာ ငါးရက် ကြို၍ စောင့်နေ သော်လည်း၊ တစ်ဖက် လူအား မည်သည့် နေရာ တွင်မှ မတွေ့ရှိ ရသေးချေ။ ပတ်ဝန်းကျင်မှ လှောင်ပြုံး များ ကိုသာ မြင်လာ ရသည်။
ဤလင်းယွန် ရောက်မလာ ပါက၊ ခက်ရ ချေမည်။ သွေးအရိုး နယ်မြေ ဟူသော အမည်မှာ တန်းဆင်းရ လုနီးပါး၊ ကျဆင်း လာပြီ ဖြစ်သည်။
ထိုအခြေ အနေကို ကယ်တင် နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ၊ လင်းယွန်အား သတ်ခြင်းသာ ဖြစ်၏။
ယင်းကြောင့် သူတို့ အားလုံး စိတ်မရှည် နိုင်တော့ သည်မှာ၊ သဘာဝ ပေပင်။ ယွမ်ဟမ်ထျန်းမှာ စိန်ခေါ် စကားကို ပြန်သယ် လာသူ ဖြစ်သဖြင့်၊ အစိုးရိမ် ဆုံးလူ ဖြစ်သည်။
လင်းယွန် မလာခဲ့ ပါက၊ သွေးအရိုး နယ်မြေ၏ ပိုးမွှား တစ်ကောင် အဖြစ် သူ့အား ဖယ်ကြဉ် ကြတော့ ပေမည်။ အဆုံးတွင် လျှိုမူမှ သူ့ အသတ်အား ယူသွားမည် ဖြစ်၏။
“ သူ လာမှာပါ ... ။ ”
ယွမ်ဟမ်ထျန်းက ဖျော့တော့စွာ တုန့်ပြန် လိုက်သည်။
“ ဟမ့် ... ၊ သူ မလာ ခဲ့ရင် ကောင်းကင် လမ်းကို စွန့်သွား လို့ပဲ ဖြစ်မယ်။ ”
ယွမ်ဟမ်ထျန်း ဘေးရှိ လူငယ်က ထင်ကြေးပေး လိုက်သည်။ မည်သူ မဆို သေမှာ ကြောက်သော်၊ နဂါး တံဆိပ် ပြားအား ချိုး၍၊ မူလ နယ်မြေသို့၊ ပြန်သွား နိုင်သည်။
“ စိတ်မပူနဲ့ ၊ သူ လာလိမ့်မယ်။ ”
ခုန်းရွှမ်၏ မျက်လုံးများ ပွင့်လာပြီး၊ ပြောလေသည်။ သူ့ စကားက လူအုပ်ကို ငြိမ်ကျ သွားစေ၏။ နဂါး အဆင့်(၄၇)၌ ရှိသော သူ၏ ဖြစ်တည်မှုမှာ၊ လူတိုင်း အတွက် အသိ အမှတ် ပြုစရာ ပေပင်။
“ ဓားသမား ဆိုတာ ... ၊ သူတို့ စကား အတိုင်း ပြုမူ ရလိမ့်မယ်။ ”
လူတိုင်း အတွက် နားမလည် နိုင်သော ခံစားချက်ကို ဖြစ်ပေါ် စေသည့်၊ ရောင်ဝါအား ထုတ်ဖော်လျက်၊ ခုန်းရွှမ်က ဆိုသည်။
မြင့်မြတ် မြေများ အတွက်၊ ပထမ ကောင်းကင်နှင့် ဒုတိယ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိရန် လွယ်ကူ၏။
တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ အတွက်မူ၊ အသက်နှင့် သေခြင်းကို ရင်ဆိုင်ပြီး မှသာ၊ ရောက်ရှိနိုင် ချေမည်။
ထို့ကြောင့် တတိယ ဒုက္ခကို ကျော်လွှား နိုင်သူ သည်သာ၊ စစ်မှန်သော ကျွမ်းကျင်သူ တစ်ယောက် ဖြစ်၏။
“ ဓားသမား ဆိုတာ ကတိကို စောင့်ထိန်း ရတယ်၊ ကတိ ပျက်လို့ မရဘူး၊ ကတိ ဖျက်ရင် သူတို့ နှလုံးသား ပျက်စီးသွား လိမ့်မယ်၊ ... ”
“ ... ပြီးတော့ ငါတို့နဲ့ ဆုံရမယ့် ရက်ကို သူသတ်မှတ်ပေး လိုက်တာ၊ အဓိပ္ပါယ်က သူ့မှာ အစီ အစဉ် ရှိတယ်၊ ပထမ ဒုက္ခကို ဖြတ်ကျော်ဖို့ ကြိုးစား နေတာပဲ ဖြစ်ရမယ်။ ”
ခုန်းရွှမ်က တည်ငြိမ်စွာ ရှင်းပြ လိုက်သည်။ သူ့ ရှင်းပြ ချက်ကို လူတိုင်း ကြားလိုက်ရ သဖြင့် ငြိမ်သက် သွား ကြသည်။ သို့သော် စိတ်မချ နိုင်သေးချေ။
“ ဒါဆို သူ့က လှည့်စားခဲ့ တာပေါ့၊ ကောင်းကင် ဒုက္ခ ခံယူ နေတုန်း၊ သူ့ကို သတ် သင့်တယ်၊ အဲဒါက ပိုလွယ် ကူမယ် မဟုတ် လား။ ”
လူငယ် တစ်ဦးက စိတ်လှုပ်ရှား စွာဖြင့် သူ့ အမြင်ကို ချပြ လာသည်။
“ အဆင် ပြေမယ် မထင်ဘူး၊ သတ်မှတ်ရက် မတိုင်မီ လှုပ်ရှား မိရင်၊ သူ့ အတွက် အကြောင်း ပြချက် ရပြီး၊ ထွက်ပြေး သွား နိုင်တယ်၊ ... ”
“ ... အရှင်းဆုံး ပြောရရင် သူ့ကို အနိုင် ယူဖို့၊ ဘယ်သူ ကများ ယုံကြည်ချက် ရှိလို့လဲ၊ စီနီယာ အစ်ကို လျှိုနဲ့၊ ငါပဲ ရှိတယ်၊ ... ”
“ ... ဒါကြောင့် ငါတို့ အချိန်ကို မဖြုန်း ချင်ဘူး၊ ဒီမှာ စောင့်နေ တာက အချိန်ကုန် သက်သာ တယ်၊ နဂါး တားမြစ် နယ်မြေက မကြာခင် ဖွင့်တော့မယ် မဟုတ်လား၊ ... ”
“ ... ပြီးတော့ ဘာလို့ ... ၊ ငါတို့က သူ့ကို နှောက်ယှက် ရမှာလဲ၊ ဒါက ပထမ ဒုက္ခ လေးပါ၊ အသက်နဲ့ သေခြင်းကို ဖြတ်ကျော် နေတာမှ မဟုတ်တာ ... ။ ”
ခုန်းရွှမ်မှာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိချေပြီ။ လင်းယွန် ဟူသည် သူ့ အမြင်၌ အမှိုက် တစ်စ မျှသာ ဖြစ်နေဆဲ ဖြစ်၏။
“ ဒါတော့ အမှန် ပါပဲ ... ၊ စီနီယာ အစ်ကိုခုန်း ရှိနေ မှတော့ သူ သေမှာ သေချာတယ်။ ”
“ ငါတို့ သွေး အရိုး နယ်မြေကို၊ စော်ကားခြင်းရဲ့ အကျိုးဆက၊ သူ ခံစားရ လိမ့်မယ်။ ”
“ နေဦး ... သူ့ကို သတ်လိုက်ရင်၊ အရမ်းလွယ် သွားလိမ့်မယ်၊ ရောက်လာ တာနဲ့ ဒူး ထောက်ပြီး တောင်းပန် ခိုင်းရအောင်။ ”
လူတိုင်းက ခုန်းရွှမ်၏ ခွန်အားကို ယုံကြည် လေသည်။ ထို့ကြောင့် ခုန်းရွှမ် မျက်နှာ၌ အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊ ထရပ် လိုက်၏။
တစ်ဆက် တည်းမှာပင်၊ ထက်ရှသော ဓားတစ်လက်၊ မီးလျှံ မြို့သို့ ချဉ်းကပ်လာ နေ သည်ကို ခံစား လိုက်မိသည်။
“ သူ လာပြီ ... ။ ”
ခုန်းရွှမ် စကားကြောင့်၊ လူတိုင်း ပါးစပ် ပိတ်ပြီး၊ သတိ အနေ အထားဖြင့်၊ ကောင်းကင် ပေါ် မော့ကြည့် လိုက်၏။
“ သူ့ကို ကြိုဆို ရအောင် ... ။ ”
ခုန်းရွှမ်က ဦးဆောင်ကာ ကောင်းကင်ပေါ်၊ ပျံတက်သွား သဖြင့်၊ သူ့အဖွဲ့သား များက ဒရော သောပါး၊ လိုက်ပါ လာကြသည်။
သူတို့ နောက်မှ အခြားသော ကျင့်ကြံသူ များက၊ ကတိုက် ကရိုက် ခုန်တက် လိုက်ပါလာ ကုန်၏။ အများ စုမှာ လင်းယွန်းကို မမြင်ဖူး ကြသဖြင့်၊ သိချင် လာကြပြီ ဖြစ်သည်။
မိုးကုပ် စက်ဝိုင်း အစပ် နေရာ၌၊ အနက်ရောင် အစက် ငယ်လေး တစ်စက်၊ မြို့ ထံသို့ လျင်မြန်စွာ ချဉ်းကပ် လာနေသည်။
“ အဲ့ဒါ ... ၊ လင်းယွန် လား။ ”
“ သူ တကယ် လာတာပဲ၊ သတ္တိ ရှိလိုက်တာ။ ”
“ ဟုတ်ပါ့ ... ၊ သွေးအရိုး နယ်မြေက၊ ကိုင်တွယ်ရ မခက် ဖူးလို့ ထင်နေပုံ ရတယ်၊ ဒါက ကိုယ်သေတွင်း ကိုယ်တူး တာနဲ့ အတူတူပဲ။ ”
လင်းယွန် ချဉ်းကပ်လာ သည်နှင့်၊ တစ်မြို့လုံး ဝေဖန် သံများ ဆူညံ သွားသည်။ မြင့်မြတ် မြေမှ အထက် တန်းစား များက၊ ဝမ်းသာ ပျော်ရွှင် နေကြပြီး၊ အဆင့်နိမ့် နယ်မြေ များက၊ စိတ်ပူ လာကြသည်။
သို့သော် သူတို့ အမြင်၌၊ လင်းယွန် မလာ သင့်ချေ။ သွေးအရိုး နယ်မြေအား စိန်ခေါ်ရန် ခွန်အား မရှိ သေးဟု၊ ပြောနိုင်သည်။
များမကြာခင်၊ အပြာဝတ် လူငယ် တစ်ဦး ဓားသေတ္တာ တစ်လုံးအား ထမ်းပိုးလျက်၊ မြို့ထဲ ဝင်ရောက် လာသည်။
နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားမှာ၊ မြင်ရသူ တိုင်းကို ထားခြားသော ခံစားချက်များ ပေးစွမ်း လေသည်။
အပြာရောင် မိုးကောင်းကင် ဂိုဏ်းမှ ဆင်းသက် လာသော လူငယ် တစ်ယောက်၏၊ ဤအထိ တက်လှမ်း လာနိုင်သော ခရီးစဉ်မှာ မလွယ်ကူ ခဲ့ချေ။
မြို့ထဲရှိ အမျိုး သမီးငယ် အချို့က၊ မှော်ဆန်သော လင်းယွန်၏ အသွင်ကြောင့်၊ အနည်းငယ် ရှက်ရွံ့ ကုန်ကြသည်။
ကောလ ဟာလ များ၌၊ လင်းယွန် တစ်ယောက်၊ မည်မျှ ချောမော ခန့်ငြားကြောင်း မပါရှိ ခဲ့ချေ။ ၎င်းယောကျ်ား ထုမှာ ဝန်တို စိတ်ဖြင့်၊ ကွယ်ဝှက် ထားပုံ ရချေပြီ။
နဂါးလေးမှာ လူ အများ၏ အာရုံကို ဖမ်းစား နိုင်ခဲ့သည်။ နောက်ဆုံးတွင် ယွမ်ဟမ်ထျန်းအား လုယက် ခဲ့သည့်၊ ကြောင်ဖက်တီး တစ်ကောင် အကြောင်းကို လူတိုင်း ရင်းနှီးနေ ချေသည်။
ဖော်ရွေသော အပြုံး တစ်ပွင့် နှင့်အတူ၊ အပြာရောင် ပုံရိပ်က မြို့ရိုးပေါ် ဆင်းသက် လာပြီး၊
“ ငါ့ နာမည် ပန်းသင်္ချိုင်း၊ ဘယ်သူ ငါ့နဲ့ တိုက်မှာလဲ ... ၊ လာ ... ။ ”
-ဟု ဖိတ်ခေါ် လိုက်တော့သည်။
***