ငါ့ကို စာသင် ပေးမို့လား။
Vol. 67 Ch. 934
တစ်မြို့လုံး တိတ်ဆိတ် သွား၏။ မြင့်မြတ်မြေ များ ရှေ့၌ပင်၊ ဤလင်းယွန်မှာ မောက်မာခြင်း အမှုကို၊ ပြုဝံ့ နေဆဲ ဖြစ်သည်။
“ သွေးအရိုး နယ်မြေရဲ့ ရှေ့မှာ၊ မင်း မောက်မာ ဝံ့သလား ဟမ့် ... ။ ”
သွေးအရိုး နယ်မြေ၏၊ အထက် တန်းစား တစ်ဦးမှ၊ သည်းမခံ နိုင်တော့ ဟန်ဖြင့်၊ အော်ငေါက် လိုက်သည်။
တစ်ဖက် လူ၏ အပြု အမူ များမှာ၊ သူတို့ကိုယ်တိုင် ကျင့်သုံး နေခဲ့ ကြသော အမူ အကျင့်များ ဖြစ်ချေ၏။
အောက်တန်းစား နယ်မြေမှ၊ ယင်းသို့ ပြန်လည် ငုံ့ကြည့် ခံရ လိမ့်မည်ဟု တစ်သက် မထင်ထား မိချေ။
“ ဝှစ် ... ။ ”
ရုတ်တရက် ယွမ်ဟမ်ထျန်းက မြို့ရိုးပေါ် ခုန်တက် လာပြီး၊ သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်ဖော်လျက်၊ လင်းယွန်ထံ ကြည့်သည်။
“ မင်း တကယ် လာဝံ့လား၊ သေမှာ မကြောက် ဖူးလား လင်းယွန်။ ”
ကျန်သူများ ကလည်း၊ အလားတူ အကြည့်များဖြင့် ကြည့်လာ ကြသည်။ သို့သော် လင်းယွန်မှ ဂရု မစိုက်ချေ။
“ ငါက စိန်ခေါ် ခဲ့တဲ့ လူပဲ၊ မလာပဲ နေစရာလား၊ ဒါနဲ့ ငါ့ကို စကား လာပြော ရအောင်၊ မင်းက သွေးအရိုး နယ်မြေကို ကိုယ်စား ပြုရဲ့လား၊ ... ”
“ ... ဒါမှ မဟုတ် မင်းတို့ အားလုံးလား၊ ဘာပဲ ဖြစ်ဖြစ် အရေး မကြီး ပါဘူး၊ အမှိုက် ဆိုတာ ဘယ်လောက် များများ အမှိုက် ပါပဲ။ ”
မောက်မာ ခြင်းနှင့် ကိုယ်ရည် သွေးလို သည်လော။ ထိုဝေါဟာရအား သွေးအရိုး နယ်မြေကို သင်ပေး ရန်၊ သည်နေ့ ဆုံးဖြတ် ထားပြီ ဖြစ်သည်။
ယွမ်ဟမ်ထျန်း ကိုမူ၊ မျက်လုံးထဲ မရှိ တော့ချေ။ ဤသည်မှာ နတ်ကြယ် ပုလဲပေါင်း (၁၅၀၀)မှ၊ အခြေခံ လာသော ယုံကြည်မှု ဖြစ်သည်။
“ မင်း သေချင် နေတာလား ... ။ ”
တစ်ဖက်လူ မျက်လုံး ထဲရှိ၊ အထင် အမြင် သေးခြင်းကို မြင်လိုက် ရသော အခါတွင်၊ အသိ တရားများ ဆုံးရှုံး သွားသည်။
“ ဝှစ် ... ။ ”
ခုန်းရွှမ် အားကိုးနှင့်၊ လင်းယွန်အား သူ မကြောက်ချေ။ ထို့ကြောင့် ချက်ချင်း ပြေးဝင် တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။
“ ငါတို့ တိုက်တုန်းက၊ သတိ မမူမိ ခဲ့လို့ပဲ၊ ဒါကို မင်းက ငါ့အပေါ် တကယ် အနိုင်ယူ နိုင်ပြီ လို့၊ ထင်နေ တာလား၊ ဟမ့် ... ။ ”
နဂါး အဆင့် ပါရမီရှင် တစ်ယောက် အနေနှင့်၊ သူ့ အမှားအား မြင်နိုင် ခဲ့သည်။ ထို့ကြောင့် လင်းယွန်အား ပြန်လည် အနိုင်ယူ ပြကာ၊ အရှက် တရားအား ဆေးကြော လိုမိ၏။
လင်းယွန်က ပြန်လည် တိုက်ခိုက်ရန်၊ သမုဒ္ဒရာ နှစ်စင်းကို တစ်ပြိုင် နက်တည်း၊ လှည့်ပတ် လိုက်သည်။
“ ဝှစ် ... ။ ”
ထို့နောက် ဝင်ရောက် လာသော၊ ယွန်ဟမ်ထျန်း ရင်ဘတ်အား အသာ အယာ ထိုးချ လိုက်၏။
“ အွတ် ... ။ ”
ယွန်ဟမ်ထျန်း ခမျာ နာကျင် မှုကြောင့်၊ မျက်နှာ တစ်ပြင်လုံး ရှုံ့တွ လာပြီး၊ မြေပြင်ပေါ် ချက်ချင်း လဲကျ သွားသည်။
“ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ။ ”
ဆယ်ရက် အကြာတွင် လင်းယွန်၏ ခွန်အားမှာ၊ မယုံနိုင် လောက်အောင် တိုးပွားလာ သဖြင့်၊ ယွမ်ဟမ်ထျန်း တစ်ယောက် အကြောက် တရားများ၊ ပြန်လည် ဝင်ရောက် လာသည်။
“ ဖယ် စမ်း ... ။ ”
လက်အား ဆန့်ထုတ် လိုက်ပြီး၊ လေလှိုင်းဖြင့် ယွမ်ဟမ်ထျန်းကို ဖယ်ရှား ပစ် လိုက်သည်။
ယွမ်ဟမ်ထျန်းမှာ အမှိုက် တစ်စ ကဲ့သို့ တလွယ်တကူ လွင့်စဉ် သွား၏။ ဤသည်မှာ တုန်လှုပ်ဖွယ် ကောင်းသော အပြု အမူ ပေပင်။
“ တကယ်ပဲ ... ၊ သွေးအရိုး နယ်မြေက စိတ်ပျက် စရာ ပါလား၊ ပုရွက်ဆိတ် တစ်အုပ်နဲ့၊ ငါ့ လမ်းကို လာရှုပ်ဝံ့ တယ်ပေါ့၊ ဟမ့် ... ။ ”
လင်းယွန် ငြီးငွေ့လာ ဟန်ဖြင့် မေးလိုက်သည်။ သွေးအရိုး နယ်မြေ၏ အထက် တန်းစား များမှာ၊ ချွေးသီးများ စီးကျ လာ၏။
ဖျော့တော့ အသွင်ဖြင့်၊ အသံပင် မထွက်ရဲ တော့ချေ။ ဤလင်းယွန်သည် ပယင်း နယ်မြေမှ လာသည် ဟူသော၊ စကားများ အပေါ် သံသယ ဝင်လာ ကြသည်။
“ သွေးအရိုး နယ်မြေမှာ ... ၊ ဘယ်သူမှ မရှိဖူးလို့ ဘယ်သူ ပြောလဲ၊ ဟမ့် ... ၊ မင်းရဲ့ ပြိုင်ဘက်က ငါ ခုန်းရွှမ်ပဲ။ ”
ရုတ်တရက် သတ်ဖြတ် လိုသော ဆန္ဒများ၊ တစ်မြို့လုံး အပေါ် လွှမ်းခြုံ လာပြီး၊ လေထုအား တင်းကြပ် သွားစေ ခဲ့၏။
နဂါး အဆင့် (၄၇)၌ ရှိသော ခုန်းရွှမ်မှာ၊ အမှန်ပင် လင်းယွန်အား သတ်ရန် ထွက်လာ ခဲ့လေပြီ။
၎င်းမှာ သွေးအရိုး နယ်မြေ၏၊ ဒုတိယ အသန်မာဆုံး ဖြစ်ပြီး၊ နယ်မြေ တစ်ခုလုံးကို ကိုယ်စား ပြုနိုင် ပေ၏။
ခုန်းရွှမ်က ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ အရှိန် အဝါအား ထုတ်ဖော်လျက်၊ မြို့ရိုးပေါ် ဆင်းသက် လာသည်။
ခုန်းရွှမ် အမည်မှာ နဂါး ပြည်နယ်တွင်၊ ကျော်ကြားလှ သောကြောင့်၊ လူတိုင်း စိတ် လှုပ်ရှား ကုန်၏။ လင်းယွန် အတွက် မျှော်လင့်ချက် မရှိနိုင် တော့ချေ။
“ စီနီယာ အစ်ကို ... ။ ”
အသက်မဲ့ ကုန်သော သွေးအရိုး နယ်မြေ၏ အထက် တန်းစား များမှာ၊ သတ္တိများ ပြန်လည် ဝင်ရောက် လာသည်။
ခုန်းရွှမ်သည် လင်းယွန်အား ကျွန် အဖြစ် ခိုင်းစေ မည်ဟု၊ ခိုင်ခိုင် မာမာ ကြေငြာ ထားသူ ဖြစ်၏။
“ ကောင်းကင်လမ်း ဆိုတာ၊ အခွင့် အရေး တွေနဲ့ ပြည့်နှက် နေတယ်၊ မျက်တောင် တစ်ခတ်စာ အတွင်း၊ လူများ စွာက ... ”
“ ... ရှင်သန် ထမြောက် လာသလို၊ လဲကျ ကုန်တာလည်း ရှိတယ်၊ စစ်မှန်သော ကျွမ်းကျင် သူတွေက၊ သွေးကို မီးနဲ့ ဖွဲ့စည်း ထားတယ်၊ မင်းက သူတို့ မဟုတ်ဘူး။ ”
စကား ပြောနေစဉ်၊ လင်းယွန်၏ ဓားရောင်ဝါရှိ ပြစ်ချက်အား ရှာဖွေရန်၊ ကြိုးစား လိုက်သည်။ ခုန်းရွှမ်၏ မျက်လုံးများ တောက်ပ လာပြီး၊
“ ငါ ခုန်းရွှမ်၊ ကောင်းကင် လမ်းကို ရောက် ကတည်းက၊ တိုက်ပွဲပေါင်း တစ်ရာကျော် ဆင်နွှဲ ပြီး၊ အသက်ရှင် နိုင်ခဲ့တယ်၊ ... ”
“ ... ငါရဲ့ သွေးအရိုး နယ်မြေသာ တစ်စုံ တစ်ယောက်ရဲ့ စော်ကားခြင်း မခံ ရရင်၊ ဒီနေ့ ငါ ထွက်လာမှာ မဟုတ်ဘူး။ ”
မြင့်မြတ်သော နယ်ပယ် များ၏ မောက်မာမှုသည် အကန့် အသတ် မရှိမှန်း သိသာ နေသည်။ ခုန်းရွှမ် အသွင်မှာ၊ ပြိုင်ဘက် အပေါ်၊ လုံးဝ ခေါင်းထဲ ရှိပုံ မရချေ။
အခြေခံ အားဖြင့်၊ မြင့်မြတ် မြေ၏ နယ်မြေသား တစ်ဦးကို သတ်ပစ် ခြင်းသည် သေဒဏ် ဖြစ်၏။ သို့မဟုတ် ပါက မြတ်မြတ် မြေများကြား၊ ခေါင်းဖော် နိုင်တော့မည် မဟုတ်ချေ။
“ ငါဆိုတဲ့ လင်းယွန်က၊ ခဏတာ တောက်ပမဲ့ ကြယ်တံခွန် တစ်စင်း ဖြစ်နေ ရင်တောင်၊ ကျေကျေ နပ်နပ် ခံယူမယ်၊ ... ”
“ ... ဒီအချိန်မှာ၊ မင်းလို ခွေး တစ်ကောင် ဖြစ်နေတာထက် စာရင်၊ ငါ့ရဲ့ ကိုယ်ပိုင် အလင်း ကို၊ ထုတ်လွှတ် နိုင်တယ် မဟုတ်လား။ ”
လင်းယွန်က ကြောက်ရွံ့မှု မရှိဘဲ၊ ခုန်းရွှမ် မျက်လုံး များကို တည့်တည့် စိုက်ကြည့်ကာ၊ ဆို လေသည်။
မြင့်မြတ် မြေများ အတွက်၊ လင်းယွန်၏ မောက်မာ မှုမှာ၊ မျက်စိ စပါးမွှေး စူးစရာ ပေပင်။ ထို့ကြောင့် ခုန်းရွှမ်က သတ်ဖြတ် လိုသော ရောင်ဝါအား စုဆောင်း နေခဲ့သည်။
နဂါး အဆင့်မှ ပါရမီရှင် များပင်၊ သူ့အား ဤသို့ မခိုင်းနှိုင်း ဝံ့ချေ။ ယင်းကို လင်းယွန်မှ ပြုမူ လာသည်။
“ မင်း ... အချိန် ကျပြီ။ ”
ထို့နောက် မူလ စွမ်းအင်များ လှိုင်းထ လာပြီး၊ ကြက်သွေးရောင် အလင်းများ ခုန်းရွှမ် လက်သီး၌ တောက်ပ လာ၏။
“ စီနီယာ တွေကို ... ၊ ဘယ်လို လေးစား ရမယ် ဆိုတာ ... ၊ မင်းကို ငါ သင်ပေးမယ်။ ”
ရောင်ဝါ သမုဒ္ဒရာ လေးစင်း လည်ပတ် လာပြီး၊ အကန့် အသတ် မဲ့သော မူလ စွမ်းအင် များကို၊ လှိုင်းအသွင် ခန္ဓာကိုယ် အနှံ့ ထောက်ပံ့ ပေးလိုက်သည်။
တစ်ချိန်တည်း မှာပင် ကြက်သွေးရောင် ချပ်ဝတ်နှင့်၊ ဧရာမ ရေဘီလူးကြီး တစ်ကောင် ကောင်းကင်မှ ဆင်းသက် လာ၏။
“ သွေးအရိုး မိစ္ဆာ လက်သီး။ ”
ကြက်သွေးရောင် ရေဘီလူး ကြီးက၊ လင်းယွန်အား လက်သီးဖြင့် ထိုးချ လာသည်။ ဖြစ်စဉ်မှာ ကြီးမားလွန်း သဖြင့် မြို့ပေါ်တွင်၊ အရိပ် မည်းကြီး ဖုံးလွှမ်း သွား၏။
သွေးအရိုး မိစ္ဆာ လက်သီးသည်၊ ယွမ်ဟမ်ထျန်းထက် များစွာ ပိုသန်မာ သဖြင့်၊ လင်းယွန် အမူ အရာမှာ လေးနက် သွားသည်။
သူ့ အနေဖြင့် မောက်မာ သော်လည်း၊ ပြိုင်ဘက် များအပေါ်၊ ပေါ့ပေါ့ တန်တန် ရင်ဆိုင် တက်ခြင်း မရှိချေ။
လက်ကို ဖြန့်ကာ၊ ရှေးဟောင်း တံဆိပ် တစ်ခုအား ဆင့်ခေါ်လျက်၊ မူလ စွမ်းအင်များ လောင်းထည့် လိုက်သည်။
( ဒီခုန်းရွှမ်က ငါ့ကို သင်ခန်းစာ တစ်ခု သင်ပေးချင် နေတာလား၊ ကောင်းပြီ ဘယ်သူက ပိုပြီး စာတက်လဲ ကြည့်မယ် ... ။ )
***