ဓား ချက်တိုင်းက တစ်ချက် ပါပဲ။
Vol. 67 Ch. 935
လင်းယွန်က ကောင်းကင်ပေါ် ပျံတက် လိုက်စဉ်၊ ရွှေရောင် အလင်းများ ရုတ်တရက် ဖုံးလွှမ်း သွားသည်။
ဤအခိုက် အတန့်တွင်၊ သူ ထုတ်လွှတ် လာသော ရောင်ဝါမှာ၊ နေမင်းကြီး တစ်စင်း အလား ထင်မှား လာစေ၏။
အလင်း ရောင်ကို ထုတ်လွှတ်ရုံ သာမက အပူလှိုင်း များကိုလည်း ထုတ်လွှတ် လေသည်။ အပူရှိန် ပြင်းလွန်း သဖြင့် ပတ်ဝန်းကျင်ရှိ၊ ကြယ် စွမ်းအင်များ လှိုင်းထ ကုန်၏။
“ နေရဲ့ အလင်း … ။ ”
အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ထုတ်ပြ မိသော ခုန်းရွှမ်မှာ ရွှေရောင် အလင်း များကို မြင်ချိန်၌ စိုးရိမ် စိတ်များ ဝင်ရောက် လာသည်။
သူ၏ ထက်မြက်သော အာရုံမှ၊ ရန်သူ့ လက်သီးတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိကြောင်း ခံစား မိသည်။
“ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ၊ ဒီလူ ဒါကို ... ၊ ဘယ်လိုများ လေ့ကျင့် နိုင်ရ တာလဲ။ ”
ခုန်းရွှမ် နှလုံးသားမှာ လှိုင်းသဖွယ် တဆက်ဆက် တုန်ခါ လာပြီး၊ လင်းယွန်ကို ပြန်ကြည့် မိသည်။
ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို လေ့ကျင့်ရန်၊ အသက်အား လောင်းကြေး ထပ် ထားရ ပေသည်။
လင်းယွန်၏ စွန့်စား ဝံ့မှုမှာ၊ သူ့ မျှော်လင့် ချက်ထက် ကျော်လွန် သွားခဲ့သည်။ သို့သော် ရုတ်တရက် အတွေး တစ်ခု ဝင်လာ၏။
ဘုန်းနေမင်း ဝိညာဉ် အတွက်၊ သွားရာ လမ်းတွင်၊ ဤနည်းစနစ်ကို ရရှိထား ခြင်းဖြစ် ပေမည်။ ထို့ကြောင့် မနာလို စိတ်များ ဝင်ရောက် လာ၏။
လက်ရှိ နည်းစနစ်မှာ၊ ဆန်းပြား လှပြီး၊ ရှုပ်ထွေးလှ သဖြင့်၊ လင်းယွန် တစ်ယောက် စွမ်းအား အပြည့်၊ ထုတ်လွှတ် နိုင်ဦးမည် မဟုတ်ချေ။
လင်းယွန်ကို သတ်ရန် လာသော သည်ခရီးတွင်၊ ဤမျှ အကျိုး အမြတ် ရလိမ့် မည်ဟု၊ မထင်ထား သည်မှာ အမှန် ပေပင်။
လောဘကြောင့် ချက်ချင်း သတ်ပစ်ရန်၊ မူလစွမ်းအင် များကို၊ အရူး အမူး လောင်းထည့် လိုက်သည်။
သို့သော် သူ့လက်သီး၊ လင်းယွန်ထံ ထိမှန် ခါနီးတွင်၊ ကောင်းကင်မှ ရွှေရောင် အလင်းများ ရုတ်တရက် ဖြာကျ လာသည်။
တိမ်တိုက် များကို ခွဲကာ နေမင်း ကြီးမှ၊ ချောင်းကြည့် နေဟန်နှင့် တူသည်။
“ နေနတ်ဘုရား တံဆိပ်။ ”
လင်းယွန်က အော်ဟစ် လိုက်သည်။ ဤသည်မှာ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ မူလ စွမ်းအင် အကုန် အစင် ထုတ်လွှတ် မိခြင်း ဖြစ်သည်။
ထိုစဉ် နေရောင်ခြည် များက ကြက်သွေးရောင် ရေဘီလူး ကြီးနှင့်၊ ထိပ်တိုက် တွေ့ဆုံ သွားသည်။
“ ဝှစ် ... ။ ”
လေဟာနယ် ပုံပျက် သွားပြီး၊ ရပ်ကြည့် နေသော ပတ်ဝန်း ကျင်ရှိ ကျင့်ကြံသူ အချို့ကို၊ သွေးအန် လာစေ၏။
တစ်ချိန် တည်းမှာပင် လင်းယွန်၏ နေရောင်ခြည် ပေါ်၌၊ အက်ကွဲ ကြောင်းများ ထွက်ပေါ် လာသည်။
ကွဲအက် လာသော အလင်း များက၊ အမှုန်အမွှားများ အဖြစ် မိုးနှင်းများ သဖွယ်၊ ရွာချ လာသည်။
ထိုမိုးနှင်း များကြောင့်၊ မြေပြင်၌ မရေ မတွက် နိုင်သော မီးလောင် ပေါက်များ ဖြစ်ပေါ် လာ၏။
“ နောက်ဆုံးတော့ မင်းက အရူး တစ်ယောက်ပဲ၊ ကြယ်တံခွန် တစ်စင်းလို ခဏတာ တောက်ပဖို့ အတွက် ... ”
“ ... တကယ် ရည်မှန်းထား တာလား၊ ဒီလိုမျိုး ရတနာ တွေက မင်းဆီမှာ ဖြုန်းတီးရာ ရောက်တယ်။ ”
ခုန်းရွှမ်က သူ့ မှန်းဆ ချက်အား အတည်ပြု နိုင်ပြီ ဖြစ်သောကြောင့် လှောင်ပြောင် ရယ်မော လိုက်သည်။
လင်းယွန်မှာ ၎င်း၏ ကျင့်ကြံမှုဖြင့်၊ ဘုရင် အဆင့် ကိုယ်ခံ ပညာ စွမ်းအားကို၊ အပြည့် အဝ ထုတ်လွှတ် နိုင်ခြင်း မရှိချေ။ နောက်ဆုံးတွင် ထိုနည်းစနစ်အား၊ ရိတ်သိမ်းနိုင် တော့မည် ဖြစ်သည်။
ခုန်းရွှမ်မှာ တိုက်ပွဲတွင် အသာစီး ရနေ သဖြင့်၊ လင်းယွန် မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားသည်။
သို့သော် နေနတ် ဘုရား တံဆိပ်သည် ဤမျှ မရိုး ရှင်းချေ။ နေမင်း ကြီးက ၎င်း၏ အလင်းကို ဆက်လက် သွန်းလောင်း ပေးသဖြင့်၊ တံဆိပ်မှာ ယခင်ထက် ပို၍ တောက်ပ လာသည်။
ယင်းသည် စစ်မှန်သော နေနတ်ဘုရား တစ်ပါးမှ ထုတ်လွှတ် ထားသော ရောင်ဝါလို ပေပင်။ အသက် ပြင်းပြင်းရှူ လိုက်ပြီး၊
“ နေမင်း ရောင်ခြည် - ထာဝရ ဘုန်း။ ”
လေထု ထဲ၌ အတောင်ပံ လူသား တစ်ယောက် ပေါ် လာပြီး၊ တောင်ပံ တစ်စုံကို ဖြန့်ချ လိုက်သည်။
“ ဖရူး ... ။ ”
တစ်ချိန် တည်းမှာပင် ခုန်းရွှမ် လက်ထဲရှိ၊ သွေးအရိုး မိစ္ဆာ တံဆိပ်မှာ၊ စူးစူး ရဲရဲ တောက်ပ လာပြီး၊ ပေါက်ကွဲ မတက် တုန်ခါ လာ၏။
ကြက်သွေးရောင် ရေဘီလူး ကြီး၏ လက်သီးမှာ၊ သေးငယ်သော အပိုင်း အစများ အဖြစ် ချက်ချင်း ကွဲသွား ခဲ့သည်။
ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။ တောင်ပံ လူသား က၊ ပုံသဏ္ဍာန် ပြောင်းလဲ သွားသော၊ ကြက်သွေးရောင် ရေစက်ကြီး ထံသို့ လက်သီးဖြင့် ထပ်ထိုး ချလာသည်။
“ ဝုန်း ... ။ ”
မလှုပ်ရှား နိုင်ခင် ကြက်သွေးရောင် ရေစက်မှာ ရုတ်တရက် ပေါက်ကွဲ သွားသည်။ ထိုမှသာ တောင်ပံ လူသားက ဖျော့တော့သော အသွင်နှင့်၊ ရပ်တန့် သွား၏။
အသံ မထွက်နိုင် လောက်အောင်၊ လည်ချောင်းများ ခြောက်ကပ် လာသဖြင့်၊ လူတိုင်း တံတွေများ မြိုချ လိုက်ရသည်။
“ မင်း တိရိစ္ဆာန်ကောင် ... ငါ့ကို ဒဏ်ရာ ရစေအောင် လုပ်ဝံ့ တယ်ပေါ့။ ”
မျက်လုံးများ ထဲ၌ သတ်ပစ်လို ဆန္ဒများ တောက်လောင် လာပြီး၊ ခုန်းရွှမ်က အော်ဟစ် လိုက်သည်။
နှုတ်ခမ်း ထောင့်၌ စီးကျ လာသော သွေးအချို့အား လက်ခုံဖြင့်၊ ခပ်ကြမ်းကြမ်း သုတ်ကာ၊
“ မင်းလို ပုရွက်ဆိတ် တစ်ကောင်က၊ ဘုရင်အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ပိုင်ဆိုင် ခွင့် မရှိ ဘူး။ ”
-ဟု ဆိုလိုက်သည်။
စကားပြော နေစဉ်၊ ဒဏ်ရာ များကို တည်ငြိမ်အောင် ထိန်းယူ လိုက်ပြီး၊ လင်းယွန် ရှေ့ ရုတ်တရက် ထွက်ပေါ် လာသည်။
“ ဝှစ် ... ။ ”
ခွန်အားများ ပြန်လည် မစုဆောင်း နိုင်ခင်၊ လင်းယွန်အား သတ်ပစ် လိုခဲ့သည်။
“ ဘယ်လောက် တောင် အနှောက် အယှက် ပေးလိုက်လဲ။ ”
ပင်ပန်း နွမ်းနယ်မှု ဟူသည်၊ သူ့အား မဟန့်တား နိုင်သဖြင့်၊ လင်းယွန် တစ်ယောက် ပြုံးလိုက် မိ၏။
အထူးသဖြင့် သူ၏ အခြေခံ အုတ်မြစ်ကို နတ်ကြယ် ပုလဲ (၁၅၀၀)ဖြင့်၊ တည်ဆောက် ထားခြင်း ဖြစ်သည်။
ခုန်းရွှမ် အနား မရောက် နိုင်ခင်၊ နဂါး ထွက်သက် နှင့်အတူ၊ သူ့ လက်ဖဝါးအား ရိုက်ချ လိုက်သည်။
“ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်ဝါး။ ”
လက်ဖဝါး ပေါ်ရှိ မီးလျှံ ရူရ် များမှာ၊ အနက်ရောင် ပြောင်းလဲ သွားပြီး၊ ဧရာမ နဂါး လက်သည်းကြီး တစ်ဖက် အဖြစ်၊ ပြေးထွက် သွား၏။
“ အွတ် ... ။ ”
ခုန်းရွှမ်မှာ လျင်မြန်လှ သော်လည်း အနက်ရောင် လက်သည်းကို မရှောင်နိုင် ခဲ့ချေ။ လက်သည်း ထိမှန်ကာ မြို့ရိုးပေါ် ပြုတ်ကျ သွားသည်။
ဆံပင်များ ဖွာလန် ကျဲလျက် နာကျင် ညည်းတွားပြီး၊ အပျက် အစီးပုံ အတွင်းမှ ကုန်းရုန်း ထရပ် လိုက်သည်။
“ မင်း ... ။ ”
တစ်ဆက် တည်းမှာပင် စဉ်စား နိုင်စွမ်း မရှိတော့ဘဲ၊ ကမူးရှူးထိုး ပြေးဝင် တိုက်ခိုက် လိုက်တော့သည်။
“ ဝှစ် ... ။ ”
ယခု အချိန်တွင် ကျင့်ကြံမှုအား အဆုံးထိ လွှတ်ချ လိုက်ပြီး၊ ရာနှင့် ချီသော လက်သီးချက် များကို ထုတ်ဖော်လျက်၊ နဂါး လက်သည်းအား အပိုင်းပိုင်း ချေမွ ပစ်လေသည်။
လက်သီးရိပ် များမှာ၊ အလွန် လျင်မြန်လှ သဖြင့်၊ လူတိုင်း အံ့အားသင့် ကုန်သည်။ ခုန်းရွှမ် လက်လှမ်း ရုံနှင့်၊ နဂါး လက်သည်းကြီး ကွဲသွား သည်ဟု ထင်မြင်လာ မိ၏။
“ သေ လိုက် တော့ ... ။ ”
နဂါး လက်သည်းကို ဖျက်ဆီး ပြီးနောက်၊ ခုန်ရွှမ်းမှာ နောက်ထပ် လက်သီး တစ်ချက်အား၊ ထိုးချ လိုက်သည်။
ဤမျှ သန်မာသော ရန်သူကို လင်းယွန် အနေဖြင့်၊ ပထမဆုံး အကြိမ် ကြုံလာ ရခြင်း ဖြစ်သည်။
ထို့ကြောင့် ထာဝရ နဂါးဓား ကြီးအား ထုတ်ဖော် လိုက်ရ၏။ အပြာရောင် နဂါး ကြီးမှာ၊ သူ့ကို ရစ်သိုင်းလျက်၊ ချက်ချင်း ထွက်ပေါ် လာသည်။
ခုန်းရွှမ်၏ လက်သီးက နဂါး ပေါ်သို့ ကျရောက်သော အခါတွင်၊ ကိုယ်ထည် ကြီး၌၊ မီးလောင်ပေါက် တစ်ခု ဖြစ်ပေါ် လာ၏။
သူ့ လက်သီးမှာ မြန်ပြီး ကြမ်းတမ်း လှသော်လည်း၊ သဲနွံ အတွင်း ဖြတ်သန်း နေရ သကဲ့သို့၊ ခုန်းရွှမ် တစ်ယောက် ခံစား လိုက်ရသည်။
“ ဟိတ် ... ။ ”
ထိုအချိန်တွင် လင်းယွန်က ရုပ်ခွန်အားနှင့်၊ မူလ စွမ်းအင်အား ပေါင်းစပ်လျက် လက်သီးဖြင့် ပြန်လည် ထိုးချ လိုက်သည်။
“ ဝုန်း ... ။ ”
သူ့ထံ တိုးဝင် လာသော ရေဘီလူး ကြီးမှာ၊ ထိုလက်သီး ချက်ကြောင့်၊ အက်ကွဲ ကြောင်းများ ချက်ချင်း ဖြစ်ပေါ် လာသည်။
နှစ်ယောက်သား တစ်ဦးကို တစ်ဦး ပြန်ကြည့်ကာ၊ အံ့သြသွား ကြ၏။ ပြိုင်ဘက်၏ အင်အားမှာ မယုံ နိုင်စရာ ပေပင်။
လင်းယွန် တစ်ယောက် ဤမျှ သန်မာ နေလိမ့် မည်ဟု၊ တစ်ခါမျှ မတွေးထား ဖူးချေ။ ရုပ်ခွန်အား သက်သက်ဖြင့်၊ သူ၏ မူလ စွမ်းအင်အား ဖျက်ဆီး နိုင်ခဲ့သည်။
တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား နေသဖြင့်၊ အနီး ဝန်းကျင်ရှိ ခမ်းနား ထည်ဝါ လွန်းသော ရှေးဟောင်း တံတိုင်း များမှာ၊ စက္ကူ တစ်ချပ် ကဲ့သို့၊ ပြိုကျ သွားကုန်သည်။
ထိုအချိန်တွင် ခုန်းရွှမ်က မူလ စွမ်းအင်ဖြင့်၊ ဖန်တီး ထားသော ကြက်သွေးရောင် ချပ်ဝတ်ကို၊ ဆင့်ခေါ် လိုက်သည်။
“ ကြယ်ဖျက် သွေးအရိုး လက်ချောင်း။ ”
ရုတ်တရက် ခုန်းရွှမ်၏ လက်ညှိုးမှ ကြက်သွေးရောင် အလင်း တစ်စ ပြေးထွက် လာသည်။ လျင်မြန် လွန်းသော အဟုန်ကြောင့် လင်းယွန် တစ်ယောက် အံ့အားသင့် သွား၏။
သူ့၌ ရွေးချယ်စရာ မရှိတော့ သဖြင့်၊ နတ်ဘုရား ပုံရိပ်ယောင် ဓားအား၊ ချက်ချင်း ထုတ်ဖော် လိုက်ရ သည်။
“ ရွှပ် ... ။ ”
ကြက်သွေးရောင် အလင်း တန်းနှင့်၊ ဓားအလင်းတို့ ထိတွေ့မိ ပြီးနောက်၊ ဓားအလင်း မှာ အရည်ပျော် တော့မည့်၊ အရိပ် အယောင်များ ပြသ လာခဲ့သည်။
ခုန်းရွှမ် အမြင်၌ ကြက်သွေးရောင် အလင်း တန်းမှာ၊ ဓားအလင်းကို ဖျက်စီးရန်၊ အသက်သုံး ရှိုက်စာ အချိန် ခန့်သာ၊ လိုပေ တော့သည်။
သို့သော် ဓားအလင်းက ရုတ်တရက် ပြန်လည် တောက်ပ လာပြီး၊ မူလ စွမ်းအင် အကာ ချပ်ဝတ်ကို ချိုးဖြတ်လျက်၊ ပခုံးအား ထိုးဖောက် ဝင်ရောက် လာသည်။
ရုတ်တရက် ပြောင်းလဲ သွားသော ရလာဒ်ကြောင့်၊ သူ့ ဒဏ်ရာကို ပြန်ငုံ့ ကြည့်ကာ၊ ခုန်းရွှမ် ခမျာ အရူး တစ်ယောက် ကဲ့သို့၊ ရယ်မော လိုက်မိသည်။
“ ဟား ... ဟား ... ဟား ... ။ ”
တစ်ဖက် လူ၏ ဓား ရည်ရွယ်ချက်မှာ၊ ဆူညံသံများ ပြုလျက်၊ ပြန်လည် စုစည်းရန် ခက်ခဲ နေပြီ ဖြစ်ကြောင်း၊ ပြသ လာသည်။
ယင်းမှာ သူ၏ ကြက်သွေးရောင် အလင်းတန်းက၊ ပြိုင်ဘက် ဓား ရည်ရွယ်ချက် အပေါ်၊ ကန့်သတ်ထား နိုင်ခြင်းကြောင့် ဖြစ်သည်။
“ ငါ မင်းကို ပြောခဲ့တယ် မဟုတ်လား ... ၊ ငါ့ရဲ့ သွေးအရိုး နယ်မြေကို စော်ကား ခဲ့တဲ့ အတွက်၊ မင်း ဆီကနေ၊ ငါ ပြန်ယူ မယ်လို့ ... ။ ”
ခုန်းရွှမ်က အောင်ပွဲခံ လိုသော အကြည့်ဖြင့်၊ ဆိုလိုက်သည်။
အကြိမ် အနည်းငယ် ကြိုးစား ကြည့်ပြီးနောက်၊ သူ့ ဓားရောင်ဝါမှာ တစ်ဖက် လူ၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန်၊ ခက်ခဲ သည်ကို သဘောပေါက် လိုက်မိသည်။
သို့သော် ထိတ်လန့်ခြင်း မရှိဘဲ၊
“ ဒါက ... မင်းကိုယ်မင်း နိုင်ပြီလို့ ထင်နေ တာလား၊ မင်း ဘာလို့ ပြုံးနေ တာလဲ၊ ငါ့ ဓားကို မဆွဲရ သေးဖူးနော် ... ။ ”
ရုတ်တရက် လင်းယွန် ကျောတွင်၊ တစ်ချိန်လုံး ထမ်းပိုး ထားသော ဓားသေတ္တာမှာ၊ ပွင့်လာပြီး၊ ရောင်စုံ ပွင့်ချပ် များနှင့် အတူ၊ ဓား တစ်လက် လေထဲ မြောက်တက် လာ၏။
“ ရွှပ် ... ။ ”
သည့်နောက် ပန်းသင်္ချိုင်း ဓားအား ဖမ်းယူကာ၊ အလင်း ပိုးအိမ်ကို ထုတ်လွှတ် လိုက်သည်။
ဓားလက်ထဲ ရောက်သည်နှင့် သူကို ကန့်သတ် ထားသော ကြက်သွေးရောင် အလင်း တန်းမှာ၊ ပြိုကျ သွားသည်။
ထိုအချိန်တွင် ပန်းသင်္ချိုင်း ဓားမှ ရောင်ခြည်မှာ၊ အလွန် တောက်ပ လာသဖြင့်၊ ကောင်းကင်လမ်း တစ်ခုလုံး မှေးမှိန် သွားသည်ဟု၊ ထင်မြင် လာမိ၏။
ရင်သပ် ရှုမောဖွယ် ကောင်းသော ပန်းသင်္ချိုင်း ဓားကြောင့်၊ ပရိသတ် အားလုံး မှင်တက် ငေးမော သွားသည်။
ထိုစဉ် မှာပင် ပြိုင်ဘက်အား သတ်ရန်၊ ဓားတစ်ချက်သာ လိုသည် ဟူသော လင်းယွန်၏ စကားကို တိုးညှင်းစွာ၊ ပြန်ကြားယောင် လာမိ ကြသည်။
ပထမ ကောင်းကင် ဝိညာဉ် နယ်မြေသို့၊ ရောက်ရှိ ပြီးနောက်၊ ကောင်းကင်ဘုံ သုံးပါးမှာ၊ ပိုမို လွယ်ကူ လာသည်။
ထို့ကြောင့် ဓားကြိုး ကိုးမျှဉ်အား၊ ခုန်းရွှမ် ခန္ဓာကိုယ် ထဲသို့ ရိုက်သွင်း လိုက်၏။ မတုံ့ပြန် နိုင်ခင် ခုန်းရွှမ် ခန္ဓာကိုယ်မှ၊ သွေးမြူများ ချက်ချင်း ပန်းထွက် လာသည်။
“ သေ ပြီ လား ... ။ ”
လူအုပ် ကြီးမှာ သွေးမှို တစ်ပွင့် ကဲ့သို့၊ ရုတ်တရက် ပြောင်းလဲ နေသော ခုန်းရွှမ်အား ကြည့်ကာ၊ သို့လော သို့လော ဖြစ်ကုန်၏။
“ ဟား ... ဟား ... ဟား ... ။ ”
သို့သော် သွေးမြူ အတွင်းမှ၊ ခုန်းရွှမ်၏ ရယ်မောသံ ထွက်ပေါ် လာသည်။ သွေးမြူများ တဖြည်းဖြည်း ပျောက်ကွယ် သွားချိန်၌၊ ခုန်းရွှမ် တစ်ယောက် အသက် ရှင်လျက် ရပ်နေ ချေ၏။
အသက် ရှင်သန် နိုင်ခဲ့ သော်လည်း၊ သူဝတ်ထားသော ချပ်ဝတ်မှာ အပိုင်း အစများ အဖြစ်၊ ကွဲသွား ခဲ့သည်။
“ မင်းက ဓားတစ်ချက် တည်းနဲ့ ...၊ ပြိုင်ဘက်ကို သတ်နိုင် တယ်လို့ ပြောဖူးတယ် မဟုတ်လား၊ အခု ငါဒီမှာ ရပ်နေနိုင် တုန်းပဲ။ ”
နိမ့်ကျသော အသွင်ဖြင့် ရှိနေ သော်လည်း၊ အသက် ရှင်သန် နိုင်ခဲ့သည့် အတွက်၊ ရယ်မော လှောင်ပြောင်ရန် သတိရ သွားသည်။
သို့သော် စကားဆုံး သည်နှင့်၊ နဖူး ပေါ်၌ အနီရောင် မျဉ်း တစ်ကြောင်း ထွက်ပေါ် လာပြီး၊ ခန္ဓာကိုယ် အောက်သို့ ဆက်လက် ရှည်ထွက် လာလေသည်။။
ရယ်မော နေသော အသွင် ဖြင့်ပင်၊ ခုန်းရွှမ် ခမျာ နှစ်ခြမ်းကွဲ ထွက်သွားသည်။ လူတိုင်းက လင်းယွန်ထံ လှည့်ကြည့် လိုက်ရာ ခရမ်းရောင် ပန်းများ ပွင့်နေသည့်၊ အပြာရောင် သစ်ပင်ကြီး တစ်ပင်အား တွေ့လိုက် ရသည်။
ထို့အပြင် ကြာပန်း များဖြင့်၊ ပြည့်နှက် နေသော လျှပ်စီး ရေကန် ကြီးမှာ၊ သစ်ပင်ကြီး အောက်၌ မှုန်းဝါး ဖြစ်တည် နေ၏။
ဤပွဲ၌ ဓား တစ်ချက်နှင့်၊ မသေသော် အနိုင်ရ မည်ဟု မည်သူမျှ မသတ်မှတ် ထားချေ။ ပထမ ဓားဖြင့် မတက် နိုင်ပါက၊ ဒုတိယဓား သုံးရ ပေမည်။ အရေးကြီး သည်မှာ သတ်နိုင် ရန်သာ ဖြစ်၏။
***