လျှို့ဝှက်သော အမျိုးသမီး။
Vol. 67 Ch. 937
အကယ်၍ ဤအမျိုး သမီး၏ အာရုံကို စွဲဆောင် နိုင်သော အရာ တစ်ခု ရှိခဲ့ ပါက၊ ၎င်းမှာ ဘုန်းနေမင်း ဝိညာဉ်သာ ဖြစ်ပေမည်။
ထို့အပြင် အချိန် အတော် ကြာသည် တိုင်အောင် ပုန်းကွယ် နိုင်ခဲ့သည့် အချက်က၊ နဂါး အဆင့် သတ်မှတ် ချက်၌ အနည်းဆုံး အဆင့် (၃၀) အတွင်း ဝင်ကြောင်း ပြောနိုင်သည်။
မည်သို့ပင် ဆိုစေကာမူ၊ ဘုန်းနေမင်း ဝိညာဉ်ကို စွန့်လွတ် စရာ အကြောင်း မရှိချေ။ ယခု အချိန်ထိ တံဆိပ်အား ချိုးဖြတ်ရန် နည်းလမ်း မတွေ့ သေးသော်လည်း၊ လုပ်နိုင် မည်ဟု ယုံကြည်သည်။
သည်အမျိုး သမီးမှ တိုက်ခိုက် လာမည် ဆိုပါက၊ မိုးကြိုး မီးလျှံ ကြာပွတ် ရှိလေသည်။ သို့သော် သူမ ထံ၌ ဟာကွက်ရှိ မှသာ သုံးနိုင်မည် ဖြစ်၏။
“ ကောင်လေး၊ မင်း စိတ်ပြောင်း သွားပြီလား၊ မင်း ငါ့ကို တကယ် မတွေ့ချင် တော့ဖူးလား။ ”
ရင်ခုန်ဖွယ် ကောင်းသော အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာပြန်သည်။
“ ထွက် လာ ခဲ့ ... ။ ”
လင်းယွန်က လှည့်ပတ် ကြည့်ပြီး၊ ဆိုသည်။
“ ဘယ်တွေ လိုက်ကြည့် နေတာလဲ၊ ငါက မင်း အနောက်မှာ၊ ခစ် ခစ် ခစ် ... ။ ”
လှောင်ပြောင် သံကြောင့်၊ လင်းယွန်က လှည့်ကြည့် လိုက်သည်။ ညှို့အား ပြင်းလှသော အမျိုး သမီး တစ်ဦးက၊ နေရောင်ခြည် များကို နောက်ခံ ပြုလျက်၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လာလေသည်။
ရှည်လျား ရှသော ခရမ်းရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး၊ ဘေးတစ်ဖက် တစ်ချက်တွင်၊ သွယ်လျသော ခြေထောက် များကို ပေါ်လွင် စေသည့်၊ အခွဲ ကြောင်းများ ပါရှိသည်။
ရိုးရှင်းသော ဝတ်စား ဆင်ယင်မှု ဖြစ်သော်လည်း၊ ရင်ဘတ် နေရာမှာ၊ မျက်လုံး မလွှဲနိုင် လောက်အောင်ပင်၊ ထင်ရှား ချေ၏။
မျက်နှာကို ပိတ်ပါး စဖြင့် ဖုံးအုပ်ထား သော်လည်း၊ တောက်ပသော မျက်ဝန်း တစ်စုံ က၊ ဤကမ္ဘာပေါ်ရှိ လူသား တိုင်း၏ ဝိညာဉ် အား၊ နှုတ်ယူ နိုင်ပေသည်။
ညှို့အား ပြင်းသော မိန်းမ များကို မြင်ဖူး လှပြီ ဖြစ်သော်လည်း၊ စီနီယာ အစ်မ ရှင်းယန်မှ လွဲ၍၊ မည်သူမျှ ထိုဝေါဟာရနှင့် မထိုက်တန် ချေ။
“ ငါ မင်းကို မလိမ်ဖူး ဆိုတာ ယုံပြီ မဟုတ်လား၊ ငါ့ကို မြင်တဲ့ သူတိုင်းက သေရင် သေ- မသေရင်၊ ဝိညာဉ် ဆုံးရှုံး ရတယ်။ ”
ထိုအမျိုးသမီးက ဖော်ရွေသော အပြုံးကို ထုတ်ဖော် ခဲ့သော်လည်း၊ လင်းယွန်မှာ မပျော် နိုင်ချေ။
သူမ၏ ကျင့်ကြံမှုမှာ၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေတွင် ဖြစ်ကြောင်း သိလိုက် ရ သောကြောင့် ဖြစ် လေသည်။
“ မင်းပြောတာ မှန်တယ်၊ ဒါပေမယ့် ငါ့ ဝိညာဉ်၊ ဒါမှ မဟုတ် အသက်ကို မဆုံးရှုံးချင်ဘူး၊ မင်းက ဘုန်းနေမင်း ဝိညာဉ် အတွက် ဒီမှာ ရှိနေ တာလား၊ ဈေးပေး နိုင်ရင်၊ ငါ ရောင်းပေးမယ်။ ”
“ ဘုန်းနေမင်း ဝိညာဉ်။ ”
ခရမ်းရောင် အမျိုးသမီးက ခဏတာ အံ့အားသင့် သွားပြီး၊
“ ဒါဆို ... မင်းက နဂါး ပြည်နယ်ရဲ့ ဘုန်းနေမင်း ဝိညာဉ်ကို သိမ်းပိုက် နိုင်တဲ့ သူပေါ့၊ ဘယ်လောက်တောင် အထင် ကြီးစရာ ကောင်းလိုက်လဲ၊ ... ”
“ ... ဒါပေမယ့်၊ အဲဒါ အတွက် ငါ ရောက်လာတာ မဟုတ် ပါဘူး၊ ဘယ်သူ ကမှ တံဆိပ်ကို မချိုးဖျက် နိုင်တဲ့ အတွက်၊ စိတ်မဝင် စားတာ သဘာဝ ပါပဲ၊ ငါသာ စိတ်ဝင်စား ရမယ် ဆိုရင်၊ မင်းရဲ့ ... ဓားနဲ့ ကိုယ်ခံ ပညာ ကိုပဲ ။ ”
ဤခရမ်းရောင် အမျိုး သမီးမှာ၊ နဂါး ပြည်နယ်မှ ဟုတ်ပုံ မရချေ။ ကောင်းကင်လမ်း၌ နဂါး၊ မီးငှက်၊ လိပ်နက်နှင့် ကျားဖြူ ဟူသော ပြည်နယ်ကြီး လေးခု ရှိသည်။
သူမ မည်သည့် ဒေသမှ လာသည်ကို မသိချေ။ ပန်းသင်္ချိုင်းဓား သို့မဟုတ် နေနတ် ဘုရား လက်သီးအား၊ လုယူ လိုပါက ခက်ရ ပေမည်။
“ ခစ် ခစ် ခစ် ... ၊ မင်း ... စိတ်ဆိုး သွားတာလား၊ ကြည့်စမ်း ပါဦး၊ ငါက စိတ်ဝင် စားစရာ လို့ပဲ၊ ပြောရ ပါသေးတယ်။ ”
ခရမ်းရောင် အမျိုးသမီးက ပျော်ရွှင်စွာ ရယ်မော နေရာမှ၊ လေးနက်သော အသွင်ဖြင့်၊ လင်းယွန်ကို ပြန်ကြည့် လိုက်ပြီး၊
“ တကယ်တော့ ... ၊ ငါက မင်းကို ပိုပြီး စိတ်ဝင် စားတယ်၊ အဲဒီ မြေခွေးမ ယွဲ့ဝေဝေနဲ့၊ မင်းရဲ့ ဆက်ဆံ ရေးက ဘယ်လိုလဲ၊ သူက မင်းကို ကြည့်ဖို့ ဒီအထိတောင် လာတယ်၊ တော်တော် စိတ်ပူ နေပုံ ရတယ်။ ”
ယွဲ့ဝေဝေ နာမည်ကို ကြားလိုက် ရသော အခါတွင်၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွားပြီး၊
“ သူ ဘာဖြစ် လို့လဲ ... ၊ ငါ့ ဒုက္ခထက် ပိုဆိုးနေ လို့လား။ ”
“ မင်းရဲ့ ဒုက္ခ ဟုတ်လား၊ သွေးအရိုး နယ်မြေကို ပြောတာလား။ ”
သွေးအရိုး နယ်မြေဟု ဆိုလိုက် ချိန်၌၊ ခရမ်းရောင် အမျိုးသမီး မျက်နှာတွင်၊ အထင် အမြင် သေးမှုများ၊ ဖြစ်ပေါ် လာသည်။
ပြုံးလျက်ဖြင့် လှမ်းလက်စ ခြေလှမ်း များကို ရပ်လိုက်ပြီး၊ လင်းယွန်အား တစ်ချက် ပြန်ကြည့် ၏။
ယွဲ့ဝေဝေ အမည်ကြောင့်၊ လင်းယွန် တစ်ယောက် မျက်နှာ ပြောင်းလဲ သွားသည်ကို မြင်သည်။ ၎င်းတို့ နှစ်ဦးကြား လေးနက်သော ဆက်ဆံရေး ရှိပုံ ရ၏။
ထိုလူမိုက် များမှာ၊ ယွဲ့ဝေဝေ နောက်သို့ လိုက်ရ မည်ကိုသာ သိကြပြီး၊ အသိဝင် ချိန်၌ အလွန် နောက်ကျ သွားမည် ဖြစ်သည်။
“ ကောင်လေး ... ၊ ငါနဲ့ လိုက်ခဲ့ ... ။ ”
ခရမ်းရောင် အမျိုးသမီး လက်ထဲ၌ မီးတောက် နေသော လှံငယ် တစ်စင်း ပေါ်လာ သည်။
အပြုံးဖြင့် လင်းယွန်ထံ ထိုးချိန် လိုက်ရာ၊ လှံမှ ရောင်ဝါ ပြေးထွက် လာပြီး၊ လင်းယွန်အား ကန့်သတ် လေသည်။
သို့သော် သူမ မပစ်လွှတ် နိုင်မီ၊ ခရမ်းရောင် လျှပ်စီး များဖြင့်၊ ဖုံးလွှမ်း နေသော မီးနဂါးကြီး တစ်ကောင် ပေါက်ကွဲ ထွက်ပေါ် လာသည်။
နဂါး ခေါင်းတွင်၊ မီတာ ရာဂဏန်းမျှ ရှည်လျားသော ဦးချိုများ ပါရှိ နေ၏။ ၎င်း၏ ရောင်ဝါ အရ၊ အချိန်နှင့် အာကာသကို ဖြတ်ကျော် သွားလာ နိုင်သော၊ သားရဲကြီး တစ်ကောင် အဖြစ် ထင်မှား လာစေသည်။
“ ဝှစ် ... ။ ”
ခရမ်းရောင် မီးနဂါးကို မြင်သော အခါ၊ ထိုအမျိုး သမီးက အံ့သြ သွားပြီး၊ ခေါင်းအား လှံဖြင့် လှမ်းထိုး လိုက်၏။
သို့သော် လင်းယွန်က ကြာပွတ်အား လေထဲရိုက်ချ လိုက်ရာ၊ ပေါက်ကွဲမှုများ ဖြစ်ပေါ် လာ တော့သည်။
“ ဝှစ် ... ။ ”
ခရမ်းရောင် အမျိုး သမီးက ချက်ချင်း နောက်ပြန် ဆုတ်လိုက်ပြီး၊ မီးနဂါး ကြီးထံ ဂရု တစိုက် ပြန်ကြည့် လိုက်သည်။
“ နဂါးလေး ... ။ ”
ထိုအချိန်ကို အခွင့်ကောင်း ယူကာ၊ လင်းယွန်က ကြာပွတ်အား နဂါးလေးထံ ပစ်လျက်၊ အော်ဟစ် လိုက်သည်။
ကြောင် ပုံစံဖြင့် ရှိနေဆဲ ဖြစ်သည့် နဂါးလေးက ကြာပွတ်ကို လျင်မြန်စွာ ဖမ်းယူ လိုက်၏။
သူ့ အနေဖြင့် သွေးပူ မလုပ်ရ သည်မှာ၊ အချိန် အတော် ကြာပြီ ဖြစ်သည်။ ကြာပွတ်အား ကိုင်လိုက် ချိန်၌၊ မီးနဂါးမှာ မီတာ (၃၀၀၀) ကျော် အထိ၊ ရုတ်တရက် ကြီးထွား လာသည်။
“ ဝှစ် ... ။ ”
ထိုမီးနဂါးသည် အမျိုးသမီး ထံသို့၊ တိုးဝင်သွားပြီး၊ မလှုပ်ရှား နိုင်စေရန် ကန့်သတ် တားမြစ် လိုက်သည်။
သည်အချိန်၌ လင်းယွန်မှာ၊ သူ့ဓားအား ဆွဲထုတ် လိုက်ပြီ ဖြစ်သည်။ ဓားရ သည်နှင့် ကြာပန်း များဖြင့်၊ ပြည့်နေသော လျှပ်စီး ရေကန်ကြီး၊ ဖြစ်ပေါ် လာ၏။
“ ရွှပ် ... ။ ”
စူးရှ တောက်ပသော ဓားရောင်ခြည် တစ်စင်းက ကန့်သတ် ထားသော ခရမ်းရောင် အမျိုးသမီးပေါ် ပြိုကျ သွားသည်။
ထိုအချိန် တိုလေး အတွင်း မှာပင်၊ ကောင်းကင်နှင့် မြေကြီး၊ မငြိမ် မသက် ဖြစ် လာပြီး၊ ပြင်းစွာ တုန်လှုပ် သွား၏။
မီးနဂါးမှာ ကြာပွတ် ပုံစံသို့ ပြန်ရောက် သွားချိန်၌၊ နဂါးလေးက လင်းယွန် ပခုံး ပေါ်သို့၊ ခုန်တက် လာသည်။
သို့သော် မပေါ့ဆ ရဲချေ။ သူတို့ ညီအစ်ကို နှစ်ဦးမှာ၊ အလေး အနက် သတိထား နေရဆဲ ဖြစ်သည်။
“ သေ ပြီ လား ။ ”
လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွားသည်။ စတုထ္ထ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိသော ဤအမျိုး သမီးနှင့် ရင်ဆိုင် ရာတွင်၊ သူ့ အတွက် လွတ်မြောက် ရန်ပင်၊ ယုံကြည်ချက် မရှိချေ။
မီးလျှံ မိုးကြိုး ကြာပွတ်နှင့် ကောင်ကင်ဘုံ သုံးပါးအား အသုံးပြု ခဲ့သော်မှ၊ အမျိုးသမီးမှာ အသက်ရှင် နိုင်ခဲ့သည်။
တစ်စုံ တစ်ယောက်၏ ခွန်အားသည်၊ အတိုင်းအတာ တစ်ခု ထိတိုင် သန်မာ သွားပါက၊ လှည့်ကွက် များမှာ အသုံး မဝင် တော့ချေ။
ဖုန်မှုန့်များ တဖြည်းဖြည်း ကွယ်ပျောက် သွားပြီး၊ အနည်းငယ် ဖြူဖျော့ နေသော မျက်နှာ ဖြင့်၊ ခရမ်းရောင် အမျိုးသမီး ပြန်ပေါ် လာသည်။
သူမက လင်းယွန်အား ကြည့်ကာ၊ ပြုံးလိုက်ပြီး၊
“ မောင်လေး၊ မင်းက တကယ် ... ရက်စက် တာပဲ။ ”
-ဟု ဆိုလာ တော့သည်။
ထို့နောက် ကြာပွတ်ထံ အကြည့်ရောက် သွားသည်။ ယင်းမှာ ရှေးဦးခေတ်၌ အထွတ် အထိပ် တာအို အဆင့်၊ လက်နက် တစ်ခု ဖြစ်မှန်း သိရှိ လိုက်သည်။
နိမ့်ကျသော ကျင့်ကြံမှု ဖြင့်ပင်၊ ထိုကြာပွတ်၏ စွမ်းအားကို အလွယ် တကူ ထုတ်လွှတ်ကာ၊ တိုက်ခိုက် နိုင်သည်။
ထို့ကြောင့် ဤလင်းယွန်မှာ၊ ကောင်းကင်လမ်းရှိ ခွေးဆိုးများ အနက်၊ ကြောက်စရာ အကောင်း ဆုံးသော ခွေး တစ်ကောင် ဖြစ်နေ ချေပြီ။
“ ..... ။ ”
လင်းယွန် မှာမူ၊ လေးနက်သော အမူ အရာကို ထုတ်ဖော် ထားပြီး၊ ယခင် ကထက် ပို၍ ကြောက်ရွံ့ လာသည်။
ကောင်းကင်ဘုံ သုံးပါးကို စတင် အသုံး ပြုချိန်မှ စ၍၊ မည်သူမျှ သူ့လက်က မလွတ်ချေ။ ထို့ကြောင့် သူ၏ ယုံကြည်မှုမှာ၊ တစ်စ တစ်စ ပြင်းထန် လာသည်။
သို့သော် ပထမဆုံး အကြိမ်၊ ရန်သူကို သတ်ရန် ပျက်ကွက် ခဲ့၏။ ယခင်က ရှိခဲ့ ဖူးသော ယုံကြည် မှုမှာ၊ အက်ကွဲ ကြောင်းများ ထင်ဟပ် လာသည်။
ထိုအက်ကြောင်းကို မပြုပြင် နိုင်ပါက ကောင်းကင်ဘုံ သုံးပါး၏ စွမ်းအားမှာ ကျဆင်း သွား ပေတော့မည်။
လင်းယွန်က မျက်လုံးများ မှေးစင်းလျက်၊ ခရမ်းရောင် အမျိုး သမီးထံ ကြည့်ကာ၊ ‘မင်း ဒဏ်ရာ ရနေပြီ၊’ ဟု ပြောလိုက်သည်။
ထိုစကားကို အမျိုး သမီးက စိတ်၀င်စား ပုံ မပြချေ။ ပြုံးရွှင်သော အမူ အရာနှင့်၊ ရှေ့ တစ်လှမ်း တိုးကာ၊
“ မင်းက ဒီလောက် အထိ၊ ရက်စက် လိမ့်မယ်လို့၊ ဘယ်သူက ထင်မိ မှာလဲ၊ မင်း ... ဓားက ငါ့ နှလုံးကို၊ ဖြတ်လု နီးနီး ပါပဲ။ ”
စကားပြော နေစဉ် သူမ ရင်ဘတ်ကို ကိုင်ကာ၊ နာကျင်ကြောင်း ဟန်မူရာ ပိုပြ လာ၏။
“ ယွဲ့ဝေဝေ နောက်ကို မလိုက်ဖို့ သတိပေးချင် ပါတယ်၊ သူ့ ဆံပင် တစ်ချောင်းကို ထိတာနဲ့၊ မင်း နောင်တရ လိမ့်မယ်။ ”
“ ခစ် ခစ် ... ၊ အဲဒီ လောက်လည်း ရက်စက်ပြ စရာ မလို ပါဘူး။ ”
ခရမ်းရောင် အမျိုးသမီးက ပြုံးလိုက်ပြီး။
“ မင်း ... ငါနဲ့ လိုက်ခဲ့တာ ပိုကောင်း လိမ့်မယ်၊ ကြည့်ပါဦး မင်း ဘယ်လောက်တောင် ကြည့်ကောင်း လိုက်လဲ၊ စိတ်မပူ ပါနဲ့ ... မင်းကို ဒုက္ခ မပေး ဖူးလို့၊ ငါ အာမခံ ပါတယ်။ ”
သူမ၏ စကား များ၌ လွှမ်းမိုး နိုင်စွမ်းများ ပါဝင် သော်လည်း၊ အလွန် နူးညံ့ သောကြောင့်၊ မည်သူ မဆို ဒေါသ ထွက်မိမည် မဟုတ်ချေ။
“ အဲ့ဒီ အစား မင်းငါနဲ့ လိုက်ခဲ့ နိုင်တယ်။ ”
လင်းယွန်မှ ခေါင်းမာစွာ တုန့်ပြန် လာသောကြောင့်၊ ခရမ်းရောင် အမျိုး သမီးမှာ အနည်းငယ် အံ့အားသင့် သွားပြီး၊
“ မင်းနဲ့ အဲဒီ မြေခွေးမ လေးက တစ်ယောက်ကို တစ်ယောက် အလေး အနက် ထားတယ်လို့ ငါ ထင်တယ်၊ ... ”
“ ... မင်း ငါ့နောက် လိုက်ခဲ့ရင် တောင်မှ၊ မင်းရဲ့ မြေခွေးမ လေးမှာ အန္တရာယ် ရှိတုန်းပဲ၊ သူ့နောက် လိုက်နေတဲ့ လူတွေက အရမ်း များတယ်၊ နောက်ပြီး … ”
အမျိုးသမီးက လင်းယွန်ကို ပြန်ကြည့်ကာ၊
“ ... ငါ့ကို ခွင့်လွှတ်ပါ။ ”
-ဟု ညှို့အား ပြင်းသော အမူ အရာဖြင့် ဆိုလိုက် တော့သည်။
အချိန် ကြာလာ ပါက၊ ခရမ်းရောင် အမျိုးသမီး၏ ဖျားယောင်းမှုမှ ရုန်းထွက်ရန် ခက်ခဲ လာနိုင် ပေမည်။
“ ငါ အရင် သွားနှင့်မယ် ... ။ ”
“ ဝှစ် ... ။ ”
သူ့ စကားကြောင့် နဂါးလေးက မီးလျှံ မိုးကြိုး ကြာပွတ်အား၊ နဂါး အသွင် ပြောင်းလဲ လိုက်ပြီး၊ တာအို စွမ်းအားဖြင့် ထိုအမျိုး သမီး အပေါ် ပိတ်လှောင် ပစ်လိုက်၏။
“ ငါတို့ ပြန်ဆုံ ကြမယ်၊ ဒါပေမယ့် ငါ ပြောတာကို မမေ့ပါနဲ့၊ မင်းကိုယ်မင်း နှမျောရင် ယွဲ့ဝေဝေကို လွှတ်ထားပါ။ ”
“ ဟီး ... ၊ ဟစ် ဟစ် ... ဟစ် ။ ”
နဂါးလေးက မြင်း အသွင် ယူလျက်၊ လင်းယွန်အား တင်ဆောင်ကာ၊ ကောင်းကင် ပေါ် ပျံတက် လိုက်တော့သည်။
ဤအမျိုး သမီးသည် သူတို့အား များစွာ အန္တရာယ် ပေးနိုင် သောကြောင့်၊ လင်းယွန်နှင့် နဂါးလေးမှာ၊ တစ်စက္ကန့် မျှပင် ဆက်မနေချင် တော့ချေ။
***