စိတ် လှောင်အိမ်။
Vol. 67 Ch. 938
ပိတ်လှောင်မှုမှှ လွတ်မြောက် သွားသည်နှင့်၊ ခေါင်းမော့ကြည့် လိုက်လေရာ၊ လင်းယွန်အား မည်သည့် နေရာ တွင်မှ မတွေ့ရ တော့ပေ။
ကောင်းကင် ဝိညာဉ် နယ်ပယ်ရောက်၊ ကျွမ်းကျင်သူ များသည်၊ လေထဲ ပျံသန်းနိုင် သော်လည်း၊ ပင်ပန်း လှလေသည်။ ထို့ကြောင့် ပြေးလွှား ချင်းမှ လွဲ၍၊ မည်သူမျှ ခရီး သွားရန်၊ ပျံသန်း ကြမည် မဟုတ်ချေ။
လျှို့ဝှက်သော အမျိုး သမီးသည်၊ လင်းယွန်အား လိုက်ဖမ်း နိုင်စွမ်း ရှိသည်။ သို့သော် သူမ မလုပ် ခဲ့ချေ။
“ သူ ပြေးတာ တကယ် မြန်တယ် ။ ”
-ဟု ရေရွတ်လျက်၊ မျက်နှာမှ အပြုံးများ ပျောက်ကွယ် သွားကာ၊ ဦးတည်ရာ တစ်ရပ်ထံ မော့ကြည့် လိုက်သည်။
“ ဝှစ် ... ။ ”
ရုတ်တရက် တောက်ပ လွန်းသော အရှိန်အဝါနှင့် အတူ၊ ပုံရိပ် နှစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာသည်။
ထိုပုံရိပ်ရှင် နှစ်ဦးမှာ ချင်လင်းနှင့် ကျွင့်မုန်ချန် ဖြစ်သည်။ ၎င်းတို့သည် နဂါး ပြည်နယ်၏ သြဇာ အာဏာ အကြီး မားဆုံး လူငယ် ခုနစ်ဦး အနက်မှ၊ နှစ်ဦး ဖြစ်သည်။
လူအများရှေ့ ထွက်လာခဲ သော်လည်း၊ သူတို့၏ ကျော်ကြား မှုကြောင့်၊ လူတိုင်းက မြင်ရုံဖြင့် သိလေသည်။
“ ဖလပ် ... ။ ”
လျှို့ဝှက်သော အမျိုးသမီးက၊ အံ့ဩခြင်း မရှိဘဲ၊ ကြည့်နေ လိုက်သည်။ ကျွင့်မုန်ချန်က မြေပြင်ပေါ် ရောက်သည်နှင့်၊ ဝတ်ရုံစအား ဟန်ပါပါ ရုတ်သိမ်း လိုက်ပြီး၊
“ ငါတို့ နဂါး ပြည်နယ်မှာ၊ မီးငှက် ပြည်နယ်က ကျော်ကြား လှတဲ့၊ ရေခဲ အလှ တရား ရောက်နေ တာပဲ၊ ကြိုဆို ပါတယ်။ ”
-ဟု သတိဖြင့်၊ ပြုံးကာ နှုတ်ဆက် လိုက်သည်။
ချင်လင်းသည် ပင်လျှင်၊ မပေါ့ဆ ဝံ့ချေ။ သူတို့ အနေဖြင့် သတ်ဖြတ်ခြင်း အမှု၌ ပျော်မွေ့ နေသော ဖေးရွှယ်နှင့်၊ စကား ပြောနေ ကြခြင်း ဖြစ်သည်။
သူမ အလှမှာ၊ မီးလျှံကို မြင်နေရ သော်မှ၊ ရှေ့တိုး လိုသော ပိုးဖလံ ကဲ့သို့၊ ညို့အား ပြင်းလှ ချေ၏။
“ မိန်းကလေး ရွှယ်၊ မင်းက ငါတို့ရဲ့ နဂါး တားမြစ် နယ်မြေမှာ၊ ပြဿနာ ရှာဖို့ ကြိုးစား နေတာလား။ ”
ချင်လင်းက ပွင့်ပွင့် လင်းလင်း မေးလိုက်သည်။ သူတို့က သွေးအရိုး နယ်မြေနှင့် လင်းယွန် တိုက်ပွဲကို၊ အမှောင် ထဲမှ စောင့်ကြည့် နေခြင်း ဖြစ်၏။
နဂါး ပြည်နယ်တွင် ဤသို့သော စိန်ခေါ် ပွဲများ မြင်တွေ့ရန်၊ ရှားပါး ချေသည်။ ထို့အပြင် ဓားတစ်ချက် တည်းနှင့်၊ သတ်မည် ဟူသော စကားမှာ၊ သူတို့အား စွဲဆောင် နိုင်ပေ၏။
ထို့ကြောင့် ပွဲအပြီး၌ လင်းယွန်နှင့်၊ တွေ့ဆုံရန် ကြံစည် နေစဉ်၊ ဖေးရွှယ်အား သတိ ထားမိ လိုက်ခြင်း ဖြစ်သည်။
လင်းယွန်၌ အလား အလာ ကောင်းများ ရှိကောင်း ရှိနိုင် သော်လည်း၊ သူတို့ အပေါ် ခြိမ်းခြောက် နိုင်စွမ်း မရှိ သေးချေ။
ဤဖေးရွှယ် သည်သာ၊ စစ်မှန်သော ခြိမ်းခြောက် နိုင်သူ ဖြစ်သည်။ ထို့ကြောင့် သတိ နှင့် ပြောဆို ဆက်ဆံ နေခြင်း ဖြစ်၏။
“ နင်တို့ နှစ်ယောက် လိုပဲ၊ ငါလည်း သူ့ကို စိတ်ဝင် စားတယ်၊ ကြည့်ရတာ နဂါး တားမြစ် နယ်မြေကို ခရီးဆက် ဖြစ်မယ် ထင်တယ်၊ ... ”
“ ... အများကြီး မတွေးနဲ့၊ စစ်မက် နယ်မြေက၊ တစ်စုံ တစ်ယောက်နဲ့ ပြိုင်ပြီး၊ နဂါး ပြည်နယ် တစ်ခု လုံးကို၊ နင်တို့ လက်ဝါးကြီး အုပ်လို့ မရဘူး။ ”
စစ်မက် နယ်မြေ ဟူသည်၊ အထွတ် အထိပ် တည်ရှိ နေသော နယ်မြေကြီး ဆယ်ခု ဖြစ်လေ သည်။
၎င်းတို့ကို စစ်မက် နယ်မြေ ဆယ်ခု ဟုလည်း၊ အသိများ ကြပြီး၊ သူတို့၏ အခြေခံ အုတ်မြစ်မှာ၊ လူတိုင်း မျှော်လင့် ချက်ထက် ကျော်လွန် လေသည်။
ထိုနယ်မြေ များရှိ၊ ဝိညာဉ် စွမ်းအင် သိပ်သည်း ဆနှင့်၊ လောက နိယာမ များမှာ၊ ခွန်လွန် နယ်မြေကို၊ ယှဉ်နိုင် သည်။
သူတို့၏ အင်အားစု များကို ခွန်လွန် နယ်မြေ၌၊ အခြေချ ပေးထား နိုင်၏။ မဟာ အင်အားကြီး ဂိုဏ်း အချို့နှင့်၊ ရင်းနှီးမှု ရှိသော ကျွမ်းကျင်သူ များကိုပင်၊ မွေးဖွား ပေးသည်။
“ မင်း ... ၊ စစ်မက် နယ်မြေ ဆယ်ခုကို ပြောနေ တာလား။ ”
ကျွင့်မုန်ချန်က ပြန်မေး လိုက်သည်။ ဖေးရွှယ်မှ ပြုံးရုံသာ ပြုံးလိုက်ပြီး၊
“ အချိန် ကျရင် သိလာ လိမ့်မယ်၊ လောလောဆယ် ငါ့မှာ၊ ကျား တစ်ကောင်ကို ဖမ်းဖို့ ကိစ္စ ရှိသေးတယ်၊ နှုတ်ဆက် ပါတယ်။ ”
ပတ်ဝန်းကျင် လေထုမှာ၊ အနည်းငယ် လှိုင်းထ လာပြီး၊ ဖေးရွှယ် ခန္ဓာကိုယ် အပေါ် ခရမ်းရောင် အမှုန် များဖြင့်၊ လွှမ်းခြုံ သွားသည်။
လေဟာနယ် ငြိမ်သက် သွားချိန်၌၊ ဖေးရွှယ်မှာ မူလ နေရာမှ ပျောက်ကွယ် သွားပြီ ဖြစ်၏။
“ အဲဒီ မိန်းမက ... ၊ အရမ်း မောက်မာတယ်။ ”
ချင်လင်းက မျက်မှောင် ကြုတ်ကာ၊ ဝေဖန်သည်။ ပြီးနောက် ကျွင့်မုန်ချန်အား လှည့်ကြည့် လျက်၊
“ စစ်မက် နယ်မြေက ပါရမီရှင် တွေကို ဘယ်လို ထင်လဲ။ ”
-ဟု မေးလိုက် လေသည်။
“ ကောင်းကင်လမ်း အဆုံးမှာ၊ သူတို့နဲ့ ရင်ဆိုင်ရ လိမ့်မယ်၊ အခု ဖြစ်ဖြစ်၊ နောက်မှ ဖြစ်ဖြစ်၊ တိုက်တာတော့ တိုက်ရ မှာပဲ၊ ဒီလမ်းကို ရွေးပြီး ပြီမို့၊ တွေးပူ မနေ ပါနဲ့။ ”
ကျွင့်မုန်ချန်က ပြန်ဖြေသည်။ ထိုစကားကြောင့် ချင်လင်းမှ လေးနက်သော အမူ အရာဖြင့်၊ ခေါင်းညိတ် လိုက်၏။
နဂါး ပြည်နယ်၏ ထိပ်ဆုံးရောက် ပထမ တန်းစား ပါရမီရှင် တစ်ပါး အနေ ဖြင့်ပင်၊ များပြား လှသော နယ်ပယ် များကြောင့်၊ ဖိအား ကြီးစွာ ခံစား နေရသည်။
ကျွင့်မုန်ချန်က မြေပြင် ပေါ်ရှိ၊ ပျက်စီးမှု များကို ငုံ့ကြည့်ပြီး၊ ‘လင်းယွန်က ရေခဲ အလှ တရားနဲ့၊ တိုက်နေ တာပဲ၊’ ဟု ဆိုလိုက်၏။
“ သူက တကယ်ကို မရိုး ရှင်းဘူး၊ နဂါး တားမြစ် နယ်မြေ ထဲမှာ၊ ငါ တို့ကို အံ့အားသင့် စေလိမ့်မယ် ထင်တယ်။ ”
ချင်လင်း အသံက စိုးရိမ် စိတ်ဖြင့်၊ အဖျားခတ် တုန်ယင် သွားသည်။ အဆုံးတွင် လင်းယွန် ဓားမှာ၊ လေထု အတွင်း ရစ်ဝဲ နေဆဲ ဖြစ် သည်ကို၊ ခံစား မိသည်။
“ သူ့ရဲ့ ကျင့်ကြံမှုက၊ အားနည်း နေတာ နှမျော စရာပဲ၊ မဟုတ်ရင် ကောင်းကင်လမ်း အဆုံး မှာ၊ အထွတ် အထိပ် နေရာကို ရယူနိုင် လိမ့်မယ်။ ”
ကျွင့်မုန်ချန်က သက်ပြင်း ချကာ သုံးသပ် လိုက်သည်။
“ အဲဒီ အချိန် အထိ၊ သူ အသက်ရှင် နိုင်ပါ့ဦး မလား ဆိုတာ၊ အရင် ကြည့်ရအောင်၊ သွေးအရိုး နယ်မြေက ဘာမှ မဟုတ် ပေမယ့်၊ ... ”
“ ... ဒီဖေးရွှယ်က သားကောင်ကို လွှတ်ထားမယ် မထင်ဘူး၊ အထူး သဖြင့် သူ စိတ်ဝင် စားတဲ့၊ ဘယ်သူ့ကို မဆိုပေါ့ ... ။ ”
ချင်လင်းက လေးလေး နက်နက် တွေးဆကာ၊ ပြုံးလျက် ဆိုလိုက်သည်။
“ သူ့ရဲ့ အလား အလာက၊ ကြောက်စရာ ကောင်းတယ်၊ အသက်ရှင် နိုင်ခဲ့ရင် ရင်းနှီးမှု ရအောင်၊ ကြိုးစား သင့်တယ်။ ”
နယ်မြေ များနှင့် စစ် မဖြစ် လျှင်ပင်၊ ကောင်းကင် လမ်း၌၊ ဝေးဝေး လျှောက်လှမ်း နိုင်ရန် ခက်ခဲ လေသည်။
မည်မျှပင် သန်မာ နေစေ ကာမူ၊ အားနည်းချက် အချို့အား တစ်ချိန်တွင် ထုတ်ဖော် မိမည် ဖြစ်သည်။
တစ်ဖက်တွင် လင်းယွန်သာ သန်မာခြင်း မရှိ ပါက၊ အခြား ပြည်နယ် များ၏ ပါရမီရှင် များကို ရင်ဆိုင် ရာ၌ ခေါ်ယူ ဖို့ရန် စဉ်းစား မိမည် မဟုတ်ချေ။
ဤသည်မှာ ခရီးဝေး ကြီးကို ဖြတ်ကာ၊ တိမ်မီးလျှံ မြို့သို့၊ သူတို့ နှစ်ဦး ရောက်ရှိ လာရ ခြင်း၏၊ အကြောင်း ရင်းလည်း ဖြစ်သည်။
လင်းယွန် မှာမူ၊ လျှို့ဝှက်သော ထိုအမျိုး သမီး၊ သူ့ နောက်သို့ မလိုက်ကြောင်း သေချာရန် လေးနာရီကြာ ခရီးနှင် ခဲ့သည်။ ထိုမှသာ သူ စိတ် သက်သာရာ ရသွား၏။
“ ဒီအမျိုးသမီးက တကယ့်ကို မလွယ်ဘူး၊ ငကောင်းကင် ကြာပန်း ကိုတောင် ရှောင်တိမ်း နိုင်တယ်၊ မီးလျှံ မိုးကြိုး ကြာပွတ် ကြောင့်သာ၊ မဟုတ်ရင် ငါ လွတ်မြောက် နိုင်မှာ မဟုတ်ဘူး။ ”
ထိုအမျိုးသမီးသည် ခုန်းရွှမ်ထက် နှစ်ဆ သန်မာ၏။ သူ့ အကြည့် များက ကူကယ်ရာ မဲ့ နေသည်။
ခုန်းရွှမ်ကို သတ်ခြင်းဖြင့်၊ သူ့ ခွန်အားမှာ နယ်မြေ (၁)သောင်း ကြား၊ ပြိုင်ဆိုင်ရန် အဆင့် မီကြောင်း၊ ပြသ ထားသည်။
သည်နေ့ ပြီးနောက် တိုက်ပွဲ များမှာ၊ ပို၍ ပြင်းထန် လာမည် ဖြစ်၏။။ သတိ မထားသော် သေနိုင်သည်။
ထို့ပြင် လျှို့ဝှက်သော အမျိုးသမီးကို ဒဏ်ရာများ ပေးခဲ့သည်။ နောင်တချိန် သူတို့ ပြန်ဆုံ ပါက၊ ဒုက္ခရောက် မည်မှာ သေချာ၏။
တစ်ဖက်တွင် ယွဲ့ဝေဝေ တစ်ယောက် ကောင်းကင် လမ်း၌၊ တစ်စုံ တစ်ရာကို ရှာဖွေ နေကြောင်း၊ သူ သိထားသည်။
မဟုတ်သော် ပယင်း နယ်မြေသို့ ဆင်းသက်ကာ၊ ဤမျှ ဒုက္ခ ခံမည် မဟုတ်ချေ။ သူမ ရှာနေသည့် အရာကို တွေ့ခဲ့ပုံ ရပြီး၊ ၎င်းကြောင့် အန္တရာယ် ရှိနေ လေပြီ။
“ ငါ့ကို စိတ်ပူလို့ ... ၊ သူ့ အန္တရာယ်ကို ဂရု မစိုက်ဘဲ၊ ထွက်လာ တာလား။ ”
ယွဲ့ဝေဝေ အကြောင်း၊ ခေါင်းထဲ ရောက်လာ သည်နှင့်၊ အနည်းငယ် ကူကယ်ရာ မဲ့ သွားကာ၊ သက်ပြင်းချ လိုက်မိသည်။
လျှို့ဝှက်သော ထိုအမျိုး သမီးအား ရင်ဆိုင် နိုင်ခြင်း မရှိိသည့် အတွက်၊ ယွဲ့ဝေဝေကို မကူညီ နိုင်ချေ။ ထိုခံစား ချက်မှာ ခံရခက် ချေ၏။
ယခု အချိန်၌ ကောင်းကင် လမ်းတွင်၊ ကျွမ်းကျင်သူ များစွာ ရှိသည် ဟူသော စကား အပေါ်၊ ယုံကြည်လာ ခဲ့သည်။
ခုန်းရွှမ်မှာ နဂါး အဆင့် သတ်မှတ်ချက် အတွင်းမှ ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ ထိုအဆင့်သို့ ဘုန်းနေမင်း ကုန်းမြေမှ မည်သူမျှ မတက်နိုင်ခဲ့ သည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် ဓားသမား တစ်ယောက် ဖြစ်သဖြင့်၊ အမြီး ကုပ်ကာ မနေလိုသည်မှာ အမှန် ပေပင်။
“ ငါ့ဓားကို အောင်မြင်မှု ရယူဖို့၊ ကြိုးစား ရမယ်၊ နဂါး တားမြစ် နယ်မြေ မဖွင့်ခင်၊ ဒါကို ပြီးမြောက် ထားရင်၊ တားမြစ် နယ်မြေ ထဲမှာ၊ အခွင့် အရေးတွေ ရှိလာလိမ့်မယ်။ ”
ကျင့်ကြံမှုအား တိုးတက် လာစေရန်၊ နတ်ကြယ် ပုလဲများ သုံးပြီး၊ မြှင့်တင် နိုင်သော် လည်း၊ ဒုတိယ ကောင်းကင် ဝိညာဉ်သို့၊ မရောက်နိုင် သေးချေ။
ထို့ကြောင့် ဓား ရည်ရွယ်ချက် အပေါ်၊ လှည့်မိခြင်း ဖြစ်သည်။ ယင်းမှာ သူ၏ အခြေခံ အုတ်မြစ် ဖြစ်သည်။
ပထမ ဒုက္ခ ခံယူ နေစဉ်၊ ထိုဓားသည် ပြီးပြည့်စုံ သွားကာ၊ ကောင်းကင်ဓား အဆင့်သို့၊ တက်လှမ်း နိုင်ချေ ရှိပြီ ဖြစ်သည်။
သို့သော် ထိုခြေလှမ်း တစ်လှမ်းသည် ကောင်းကင်နှင့် မြေကြီး ကွာခြားချက် နီးနီး၊ ဝေးလွန် လှချေ၏။
ထို့ကြောင့် မည်မျှပင် နီးကပ် နေကာမူ၊ ဝိညာဉ်ရေး ဓား အဆင့် တွင်သာ၊ ဖြစ်နေပေ သေးသည်။
ကံကောင်း စွာဖြင့်၊ ခုန်းရွှမ်နှင့် ထိုအမျိုး သမီး တို့အား တိုက်ခိုက် ရာတွင်၊ ထိုးထွင်း သိမြင်မှု အချို့ ရရှိ ခဲ့သည်။
အထူး သဖြင့် ထိုအမျိုး သမီးအား တိုက်ခိုက်ရန်၊ သူ၏ အလား အလာ အားလုံးကို တွန်းထုတ် ခဲ့ရသည်။ မသတ်နိုင် သော်လည်း၊ ဒဏ်ရာကို ရအောင် လုပ်နိုင် ပေ၏။
“ ဝိညာဉ်ရေး ဓား အဆင့်မှာ ... ၊ အချိန် အတော် ကြာနေပြီ၊ ကောင်းကင်ဓား အဆင့်ကို တက်ဖို့ ကြိုးစား သင့်တယ်၊ ... ”
“ ... ဒီအမျိုး သမီး လက်မှာ ကြုံတွေ့ ရတဲ့ အရှုံး မျိုးက၊ ကြာလာရင် ငါ့ နှလုံးသား အပေါ် သက်ရောက်မှု ရှိလာ လိမ့်မယ်။ ”
ဤအခွင့် အရေးအား အမိအရ ယူရန်၊ ဆုံးဖြတ် လိုက်သည်။ ပထမ ဒုက္ခတွင်၊ အသက် နှင့် သေခြင်းကို ရင်ဆိုင် ခဲ့ရသည်။
၎င်းကပ်ဘေးတွင်၊ ဓားအား သန့်စင်ရန် ကြိုးစားမိ သော်လည်း၊ မအောင်မြင် ခဲ့သည်မှာ၊ ထူးဆန်းလှ ချေသည်။
ထို့ကြောင့် သူ မမြင် နိုင်သေးသော၊ အားနည်းချက် တစ်ခု ရှိကောင်း ရှိနိုင် ပေမည်။ ပုံမှန် အတိုင်းသာ ဆိုပါက၊ ကောင်းကင်ဓား အဆင့်သို့၊ ထိုးဖောက် နိုင်ခဲ့ သင့်သည်။
လင်းယွန် တစ်ယောက် ငြိမ်သက် သွားပြီး၊ သူ့အခြေ အနေအား အပြန် အလှန် သုံးသပ်နေ မိသည်။
ခဏ အကြာတွင် ပြဿနာအား သိရှိ လိုက်ရ၏။ ကောင်းကင်ဘုံ သုံးပါးမှာ၊ မည်သည့် ပြိုင်ဘက်ကို မဆို၊ ရပ်တန့် နိုင်သည်။
အထူး သဖြင့် မိုးကောင်းကင် အောက်ရှိ အရာရာ တိုင်းကို၊ ချိုးဖြတ် နိုင်ရမည် ဟူသော ယုံကြည်ချက် မျိုးဖြင့်၊ အလား အလာအား တွန်းထုတ် ရခြင်း ဖြစ်သည်။
ထိုခံစား ချက်သည်၊ ချွင်းချက် မရှိချေ။ ကောင်းကင် ဓား အဆင့်သို့ တက်လှမ်းမည့် ဓား ရည်ရွယ်ချက် ကိုပင်၊ ဖျက်ဆီး ပစ်ခဲ့သည်။
ဝိညာဉ်ရေး ဓားသည် ကောင်းကင် အောက်တွင် ရှိသဖြင့်၊ ကောင်းကင်ဘုံ သုံးပါးမှ ဖျက်ဆီး ပစ်ခြင်းဟု၊ အဓိပ္ပါယ် ရချေ၏။
“ ဒါဆို ငါက၊ ငါ့ကိုယ်ငါ လှောင်အိမ်ထဲ ထည့်ထား မိတာပဲ … ။ ”
အဆုံးတွင် ဓား ရည်ရွယ်ချက်၊ အဟန့် အတား ဖြစ်နေ ရသည့်၊ အကြောင်း ရင်းအား တွေ့ရှိ ခဲ့သည်။
ကောင်းကင်နှင့် မြေကြီးကို ဖြိုခွဲနိုင် သော်လည်း၊ စိတ်လှောင်အိမ် တစ်လုံးကို ဖြိုခွဲ ခြင်းငှာ၊ ခက်ခဲ လှပေသည်။
ထိုအမျိုး သမီး နှင့်သာ တိုက်ခိုက်ခွင့် မရပါက၊ ဤလှောင်အိမ်အား သတိထား မိမည် မဟုတ်ချေ။
အိုမင်း လာသည် အထိ၊ ဝိညာဉ်ရေး ဓား၌၊ ပိတ်မိ နေနိုင်သည်။ သည့်အတွက် ထိုအမျိုး သမီးအား ကျေးဇူးတင်ရ ပေတော့မည်။
***