ကောင်းကင်ဓား ရည်ရွယ်ချက်။
Vol. 68 Ch. 939
လျှို့ဝှက်သော အမျိုး သမီး၏ ဖိအားသည် သူ့အား ကံကောင်း စေသော အရာ တစ်ခု ဖြစ်လာ ခဲ့သည်။
သူ၏ ဓား ရည်ရွယ်ချက်မှာ ကောင်းကင် ဘုံကို အံတုပြီး၊ အခြားသော ဓားသမား များကို ချန်ထား နိုင်ပြီ ဖြစ်၏။ ခွန်လွန် နယ်မြေ ၌ပင်၊ သူ့အား လိုက်မှီ နိုင်သူ ရှားနိုင် ပေမည်။
“ အချိန်က အရာ ရာပဲ၊ ငါ့ လှောင်အိမ်ကို ချိုးနိုင်ရင်၊ ငါ့ရဲ့ ကောင်းကင် ဓား ရည်ရွယ်ချက် က၊ အခြား ကောင်းကင်ဓား တွေထက် အများကြီး ပိုပြင်းထန် လာနိုင်တယ်။ ”
ထိုင်နေ လျက်မှ သူ့ မျက်လုံးများ တောက်ပ လာပြီး၊ ဝိညာဉ်ရေး ဓားရည်ရွယ် ချက်နှင့်၊ နဂါး ဓား ရောင်ဝါ တို့ကို လွှတ်ထုတ် လိုက်၏။
သူကိုယ်တိုင် ပြုလုပ် ထားမိသော လှောင်အိမ် ကြီးကို ရှာတွေ့ပြီ ဖြစ်ရာ၊ ချိုးဖြတ် ရန် အချိန် တစ်ခုသာ လိုပေ တော့မည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ သိုင်းခြုံ ထားသော ဓားရည်ရွယ် ချက်မှာ၊ ကြယ် တစ်ပွင့် ကဲ့သို့၊ တောက်ပ လာ၏။
သူ့ ဓားဖြင့် ကန့်သတ်ထား မိသော၊ လှောင်အိမ်အား ကြည့်ကာ၊ ထူးဆန်းသည့် ခံစား ချက်များ ဝင်ရောက် လာသည်။
ထိုအချိန်တွင် သူ့ ဝိညာဉ်မှာ၊ ကောင်းကင်ပေါ် ပျံ့တက်သွား သကဲ့သို့၊ ခံစား လိုက် ရ၏။
၎င်းက ဦးတည်ရာ တစ်ခုထံ၊ ဆက်လက် ပျံသန်း နေပြီး၊ များ မကြာခင် ပိတ်ထားသော တံခါး တစ်ခု ရှေ့၌၊ ရပ်တန့် သွားလေသည်။
ဤသည်မှာ သူ ဖန်တီးထား မိသော စိတ်ဝိညာဉ် လှောင်အိမ် တံခါး ဖြစ်ပြီး၊ တွန်းဖွင့် ရုံဖြင့်၊ လွတ်မြောက် နိုင်မည် ဖြစ်၏။
တစ်ဖက်တွင် ပါရမီရှင် များစွာက၊ ကောင်းကင်လမ်း အနှံ့၊ အခွင့် အလမ်းများ ရှာဖွေ နေကြသည်။
မကြာမီ နဂါး တားမြစ် နယ်မြေ ဖွင့်လှစ် တော့မည် ဖြစ်သဖြင့်၊ ၎င်းအတွက် လူတိုင်းမှ ပြင်ဆင် မှုများ ပြုလုပ် လာကြသည်။
တစ်ချိန်တည်း မှာပင် ခုန်းရွှမ်အား လင်းယွန်မှ၊ သတ်ပစ် နိုင်ခဲ့သည် ဟူသော သတင်းများ ပျံ့နှံ့ နေ၏။
ထို့ကြောင့် လင်းယွန် အမည်မှာ၊ နဂါး အဆင့်တွင် ပါဝင်ခြင်း မရှိ သော်လည်း၊ လူ အာရုံ စိုက်ရာ တစ်ခု ဖြစ်လာသည်။
ခုန်းရွှမ်ကို သတ်ကာ၊ ကောင်းကင် လမ်းတွင်၊ လူတိုင်း တိုက်ပွဲ ဝင်ခွင့် ရှိသည်ဟု ကြေငြာလာ သဖြင့်၊ သူ့အမည် ကြားတိုင်း၊ မြင့်မြတ်မြေ များက၊ အံကြိတ် မိကုန်၏။
ထိုစကားက ပါရမီရှင် တိုင်းကို၊ သွေးများ ပွက်ပွက်ဆူ စေပြီး၊ မြင့်မြတ် မြေများ အပေါ်၊ ရင်ဆိုင်ရန်၊ တွန်းအား ဖြစ်လာ ခဲ့သည်။
ထို့ကြောင့် နေရာ တိုင်းတွင်၊ အခွင့် အရေး ရှာဖွေရန် ကြိုးစား လာကြ၏။ ကောင်းကင် လမ်းသို့ တက်ရောက် လာနိုင်သော၊ သူတို့၏ အချိန် များကို နောင်တ မရချင် ကြပေ။
ငါးရက် ကြာပြီးနောက် လင်းယွန် ထံမှ ထက်ရှသော ဓား တစ်လက် ထွက်ပေါ် လာ၏။ ထိုဓားက ကောင်းကင်ပေါ် ထိုးတက် သွားကာ၊ တိမ်တိုက် များကို စုပ်ဖြဲ ပစ်လိုက်၏။
“ ဝှစ် ... ။ ”
သို့သော် တံခါး တစ်ချပ် ရှေ့၌ ရပ်တန့် သွားပြီး၊ ဖောက်ဖျက်ရန် ကြံရွယ် နေချိန်တွင်၊ တံခါး ဝမှ ဓား ရောင်ခြည် တစ်စင်း တိုးထွက် လာသည်။
၎င်းမှာ ကောင်းကင် ကြာပန်း ဖြစ်၏။ ယင်းနောက်၌ ခရမ်းရောင် ပန်းများ ပွင့်နေသော အပြာရောင် သစ်ပင်ကြီး ထွက်ပေါ် လာသည်။
သစ်ပင်မှာ ကြီးမား လွန်းသဖြင့်၊ ကောင်းကင် အပြည့် ဖုံးအုပ်ထား နိုင်ပြီး ခရမ်းရောင် ပန်းငယ် များက၊ ကြယ်ကလေး များကဲ့ တဖျပ်ဖျပ် တောက်ပ နေသည်။
ထို့နောက် ကြာပန်းများ ပွင့်နေသော ရေကန်ကြီး တစ်ကန် သစ်ပင် ခြေရင်း၌ ဖြစ်တည် လာသည်။
၎င်းအချိန်တွင် တံခါးဝမှ ထွက်လာသော အဆိုပါ ဓား အလင်း၏ စွမ်းအားမှာ သူ့ စိတ်ကူး ထက်၊ ကျော်လွန် သွားသည်။
ဓားရောင်ခြည် မထိမီ ကပင် ပါးစပ်မှ သွေးများ စီးထွက် လာ၏။ သူကိုယ်တိုင် ဖန်တီး ထားသော လှောင်အိမ်မှာ၊ အမှန်ပင် ထိတ်လန့် ဖွယ် ကောင်းလှ ပေသည်။
ကောင်းကင် အောက်ရှိ အရာ အားလုံးကို ဖြတ်တောက် ပစ်နိုင်သော ဓား တစ်လက်အား ဖန်တီး မိခြင်း ဖြစ်၏။
ယင်းသည် ပြိုင်ဘက် များ အတွက်၊ ရင်ဆိုင်ရ ခက်ခဲ စေသော အိပ်မက်ဆိုး တစ်ပုဒ် ဖြစ်ပြီး၊ သူကိုယ်တိုင် ပြန်လည် ရင်ဆိုင် ရလိမ့် မည်ဟု၊ မမျှော်လင့် ထားမိချေ။
သူ၏ ထက်ရှသော ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် သည်ပင် ပြိုပျက် သွားရ၏။ ဒွါရ ခုနစ်ပါးမှ သွေးများ စီးကျ လာပြီး၊ ပြင်းစွာသော နာကျင်မှုများ ဝင်ရောက် လာ၏။
“ ငါ သေတော့ မှာလား။ ”
တရွေ့ရွေ့ နီးကပ် လာသော ကောင်းကင် ကြာပန်းအား ကြည့်ကာ၊ ထိတ်လန့် သွားသည်။ အဖြေ ရှာနေစဉ်၊ အတွေး တစ်ချက် ရုတ်တရက် ပေါ် လာ၏။
အပြာရာင် ကြာပန်းတွင် ဟာကွက် ရှိရ ပေမည်။ ထို့ကြောင့် လျှို့ဝှက်သော အမျိုး သမီး အား၊ မသတ် နိုင်ခဲ့ခြင်း ဖြစ်သည်။
အားနည်းချက် ရှိသ၍၊ ရှင်သန်ရန် အခွင့် အရေး ရှိနိုင်သည်။ ရုတ်တရက် မျက်လုံးများ ဖွင့်ကာ၊ ဓား အလင်းကို မော့ကြည့် မိသည်။
ဓား အလင်းမှာ သူ့ခန္ဓာ ကိုယ်အား၊ အစိတ်စိတ် အမွှာမွှာ ခွဲရန် ဆင်းသက် နေသဖြင့် မြင်ကွင်းထဲ တဖြည်းဖြည်း တောက်ပ လာသည်။
သို့သော် နောက်ဆုံးတွင် အပြာရောင် ကြာပန်းမှာ၊ ပြီးပြည့် စုံခြင်း မရှိကြောင်း၊ သိရှိ ထားသဖြင့်၊ အားနည်း ချက်အား တွေ့ရှိ လိုက်သည်။
“ ဒီမှာပဲ ... ။ ”
၎င်းချို့ယွင်းချက် များကို၊ ပစ်မှတ် ထားပြီး၊ လက်သီးများကို ပစ်လွှတ် လိုက်ရာ၊ ကြာပန်းမှာ ရုတ်တရက် ပေါက်ကွဲ သွား၏။
ထို့နောက် တံခါး ပွင့်သွားပြီး၊ အလင်းမှုန် များက သူ့ အပေါ် ရွာကျ လာသည်။ ဆံပင်များ တဖျပ်ဖျပ် လွင့်လျက်၊ ထိုအလင်း၏ သဘော တရား များကို ဖမ်းယူရန်၊ မျက်လုံး အမြန်မှိတ် လိုက်ရသည်။
ကောင်းကင်ရှိ အပေါက် ကြီးမှာ၊ တစ်နာရီကြာ ပြီးနောက်၊ ဖြည်းညှင်းစွာ ပြန်လည် ပိတ်ကျ သွား၏။
တစ်ချိန်တည်း မှာပင် အလင်းမှုန်များ ပျောက်ကွယ် သွားပြီး၊ လင်းယွန် မျက်လုံးများ ပြန်ဖွင့် လာသည်။
စူးရှတောက် ပလွန်းသော မျက်ဝန်း တစ်စုံသည်၊ အကြည့် ခံရ သူအား အသက်ရှူ ကြပ် သလို၊ ခံစား စေရမည် ဖြစ်၏။
“ ဒါ ... ကောင်းကင်ဓား ရည်ရွယ်ချက်လား။ ”
အလင်း မှုန်များ လုံးဝ ပျောက်ကွယ် သွားချိန်တွင်၊ မျက်နှာ ပေါ်၌ ပျော်ရွှင်မှုများ ထင်ဟပ် လာသည်။
ဤသည်မှာ ကောင်းကင်ဓား အဆင့်၌ မရှိသေး သော်လည်း၊ ၎င်းနှင့် နီးကပ် နေပြီ ဖြစ်ကြောင်း၊ ခံစား မိ၏။
“ ဖွင့် ... ။ ”
ထို့နောက်တွင် ကြယ် တစ်ပွင့် ကဲ့သို့၊ တောက်ပ နေသော ဓား တစ်လက်က၊ နဂါး အသွင်ဖြင့် ဆင်းသက် လာသည်။
ထိုနဂါးသည် သူ့ခန္ဓာ ကိုယ်အား ရစ်သိုင်း လိုက်သော အခါတွင်၊ စွမ်းအားမှာ တဟုန်ထိုး မြင့်တက် လာသည်။
ဤအချိန်၌ သူ့ကိုယ်သူ ကောင်းကင်ကြီး တစ်စင်း အဖြစ် ခံစားလိုက် ရသည်။ တိမ်များကို လက်လှိုင်း တစ်ချက်ဖြင့် ဖယ်ရှား နိုင်ပြီး၊ တောင် များအား ရွေ့ယူ နိုင်၏။
“ ကောင်းကင် ဓားက ... ၊ ဒီလောက်တောင် အစွမ်းထက် တာလား။ ”
ထိုစွမ်းအားမှာ သူ့ စိတ်ကူးကို ကျော်လွန် နေသောကြောင့်၊ ပါးစပ် ဟောင်းလောင်း ပွင့် သွားသည်။
ယင်းကို တိုက်ပွဲ များ၌၊ ထိန်းချုပ် နိုင်ခြင်း မရှိ ပါက၊ ခန္ဓာကိုယ် တစ်ခုလုံး အပိုင်းပိုင်း ကွဲလျက်၊ သေဆုံး နိုင်ချေ ရှိ၏။
နောက်ဆုံးတွင် ခွန်လွန် နယ်မြေရှိ အင်ပါရီယန် ပင်လျှင်၊ ကောင်းကင် ဓားကို ဆုပ်ကိုင် နိုင်ခြင်း မရှိကြ သေးချေ။
ကောင်းကင် ဝိညာဉ် နယ်မြေဖြင့်၊ ယင်းကို ရယူထား နိုင်သောကြောင့်၊ သူ၏ နားလည်မှုမှာ ပထမ တန်းစား ပါရမီရှင် တစ်ဦး ဟူသော နယ်နိမိတ်အား၊ ဖြတ်ကျော် သွားပြီ ဖြစ်သည်။
“ ချွမ် ... ။ ”
ထိုစဉ် မှာပင် ဒါန်တမ် အတွင်း၌၊ သံကြိုး တစ်ချောင်း လွတ်မြောက် သွားသံ ထွက်ပေါ် လာ၏။
တစ်ချိန်တည်း မှာပင်၊ အမှောင်ထဲ နစ်မြုပ်နေသော ဓားရှည်က၊ အနည်းငယ် ရှေ့တိုး လာ၏။
ထို့နောက် ဓား ကိုယ်ထည်မှ၊ အလင်း ထွက်ပေါ် လာပြီး၊ ဒါန်တမ်ဟု ခေါ်သော အဆိုပါ အာကာသ တစ်ခု လုံးကို၊ မြင်လိုက် ရသည်။
ထိုစက္ကန့်ပိုင်း အတွင်း ဓားရှည်၏၊ ကောက်ကြောင်းအား ပြတ်ထင်စွာ မြင်လိုက် ရသည်။ သည့်နောက် အသစ် နိုးထ လာသော သိုင်းဝိညာဉ်အား လှည့်ကြည့် လိုက်မိ၏။
***