ရွှေရောင် အမွေး မျောက်ဝံ။
Vol. 68 Ch. 941
နတ်ကြယ် ပုလဲ ဆယ်လုံးသည် တန်ဖိုး အားဖြင့်၊ ကြယ်ပုလဲ တစ်သိန်းနှင့် ညီမျှ ချေ၏။ နောက်ဆုံးတွင် နတ်ကြယ်ပုလဲ တစ်သိန်း မဆို နှင့်၊ တစ်သန်း ပေးဝယ် လျှင်ပင်၊ ၎င်းအား ရောင်းမည့်သူ မရှိချေ။
နတ်ကြယ် ပုလဲ များရှိ ကြယ်စွမ်းအင် များကို၊ ကြယ် မီးတောက်ဖြင့် သန့်စင်ထား သောကြောင့်၊ ကြယ်ပုလဲ များမှာ ယှဉ်နိုင်ခြင်း မရှိ သည်မှာ သဘာဝ ပေပင်။
ထို့ကြောင့် ချန်ကျန်းမှာ ဟန်မဆောင် နိုင်တော့ဘဲ၊ ချက်ချင်း သဘောတူ လိုက်ခြင်း ဖြစ်သည်။
“ ငါပြော တာက၊ မင်းတို့ နှစ်ယောက်လုံး အတွက်၊ ဆယ်လုံး မဟုတ်ဘူး၊ တစ်ယောက်ကို ဆယ်လုံး ပေးမယ်။ ”
လင်းယွန်က သူ့ စကားကို ဖြည့်စွက် လိုက်၏။
“ ဘုရင် အဆင့် နတ်ဆိုး သားရဲတွေ အကြောင်းက၊ ငါ့ အတွက် အရမ်း အရေးကြီး တယ်၊ ပြီးတော့ နဂါး တားမြစ် နယ်မြေနဲ့၊ နဂါး အဆင့် ကျွမ်းကျင်သူ တွေ ရောပဲ။ ”
လင်းယွန်၏ ရက်ရော မှုကြောင့်၊ ရှန့်ယွင်ကျန်းနှင့် ချန်ကျန်းမှာ မှင်တက် သွားသည်။
“ သတိတော့ ပေးလိုက်မယ်၊ နတ်ကြယ် ပုလဲတွေ သတင်းသာ ပေါက်ကြား ခဲ့ရင်တော့ ... ။ ”
လင်းယွန်က စကား မဆက်ဘဲ၊ အေးစက်သော အကြည့် များကို ၎င်းတို့ နှစ်ဦးထံ ပို့လွှတ် လိုက်သည်။
ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ ဓား တစ်လက် ထိုးဖောက် ဝင်ရောက် လာ သကဲ့သို့၊ ခံစား လိုက်ရ သဖြင့်၊ ရှန့်ယွင်ကျန်းနှင့် ချန်ကျန်း တို့ မျက်နှာများ၊ ပြောင်းလဲ သွားသည်။
ယင်းကြောင့် သူတို့ နှလုံးသား ထဲတွင်၊ ကြောက်ရွံ့ မှုများ ပျံ့နှံ့ သွားပြီး၊ အေးစက်သော ချွေးသီးများ စီးကျ လာတော့၏။
ဤသည်မှာ မည်ကဲ့ သို့သော၊ ဓား ရည်ရွယ်ချက် ဖြစ်သနည်း။ အကြောက် တရား ဟူသော ဝေါဟာရထက် ပို၍၊ ခံစား ရချေပြီ။
ထိုဓား အောက်၌၊ ကောင်းကင် ကြီးမှ ငုံ့ကြည့်ခြင်း ခံလိုက် ရသော မြေမှုန်များ အဖြစ်၊ သူတို့ကိုယ် သူတို့ မြင်ယောင် လာမိ၏။
“ ငါ မင်းတို့ကို ဒီမှာ စောင့်နေမယ်၊ ဒါက စရန်ငွေ ... ။ ”
လင်းယွန်က ကောင်းကင် ဓားကို ဖယ်လိုက်ပြီး၊ နတ်ကြယ် ပုလဲ ဆယ်လုံးအား ထုတ်ယူ ပေးလိုက်သည်။
တောက်ပ လွန်းသော အဆင်းကြောင်း၊ နှစ်ယောက်သား အံ့အားသင့် သွားပြီး၊ ချက်ချင်း သိမ်းဆည်း လိုက်၏။
၎င်းတို့ကို နဂါး ပြည်နယ်၌ တွေ့ရ ခဲပြီး၊ ကြားရုံ မျှသာ ရှိချေသည်။ ပထမဆုံး အကြိမ် မြင်ဖူး ခဲ့သည်မှာ၊ နဂါး ပြည်နယ်၏ ပထမ တန်းစား ပါရမီရှင် လူငယ် ခုနစ်ပါးမှ၊ မတော် တဆ တွေ့ရှိ စဉ်က ဖြစ်သည်။
လင်းယွန်၏ ရက်ရောမှု အရ၊ ထိုလူငယ် ခုနစ်ဦး ထက်ပင်၊ များစွာ ရိတ်သိမ်း ထားနိုင် မည်ဟု၊ ယူဆ မိကြသည်။
“ စိတ်မပူ ပါနဲ့၊ မကြာခင် ငါတို့ ပြန်လာ ခဲ့မယ်။ ”
ရှန့်ယွင်ကျန်းက ကြောက်ရွံ့ တုန်လှုပ် စွာဖြင့် ပြုံးလျက် ကတိ ပေးသည်။
“ ခုန်းရွှမ်ကို သတ်တုန်းက ငါတို့ ရှိနေတယ်၊ ဒါကြောင့် ငါတို့ကိုယ် ငါတို့ မင်းရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိပါတယ်။ ”
“ ဒါ အကောင်းဆုံးပဲ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ထို့နောက်တွင် ချန်ကျန်း တို့နှစ်ယောက်မှာ၊ မြို့ထဲသို့ ဦးတည်လျက်၊ ထွက်ခွာ သွားတော့၏။
လင်းယွန်က နဂါးလေးအား အချက် ပြကာ၊ နောက်ပါးမှ လိုက်ပါ စေခဲ့သည်။ အနတ္တ ဓားကို ထုတ်ကိုင်လျက်၊ နဂါးလေးမှာ ရိပ်ခနဲ ပျောက်ကွယ် သွားလေသည်။
ထို့နောက် ထိုင်ချ လိုက်ပြီး၊ နတ်ကြယ် ပုလဲများ ထုတ်ယူကာ၊ ကျင့်ကြံရန် ဆုံးဖြတ် လိုက်သည်။
နတ်ကြယ် ပုလဲ များမှာ၊ ကျင့်ကြံမှု အဟုန်ကို၊ လျင်မြန်စွာ တိုးတက် စေသဖြင့်၊ ပထမ ကောင်းကင် ဝိညာဉ်အား၊ တည်ငြိမ် လာစေ၏။
ထို့အပြင် ကောင်းကင်ဓား သုတ္တန်၏ ဒသမမြောက် တံခါးအား ထိတွေ့ လာမိ လေပြီ။ ၎င်းအား ချိုးဖြတ် နိုင်ပါက၊ ကောင်းကင်ဘုံ သုံးပါးမှာ၊ အဆင့် သစ်သို့ ရောက်ရှိ လာမည် ဖြစ်၏။
အပြာရောင် သစ်ပင်ကြီး တစ်ခုလုံး၊ ခရမ်းရောင် ပန်း များဖြင့်၊ ဖုံးအုပ် နေသည်။ ၎င်းမှာ လင်းယွန်အား ကြီးစွာသော အကျိုး အမြတ်ကို ရရှိ စေ၏။
ကောင်းကင်ဓားနှင့် တွဲဖက် လိုက်ပါက၊ ထိတ်လန့် တုန်လှုပ်ဖွယ် စွမ်းအား ထုတ်လွှတ် နိုင်မည် ဖြစ်သည်။
ခြောက်နာရီ အကြာတွင်၊ ချန်ကျန်းတို့ နှစ်ဦး၏ ရောင်ဝါများ နီးကပ်လာ သည်ကို ခံစား လိုက်ရသည်။
မျှော်လင့်ထား သည်ထက် ပို၍ မြန်မြန် ပြန်လာ ကြခြင်း ဖြစ်၏။ မျက်လုံးများ ပြန်ဖွင့် လိုက်ပြီး၊ တစ်ဝက်ခန့် ကျန်ရှိနေ သေးသော၊ နတ်ကြယ် ပုလဲ များကို သိမ်းဆည်း လိုက်သည်။
ချန်ကျန်းတို့ နှစ်ဦး အနားရောက် ချိန်၌၊ မတ်တပ် ရပ်လျက် ပြုံးကာ စောင့်ကြို နေမိပြီ ဖြစ်၏။
“ မင်း ... လိုတဲ့ အချက် အလက်တွေ ရလာပြီ၊ လူတိုင်းက တားမြစ် နယ်မြေ တစ်ခု လုံးကို၊ နေ့စဉ် လှည့်လည် သွားလာ နေတာ ကြောင့်၊ ... ”
“ ... ဘုရင် အဆင့် သားရဲ သတင်းက၊ စုံစမ်းရ လွယ်ပါတယ်၊ မင်းက ဘယ် အဆင့် သားရဲကို သိချင် တာလဲ။ ”
ချန်ကျန်း စကား ဆုံးသည်နှင့်၊ အလင်းတန်း တစ်စက သူ့ခေါင်းထက်မှ ဖြတ်ကျော် သွားကာ၊ လင်းယွန် ပခုံးပေါ် ဆင်းသက် လာသည်။
နဂါးသွေး ကြောင်ကို မြင်ချိန်၌၊ မျက်နှာ ပြောင်းလဲခြင်း မရှိ သော်လည်း၊ တိတ်တဆိတ် သက်ပြင်း ခိုးချ လိုက်မိသည်။
သတင်း ရောင်းစားရန် စိတ်ကူး မရှိခဲ့ သည်မှာ ကံကောင်း ချေ၏။ ဤလင်းယွန်မှာ မောက်မာပုံ ရသော်လည်း၊ သတိ ကြီးလေ သည်။
“ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ။ ”
လင်းယွန်က ပြန်ဖြေ လိုက်သည်။ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေရောက်၊ နတ်ဆိုး သားရဲ သည်ပင်၊ အန္တရာယ်ရှိ နေပြီ ဖြစ်သည်။
ထို့ကြောင့် စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲများ အပေါ်၊ စိတ်ကူး မရှိ ခဲ့ချေ။
အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ များမှာ၊ အဆင့် တူ၌ ရှိသော လူသား ကျင့်ကြံသူ များကို ဖိနှိမ် နိုင်သည်။ ဘုရင် အဆင့် သားရဲများ ကမူ၊ ဆိုဖွယ် မရှိနိုင်။
“ ရှေးဟောင်း ဒရာကိုပီ မျိုးဆက် ကနေ၊ ဆင်းသက် လာတဲ့၊ ရွှေရောင် သားမွေး နတ်ဆိုး မျောက်ဝံ၊ ... ”
“ ... သူက၊ ယန် အခြေပြု နတ်ဆိုး သားရဲ ဖြစ်တဲ့ အတွက်၊ မင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီ ပါတယ်။ ”
ချန်ကျန်းက ရှင်းပြ လိုက်သည်။ သူ့ ဘေးတွင် ရပ်နေသော ရှန့်ယွင်ကျန်းက၊
“ ဒါပေမယ့် ... ယန်မီးတောက် နယ်မြေရဲ့ ခေါင်းဆောင်က၊ ဒီရွှေရောင် သားမွေး မျောက်ဝံ အပေါ် စိတ်ဝင် နေတယ်၊ ... ”
“ ... အမဲလိုက်ဖို့ အတွက်၊ မြင့်မြတ်မြေ ခြောက်ခု ကိုတောင်၊ သူ ဖိတ်ခေါ် ထားတယ်၊ ယန်မီးတောက် နယ်မြေက၊ သွေးအရိုး နယ်မြေကို မယှဉ်နိုင် ပေမယ့်၊ ... ”
“ ... သူတို့ ခေါင်းဆောင် မိုရန်က ခုန်းရွှမ်ထက် သန်မာတယ်၊ ပြီးတော့ ... သူ ဖိတ်ခေါ် ထားတဲ့၊ နယ်မြေတွေ ကလည်း၊ အညံ့စားတွေ မဟုတ်ဘူး၊ ... ”
“ ... သူ့ရဲ့ ယန်မီးတောက် နည်းစနစ်က၊ အထွတ် အထိပ်ကို ရောက်နေ ပြီလို့ ကြားတယ်၊ ပြီးတော့ မီး ရည်ရွယ်ချက်ကို တတိယ အဆင့် ရောက်ဖို့၊ ဒီသားရဲရဲ့ အမြုတေကို လိုတယ်။ ”
ချန်ကျန်က လင်းယွန်အား လေးနက်စွာ စိုက်ကြည့် လိုက်ပြီး၊
“ သူရဲ့ မီး ရည်ရွယ်ချက်က၊ ရင်ဆိုင်ဖို့ မလွယ် လောက်ဘူး။ ”
-ဟုဆို၏။
ဒုတိယ အဆင့် မီး ရည်ရွယ်ချက်မှာ၊ အထင်ကြီး စရာဖြစ်သော်လည်း၊ သူ့ဓားအား ယှဉ်မရ သေးသည်မှာ၊ သနားစရာ ပေပင်။
သိုင်း ရည်ရွယ်ချက် များ အနက်၊ ဓားမှာ ကြောက်စရာ အကောင်းဆုံး ဖြစ်ပြီး၊ မိုးပြာနဂါး ရောင်ဝါနှင့်၊ ပေါင်းစည်း ပြီးနောက်၊ ဆိုဖွယ် မရှိချေ။
ထို့ကြောင့် ကောင်းကင် ဓားကို မသုံး လျှင်ပင်၊ နှိမ်နင်း နိုင်မည်ဟု ယုံကြည်သည်။ တစ်ခု တည်းသော ဒုက္ခမှာ၊ မြင့်မြတ် နယ်မြေ ခြောက်ခု ဖြစ်၏။
“ သူက ... ၊ ခုန်းရွှမ်နဲ့ မတူဘူး၊ တတိယ ဒုက္ခကို ကြယ်ပုလဲ ခြောက်သန်း အသုံး ပြုပြီး၊ ဖြတ်ကျော် ခဲ့တယ်လို့၊ ကြားသိ ထားတယ်။ ”
ရှန့်ယွင်ကျန်းက ထိတ်လန့်စွာ သတိပေး လိုက်သည်။ အတိတ်သာ ဖြစ်ခဲ့ ပါလျှင် မိုရန်မှာ၊ လင်းယွန် အတွက် ကြောက်မက်ဖွယ် ပြိုင်ဘက် ဖြစ်လာ ပေလိမ့်မည်။
ယခုမူ နတ်ကြယ် ပုလဲ (၁၅၀၀) ဟူသော ပမာဏမှာ၊ ကြယ်ပုလဲ (၁၅)သန်း ဖြစ်ခေျ၏။
“ အဆင် ပြေ ပြီ ... ။ ”
လင်းယွန်က ထိုအကြောင်းကို လျစ်လျူရှု လိုက်ပြီး၊ ရွှေရောင် သားမွေး မိစ္ဆာ မျောက်ဝံ၏ အချက် အလက် များကို ဆက်လက် မေးမြန်း လိုက်သည်။
အချက် အလက်များ ဝေမျှ ပြီးနောက်၊ သွေးအရိုး နယ်မြေ ခေါင်းဆောင်မှာ၊ သူ့အား ရင်ဆိုင်ရန်၊ စတုတ္ထ ဒုက္ခကို ခံယူ နေကြောင်း ချန်ကျန်းမှ၊ သတိပေး လာသည်။
ထို့ပြင် နဂါး တားမြစ် နယ်မြေမှာ၊ နှစ်လ အတွင်း ဖွင့်လှစ် လာမည် ဖြစ်သည်။
“ ယွဲ့ဝေဝေ အကြောင်း တစ်ခုခု ကြားသေးလား။ ”
လင်းယွန်က မေးသည်။ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းမှာ အကြည့်ချင်း ဖလှယ် မိကြပြီး၊ ခေါင်းယမ်း ပြသည်။
ရှန့်ယွင်ကျန်းက အနည်းငယ် တုန့်ဆိုင်း သွားပြီး၊
“ မင်း ... ၊ စိတ်ဝင်စား မလားတော့ မသိဘူး၊ ဘုန်းလမင်း ဝိညာဉ်ကို ပယင်း နယ်မြေက ယုဟိုရှင်း ဆိုတဲ့ တစ်ယောက် ရသွားတယ်။ ”
-ဟု ဆိုလိုက်၏။
ယုဟိုရှင်း တစ်ယောက် အသက်ရှင် နေသေးပြီး၊ ဘုန်းလမင်း ဝိညာဉ်ကို ရယူသွား နိုင်သည်မှာ၊ မယုံ နိုင်စရာ ပေပင်။
ဆိုလို သည်မှာ၊ ဒဏ်ရာ များမှ သက်သာ လာရုံ သာမက၊ မြင့်မြတ်မြေ များကိုပင်၊ ရင်ဆိုင် နိုင်သည် အထိ၊ သန်မာ လာကြောင်း၊ အဓိပ္ပါယ် ရချေ၏။
ထို့ကြောင့် နဂါး တားမြစ် နယ်မြေမှာ၊ စိတ်ဝင်စားဖွယ် ကောင်းလာ ပေတော့ မည်ဟု ပြောနိုင်သည်။
ပထမ သွေးအရိုး နယ်မြေ၊ ဒုတိယ လျှို့ဝှက်သော အမျိုး သမီး၊ ယခု ယုဟိုရှင်းနှင့်၊ နဂါး ပြည်နယ်၏ ပါရမီရှင် ခုနစ်ပါး ရှိသည်။
လင်းယွန် မျက်နှာ ပေါ်ရှိ အပြောင်း အလဲအား မြင်လိုက် ရသဖြင့်၊ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းမှာ အံ့သြ သွားသည်။
မိုရန်နှင့် သွေးအရိုး နယ်မြေ အကြောင်း ကြားစဉ် ကပင်၊ ပြောင်းလဲ သွားခြင်း မရှိပေ။ ယုဟိုရှင်းနှင့် လင်းယွန် ကြားတွင်၊ တစ်စုံ တစ်ရာ ရှိရ ပေမည်။
“ ဒါက ... ငါ့ အတွက် အရေး ကြီးတယ်၊ ကျေးဇူး တင်ပါတယ်၊ ဒီမှာ မင်းတို့ အတွက် ... ။ ”
လင်းယွန်က ပေးရန် ကျန်ရှိ နေသော နတ်ကြယ် ပုလဲ (၁၀)လုံး အပြင်၊ နောက်ထပ် နတ်ကြယ် ပုလဲ (၈၀)အား ထပ်ဖြည့် ပေးကာ၊ ပေျာက်ကွယ် သွားတော့သည်။
မထင်မှတ် ထားသော အပိုဆောင်း ပေးလာသည့် အရေ အတွက်ကြောင့်၊ နှစ်ဦးသား တုန်ယင် သွားသည်။
သတိ ဝင်ကာ မော့ကြည့် လိုက်ချိန်၌ လင်းယွန် ပုရိပ်မှာ၊ လုံးဝ ပျောက်ကွယ် သွားပြီ ဖြစ်သည်။ ချန်ကျန်းက ရှန့်ယွင်ကျန်းထံ ငဲ့ကြည့်ပြီး၊
“ ယွင်ကျန်း ... ၊ သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ ဘယ်အဆင့်ကို ရနိုင်မယ် ထင်လဲ။ ”
-ဟု မေးလိုက်သည်။
နဂါး အဆင့် သတ်မှတ် ချက်တွင်၊ ကန့်သတ်ချက် တစ်ခု ရှိပြီး၊ အချိန် ကြာလာ သည်နှင့် အမျှ၊ ပိုမို မြင့်မား လာမည် ဖြစ်သည်။
လက်ရှိ အချိန်၌ နဂါး အဆင့်၏၊ ကန့်သတ် ချက်မှာ၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ဖြစ်၏။
ထို့ကြောင့် လင်းယွန်၏ ကျင့်ကြံမှုမှာ၊ အဆင့် သတ်မှတ်ချက် အတွင်း၊ ဝင်ရောက် နိုင်ခြင်း၊ မရှိ သေးချေ။
သို့သော် နဂါး အဆင့် (၄၇)၌ ရှိသော ခုန်းရွှမ်ကို သတ်ပစ် နိုင်ခဲ့သည့် အတွက်၊ စိတ် ဝင်စား မိသည်မှာ အမှန် ပေပင်။
ရှန့်ယွင်ကျန်းက အနည်းငယ် စဉ်းစား လိုက်ပြီး၊
“ ထိပ်ဆုံး အယောက် သုံးဆယ်နဲ့ ယှဉ်နိုင်တယ်၊ စတုတ္ထ ကောင်းကင်က တစ်စုံ တစ်ယောက် မဟုတ် မချင်း၊ သူ့ကို အနိုင် ယူဖို့ မလွယ် လောက်ဘူး။ ”
-ဟု ပြန်ဖြေ မိ၏။
ထိုအချိန်တွင် ရွှေရောင် သားမွေး မျောက်ဝံ၏ တည်နေရာသို့ သွားရာ လမ်း၌၊ လင်းယွန် တစ်ယောက် ရောက်ရှိ နေသည်။
တောင်တန်း အတွင်း၊ ကြောက်မက်ဖွယ် ကောင်းသော မြူခိုး များဖြင့်၊ ဖုံးလွှမ်း နေပြီး အဆိပ်များ ပါရှိ နေ၏။
ထို့ကြောင့် မြင့်မြတ်မြေ များမှ လွဲ၍၊ ဤဒေသအား မည်သူမျှ ခြေတစ်လှမ်း မချ ဝံ့ခြင်း ဖြစ်သည်။
“ ဒါက အရိုးပြာ တောင်တန်းလား။ ”
နဂါးသွေး မြင်း ပေါ်မှ နေ၍၊ နက်မှောင် နေသော တောင်တန်း ကြီးကို၊ လှမ်းမျှော် ကြည့် လိုက်မိသည်။
မိုရန်နှင့် အဖွဲ့မှာ ရွှေရောင် သားမွေး မျောက်ဝံကို ဖြုတ်ချရန်၊ တောင်တန်း တစ်ခု လုံးကို အစီရင်ဖြင့်၊ ပိတ်ဆို့ ထား၏။
သို့သော် တောင်တန်းမှာ ကြီးမား သဖြင့်၊ ဤမျှသော အင်အားနှင့်၊ နေရာ အနှံ့ ပိတ်မိရန် မဖြစ် နိုင်ပေ။
“ သွား ရ အောင် ... ။ ”
မြေပြင်ပေါ် ခုန်ဆင်း လိုက်ပြီး၊ တက်ကြွ စွာဖြင့် ဆိုလိုက်သည်။ တစ်ဆက် တည်းမှာပင်၊ ကြောင်ပုံစံ အဖြစ်သို့ ပြောင်းလဲလျက်၊ နဂါး လေးက သူ့ ပခုံးပေါ် ခုန်တက် လာတော့၏။
***