ချောင်းမြောင်း စောင့်ကြည့်ခြင်း။
Vol. 68 Ch. 942
အရိုးပြာ တောင်တန်းသို့ သွားရာ လမ်း၌၊ ဦးထုပ် တစ်လုံးကို ခပ်ငိုက်ငိုက် စောင်းလျက်၊ လင်းယွန် တစ်ယောက် ထွက်ပေါ် လာသည်။
လမ်း တစ်လျှောက်တွင် နတ်ဆိုး သားရဲ များကို၊ အမဲလိုက် နေသော မြင့်မြတ် မြေ၏ ပါရမီရှင် အချို့အား၊ တွေ့မြင် နိုင်သည်။
“ ဝိညာဉ် ရေးရာ အစီ အရင်လား ။ ”
ရုတ်တရက် လေထု ထဲရှိ၊ စွမ်းအင် အတက်အကျ လှိုင်း များကို ခံစားမိ သဖြင့်၊ သစ်ပင်ကြီး တစ်ပင် ပေါ်သို့၊ ခုန်တက် လိုက်သည်။
မဝေးကွာ လှသော အရပ် ဆီ၌၊ ဝိညာဉ် ရေးရာ အစီရင်ကို ခင်းကျင်း နေသော လူငယ် များအား၊ မြင်လိုက် ရသည်။
ထိုလူငယ် များမှာ၊ စတုတ္ထတန်း ဝိညာဉ်ရေးရာ ဆရာ သခင်များ ဖြစ်နိုင်၏။ ဝိညာဉ် ရေးရာ အစီရင် များသည်၊ ပုံကြမ်း များနှင့် မတူ ချေ။
ဝိညာဉ် ရေးရာ ပုံကြမ်း များမှာ၊ ရိုးရှင်း သောကြောင့်၊ လူတစ်ဦးမှ အလွယ်တကူ ရေးဆွဲ အသုံးပြု နိုင်သည်။
အစီရင် များသည် ၎င်းထက် ပို၍ ရှုပ်ထွေး လှသဖြင့်၊ စတုတ္ထတန်း ဝိညာဉ်ရေး ဆရာ သခင် တိုင်းပင်၊ အသုံးပြု နိုင်စွမ်း မရှိချေ။
လက်ရှိ အသွင်အား ကြည့်ရုံဖြင့်၊ ဝိညာဉ် ရေးရာ အခင်း အကျင်း၏ အဆင့်သည် နိမ့်ပါး မည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။
ဤမိုရန်က သည်တစ်ကြိမ်၌ မြင့်မြတ် နယ်မြေ ခြောက်ခုမှ၊ တကယ်ပင် အရည် အချင်း ရှိသော လူငယ် များကို ခေါ်ယူထား ပုံရသည်။
ထို့ကြောင့် လင်းယွန် အတွက်၊ ရွှေရောင် သားမွေး မျောက်ဝံ၏ သားရဲ အမြုတေအား လုယူရန်၊ ပို၍ ခက်ခဲ လာချေ တော့မည်။
ထို့နောက် ဝိညာဉ် ရေးရာ ဆရာ သခင် လူအုပ်၏ နောက်သို့၊ တိတ်တဆိတ် လိုက်ကာ ချောင်းမြောင်း မိသည်။
ယင်းကြောင့် ထိုဝိညာဉ် ရေးရာ ဆရာ သခင် လူငယ် များ၏၊ မြင့်မားသော ကျွမ်းကျင် ပိုင်နိုင် မှုကို၊ ပို၍ မြင်လာ ရသည်။
တောင်တန်း ကြီး၏ အရှိန် အဝါကို ထုတ်ယူရန် သုံးစွဲရန် အတွက်၊ အစီရင်အား တောအုပ်နှင့် တစ်သားတည်း ဖြစ်စေ ခဲ့သည်။
ရွှေရောင် သားမွေး မျောက်ဝံ ကိုသာ ဤအစီရင်ဖြင့် ဖမ်းမိ ပါက၊ မိုရန် အတွက် ချွေး တစ်စက် မထွက်ဘဲ၊ သတ်နိုင် ပေလိမ့်မည်။
တစ်နာရီကြာ ပြီးနောက် ထိုအဖွဲ့မှာ၊ ကျယ်ဝန်းသော ချိုင့်ဝှမ်း တစ်ခု ဆီသို့ ရောက်ရှိ လာသည်။
ဤသည်မှာ အရိုးပြာ ချိုင့်ဝှမ်း ဖြစ်ပြီး၊ ရွှေရောင် သားမွေး မျောက်ဝံ နေထိုင်ရာ အရပ် ဖြစ်၏။
မြေပြင် တစ်ခုလုံး ပူလောင် နေပြီး၊ လေထု ထဲ၌၊ မီးဝိညာဉ် စွမ်းအင် များဖြင့် ပြည့်နေသည်။ ချိုင့်ဝှမ်း တစ်လျှောက်၊ မြင့်မြတ်မြေ များမှ ပါရမီရှင် နှစ်ရာခန့် ပုန်းအောင်း နေကြ၏။
၎င်းတို့ အားလုံး၏ ကျင့်ကြံမှုမှာ၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်လေသည်။ ဤဖွဲ့စည်းမှု ပမာဏသည် လင်းယွန် ကိုပင် ထိတ်လန့် သွားစေ၏။
နဂါး လေးအား ပွေ့ဖက် ထားလျက်မှ၊ အသံ မထွက်ရဲ တော့ချေ။ လူအုပ် အတွင်း ဦးဆောင် နေသူ သုံးဦးထံ၊ သတိနှင့် လှမ်းကြည့် မိသည်။
အလယ်တွင် ရပ်နေသော အနက်ဝတ် လူငယ်၏ ဝတ်ရုံ နောက်ကျော၌ မီးတောက် သင်္ကေတ တစ်ခုကို၊ ရေးထိုး ထား၏။
ဤသည်မှာ ယန်မီးတောက် နယ်မြေ၏ လူငယ် အဖွဲ့ ခေါင်းဆောင် မိုရန် ဖြစ်သည်။ သူ့ ဘယ်ဘက်တွင် ရိုးရှင်းသော မီးခိုးရောင် အဝတ် အစားကို ၀တ်ဆင် ထားသည့်၊ လူငယ် တစ်ဦး ရှိ၏။
ထိုလူငယ် ပတ်ဝန်းကျင်၌ ဝိညာဉ် ရေးရာ ပုံကြမ်း တစ်ခုကို၊ ယောင်ဝါးဝါး မြင်နိုင်သည်။ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင်။
လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် သွားသည်။ ချန်ကျန်းတို့ ပေးထားသော အချက် အလက် များအရ၊ ဤလူငယ်မှာ တော်ဝင် ဝိညာဉ် နယ်မြေ၏ ခေါင်းဆောင် ဖြစ်ချေမည်။
စတုတ္တတန်း ဝိညာဉ် ရေးရာ ဆရာ သခင် များမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ အဆင့်မှ၊ ကျွမ်းကျင်သူ များနှင့် ယှဉ်နိုင်၏။
စတုတ္ထတန်း ဝိညာဉ်ရေး ရူရ် များကို များများ ဆုပ်ကိုင် ထားနိုင် လေလေ၊ ပို၍ အားကောင်း လေလေ ဖြစ်သည်။
ဤလူငယ်သည် ဝိညာဉ် ရေးရာ အစီရင်ကို ထိန်းချုပ် နိုင်သောကြောင့်၊ အနည်းဆုံး စတုတ္ထ အဆင့်၊ ဝိညာဉ် ရေးရာ ရူရ် ဆယ်လုံးအား နားလည် ထားကြောင်း၊ မှန်းဆ နိုင်သည်။
ညာဘက်တွင် နှစ်မီတာကျော် အရပ် အမောင်းနှင့်၊ ကြောက်မက်ဖွယ် ကောင်းသော ရုပ်အဆင်း သဏ္ဍာန် မျိုးရှိသည့်၊ လူငယ် တစ်ဦး ရပ်နေသည်။
ဤလူငယ်မှာ ရုပ်ခွန်အားကို အသားပေး ကျင့်ကြံ ထားကြောင်း သိသာ၏။ သူ့ထံမှ ထွက် လာသော စွမ်းအင် အတက် အကျမှာ၊ ကြမ်းကြုတ် လှချေပြီ။ ၎င်းမှာ နတ်မိစ္ဆာ ကြယ် စင်စု နယ်မြေ၊ ခေါင်းဆောင် ဖြစ်နိုင်၏။
“ ဆရာမု၊ ငါတို့ အခု လှုပ်ရှားလို့ ရပြီလား။ ”
မုဇီရီကို ကြည့်ပြီး၊ မိုယန် ပြုံးကာ မေးလိုက်သည်။ မုဇီရီမှ ပြန်မဖြေ အားသေးပဲ၊ ချပ်ဝတ် တစ်ထည်ကို ထုတ်ယူ လိုက်သည်။
အစီရင်များ ပါဝင်သော တာအို အဆင့် ခုခံ ကာကွယ်ရေး ချပ်ဝတ် တစ်ထည်သည်၊ တာအို လက်နက်များ ထက်ပင်၊ ပို၍ ရှားပါး လေသည်။ မည်သူ မဆို အလွယ် တကူ ဆောင်ထား နိုင်ခြင်း မရှိချေ။
ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။ အထွတ်အထိပ် အဆင့် စကြာ ဝဠာ လက်နက် တစ်ခုအား၊ ထက်မံ ထုတ်ယူ လိုက်ပြန်သည်။
ထို့နောက် ၎င်တို့အား ဝူးမူထံ ကမ်းအပ် လိုက်သည်။ အဆိုပါ ရတနာများ ပေါ်ရှိ ရူရ်များ မှာ၊ သူ့ခန္ဓာ ကိုယ်၌ ရေးထွင်း ထားသော ဝိညာဉ် ရေးရာ အစီရင် ငယ်နှင့်၊ ချိတ်ဆက် နေ၏။
“ ဒီလူတွေ တကယ် စေ့စပ် တာပဲ။ ”
အဝေးမှ အကဲခတ် နေသော လင်းယွန် တစ်ယောက် မချီးကျူးဘဲ မနေနိုင် တော့ချေ။ ဝူးမူက တာအို ချပ်ဝတ်နှင့် စကြာဝဠာ လက်နက် အပေါ်၊ အားကိုးကာ၊ ရွှေရောင် နတ်ဆိုး မျောက်ဝံကို ထိန်းထား ရမည် ဖြစ်သည်။
တစ်ဖက်တွင် တောင်ကို ဖုံးအုပ် ထားသော ဝိညာဉ် ရေးရာ အစီရင်ကို အသက် သွင်းကာ၊ မိုရန် အတွက်၊ အခွင့် အရေးများ ဖန်တီး ပေးမည် ဖြစ်၏။
ထို့ကြောင့် မတော် တဆ ဖြစ်ရပ် များသာ မရှိ ပါက၊ ရွှေရောင် သားမွေး မျောက်ဝံကို သတ်ပစ်ရန်၊ အခက် အခဲ ရှိနိုင်မည် မဟုတ်ချေ။
ဤမြင်ကွင်းမှာ မြင့်မြတ် မြေများ ပေါ်ရှိ၊ လင်းယွန်၏ အမြင်ကို လုံးဝ ပြောင်းလဲ သွားစေ ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ၊ ၎င်းတို့၏ တိကျ သေသပ်သော အစီစဉ်ကြောင့်၊ မျောက်ဝံကို ကိုယ်တိုင် ရင်ဆိုင် စရာ မလို တော့ချေ။ ယင်းမှာ သတင်းကောင်း ဖြစ်၏။
ကောင်းကင် လမ်း၌ မိစ္ဆာ စွမ်းအင် များမှာ၊ တစ်နှစ် ပတ်လုံး ရှိနေ သဖြင့်၊ ဘုရင် အဆင့် သားရဲ များသည်၊ ကြောက်စရာ ကောင်းနိုင် ပေမည်။
ဤလူများက သူ့အစား ဖြေရှင်း ပေးသော်၊ ကျေးဇူးတင် ရမည် ဖြစ်၏။
“ စ ရ အောင် ... ။ ”
မိုရန်က မြင့်မြတ်မြေ အသီး သီးမှ ပါရမီရှင် များထံ အချက်ပြ လိုက်သည်။ ထိုနောက် ဝူးမူ တစ်ယောက်၊ ကောင်းကင်ပေါ် ပျံတက် လာပြီး၊ သူ့ ရောင်ဝါကို ထုတ်ဖော် လိုက်၏။
ကြမ်းကြုတ်သော အငွေ့ အသက်များ နှင့်အတူ၊ ခန္ဓာကိုယ် ပေါ်ရှိ တာအို အဆင့် ချပ်ဝတ်မှာ၊ ကြက်သွေးရောင် တောက်ပ လာသည်။
ယင်းကို မြင်နိုင်၌ မုဇီရီ ပင်လျှင် အံ့အား သင့်ကာ ပြုံးလိုက် မိ၏။
“ နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေရဲ့၊ မျိုးဆက် သွေးက တကယ် ကြောက်စရာ ကောင်းတာပဲ၊ ဒါကြောင့် သူတို့ ခန္ဓာ ကိုယ်က ကြံ့ခိုင် နေတာ မဆန်း ပါဘူး။ ”
မုဇီရီက ခေါင်းယမ်းကာ ဆိုလိုက်သည်။
“ ကောင်းပြီ အခု စတော့မယ်၊ ဆရာမု ... မင်း လွတ်ရာ ကနေ ကြည့်တာ ... ၊ ပိုကောင်း လိမ့်မယ်။ ”
-ဟု မိုရန်က သတိပေး မိသည်။
“ ဟား ... ဟား ... ဟား ... ၊ စိတ်မပူ ပါနဲ့၊ ငါ့ရဲ့ နဂါး ပိတ်လှောင်ခြင်း ကြယ်စင်စု အစီရင် က၊ ဒီတောင်တန်း ကြီးရဲ့ ... ”
“ ... ရောင်ဝါကို အပြည့် အဝ အသုံးချ နိုင်ပါတယ်၊ မနိုင်ရင် တောင်မှ အသက် ရှင်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး။ ”
မုဇီရီက ယုံကြည်မှု အပြည့်ဖြင့်၊ ပြန်လည် ပြောကြား လိုက်သည်။ ထို့စဉ် မှာပင် မြေပြင်၌ ဖုန်ထ လာပြီး၊ ကြမ်းကြုတ်သော ရောင်ဝါ အချို့၊ ပျံ့လွင့် လာသည်။
အဝေးမှ ဖြည်းညင်းစွာ ချဉ်းကပ် လာသော ခြေသံ နှင့်အတူ၊ တောင်ကုန်း ငယ်များ ပြင်းစွာ တုန်ခါ သွားတော့၏။
“ ရွှေရောင် သားမွေး မျောက်ဝံ လာပြီ။ ”
အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။ ကြည့်နေ စဉ်မှာပင်၊ ရွှေရောင် အမွေး ရှည်များ ဖုံးလွှမ်း နေသည့်၊ မီတာ (၃၀၀)ခန့် ရှိသော မျောက်ဝံ ကြီး တစ်ကောင် ထွက်ပေါ် လာ၏။
၎င်း၏ ချွန်ထက်သော အစွယ် နှစ်ချောင်းအား ထုတ်ဖော်လျက်၊ ရင်ဘတ်အား တစ်ဗုန်းဗုန်း ထုကာ၊ ခေါင်းမော့ အော်ဟစ် လိုက်သည်။
“ ဂါး ... ။ ”
မီးလျှံများ တောက်လောင် နေသည့်၊ မျက်ဝန်း တစ်စုံက၊ လေထဲရှိ ဝူးမူထံ စိုက်ကြည့် လိုက်၏။
ထိုအကြည့်ကြောင့် ချိုင့်ဝှမ်း တစ်ခုလုံး၊ ငြိမ်သက် သွားကာ၊ ဝူးမူ၏ လှုပ်ရှားမှု များကို၊ ကန့်သတ် ခံလိုက် ရသည်။
ကြောက်မက်ဖွယ် ကောင်းလှ ပါသည် ဟူသော ဝူးမူ၏ အရှိန်အဝါ ပင်လျှင်၊ အကြည့် အောက်၌၊ မလှုပ်ရှား နိုင်တော့ပေ။
“ ဒါက ဘုရင် အဆင့် နတ်ဆိုး သားရဲရဲ့ ဖိအားလား။ ”
အဝေးမှ ကြည့်နေသော လင်းယွန်မှာ၊ အံ့သြမှင်တက် သွားသည်။ အသွင် အပြင် အရ၊ ဤမျောက်ဝံ့ ကြီး၌ ကောင်းမွန်သော ဉာဏ်ရည် ဉာဏ်သွေး ရှိနိုင် ပေမည်။
မီး ရည်ရွယ်ချက် အပေါ်၊ နားလည်မှု မြင့်မားသော မိုရန်မှ လွဲ၍၊ ဝူးမူနှင့် မုဇီရီ တို့မှာ၊ မျောက်ဝံ၏ အရှိန် အဝါ အောက်တွင်၊ မလှုပ်ရှား နိုင်တော့ချေ။
“ ဂါး ... ။ ”
မျောက်ဝံက ရုတ်တရက် ခုန်လွှား လာပြီး၊ ဝူးမူအား ဖမ်းချုပ်ကာ ကိုက်ခွဲရန် ကြိုးစားလာ လေသည်။
ဤအခိုက် အတန့်တွင်၊ ဝူးမူ၏ တာအို ချပ်ဝတ်နှင့်၊ စကြာဝဠာ လက်နက်ရှိ ရူရ်များ တောက်ပ လာပြီး၊ ဝိညာဉ် ရေးရာ အစီရင်မှာ အသက်ဝင် လာသည်။
“ ဂါး ... ။ ”
ထို့ကြောင့် ဝူးမူအား နှစ်ပိုင်း မကိုက်နိုင် သဖြင့်၊ မျောက်ဝံ့က ဝမ်းခေါင်း သံနှင့် အော်ဟစ် လျက်၊ တောင်ပေါ်သို့ လွှဲကာ၊ ပစ်ပေါက် လိုက်သည်။
“ ဝုန်း ... ။ ”
ဝူးမူ တစ်ယောက် တောင်တစ်လုံး အတွင်း မြုပ်ဝင် သွားရာမှ၊ ချက်ချင်း ကုန်ထ လိုက်ပြီး၊ မုဇီရီထံ လှမ်းအော် လိုက်သည်။
“ မု ဇီ ရီ ... ၊ မြန်မြန် ... ။ ”
ဝူးမူ၏ ရုပ် ခန္ဓာမှာ၊ သန်စွမ်းလွန်း သောကြောင့်၊ ချောင်းကြည့် နေသည့် လင်းယွန် ခမျာ၊ အတွေးနက် သွားသည်။
အကယ်၍ သာမန် ပါရမီရှင် တစ်ဦးသာ၊ ဤပုံစံဖြင့် ပစ်ပေါက် ခံရ ပါက၊ အသားပုံကြီး အဖြစ်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။
“ နဂါး ပိတ်လှောင် ကြယ်စင်စု အစီရင်။ ”
“ တွမ် ... ။ ”
နောက်ဆုံးတွင် မုဇီရီ၏ ပတ်ဝန်းကျင်၌ ဝိညာဉ် ရေးရာ ပုံကြမ်း တစ်ခု၊ စတင် လှုပ်ရှား လာတော့သည်။
တံဆိပ် များကို ဖွဲ့စည်း နေစဉ်၊ တိမ်များ ကွဲထွက် ကုန်ပြီး၊ ကြယ်ရောင် များက အလင်း တိုင်ကြီး သဖွယ်၊ အစီရင်ပေါ် ဆင်းသက် လာ၏။
မြေပြင် ပေါ်၌ ကြီးမား လှသော ဝိညာဉ် ရေးရာ ပန်းချီကား တစ်ချပ် ဖြစ်ပေါ် လာကာ၊ ထိုအလင်းတိုင် ကြီးထံမှ ကြယ်စွမ်းအင် များကို စုပ်ယူ တော့သည်။
ပန်ချီကား အသက်သွင်း နေစဉ် မှာပင်၊ တောင်တန်း တစ်လျှောက်၊ အပြာရောင် အဆိပ် မြူများ ရွေ့လျား လာသည်ကို မြင်လိုက် ရသည်။
ထို့နောက် အဆိပ် မြူ များက၊ ငှက် တစ်ကောင် အဖြစ်သို့၊ ပေါင်းစပ် သွားပြီး သူ၏ အတောင်ပံ များကို၊ ဆန့်ချ လိုက်၏။
“ ဖရူး ... ။ ”
အတောင်ပံ၏ အရိပ် ကြီးက၊ ချိုင့်ဝှမ်း တစ်ဝက်အား ဖုံးအုပ် သွားသည်။ ယင်းကြောင့် ရွှေရောင် သားမွေး မျောက်ဝံ၏၊ ဘုရင် အဆင့် ရောင်ဝါမှာ၊ အနည်းငယ် မှိန်ဖျော့ သွား၏။
“ ဝှစ် ... ။ ”
ဤအခွင့် အရေးကို ဝူးမူက အမိအရ ရယူကာ၊ သူ့ အပေါ် ကန့်သတ် ထားသော အရှိန် အဝါအား ချိုးဖြတ်လျက်၊ ရွှေရောင် သားမွေး မျောက်ဝံ ပေါ်သို့၊ ဆင်းသက် လိုက်သည်။
“ ထွက် သွား စမ်း ... ။ ”
ထိုစဉ် မိုရန်က မီးတောက် အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ကြက်သွေးရောင် လက်ဝါး အား၊ မျောက်ဝံပေါ် ရိုက်ချ လိုက်သည်။
“ နေမီးတောက် လက်ဝါး ... ။ ”
လက်ဖဝါးက ရွှေရောင် သားမွေး မျောက်ဝံပေါ် ရောက်သွား ချိန်တွင်၊ ခန္ဓာကိုယ်၌ မီးလောင် ပေါက်ကြီး တစ်ပေါက်၊ ဖြစ်ပေါ် လာ၏။
လက်ဖဝါး၏ အဟုန်ကို ရွှေရောင် သားမွေး မျောက်ဝံက၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လျက် ခြေဖျက် လိုက်ရသည်။
“ ဝှစ် ... ။ ”
ခြုံခို စောင့်ဆိုင်း နေကြသော အထက် တန်းစား များက၊ ကောင်းကင်ပေါ် ပျံတက်လာ ကြပြီး၊ ရွှေရောင် သားမွေး မျောက်ဝံ အပေါ်၊ လက်သီး မိုးများ ရွာချ လာလေသည်။
ယင်းကြောင့် ချိုင့်ဝှမ်း အတွင်း၌၊ ပေါက်ကွဲသံများ ပဲ့တင် ထပ်ကာ၊ ဖြစ်စဉ် မျိုးစုံ ထွက်ပေါ် လာ၏။
အထူး သဖြင့် ဝူးမူက မျောက်ဝံအား မျက်နှာချင်းဆိုင် တိုက်ကာ၊ မိုရန်နှင့် မုဇီရီတို့ အတွက်၊ အခွင့် အရေး များကို ဖန်တီးပေး နေခဲ့သည်။
သို့သော် ရွှေရောင် သားမွေး မျောက်ဝံက၊ ပါးနပ်လှ သဖြင့် မိုရန်ထံ တစ်ချက် ကြည့်ကာ၊ ဦးစွာ ဖြုတ်ချရန်၊ ရွေးချယ် လိုက်သည်။
ယင်းကြောင့် မိုရန် တစ်ယောက် မီးတောက်များ ဖုံးလွှမ်း နေလျက်ဖြင့်၊ သွေး တစ်လုတ် အန်ချ ပစ်လိုက် ရ၏။
ဆိုလို သည်မှာ သူ့၏ ဘုရင် အဆင့် အရှိန်အဝါဖြင့်၊ မိုရန် အပေါ်၊ ဖိနှိမ် လိုက်ခြင်း ဖြစ်လေသည်။
လက်ရှိ အရေးပေါ် အန္တရာယ်ကို ဖြေရှင်းလိုက် ပြီးနောက်၊ သူ့ အကြည့် များက မုဇီရီထံ ကျရောက် သွားကာ၊ အကွာ အဝေးအား တွက်ဆ လိုက်သည်။
သားရဲ တိရိစ္ဆာန်ပင် ဖြစ်သော် ငြားလည်း၊ ဘုရင် အဆင့် ရောက်ရှိ ပြီးနောက်၊ ထက်မြက် သည့် ညာဏ်ရည် ညာဏ်သွေးအား ပိုင်ဆိုင် လာချေပြီ။
ဤတိုက်ပွဲ၏ သော့ချက်မှာ၊ မည်သူ ဖြစ်မည်ကို သူ မှန်းဆ နိုင်၏။ သို့သော် မိုရန်က အားသွင်းလျက်၊ ပြေးဝင် လာသောကြောင့်၊ ခဏ လွှတ်ထား လိုက်ရသည်။
“ ဟား ဟား ဟား၊ ငါ့ကို ဒီလောက်နဲ့ ကြောက်အောင် မလုပ်နိုင် သေးပါဘူး၊ အခု မင်း လာတဲ့ နေရာကို ပြန် နိုင် ပြီ ။ ”
မိုရန် တစ်ယောက် အရူး ကဲ့သို့၊ အော်ဟစ်လျက် လက်ဖဝါးချက် များအား၊ တရစပ် ပစ်ထုတ် လိုက်သည်။
“ ဟိတ် ... ။ ”
ထိုလက်ဖဝါး များကို မျောက်ဝံက တားဆီးရန် ကြိုးပမ်းခဲ့ သော်လည်း၊ ဟန်ချက် ပျက်သွားကာ မြေပြင် ပေါ်သို့ လဲကျ သွားသည်။
“ ဝုန်း ... ။ ”
“ အခွင့် အရေးပဲ ... ။ ”
ဝူးမူ မျက်လုံးများ တောက်ပ လာပြီး၊ လျှို့ဝှက် နည်းစနစ်ကို ထုတ်ဖော် လိုက်လေရာ၊ ခန္ဓာကိုယ် တစ်ခုလုံး ဖောင်းကား သွားလေ လေသည်။
မုဇီရီမှ သားရဲ ကြီး၏ ဘုရင် အဆင့် အရှိန် အဝါကို၊ လျော့ပါး လာစေရန် ကြိုးစား ပေးပြီး၊ ဝူးမူက အာရုံ များအောင် ဦးဆောင် တိုက်ခိုက် နေသည်။
အခြားသော ပါရမီရှင် များမှာ၊ ရွှေရောင် သားမွေး မျောက်ဝံ၏ ခံနိုင်ရည်၊ ကုန်ဆုံး စေရန် တာဝန်ယူ ပေးလေသည်။
ဤအတိုင်းသာ ဆက်၍ သွားနေမည် ဆိုပါက၊ ရွှေရောင် သားမွေး မျောက်ဝံမှာ၊ အနှေး နှင့်၊ အမြန် ဆိုသလို၊ သေဆုံး ရပေ လိမ့်မည်။
သစ်ပင် တစ်ပင် ပေါ်၌၊ လင်းယွန်နှင့် နဂါး လေးမှာ၊ ထိုအခွင့် အရေးကို စောင့်ဆိုင်းလျက် ကောက်ကျစ်စွာ ပြုံးရယ် လိုက်မိ လေသည်။
“ ခစ် ခစ် ခစ် ... ။ ”
စိတ်ပျက်စရာ ကောင်းသော သူ့ ရယ်သံကြောင့်၊ နဂါးလေး ခမျာ ချက်ချင်း ရပ် လိုက်ပြီး၊ ရှက်ကိုး ရှက်ကန်းဖြင့် လင်းယွန်ထံ ပြန်လှည့် ကြည့် လာလေသည်။
***