← Chapters

ပေါင်းပင်များ ကဲ့သို့ ဖြတ်တောက် ပစ်ခြင်း။

Vol. 68 Ch. 943

ပေါင်းပင်များ ကဲ့သို့ ဖြတ်တောက် ပစ်ခြင်း။

Vol. 68 Ch. 943

“ သူတို့က တကယ် အတွဲ ညီတာပဲ … ။ ”

လင်းယွန်က တိုက်ပွဲကို ကြည့်ကာ မှတ်ချက်ပြု လိုက်မိသည်။ သူတို့ အနေဖြင့် ရွှေရောင် သားမွေး မျောက်ဝံကို၊ တစ်ဦးချင်း တိုက်ခိုက် ရပါက၊ မိုရန် ပင်လျှင် မျောက်ဝံ၏ ပြိုင်ဘက် မဟုတ်ပေ။

ဝူးမူနှင့် မုဇီရီမှာ၊ သာ၍ ဆိုးချေပြီ။ မတော်တဆ မှုသာ မရှိခဲ့ ပါက၊ သူတို့ သုံးဦး လက်၌၊ ရွှေရောင် သားမွေး မျောက်ဝံမှာ၊ မကြာခင် သေဆုံး ရပေ လိမ့်မည်။

တစ်ဖက်တွင် အန္တရာယ် ရှိနိုင် သော်လည်း၊ တစ်ဦးတည်း ခွန်အားဖြင့် ရွှေရောင် သားမွေး မျောက်ဝံကို ရင်ဆိုင်ရန်၊ လင်းယွန်၌ ယုံကြည်မှု ရှိသည်။

ထို့နောက် သူ့ အကြည့် များက၊ မုဇီရီပေါ် ကျရောက် သွားသည်။ ၎င်းတို့ သုံးဦးနှင့် ရင်ဆိုင် ရပါက၊ ဤလူကို ဦးစွာ ဖြုတ်ချ ရ ပေမည်။

နဂါး ပိတ်လှောင်ခြင်း ကြယ်စင်စုကို အကောင် အထည် ဖော်ရန်၊ သူ့အား ခွင့်မပြု သင့်ချေ။ မဟုတ် ပါက သူ့ဓား ရောင်ဝါမှာ၊ ကန့်သတ် ခံရနိုင် ပေမည်။

သူတွေး နေစဉ်၊ အရိုးပြာ ချိုင့်ဝှမ်းရှိ တိုက်ပွဲမှာ၊ ပို၍ ပြင်းထန် လာခဲ့သည်။ ဝူမူ၏ ဒဏ်ရာ များမှ သွေးများ စီးကျ နေပြီး၊ စကြာ ဝဠာ လက်နက်မှာ၊ ကွဲအက် သွား၏။

သို့သော် ထိုလူသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုက်ပွဲ စွမ်းအားများ ရှိနေ သေးသည်။

သူ့ မျက်လုံး များတွင်၊ ကြက်သွေးရောင် အလင်းများ တောက်ပလျက်၊ ရွှေရောင် အမွေး မျောက်ဝံထံ၊ စူးရှစွာ စိုက်ကြည့် နေသည်။

ရွှေရောင် သားမွေး မျောက်ဝံအား၊ သူ့ ထံမှ အာရုံ အလွှဲ မခံချေ။ ယင်းက မိုရန်ကို လှုပ်ရှား ရန်၊ အခွင့် အရေး ရစေသည်။

လက်ရှိ အခြေ အနေ အရ၊ ရွှေရောင် သားမွေး မျောက်ဝံကို အနိုင်ယူ သင့်နေပြီ ဖြစ်သည်။

ဝူးမူက မျောက်ဝံ ကြီးထံ၊ တိုက်ခိုက် လိုက်သော အခါတွင်၊ စကြာဝဠာ လက်နက်မှာ လုံးဝ ကွဲကြေ သွားပြီး၊ သွေး တစ်လုတ် အန်ချ လိုက်ရသည်။

သွေးဆာ နေသော ဝူးမူ၏ မျက်လုံး များ၌ ကြောက်လန့် မှုများ၊ အစားထိုး ဝင်ရောက်လာ တော့၏။

နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေမှ လူတိုင်းသည်၊ လူရိုင်း မျိုးနွယ်စု၏ အသွေး အသားများ ပါရှိ ကြပြီး၊ ရုပ်ခန္ဓာမှာ နတ်ဆိုး သားရဲများ ထက်ပင်၊ သန်မာ ချေပြီ။

သို့သော် ဘုရင် အဆင့် သားရဲ ရှေ့တွင်မူ ထိလွယ် ရှလွယ် ဖြစ်နေ၏။ ဤသားရဲ လက်၌ ခံနိုင် ရည်မည် ဆိုပါက၊ အမှန်ပင် လူရိုင်း အဖြစ် အသိ အမှတ် ပြုရ ပေမည်။

“ မုဇီရီ ... ၊ မြန်မြန် ... ၊ အစ်ကို ဝူးမူ ထိန်းထား နိုင်တော့မှာ မဟုတ်ဘူး။ ”

မိုရန် တစ်ယောက် အခြေ အနေကို ရိပ်စား မိသည်။

“ အချိန် ကျပြီ ...၊ နဂါး ပိတ်လှောင်ခြင်း ကြယ်စင်စု အစီရင်- အသက်ဝင်၊ ဟား ... ဟား ... ဟား ... ။ ”

မုဇီရီက အစီရင်အား အသက် သွင်းကာ၊ ရယ်မော လိုက်၏။ မြူခိုးများ အတွင်း၊ ပုံးကွယ် နေသည့် ငှက်မှာ၊ ကြယ်ရောင်နှင့် ချုပ်နှောင် ထားသော၊ မျောက်ဝံ ကြီး၏ ခန္ဓာ ကိုယ်ကို ထိုးဖောက် ပစ်လိုက်သည်။

“ ကျီး ... ။ ”

ထို့နောက် မြေကြီးထဲ ဝင်ရောက်ကာ၊ သံခြေချင်း ဆယ်ချောင်း အဖြစ်၊ ပြောင်းလဲ တုပ်နှောင် လိုက်လေသည်။

ရွှေရောင် သားမွေး မျောက်ဝံမှာ၊ ပါးစပ်မှ မီးတောက်များ ထွက်လာသည် အထိ၊ ဒေါသ တကြီး အော်ဟစ်လျက်၊ သူ့ ရောင်ဝါအား ထပ်မံ မြှင့်တင် လိုက်သည်။

အဝေးမှ ကြည့်ပါက မီးလောင် ပြင်တွင် ထူးခတ် ခံထား ရသော မျောက်ဆိုးကြီး တစ်ကောင် နှင့် တူ၏။

“ ဂါး ... ။ ”

အဆက် မပြတ် ရုန်းကန် နေသောကြောင့်၊ မြေပြင် တစ်ခုလုံး တုန်လှုပ် လာကာ၊ တိုက်ခိုက် နေသော လူအုပ်ကို အဝေးသို့ လွင့်စဉ် ကုန်စေ သည်။

ဤသည်မှာ ဘုရင် သတ္တဝါ တစ်ကောင် ဖြစ်၏။ ပေါ့ပေါ့ ဆဆဖြင့် မပြုမူ သင့်သေးချေ။

“ ဟား ဟား ဟား ... ၊ ငါ့ရဲ့ နဂါး ပိတ်လှောင်ခြင်း ကြယ်စင်စု အစီရင် ကြိုးကို၊ ချိုးဖျက်ဖို့ လွယ်မယ်များ ထင်နေလား၊ မျောက်မိုက်။ ”

မုဇီရီက ဂုဏ်ယူစွာ ပြုံးလျက် ဆဲရေး လိုက်သည်။ သူ့ထက် သာလွန်သော ဝိညာဉ် ရေးရာ ဆရာ သခင်မျိုး၊ ကောင်းကင် လမ်း၌ များများ စားစား မရှိ သဖြင့်၊ မာန ကြီးရန် ထိုက်တန် ချေပြီ။

“ ကောင်းကင် ဘုံမှာ၊ တောက်လောင် နေသော မဟာ နေမင်းကြီး။ ”

ဤသည်ကို အခွင့်ကောင်း ယူပြီး၊ မိုရန်က ရွှေရောင် သားမွေး မျောင်ဝံထံ၊ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာအား၊ ထုတ်ဖော် ရိုက်ချ လိုက်သည်။

ထိုလက်ဖဝါး ထဲတွင် ဒုတိယတန်း မီးရည်ရွယ် ချက်အား ကန့်သတ်ချက် အထိ၊ လောင်းထည့် ထား၏။

ယင်းကြောင့် သူ့ခန္ဓာ ကိုယ်မှ၊ ဖြာထွက် နေသော ရွှေရောင် အလင်းများမှာ၊ မျောက်ဝံနှင့် ယှဉ်ပါက၊ နိမ့်ကျခြင်း မရှိ တော့ချေ။

နောက်ဆုံးတွင် သူ့ ခွန်အားမှာ၊ တတိယ ကောင်ကင် ဝိညာဉ်၌ ဖြစ်လေသည်။ ထို့ကြောင့် မူလ စွမ်းအင် သိပ်သည်း ဆမှာ၊ သဘာဝ အတိုင်း၊ ခုန်းရွှမ်ထက် သာပေ၏။

သိုင်း ရည်ရွယ်ချက်၊ အုပ်စိုးရှင် အဆင့် ကိုယ်ခံ ပညာနှင့်၊ ကျင့်ကြံမှု အဆင့် တို့အား၊ ပေါင်းစပ် လိုက်သော အခါတွင်၊ တိုက်ပွဲဝင် စွမ်းအားမှာ၊ ကြောက်စရာ ကောင်းသော အမြင့်သို့၊ ရောက်ရှိ သွားသည်။

သေခြင်း တရားကို မြင်လာ ရပြီ ဖြစ်သောကြောင့်၊ မျောက်ဝံမှာ ပထမဆုံး အကြိမ် တုန်လှုပ် လာသည်။

“ ဂါး ... ၊ ဂါး ... ။ ”

ထို့ကြောင့် ခွန်အား အကုန် အစင် ထုတ်ဖော်လျက်၊ ပို၍ အားစိုက်ကာ ရုန်းကန် လိုက်တော့သည်။

“ ဘုန်း ... ။ ”

လွတ်မြောက် ခါနီး အချိန်တွင်၊ မိုရန်၏ လက်ဝါးမှာ၊ သူ့ အပေါ် ကျရောက် ပေါက်ကွဲ သွားသည်။

ရင်ဘတ်တွင် ကြီးမားသော မီးလောင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ် လာကာ၊ အတွင်း အင်္ဂါ အစိတ် အပိုင်းများ၊ ကြေမွ ကုန် သည်ကို မြင်လိုက် ရ၏။

ထို့နောက် မိုရန်၏၊ မီး ရည်ရွယ် ချက်က ၎င်းတို့အား ပြာ အဖြစ် ချက်ချင်း လောင်မြိုက် ပစ်လိုက် လေသည်။

“ ဝှစ် ... ။ ”

ရွှေရောင် သားမွေး မျောက်ဝံ ကြီးက၊ နောက်ဆုံး ခွန်အားကို သုံးကာ၊ ၎င်းနှင့် အတူ မိုရန်အား ဆွဲခေါ်ရန် ကြိုးစား လိုက်သော်လည်း၊ ငွေရောင် လျှပ်စီးကြောင်း တစ်စက၊ နဖူးထံ ထိုးဖောက် လာတော့သည်။

၎င်းမှာ တာအို အဆင့်၊ ငွေရောင် လက်ကိုင်တုတ် တစ်ချောင်း ဖြစ်ပြီး၊ ရူရ် များမှ နဂါး ရောင်ဝါများ၊ ထုတ်လွှတ် နေပေသည်။

“ ဖောင်း ... ။ ”

ဤသည်မှာ ဝူးမူ ထံမှ လာသော တိုက်ခိုက်မှု ဖြစ်သည်။ မျောက်ဝံ၏ မျက်နှာ ပေါ်တွင်၊ အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာပြီး၊ ပေါက်ကွဲ သွား တော့၏။

“ ဘုန်း ... ။ ”

ခေါင်းပြတ် နေသော ခန္ဓာ ကိုယ်မှာ၊ မြေပြင်ပေါ် ပြုတ်ကျ လာသော အခါတွင်၊ မြေပြင် တစ်ခုလုံး သိမ့်သိမ့်ခါ သွားသည်။

ထိုအချိန်တွင် မုဇီရီက မပေါက် ကွဲဘဲ၊ ကျန်ရစ် ခဲ့သော အနီရောင် မျက်ဝန်း တစ်စုံ အနားသို့၊ စိတ်လှုပ်ရှား စွာဖြင့် ပျံသန်း ဆင်းသက် လာသည်။

၎င်းအား မြင်သည်နှင့်၊ မိုရန်မှာ ဒေါသထွက် လာပြီး၊

“ မင်းရဲ့ ဝိညာဉ် ရေးရာ အစီရင်က၊ မင်း ပြောသလောက်လည်း၊ ကြောက်စရာ မကောင်း ပါလား၊ ဒီသားရဲကို လွတ်မြောက်လု နီးပါး ပဲ။ ”

“ ဒါပေမယ့် သူ သေသွား တယ်လေ ... ၊ အဟဲ အစ်ကိုမို ... ၊ ဒီသားရဲ အမြုတေ ကိုသာ မင်း သန့်စင် ပြီးရင်၊ မီး ရည်ရွယ်ချက်က ... ”

“ ... တတိယ တန်းကို ရောက်ဖို့၊ အခွင့် အလမ်း မြင့်မား ပါတယ်၊ ဒါက နဂါး တားမြစ် နယ်မြေမှာ၊ မင်းကို လွယ်လွယ်နဲ့ ကံကောင်း လာစေ လိမ့်မယ်။ ”

မိုဇီရီက ရှက်ရွံ့စွာဖြင့် ပြုံးကာ ဆိုလိုက်သည်။ ထိုစကားကြောင့် နှာခေါင်းရှုံ့ လိုက်မိ သော်လည်း၊ မိုရန် အမူ အရာမှာ၊ ပြေလျော့ သွားခဲ့သည်။

ဤမျောက်ဝံ သားရဲအား၊ သတ်ရန် မြင့်မြတ်မြေ (၆) ခုမှ ကျွမ်းကျင် သူများ၏၊ အကူ အညီ ကိုပင်၊ တောင်းခံ ခဲ့ရသည်။

ဝန်ဆောင်ခ အဖြစ်၊ ဝူးမူနှင့် မုဇီရီ တို့အား နတ်ကြယ် ပုလဲ (၁၀၀)စီ ပေးဆောင် ရမည့် အပြင်၊ သားရဲ ရတနာ အချို့အား ခွဲဝေ ပေးရ ပေမည်။

မုဇီရီက မျောက်ဝံ မျက်လုံး များကို ယူဆောင်မည် ဖြစ်ကာ၊ ဝူးမူမှ အလောင်းအား သိမ်းဆည်းမည် ဖြစ်၏။

သူ့အိတ်ကပ် ထဲမှ အများကြီး၊ ထုတ်စရာ မလို သော်လည်း၊ နတ်ကြယ် ပုလဲ နှစ်ရာသည်၊ အနည်းငယ် မြင့်မား ချေသည်။

ကောင်းကင်လမ်း တစ်လျှောက်၊ ခက်ခက် ခဲခဲ ကြိုးစားပြီး သော်မှ၊ နတ်ကြယ် ပုလဲ (၄၀၀) ကိုသာ ရယူနိုင် ခဲ့သည်။

နဂါး တားမြစ် နယ်မြေတွင် မုဇီရီပြော သကဲ့သို့ အမွေ အနှစ် များနှင့် ရတနာ များစွာ ရှိမည်မှာ၊ အမှန် ပေပင်။

ရွှေရောင် သားမွေး မျောက်ဝံ၏ သားရဲ အမြုတေကို ရယူနိုင် သ၍၊ ထိုအရာ များမှာ၊ သူ့ အပိုင် ဖြစ်လာ နိုင်ချေ ရှိသည်။

ဝူးမူက သူတို့ နှစ်ဦးကို ဂရု မစိုက်ဘဲ၊ မျောက်ဝံထံ လှမ်းကြည့်သည်။ သူ၏ တာအို အဆင့် လက်နက်မှာ၊ ဦးခေါင်းခွံ နှင့်အတူ၊ မြေပြင်၌ နက်ရှိုင်းစွာ စိုက်ဝင် နေ၏။

“ ..... ။ ”

ထို့ကြောင့် လှမ်းကာ ယူတော့မည့် အချိန်တွင်၊ မိုးကုပ် စက်ဝိုင်း ထံမှ မယုံ နိုင်ဖွယ် အဟုန်နှင့်၊ အလင်းတန်း တစ်ခု ထွက်ပေါ် လာသည်။

“ ဝှစ် ... ။ ”

အလင်း တန်းအား မြင်ချိန်၌၊ သုံးယောက်သား မျက်နှာများ ပြောင်းလဲ သွားပြီး၊ ဗီဇ အသိဖြင့် လက်များကို ဝှေ့ယမ်း လျက်၊ ကာကွယ် လိုက်ရ လေသည်။

“ ဝုန်း ... ။ ”

သို့သော် အလင်းတန်း နောက်ကွယ်ရှိ အဟုန်မှာ၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ ခြေလှမ်းပေါင်း များစွာ နောက်ဆုတ် ပေးလိုက် ရသည်။

လေးလံသော အရာ ဝတ္ထု တစ်ခု၊ ဖြုတ်ကျလာ သံနှင့် အတူ၊ လှိုင်းများ ငြိမ်သက် သွား ချိန်၌၊ ဓားသေတ္တာ တစ်လုံးအား၊ မြေကြီး ထဲ စိုက်ဝင် နေသည်ကို၊ တွေ့လိုက် ရသည်။

ကိုယ်ထည်၌ ရေးထွင်း ထားသော ပန်းပွင့် ပုံစံ များမှာ၊ ခရမ်းရောင် အလင်းများ၊ တဖျပ်ဖျပ် ခတ်နေ ခဲ့သည်။

အစောပိုင်း မြင်လိုက် ရသော အလင်း တန်းသည် ဤဓား သေတ္တာမှ လာခြင်း ဖြစ်ရ ပေမည်။

ထိုစဉ် မှာပင် မျက်နှာဖုံး စွပ်ထားသော အပြာဝတ် လူငယ် တစ်ဦး၊ ကောင်းကင် ပေါ်မှ ညင်သာစွာ ဆင်းသက် လာတော့သည်။

အခွင့် အရေးကို စောင့်ဆိုင်း နေခဲ့သော လင်းယွန်မှာ၊ မျောက်ဝံ သေဆုံး သွားပြီ ဖြစ် သဖြင့်၊ ရိတ်သိမ်းရန် ရောက်ရှိ လာခြင်း ဖြစ်၏။

“ ဒီမျောက်ဝံရဲ့ အမြုတေကို၊ ငါ ယူလိုက်မယ် ... ။ ”

လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။

မိုရန်တို့ သုံးဦး လုံးမှာ၊ နဂါး အဆင့် (၃၀) အတွင်း၊ ရပ်တည်ထား နိုင်သောကြောင့်၊ ပထမ ကောင်းကင် ဝိညာဉ် ၌သာ ရှိသော လူစိမ်းအား မြင်ချိန်တွင်၊ အနည်းငယ် စိတ် သက်သာရာ ရသွား ကြသည်။

သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ထုတ်ဖော်လျက်၊ မိုရန် တစ်ယောက် တစ်လှမ်း လှမ်းတက် လိုက်၏။

“ မင်းကိုယ်မင်း လွန်တယ်လို့ မထင်မိ ဖူးလား၊ ငါတို့က ဒီမျောက်ဝံ ကြီးကို ခက်ခက် ခဲခဲ သတ်ခဲ့ ရတာလေ။ ”

“ ပုရွက်ဆိတ် တစ်ကောင်က၊ ငါတို့ ရှေ့မှာ မောက်မာ ဝံ့သလား၊ အသက်ရှင် ရတာ ပင်ပန်း နေပြီ ထင်တယ်။ ”

ယန်မီးတောက် နယ်မြေ၏ အထက် တန်းစား နှစ်ယောက်က၊ မိုရန် အစား အော်ဟစ် လျက် လင်းယွန်ထံ၊ ပြေးဝင် လိုက်ကြသည်။

ပထမ ကောင်းကင် ဝိညာဉ်၌ ရှိသော အမှိုက်တစ်စ အတွက်၊ မိုရန်အား ရှေ့မထွက် စေလို သည်မှာ၊ သဘာဝ ပေပင်။

မိုရန်၊ မုဇီရီနှင့် ဝူးမူ တို့က ပြုံးလျက်၊ နောက်တစ်လှမ်း ပြန်ဆုတ်ကာ၊ တိုက်ပွဲကို စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်ကြသည်။

သူ့အား ရိုက်နှက်ရန် ဝင်ရောက် လာသူ နှစ်ဦးမှာ၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြ၌ ရှိသော်လည်း၊ ၎င်းတို့၏ အခြေခံအုတ် မြစ်မှာ၊ ယွမ်ဟမ်ထျန်း ကိုပင်၊ မမီချေ။

“ ဝေါ့ ... ။ ”

မိုရန်၊ မုဇီရီနှင့် ဝူးမူတို့က ပြုံးရန်၊ ပြင်လိုက် ချိန်မှာပင်၊ သူတို့၏ အထက် တန်းစား နှစ်ဦးမှ၊ သွေးများ အန်လာ ကုန်၏။

ဤမြင်ကွင်းကြောင့် မုဇီရီနှင့် ဝူးမူမှာ ထိတ်လန့် တုန်လှုပ် သွားသည်။ မိုရန် ကမူ မျက်လုံး ပြူးလျက်၊

“ မင်း ... ဘယ်သူလဲ ။ ” -ဟု မေးလိုက် မိ၏။

အကြည့် တစ်ချက်ဖြင့်၊ လေထဲ ပျံသန်း နေသော၊ သူ၏ နယ်မြေသား များကို သွေးအန် လျက်၊ ပြုတ်ကျ လာစေသည်။

“ ဝှစ် ... ။ ”

လင်းယွန်မှာ သူ့ မေးခွန်းကို မဖြေအား သေးဘဲ၊ လက်အား ဝှေ့ယမ်းကာ မျက်နှာဖုံး ချွတ်ယူ လိုက်သည်။

“ ဝှီး ... ။ ”

ပြီးနောက် လေထဲ၌၊ ပြုတ်ကျ နေဆဲ ဖြစ်သော ယန် မီးတောက် နယ်မြေ၏၊ အထက် တန်းစား နှစ်ဦး ထံသို့၊ ပစ်ထုတ် လိုက်သည်။

ခန္ဓာကိုယ် နှစ်ခုမှာ၊ ပေါင်းပင်များ ကဲ့သို့ နှစ်ခြမ်း ဖြတ်တောက် ခံလိုက် ရပြီး၊ မြေပြင်ပေါ် ပြုတ်ကျ ငြိမ်သက် သွားလေသည်။

လေထဲ ပျံဝဲ နေဆဲ ဖြစ်သော၊ သူ့မျက်နှာ ဖုံးအား လက်ဝေှ့ယမ်း ခေါ်ယူကာ၊ မျက်နှာတွင် အပ်လျက်၊

“ လင်းယွန် ... ၊ ပန်းသင်္ချိုင်း ဓားသမား လင်းယွန်။ ”

-ဟု ပြန်ဖြေ လိုက်တော့၏။

***

All Chapters