← Chapters

ပြတ်သားသော ဆုံးဖြတ်ချက်။

Vol. 68 Ch. 944

ပြတ်သားသော ဆုံးဖြတ်ချက်။

Vol. 68 Ch. 944

လင်းယွန် မျက်နှာဖုံး ဖယ်လိုက်စဉ် ကပင်၊ မိုရန်၊ မုဇီရီနှင့် ဝူးမူ တို့က လူ တစ်ယောက်ကို သတိရ လာမိ ကြသည်။

အဆုံးတွင် အမည်အား ကြားချိန်၌၊ မှားစရာ လူ မရှိ တော့ချေ။ ဤ အမည်မှာ တောမီး တစ်စ ကဲ့သို့၊ ပျံ့နှံ့ နေပြီ ဖြစ်သည်။

နဂါး ပြည်နယ်၏၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါး ပြီးနောက်၊ ဒုတိယ လိုက်ပေ၏။ ထို့ပြင် ယန်မီးတောက် နယ်မြေမှ၊ အထက် တန်းစား နှစ်ဦးကို၊ အလွယ် တကူ သတ်ပြခဲ့ သဖြင့်၊ မိုရန် မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

သို့သော် လင်းယွန် ဖြစ်နေရာ၊ အနည်းငယ် တုန့်ဆိုင်း သွားပြီး၊

“ ပန်းသင်္ချိုင်း၊ ပန်းသင်္ချိုင်း ဆိုတဲ့ မင်းရဲ့ ဂုဏ်သတင်းနဲ့၊ တကယ်ကို ထိုက်တန် ပါတယ်၊ ဒါပေမယ့် … ”

“ ... ဒီရွှေရောင် သားမွေး မျောက်ဝံကို သတ်ဖို့၊ ငါတို့က ပြင်းပြင်း ထန်ထန် ကြိုးစား ခဲ့ရတယ်၊ မင်း အခုလို လုယက်တာ အဓိပ္ပါယ် မရှိ ဖူးလို့ ထင်ပါတယ်။ ”

လင်းယွန်က သူ့ စကားကြောင့်၊ ပြုံးလိုက်သည်။ ဤသည်မှာ မြင့်မြတ် မြေမှ တစ်စုံ တစ်ဦးသည်၊ သူအား ကျိုးကြောင်း ဆင်ခြင်ရန်၊ ပထမဆုံး အကြိမ် သတိပေး လာခြင်း ဖြစ်သည်။

၎င်းတို့မှာ လူတိုင်း အပေါ်၊ ပုရွက်ဆိတ် အဖြစ် ရှုမြင် ကြပြီး၊ မီးလျှံ မြို့၌ သတ်ပွဲ ကြီးကို တင်နွှဲ ခဲ့၏။

ဤလူ များမှာ မောက်မာ ကြပြီး၊ သန်မာသူများ ရှေ့တွင်မူ၊ ဦးညွှတ် သွားတက် လေသည်။ ထို့အပြင် ပြိုင်ဘက်မှာ၊ မြင့်မြတ် မြေများမှ ဖြစ်ပါက၊ ကွဲပြားစွာ ပြုမူ လာကြ၏။

“ ဘယ်လိုတောင် ... ၊ အံ့သြ စရာ ကောင်းလိုက်တဲ့ စကားလဲ။ ”

လင်းယွန်က အထင် သေးမှုအား ဖုံးကွယ်ခြင်း မရှိ ခဲ့ချေ။ ဤနေရာ၌ အလယ် အလတ် နယ်မြေ များသာ ဆိုပါက၊ လှည့်ထွက် သွားပြီး ဖြစ်သည်။

ယခုမူ မြင့်မြတ် မြေမှ ဖြစ်သဖြင့် လုယက်ခြင်းငှာ၊ တွေဝေနေ မိမည် မဟုတ်ချေ။ ကျိုးကြောင်း ဆင်ခြင်ရန် အတွက်မူ ... ။

ထိုစဉ်က ဖန်းဝူကျိ တစ်ယောက်၊ သူ့အား သတ်ရန် ကြိုးစားစဉ်၊ မည်သူမျှ ထိုဝေါဟာရကို သတိ မရခဲ့ ကြချေ။

ပုရွက်ဆိတ် ကဲ့သို့ သဘော ထားကာ၊ သွေးအရိုး နယ်မြေ၏ လုပ်ရပ် များကို အားပေး ကြလေသည်။ အကြောင်း ပြချက် မတောင်းဘဲ၊ အမဲလိုက် ကြသည်။

နာမည် ကျော်ကြား ချိန်၌၊ ထိုလူ များက သူ့အား ကျိုးကြောင်း ဆင်ခြင် စေလို ခဲ့သည်။ စိတ်ကူး ထဲပင် မရှိချေ။

ကောင်းကင် လမ်း တစ်လျှောက်၊ သူ အားနည်း နေစဉ်၌၊ သူ့ဓား ကိုသာ အားကိုးပြီး၊ အရာရာ ပိုင်းဖြတ် ခဲ့ရသည်။

လင်းယွန် မျက်နှာ ပေါ်ရှိ၊ သရော် လှောင်ပြောင်မှုကို မြင်လိုက်ရာ မိုရန်၊ မုဇီရီနှင့် ဝူးမူ၏ မျက်နှာမှာ၊ ပျက်ယွင်း သွားသည်။

ယနေ့ ဤကိစ္စနှင့် ပတ်သက်၍ ပြေလည်အောင် ညှိနှိုင်း နိုင်ကြမည် မဟုတ် ကြောင်း၊ နားလည် လိုက်မိသည်။

“ လင်းယွန် ... ၊ လွန် မလာနဲ့ ... မင်းလို နိမ့်ကျတဲ့ နယ်မြေက လူပြက် တစ်ယောက်ကို၊ ငါတို့က ကြောက်နေ ရမှာလား။ ”

နောက်ဆုံးတွင် မိုရန်က ဒေါသကို ထုတ်ဖော် ပြသ လိုက်သည်။

“ သေချင် နေတဲ့ မင်းရဲ့ ဆန္ဒကို၊ ငါတို့ ဖြည့်ဆည်း ပေးမယ်၊ မင်း ခေါင်းက အခုဆို တန်ဖိုး ရှိနေပြီ၊ ... တိုက် ရ အောင်။ ”

မိုရန်က မုဇီရီနှင့် ဝူးမူ တို့အား၊ လင်းယွန်ကို တိုက်ရန်၊ စည်းရုံး လိုက်သည်။ အတွေ့ အကြုံရှိ သူများ ဖြစ်သဖြင့်၊ စကားပြော နေစဉ်၊ မူလ စွမ်းအင် များကို၊ စုဆောင်း ထားပြီး ဖြစ်သည်။

မုဇီရီက ရယ်မောလျက်၊

“ ပန်းတွေနဲ့ လူတွေကို၊ မင်းက မြှုပ်နှံချင် တာလား၊ ငါ့ရဲ့ ဝိညာဉ်ရေး အစီရင် အောက်မှာ၊ မင်း ဘာလုပ် နိုင်လဲ၊ ငါ ကြည့်မယ်။ ”

-ဟု ဆိုလိုက်သည်။

လင်းယွန် ဟူသော အမည်မှာ၊ တဟုန်ထိုး ကျော်ကြား နေပြီ ဖြစ်သော်လည်း၊ သိပ် ဂရုစိုက် နေစရာ မရှိချေ။

သူတို့ သုံးဦး ပူးပေါင်း ခြင်းဖြင့်၊ ရွှေရောင် သားရဲ မျောက်ဝံ့ ကိုပင်၊ သတ်ပစ် နိုင်ခဲ့သည်။ ဤလင်းယွန်မှာ သူ့ကိုယ်သူ မည်သူ အဖြစ် အထင်ရောက် နေသနည်း။

မိုရန် ပြောခဲ့သော စကားမှာ၊ အမှန် ဖြစ်သည်။ သွေးအရိုး နယ်မြေ၏ ဆုကြေး မဆို နှင့်၊ ဘုန်းနေမင်း ဝိညာဉ် အပါ အဝင်၊ အလယ် အလတ် တာအို လက်နက်မှာ၊ တန်ဖိုး မဖြတ် နိုင်ချေ။

“ ဝှစ် ... ။ ”

လောဘ ဇောကြောင့် မျက်လုံးများ တဖျပ်ဖျပ် တောက်ပ လာပြီး၊ တိုက်ခိုက်ရန် ပြင်ဆင် လိုက်စဉ်၊ အနက်ရောင် အလင်းတန်း တစ်စက၊ ရုတ်တရက် တိုးဝင်လာ ခဲ့သည်။

ကြောက်စရာ ကောင်းသော အငွေ့ အသက်ကြောင့်၊ ဆံပင်များ ထောင်တက် သွားကာ၊ နောက်တစ်လှမ်း ဆုတ်လျက်၊ ဝိညာဉ် ရေးရာ ပန်းချီ ကားကို အသက်သွင်း လိုက်ရ သည်။

သို့သော် အနက်ရောင် အလင်းတန်း ထံမှ၊ ဓားရောင် တစ်ချက် လက်သွားပြီး၊ သူ ဖန်တီး နေသော ဝိညာဉ် ရေးရာ ပုံကြမ်းအား၊ အလွယ် တကူ ဆုတ်ဖြဲ လာတော့သည်။

ရင်ဘတ် ပေါ်မှ ရူရ်များ လင်းလက်လာ သည်ကို၊ ပြန်ငုံ့ ကြည့်ကာ မုဇီရီ တစ်ယောက် အံ့အားသင့် သွား၏။

ကံကောင်း စွာဖြင့်၊ တာအို ချပ်ဝတ် တစ်ထည်ကို၊ ဝတ်ဆင်ထား သောကြောင့်သာ၊ အသက် မဆုံးရှုံး ရခြင်း ဖြစ်လေပြီ။

အနက်ရောင် ကြောင် ဖက်တီး တစ်ကောင်က၊ ကြောက်စရာ ကောင်းသော ဓားမြှောင် တစ်ချောင်းနှင့် အတူ၊ သူ့ရှေ့ ထွက်ပေါ် လာခဲ့သည်။

“ မင်း ... ၊ တိရိစ္ဆာန် ကောင်။ ”

နဂါးလေးက အနတ္တ ဓားကို ပြန်လည် သိမ်းဆည်းပြီး၊ သွေး မြွေပွေး ကြာပွတ်အား ထုတ်ယူလျက်၊ ရိုက်ချ လိုက်သည်။

“ ရွှပ် ... ။ ”

မုဇီရီ တစ်ယောက် ဤတိုက်ခိုက် မှုအား ရှောင်ရှားရန် အတွက်၊ မြေပြင် ပေါ်သို့ အမြန် လှိမ့်ချ လိုက်ရသည်။

နဂါးလေးနှင့် မုဇီရီတို့ တိုက်ပွဲအား မြင်သော အခါ၊ လင်းယွန်မှာ စိတ်အေး သွားသည်။ မုဇီရီ တစ်ယောက် နဂါးလေးနှင့် အလုပ်ရှုပ် နေသရွေ့ အစီရင်ကို အသက်သွင်း နိုင်တော့မည် မဟုတ်ချေ။

ကျန်ရှိ နေသော အထက် တန်းစားများ အတွက်မူ၊ ဝင်ရောက် စွက်ဖက် လာပါက၊ လက် လှိုင်း ဖြင့်ပင် ဖြေရှင်း နိုင်မည် ဖြစ်သည်။

မုဇီရီကို ကြည့်ကာ၊ မိုရန် တစ်ယောက် စိတ်ပျက် သွားသည်။ ဤလူသည် ကြွားဝါရန် အတွက်သာ အရည် အချင်း ရှိပြီး၊ သူ့စည်းချက် များအား၊ သိသိ သာသာ အနှောင့် အယှက် ဖြစ်စေ၏။

အစော ပိုင်းတွင်၊ ထိုသူကြောင့် ရွှေရောင် သားမွေး မျောက်ဝံအား လွတ်လု နီးပါး ဖြစ်ခဲ့ ရသည်။

ယခု အခါ သားရဲ တစ်ကောင်မှ၊ ထိန်းချုပ် ခြင်းကို ခံနေရ ပေ၏။ မြင့်မြတ်မြေ များအတွက် အရှက် ရစေသည့် ဖြစ်ရပ် ပေပင်။

“ ဝှစ် ... ။ ”

တစ်ဖက်တွင် ဝူးမူက သူ့သွေး များကို လောင်ကျွမ်း စေလျက်၊ တောင်ကုန်းငယ် တစ်ခု ကဲ့သို့၊ လင်းယွန်ထံ ပြေးဝင် လာသည်။

သူ့ လက်သီးမှ လေဟုန်မှာ၊ လင်းယွန်ထံ တိုးဝင် လာပြီး၊ အဝတ် အစား များကို၊ လေထဲ လွင့်ဝဲ သွားစေ၏။

“ မ ဆိုး ဘူး ... ။ ”

မျက်လုံးများ မှေးစင်း သွားပြီး၊ မျက်နှာ ဖုံးအား ချွတ်လိုက်သည်။ ထိုစဉ်မှာပင် ဝူးမူ၏ လက်သီးက သားရဲ လက်ကြီး တစ်ဖက် ကဲ့သို့၊ ရောက်ရှိ လာသည်။

သို့သော် လက်သီးမှာ၊ လင်းယွန် ခေါင်းနှင့် နှစ်လက်မ အကွာ၌၊ ဓား ရည်ရွယ် ချက်ကြောင့် နှေးကွေး သွားသည်။

“ ဟိတ် ... ။ ”

လင်းယွန်က လက်သီးအား တင်တင်း ဆုပ်လျက်၊ ဝူးမူ လက်သီးကို ထိပ်တိုက် ရင်ဆိုင် လိုက်၏။

လက်သီး နှစ်လုံး တိုက်မိသော အခါ၊ ဓားရောင်ဝါက ဝူးမူ၏ သားရဲ အငွေ့ အသက်ကို ချက်ခြင်း ဝါးမြို လိုက်သည့်၊ အပြာရောင် နဂါး အဖြစ်၊ ပေါ်လွင် လာသည်။

လေထဲ၌ ဇောက်ထိုး အနေ အထားဖြင့်၊ ဘက်ပေါင်းစုံမှ ပြောင်းလဲ ထိုးနှက် သော်လည်း၊ လင်းယွန်အား ခြေတစ်လှမ်း ဆုတ်အောင်ပင်၊ မစွမ်းဆောင် နိုင်ခဲ့ချေ။

“ ဝှစ် ... ။ ”

မြေပြင်၌ တောင်ကြီး တစ်လုံး ကဲ့သို့ မြဲမြံစွာ ရပ်လျက်၊ သူ့ လက်သီး များကို တစ်ချက်ချင်း ဖြေရှင်း နေခဲ့သည်။

“ သေ လိုက် စမ်း ... ။ ”

မိုရန်က မီးလျှံများ တောက်လောင် နေသော လက်ဖဝါးချက် နှင့်အတူ၊ တိုက်ပွဲ အတွင်း ဝင်ရောက် လာခဲ့သည်။

သူ့ ဝန်းကျင်ရှိ ရောင်ဝါမှာ၊ အရိုးပြာ ချိုင့်ဝှမ်း တစ်ခု လုံးကို၊ လောင်ကျွမ်း ပစ်မည် အသွင်နှင့်၊ တောက်ပ လာ၏။

လက်ဖဝါးမှ ထုတ်လွှတ် လိုက်သော ဒုတိယတန်း မီး ရည်ရွယ်ချက်မှာ၊ အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းကြောင်း၊ ဝန်ခံရ ပေမည်။

သို့သော် လင်းယွန်က လေထဲ သုံးလှမ်း လှမ်းတက်ပြီး၊ ဝူးမူအား ဦးစွာ ပြေးဝင် ရင်ဆိုင် လိုက်သည်။

တစ်ဆက် တည်းမှာပင်၊ ဓား သေတ္တာအား ဆင့်ခေါ်လျက်၊ မိုရန် လက်ဖဝါးနှင့် ထိပ်တိုက် တွေ့ ပေးလိုက်၏။

“ ဟား ဟား ဟား ... မင်း ... ၊ လွတ်မယ် ထင်လား ... ။ ”

မိုရန်က ရယ်မော လိုက်သည်။ သို့သော် မြေပြင်တွင် စိုက်ဝင် နေသော ဓားသေတ္တာက၊ ကြွတက် လာပြီး၊ သူ့လမ်း၌ ဝင်ရပ် ၏။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော လက်ဖဝါးက၊ ဓား သေတ္တာပေါ် ကျရောက် သွားပြီး၊ ပေါက်ကွဲ သံများ ဆူညံ လာ၏။

ဓားသေတ္တာ အလေး ချိန်မှာ၊ မျှော်လင့် ထားသည်ထက်၊ များစွာ ကျော်လွန်နေ ခဲ့ပြီး၊ တွန်းကန် အားကြောင့် ညည်းတွားလျက် နောက်ဆုတ် ပေးလိုက် ရသည်။

လေထု အလယ် ရောက်နေသော လင်းယွန်က၊ ဝူးမူအား နောက်သို့ တွန်းထုတ် လိုက်ပြီး၊ ဓား သေတ္တာထံ လှမ်းကြည့်သည်။

“ ဓား ... ။ ”

“ ချပ် ... ၊ ချပ် ... ၊ ချပ် ... ။ ”

မိုရန် လမ်းကြောင်းကို၊ ပိတ်ဆို့ ထားသည့် ဓားသေတ္တာမှာ၊ ရုတ်တရက် ပွင့်လာပြီး၊ ပန်းချပ် များနှင့် အတူ၊ ပန်းသင်္ချိုင်း ဓား ခုန်ထွက်လာ လေသည်။

ဘယ်လက်နှင့် ပန်းသင်္ချိုင်း ဓားအား ဆုပ်ကိုင်လျက်၊ ညာလက်ဖြင့် ထပ်မံ အုပ်မိုး ကိုင်ကာ၊ လေထဲ လွှဲခုတ် ချလိုက်၏။

“ ရွှပ် ... ။ ”

ခရမ်းပြာရောင် ဓားအလင်းများ၊ လေထဲ ချက်ချင်း ရောယှက် လာပြီး၊ ကြာပန်း သဏ္ဍာန် ဖွဲ့တည် သွား၏။

ထို့နောက် တည်နေရာ ရွေ့ပြောင်းလိုက် သကဲ့သို့၊ ဝူးမူ ခန္ဓာ ကိုယ်ပေါ် ရုတ်ချည်း ထိမှန် ပေါက်ကွဲ သွားသည်။

“ ဘုန်း ... ။ ”

ရွှေရောင် သားမွေး မျောက်ဝံ့၏ ကိုက်ဖြဲ မှုကိုပင်၊ ခံနိုင်ရည် ရှိခဲ့သော တာအို ချပ်ဝတ်မှာ၊ အပိုင်းပိုင်း ကွဲထွက် သွားသည်။

“ ဝေါ့ ... ။ ”

ဝူးမူမှာ ဒူးတစ်ဖက် ထောက်လျက်နှင့်၊ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားပြီး၊ သွေးများ အန်ထုတ် လိုက်ရ၏။

တာအို ချပ်ဝတ် ကွဲသွား ပြီးနောက်၊ သူ့ခန္ဓာကိုယ် အရေပြား ပေါ်၌ ရှေးဟောင်း ရူရ် များ လင်းလက် လာသည်။

သို့သော် ၎င်းထံမှ ထုတ်လွှတ် ထားသော ကြက်သွေးရောင် အလင်းမှာ၊ မှိန်ဖျော့ သွားခဲ့ပြီ ဖြစ်သည်။

“ ငါ့ရဲ့ လက်နက်ကို ယူခွင့် ပေးရင် ... ၊ ငါ ထွက်သွားမယ်။ ”

ဝူးမူက လင်းယွန်ကို ပြန်ကြည့်ပြီး၊ ပြတ်သားစွာ ဆိုလိုက်သည်။ ထိုစကားကြောင့် မိုရန် တစ်ယောက် ဒေါသထွက် သွား၏။

လင်းယွန်က ပန်းသင်္ချိုင်း ဓားအား မြေပြင်ပေါ် ထိုးစိုက် လိုက်ကာ၊ လက်လှိုင်းဖြင့် ငွေရောင် လက်ကိုင် တုတ်အား လှမ်းခေါ် လိုက်သည်။

“ ဝှစ် ... ။ ”

မျောက်ဝံ ဦးခေါင်းခွံ ထဲတွင်၊ စိုက်ဝင် နေသော ငွေရောင် လက်ကိုင် တုတ်မှာ၊ ပြင်းစွာ ယိမ်းထိုးလျက်၊ လင်းယွန် လက်သို့ ပျံသန်း လာ၏။

လေးလံ လွန်းသော လက်ကိုင် တုတ်၏ အလေး ချိန်ကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြကာ၊ တစ်ချက် ပြန်ကြည့် လိုက်မိသည်။ သို့သော် တုန့်ဆိုင်းခြင်း မရှိဘဲ၊ ဝူးမူထံ ပစ်ပေး လိုက်၏။

သူ သည်လည်း၊ ဝူးမူ ထွက်သွား သည်ကို မြင်လိုသည်။ ၎င်းနှင့် အတူ မိုရန်အား ရင်ဆိုင်ရ သည်မှာ၊ စိတ်အနှောက် အယှက် ဖြစ်စေ၏။

“ ဖပ် ... ။ ”

ဝူးမူက ငွေရောင် လက်ကိုင် တုတ်အား ဖမ်းယူပြီး၊ ရွှေရောင် သားမွေး မျောက်ဝံ ကြီး၏ အလောင်းထံ၊ တစ်ချက် လှမ်းကြည့်ကာ၊

“ သားရဲ အမြုတေ၊ ငါ မလိုဘူး၊ ရုပ် အလောင်း ပေးရင်၊ မင်း အတွက် မိုရန်ကို ကူညီ ဖြေရှင်း ပေးမယ်။ ”

-ဟု ညှိနှိုင်းလာ သဖြင့်၊ မိုရန် ခမျာ မျက်လုံးပြူ သွားရ လေသည်။

“ ဝူးမူ ... ၊ မင်း လွန်သွားပြီ၊ ငါ့ဆီ ကနေ နတ်ကြယ် ပုလဲ တစ်ရာ၊ မင်း ယူထားတယ် မဟုတ်လား၊ အခု မင်းက ငါ့ကို ဒီအမှိုက်နဲ့ ပေါင်းပြီး၊ သစ္စာဖေါက် နေတာလား။ ”

“ မင်း ... မှားနေပြီ၊ နတ်ကြယ် ပုလဲ တစ်ရာက၊ ဒီရွှေရောင် သားမွေး မျောက်ဝံကို သတ်ဖို့ အတွက်၊ ငါ့ရဲ့ အခကြေး ငွေပဲ၊ ... ”

“ ... သူ့ကို သတ်ဖို့ မဟုတ်ဘူး၊ ဒါက ငါ့ အလုပ်လည်း မဟုတ်ဘူး၊ သူ ဘယ်သူပဲ ဖြစ်ဖြစ်၊ ငါ့ရဲ့ နတ်မိစ္ဆာ ကြယ်စင်စု နယ်မြက၊ သန်မာ သူတွေ ကိုသာ လေးစားတယ်။ ”

ပြတ်သားသော ဝူးမူ စကားကြောင့်၊ မိုရန် တစ်ယောက် တစ်ကိုယ်လုံး တုန်ခါ သွားလေ သည်။ သူ့၌ ပြောစရာ စကား မရှိ တော့ချေ။

“ စိတ်ဝင်စား စရာ ကောင်းတဲ့၊ ကမ်းလှမ်းချက်ပဲ၊ ဒါပေမယ့် မင်းရဲ့ အကူ အညီ၊ ငါ မလိုဘူး။ ”

လင်းယွန်က သဘောကျစွာ ပြုံးလျက်၊ ဝူးမူအား ငြင်းဆန်ကာ၊ မိုရန်အား မျက်ခုံး ပင့်ပြ လိုက်သည်။

“ ရတယ် ...၊ ငါ တစ်ယောက် တည်းနဲ့၊ မင်းကို သတ်ဖို့ လုံလောက်တယ်၊ - ကောင်းကင် ဘုံ၌ တောက်လောင် နေသော မဟာ နေမင်းကြီး။ ”

သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ထုတ်ဖော်လျက်၊ မိုရန်က ဟစ်အော် လိုက်လေ သည်။

ဒုတိယတန်း မီး ရည်ရွယ်ချက်အား ကန့်သတ် ချက်ထိ တွန်းပို့ကာ၊ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ပညာကို၊ ထုတ်ဖော် လိုက်ခြင်း ဖြစ်၏။

ယင်းမှာ အစောပိုင်း အချိန်၌ ရွှေရောင် သားမွေး မျောက်ဝံကို ဒဏ်ရာ ပေးနိုင် ခဲ့သော တိုက်ခိုက်မှု ဖြစ်လေသည်။

“ နေ နတ်ဘုရား တံဆိပ် ။ ”

လင်းယွန်က တောင်ပံ လူသားအား ဆင့်ခေါ်ကာ၊ တုန့်ဆိုင်းချင်း မရှိဘဲ၊ မိုရန်၏ တိုက်ခိုက်မှုကို ရင်ဆိုင် လိုက်သည်။

ယင်းက ‘နေ နှစ်စင်း’ လင်းသည့်၊ ကောင်းကင်ကြီး အဖြစ်၊ ချက်ချင်း ပြောင်းလဲ သွားတော့၏။

***

All Chapters