← Chapters

ကောင်းကင် နတ်မိစ္ဆာ လက်ကိုင်တုတ်။

Vol. 68 Ch. 945

ကောင်းကင် နတ်မိစ္ဆာ လက်ကိုင်တုတ်။

Vol. 68 Ch. 945

တိုက်ခိုက်မှု နှစ်ခုက၊ တပြိုင် နက်တည်း ထွက်ပေါ်လာ သဖြင့်၊ ရုတ်တရက် နေမင်းကြီး နှစ်စင်း တိုက်မိသွား သကဲ့သို့၊ ထင်မြင် လာစေသည်။

မိုရန်၏ နေမင်းမှာ၊ ရွှေရောင် သားမွေး မျောက်ဝံ ကိုပင်၊ သေလု မျောပါး ဒဏ်ရာ ရစေ သောကြောင့်၊ သဘာဝ အတိုင်း ပြောစရာ မရှိချေ။

သူ့ ကြောင့်သာ ဝူးမူ တစ်ယောက် မျောက်ဝံ၏ ဦးခေါင်းအား လှံဖြင့်၊ ထိုးဖောက် နိုင်ခြင်း ဖြစ်သည်။

လူအုပ် ကြီးက ဤတိုက်ခိုက်မှု အပေါ်၊ အာရုံစိုက် နေကြပြီး၊ ရလဒ်မှာ သည်ပွဲ၏ အဆုံး အဖြတ် ဖြစ်မှန်း၊ သိရှိ ထားသည်။

အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပည ရပ် များမှာ၊ အားကောင်း လှသဖြင့် ရှုံးနိမ့်သူ အပေါ်၊ ချက်ချင်း သတ်ပစ် နိုင်ခြေ မြင့်မား ပေသည်။

မိုရန်မှာ တိုက်ပွဲတွင် အသာစီး ရလာပြီး၊ လင်းယွန်၏ ရွှေရောင် အကာ အကွယ်အား၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည် အထိ၊ တွန်းထုတ် နိုင်ခဲ့သည်။

မရေတွက် နိုင်သော ရွှေရောင် မီးတောက် များက၊ မြေပြင်ပေါ် ပြုတ်ကျ လာပြီး၊ မီးလောင် ပေါက်များ ဖြစ်လာ စေ၏။

ထိုမြင်ကွင်းက လူအုပ် အပေါ်၊ အကြောက် တရားများ ဝင်ရောက် လာစေသည်။ တိုက်ပွဲ အတွင်း ဝင်ရောက် စွက်ဖက်ရန်၊ အမိန့်ပေး မခံရ သည်မှာ၊ ကံကောင်း ချေ၏။

ဤအဆင့် တိုက်ပွဲသည် သူတို့ အတွက် မဟုတ်ချေ။ စွမ်းအင် အကြွင်း အကျန် လှိုင်းများ ဖြင့်ပင်၊ သူတို့အား ဒဏ်ရာ ရရှိ စေမည် ဖြစ်သည်။

လင်းယွန်၏ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာမှာ၊ မိုရန်ထက် ပို၍ အားကောင်း သော်လည်း၊ ကျင့်ကြံမှု ကွာခြားချက်ကြောင့်၊ အရေး နိမ့်လာသည်။

“ ဟမ့် ...၊ မင်းက အောက်ပြည်ရဲ့ အမှိုက်တစ်စ ပါပဲ၊ ဒီနေ့ မင်းကို ဖမ်းပြီး၊ နဂါး တားမြစ် နယ်မြေ ဖွင့်တဲ့ အခါ၊ ... ”

“ ... ဒူးထောက်ဖို့ ခေါ်သွားရမယ်၊ ပန်းသင်္ချိုင်း ဟုတ်လား၊ ဘာ ပန်းသင်္ချိုင်း လဲ၊ မင်းက ငါ့ရှေ့မှာ လူပြက် အဆင့် လေးပါ။ ”

မိုရန်၏ ဒေါသမှာ အဆုံး မရှိ ခဲ့ချေ။ ထို့ကြောင့် လင်းယွန်အား ဖိနှိမ် နိုင်သည်ကို မြင်လိုက် ရသော အခါတွင်၊ ပျှော်ရွှင် လာခဲ့ သည်။

သို့သော် သူ ထုတ်လွှတ် ထားသော ရောင်ခြည် များမှာ၊ ရုတ်တရက် မှိန်ဖျော့ သွားသည်။

“ ပိုးစုန်းကြူး တစ်ကောင်က၊ ဒီလမင်းကြီး ရှေ့မှောက်မှာ၊ မောက်မာ ဝံ့သလား၊ ဟမ့် ... ။ ”

လင်းယွန်က နှာခေါင်း ရှုံ့ကာ၊ တောင်ပံ လူသားအား ဆင့်ခေါ် လိုက်သည်။ အမှန်မှာ ထိုတောင်ပံ လူသား၏ တောက်ပ လွန်းသော အရှိန် အဝါကြောင့်၊ မိုရန် တစ်ယာက်၊ မှိန်ဖေျာ့ သွားသည်ဟု ထင်မြင် မိခြင်း ဖြစ်သည်။

ကောင်းကင်၌ ထွက်ပေါ် လာသော ထိုလူသားက၊ မိုရန်ကို ငုံ့ကြည့်ပြီး လက်သီးနှင့်၊ ထိုးချ လိုက်သည်။

“ ဝေါ့ ... ။ ”

မူလ စွမ်းအင် အကာ အကွယ်မှာ၊ ချက်ချင်း ပြိုကျလျက်၊ မိုရန် တစ်ယောက် သွေးအန်ကာ၊ မြေပြင်ပေါ် ပြုကျ သွား၏။

သို့မှသာ လင်းယွန်၏ နောက်ကျောရှိ အဆိုပါ တောင်ပံ လူသားရှိ၊ အလင်း ရောင်များ တဖြည်းဖြည်း မှိန်ဖျော့ သွားတော့၏။

“ ဝှစ် ... ။ ”

မိုရန်က ချက်ချင်း ထရပ် လိုက်ပြီး၊ ဘယ်ဘက် အရပ် ထံသို့ ဦးတည်ကာ၊ ထွက်ပြေး လေသည်။

ထိုတုန့်ပြန် မှုက ရပ်ကြည့် နေသည့် လူအုပ်အား ထိတ်လန့် သွားစေ၏။ လင်းယွန်ကို တည့်တည့် ကြည့်ရန်၊ သတ္တိများ ပျောက်ဆုံး ကုန်လေသည်။

သူတို့ သည်သာ အခြား လူများ အပေါ်၊ လုယက် တက်ကြပြီး၊ နေခင်း ကြောင်တောင် ဤသို့ လုယှက် ခံရ လိမ့်မည်ဟု၊ တစ်ကြိမ်မျှ မတွေးထား ဖူးချေ။

နယ်မြေ (၆) ခုအား စုဆောင်း ခဲ့သည့် မိုရန်မှာ၊ လင်းယွန်အား တစ်ချက် မျှပင်၊ လှည့် မကြည့် ဝံ့ တော့ချေ။ ယင်းက လူတိုင်းကို၊ ပြေးရန် အသိဝင် လာစေ၏။

“ ဒါ … ။ ”

နဂါးလေးနှင့် တိုက်ခိုက် နေသော မုဇီရီ တစ်ယောက်၊ ဝရုန်း သုန်းကား အခြေ အနေ များကြောင့်၊ ခေါင်းမော့ ကြည့်လိုက်ရာ၊ အံ့အားသင့် သွားသည်။

( မိုရန်နဲ့ ဝူးမူက၊ ဒီကောင့်ကို အနိုင် မယူနိုင် ဖူးလား၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ )

၎င်းတို့ နှစ်ဦးမှာ၊ ရွှေရောင် သားမွေး မျောက်ဝံ ကဲ့သို့သော၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ကိုပင်၊ သတ်ပစ် နိုင်ခဲ့သည်။

အာရုံ ပျံ့လွင့် သွားသည့် အခိုက်၊ ကြက်သွေးရောင် ကြာပွတ်မှာ၊ သူ့ အပေါ် ကျရောက် လာသည်။

“ ဖြန်း ... ။ ”

ကာကွယ် ထားသော ရူရ် များစွာ ပျက်စီး သွားပြီး၊ ပါးပြင် ပေါ်၌ ပူလောင် စပ်ဖျင်းသော ဝေဒနာအား၊ ခံစား လိုက်ရသည်။

“ မင်း တိရိစ္ဆာန်ကောင် ငါ့ကို ပါးရိုက် ဝံ့သလား၊ လင်းယွန် ... ဒါ မပြီး သေးဘူး၊ နဂါး တားမြစ် နယ်မြေမှာ ပြန်ဆုံ ကြမယ်။ ”

အသက်ပင် ဝဝ မရှူ တော့ဘဲ၊ သူ့ နောင်တော် များ၏ ခြေရာ အတိုင်း၊ ထပ်ချပ် မခွာ လိုက်ပါ လှည့်ပြေး တော့သည်။

“ နဂါးလေး မလိုက်နဲ့ ... ။ ”

လင်းယွန်က ဓားသေတ္တာအား ကျောပေါ် ပြန်လည် ထမ်းပိုးလျက် ပြောလိုက်သည်။ ယခု အချိန်၌၊ ရွှေရောင် သားမွေး မျောက်ဝံ သည်သာ အရေးကြီး ချေသည်။

နယ်မြေ ခြောက်ခု၏ အထက် တန်းစား များမှာ၊ တချိုးတည်း ထွက်ပြေး သွားကုန်ကြ သော်လည်း၊ ရပ်လျက် ကျန်ရစ် ခဲ့သူ အချို့ ရှိနေ၏။

ယင်းမှာ ဝူးမူနှင့်၊ သူ၏ နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေမှ အထက် တန်းစားများ ဖြစ်လေသည်။ ဝူးမူက တစ်လှမ်း လှမ်းတက် လာပြီး၊

“ လင်းယွန် ... ၊ ငါ မင်းနဲ့ ညှိနှိုင်းလို့ ရနိုင် မလား၊ ငါ့ အတွက် ရွှေရောင် သားမွေး မျောက်ဝံ အလောင်း လိုတယ်၊ ... ”

“ ... မင်းကို တန်ဖိုး တစ်ခုပေး ချေမှာပါ၊ ပြီးတော့ ... ငါတို့ မင်းကို တစ်ခါ ကူညီ ဖို့လည်း၊ ကတိပေး နိုင်ပါတယ်။ ”

-ဟု လေးနက်စွာ ဆိုသည်။

သူ့ မျက်ဝန်း များက၊ ရွှေရောင် သားမွေး မျောက်ဝံ၏ ရုပ်အလောင်း ထံမှ မခွာနိုင် ခဲ့ချေ။ ၎င်းအား ရယူရန် ဆုံးဖြတ် ထားပုံ ရလေသည်။

သူ့ နောက်တွင် ရပ်နေသော၊ နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေ၏ အထက် တန်းစားများ ကလည်း၊ အလောင်းကို တပ်မက်စွာ ကြည့် လိုက်ကြ၏။

ဝူးမူ၏ ညှိနှိုင်း မှုကြောင့်၊ လင်းယွန် တစ်ယောက် ငြိမ်ကျ သွားသည်။ တစ်ဖက် လူ၏ ကမ်းလှမ်းချက်မှာ၊ စိတ် ဝင်စားဖွယ် ပေပင်။

ရွှေရောင် အမွေး မျောက်ဝံနှင့်၊ ဝူးမူ၏ တိုက်ပွဲကို ကြည့်ကာ၊ ဤလူ များသည် သူတို့ ကိုယ် သူတို့၊ အမှန် တကယ် အညှာအတာ ကင်းမဲ့ လှကြောင်း၊ သူ သိသည်။

မိုရန်နှင့် မုဇီရီတို့ ရှေ့တွင် ဝူးမူ သည်သာ မျက်နှာ ချင်းဆိုင် တိုက်ခိုက် ပေးခြင်း မရှိ ပါက၊ မျောက်ဝံကို သတ်ရန်၊ လွယ်ကူမည် မဟုတ်ပေ။

ရွှေရောင် သားမွေး မျောက်ဝံ၏ အလောင်းမှာ၊ ရတနာ တစ်ခု ဖြစ်သော်လည်း၊ သူ့ အတွက် အသုံး မဝင်ချေ။

ထို့ကြောင့် သဘော တူရန် ပြင်ချိန်တွင်၊ နဂါးလေးက သူ့ရှေ့ ခုန်ဝင် လာပြီး၊ ခေါင်းယမ်း ပြလေသည်။

ဒရာကိုပီ သွေးအဆီ အနှစ်မှာ၊ နဂါးလေး၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်နှင့်၊ ကိုက်ညီနေ သဖြင့်၊ လိုအပ်ပုံ ရချေပြီ။ ဝူးမူက ယင်းကို သတိ ပြုမိ သွားပြီး၊

“ မင်းရဲ့ နဂါးသွေး ကြောင်မှာ၊ ဗီဇ ပြောင်းနိုင်တဲ့ သွေးလိုင်း ရှိတယ်၊ ရွှေရောင် သားမွေး မျောက်ဝံရဲ့၊ သွေးအနှစ် သာရကို အသုံး ပြုခွင့် ရရင်၊ ... ”

“ ... အလား အလာက မခန့်မှန်း နိုင်စရာ ပါပဲ၊ ဒါပေမယ့် သူ့အတွက် အားလုံးကို မလိုအပ် ပါဘူး၊ ငါ့တို့က သုံးပုံ တစ်ပုံလောက် ရရင် လုံလောက် ပါပြီ။ ”

-ဟု ဆိုလေသည်။

ထိုစကားကို ကြားသော အခါ လင်းယွန်က နဂါးလေးထံ ပြန်ကြည့် မိသည်။ နဂါးလေး မှာမူ သူ့အား လျစ်လျူရှုလျက်၊ ဝူးမူ လက်ထဲရှိ ငွေရောင် လက်ကိုင် တုတ်ထံ၊ စိုက်ကြည့် လိုက်လေသည်။

ထိုအမူ အရာကြောင့် လင်းယွန်မှာ၊ မျက်လုံးပြူး သွားသည်။ ၎င်းသည် တာအို အဆင့် လက်နက် တစ်ခု ဖြစ်သဖြင့်၊ ဝူးမူမှ လက်ခံ နိုင်စရာ မရှိချေ။

အနတ္တ ဓားနှင့် သွေးမြွေပွေး ကြာပွတ်ကို ပိုင်ဆိုင် ထားပြီ ဖြစ်ရာ၊ တစ်ပါး သူ၏ လက်ကိုင် တုတ်အား၊ လိုချင် နေသည်မှာ၊ တဆိတ်လွန် ချေပြီ။

သို့သော် ဝူးမူ၏ ငွေရောင် လက်ကိုင် တုတ်မှာ၊ မည်မျှ ကြောက်မက်ဖွယ် ကောင်းခဲ့ သည်ကို၊ သူပင် မြင်တွေ့ ထားသည်။

ငွေရောင် အနားကွပ် နှစ်ဖက် ပါရှိပြီး၊ အလယ်၌ ရူရ်များ ရေးထိုး ထားသဖြင့်၊ မြင်ရ သူတိုင်းကို၊ မျက်စိ ကျစေသည်။

ရူရ် များက ရှေးကျ လှကာ၊ ရွှေရောင် သားမွေး မျောက်ဝံ၏ ဦးခေါင်းကို စက္ကူ ကဲ့သို့ ထိုးဖောက် ပြခဲ့သည်။

လက်ရှိ အခြေ အနေကို နားလည် လိုက်မိသော ဝူးမူမှာ၊ အနည်းငယ် အံ့သြသွား ပြီးနောက်၊ သဘော ကျစွာ ရယ်မော လိုက်သည်။

“ ဟား ... ဟား ... ဟား ... ၊ ဒီတာအို လက်ကိုင် တုတ်ကို၊ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်လို့ ခေါ်တယ်၊ ... ”

“ ... နတ်မိစ္ဆာ သတ္တုနဲ့ ထုလုပ် ထားပြီး၊ အလေးချိန် ကတော့ မင်း အသိ ဆုံးပါ၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်က သန်မာ နေရင် တောင်မှ၊ ... ”

“ ... စစ်မှန်တဲ့ စွမ်းအားက၊ သူတော်စင် ရူရ်တွေမှာ တည်နေတဲ့ အတွက်၊ သူ့စွမ်းအားကို ထုတ်ယူဖို့ မဖြစ်နိုင် ပါဘူး၊ ... ”

“ ... ဒီရူရ် တွေက၊ အဆင့် အတန်း မမြင့် ပေမယ့်လည်း၊ အရမ်း ရှေးကျတယ်၊ ခွန်လွန် ဘုံရဲ့ ပါရမီရှင် တွေတောင်၊ အပြည့် အ၀ နား မလည် နိုင်ဘူး၊ ... ”

“ ငါ့ ဘိုးဘေး တွေရဲ့ ... မှတ်တမ်း အရ၊ ဒီရူရ် တွေကို နားလည် မှသာ၊ နတ်မိစ္ဆာ သတ္တုရဲ့ စွမ်းအား၊ ထုတ်နိုင် လိမ့်မယ်။ ”

ဝူးမူ၏ ရှင်းပြချက် အပေါ် လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ‘ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်’ သည်၊ အမှန်ပင် ကြောက်စရာ ကောင်းချေ၏။

သူ့ ကိုယ်ထည်၌ ရေးထွင်း ထားသော သူတော်စင် ရူရ် များ၌ သမိုင်းကြောင်း၊ ခိုင်မာ ချေမည်။

“ မင်းရဲ့ နဂါးသွေး ကြောင်သာ၊ ဒါကို ကိုင်ဆောင် နိုင်ရင် ... ၊ ငါ အလကား ပေးလို့ ရတယ်။ ”

ထို့နောက် ဝူးမူက ကောင်ကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား၊ မြေပြင် ပေါ်သို့ အားကုန် ပစ်ပေါက် လိုက်ပြီး၊ ၎င်းပေါ်ရှိ သူတော်စင် ရူရ် များကို အသက်သွင်း လိုက်သည်။

“ တွမ် ... ။ ”

သူတော်စင် ရူရ် များမှ၊ ရွှေရောင် အလင်းများ တောက်ပ လာပြီး၊ အနက်ရောင် မြူများ၊ ချက်ချင်း ဖုံးလွှမ်း သွားတော့သည်။

နဂါးလေးအား အထင် မသေးမိ စေရန် လင်းယွန်မှ သတိပေး လို သော်လည်း၊ ပါးစပ် ပြန်ပိတ်ကာ မျက်မှောင်ကြုတ် လိုက်မိ၏။

ကောင်းကင် မိစ္ဆာ လက်ကိုင် တုတ်မှာ၊ ကောင်းကင်နှင့် မြေကြီးကြား တစ်သားတည်း ဖြစ်တည် နေ သကဲ့သို့၊ ခံစား ရစေသည်။

ဆိုလို သည်မှာ ၎င်းအား ဆွဲထုတ် ယူခြင်းသည်၊ တောင်ကြီး တစ်ခု လုံးကို မရွှေ့ ခြင်းမည် ပေ၏။

သည့် အပြင် ကောင်းကင် ဓား ရည်ရွယ်ချက်နှင့် ဆင်တူသော အရိပ် အယောင် အချို့အား၊ ခံစား လာရ စေသည်။

ဤအသွင် အပြင်ကို ကြည့်ပြီး၊ ဝူးမူမှာ ရွှေရောင် သားမွေး မျောက်ဝံ၏ သွေး အဆီ အနှစ်အား ရယူရန်၊ စိတ်ပိုင်းဖြတ် ထားကြောင်း၊ သိသာ နေသည်။

ထိုကြောင့် ၎င်း၏ အကြံပြု ချက်ကို သဘောတူရန် မှတပါး ရွေးချယ် စရာ မရှိပေ။ တစ်ဖန် ဝူးမူနှင့် သည်လူမိုက်ကြား၊ အားပြိုင်မှု တစ်ခု ဖြစ်သဖြင့်၊ အသာ နောက်ဆုတ် ကြည့်ရန် ဆုံးဖြတ် လိုက်သည်။

လင်းယွန် တစ်ယောက်၊ အထက်ပါ အတိုင်း တွေးတော နေချိန်တွင်၊ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား၊ နဂါးလေးမှ ဆွဲကိုင် လိုက်ပြီ ဖြစ်သည်။

“ ..... ။ ”

ကျယ်လောင်သော မာန်သွင်း သံကို ပြုလျက်၊ မြေပြင်မှ ဆွဲထုတ် လိုက်၏။ ချိုင့်ဝှမ်း တစ်ခုလုံး တုန်ခါ လာပြီး၊ ကောင်းကင် ယံ၌ လျှပ်စီးများ၊ ချက်ချင်း လင်းလက် သွားသည်။

ရွှေရောင် ရူရ်များ တဖျပ်ဖျပ် တောက်ပ လာလျက်၊ လက်ကိုင်တုတ် ထံမှ ထူးခြားသော ရွှေအရည်များ စိမ့်ထွက် လာသည်။

လက်ကိုင်တုတ် တစ်ခု လုံးကို၊ ဖုံးအုပ် နေသော အနက်ရောင် မြူများပင်၊ ပျောက်ကွယ် သွားသည်။

တစ်ချိန် တည်းမှာပင်၊ လေထု ထဲ၌ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ကို ကိုင်ဆောင် ထားသော၊ နဂါး မျောက်ဝံ ပုံရိပ်ကြီး ဖြစ်ပေါ် လာသည်။

ဤဖြစ်စဉ်ကြောင့် လင်းယွန်နှင့် ဝူးမူမှာ လျင်မြန်စွာ ဆုတ်ခွာ ပေးလိုက် ရသည်။ ကျန်ရှိ နေသော နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေ၏ အထက် တန်းစား များက၊ အံသြ သွား၏။

“ ဒါ... ဒါက၊ ဘယ်လို ဖြစ်ရ တာလဲ … ။ ”

ဝူးမူမှာ သဘာဝ အတိုင်း၊ အထိတ်လန့်ဆုံး ဖြစ်သည်။ ယခု အချိန်၌ သူ့ စကားများ အပေါ် အရမ်း နောင်တ ရသွား၏။

နဂါးသွေး ကြောင်မှာ၊ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ကို ဆွဲထုတ် နိုင်ရုံတင် မကဘဲ၊ နတ်မိစ္ဆာ စွမ်းအား အပြည့် ကိုပင်၊ ထုတ်ဖော် နိုင်ခဲ့သည်။

ယင်းမှာ ဒဏ္ဍာရီ တစ်ပုဒ် ကဲ့သို့၊ ဘိုးဘေးများ မှတ်တမ်း ထဲရှိ၊ မြင်ကွင်း တစ်ရပ် ဖြစ် ပေသည်။

သူတို့၏ မျိုးနွယ် စုတွင်၊ နတ်မိစ္ဆာ စွမ်းအားကို အပြည့် အ၀၊ မထုတ်လွှတ် နိုင်ခဲ့ သည်မှာ၊ နှစ်ထောင်ပေါင်း များစွာ ကြာနေပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

ဤအခိုက် အတန့်တွင်၊ နောက်ပါးမှ ရပ်ကြည့် နေသော အထက် တန်းစား များက၊ ဒူး တစ်ဖက် ထောက်ကာ၊ ဂါဝရ ပြုလိုက် ကြသည်။

“ ရှေးဟောင်း နဂါး မျောက်ဝံ။ ”

ဝူးမူ သည်လည်း ချွင်းချက် မရှိချေ။ ချက်ချင်း ဒူး တစ်ဖက် ထောက်ချပြီး၊ ခေါင်းငုံ့ အရို အသေ ပေးလိုက် တော့သည်။

***

All Chapters