← Chapters

ညီအစ်ကို။

Vol. 68 Ch. 946

ညီအစ်ကို။

Vol. 68 Ch. 946

နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေမှ လူတိုင်း၊ ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ လေးနက်စွာ အရို အသေပေး နေကြသည်။

ဤမြင်ကွင်းက လင်းယွန်ကို အံ့သြသွား စေ၏။ ငွေရောင် လက်ကိုင် တုတ်တွင် ထင်ထား သည်ထက်၊ ပို၍ နက်ရှိုင်းသော သမိုင်းကြောင်း ရှိရ ပေမည်။။

ကောင်းကင် မိစ္ဆာ လက်ကိုင် တုတ်အား ထိန်းချုပ်ရန်၊ ရှေးဟောင်း ဒရာကိုပီ နည်းစနစ် ကို၊ နဂါးမှာ အသုံးပြု ခဲ့မှန်း၊ လင်းယွန် သိသည်။

၎င်းသည် ယွဲ့ ဝေဝေမှ လက်ဆောင် ပေးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူမ မျိုးနွယ်စုမှာ၊ ခွန်လွန် နယ်မြေ ၌ပင်၊ ကြောက်မက်ဖွယ် ကောင်းသော သမိုင်းမျိုး ရှိနိုင် ပေမည်။

“ ခစ် ခစ် ခစ် ... ။ ”

ကောင်းကင်မှ ပုံရိပ်ကြီး ပျောက်ကွယ် သွားချိန်၌၊ နဂါးလေးက ကြားရသူ တိုင်းကို စိတ် မချမ်း မသာ ဖြစ်စေသည့် ရယ်သံအား၊ ထုတ်ဖော် လိုက်တော့သည်။

ရတနာ တစ်ပါးကို၊ ရှာဖွေ တွေ့ရှိ ခဲ့သော အရူး တစ်ယောက် ကဲ့သို့၊ အထိန်း အကွပ် မဲ့နေ ချေပြီ။

“ အဟွတ် ... ။ ”

ဒူးထောက် နေသူတိုင်း၊ ပြန်လည် ထရပ် လာပြီး၊ အဆင် မပြေသော အမူ အရာဖြင့်၊ ချောင်းဟန့် လိုက်ကြ ၏။

ဝူးမူမှာ သာ၍ ဆိုးချေပြီ။ သူ့စကား များက အသက်မဲ့ စေခဲ့သည်။ ၎င်းမှာ တာအို လက်နက် ဟူသည့် အရာထက်၊ များစွာ လေးနက် ပေ၏။

ထိုအဓိပ္ပါယ်အား ရိပ်စား မိသော လင်းယွန်က၊

“ အစ်ကိုဝူး၊ ဒါကို ခေါင်းထဲ မထား ပါနဲ့ ပေါ့ပေါ့ ပါးပါးပဲ နေပါ၊ ဒီဟာသက လုံလောက် ပါပြီ။ ”

-ဟု ဆိုကာ နှစ်သိမ့် လိုက်သည်။

ဝူးမူအား ခက်ခဲသော အသွင်ဖြင့်၊ မရှိစေ လိုချေ။ နဂါး လေးကို ပြန်ပေးရန် အချက်ပြ မိသည်။ သို့သော် ဝူးမူက လက်ကို၊ အမြန် ဝှေ့ယမ်း လိုက်ပြီး၊

“ မဟုတ်ဘူး ... ၊ မဟုတ်ဘူး မဟုတ်ဘူး၊ ငါ့စကားကို ငါ ဘယ်လိုလုပ် ချိုးဖြတ်ရဲ မှာလဲ၊ ပြီးတော့ ဒီတုတ်က သူ့ လက်ထဲမှာ၊ ကျော်ကြား လာမှာ အမှန်ပါ၊ ငါ အဆင်ပြေ ပါတယ်။ ”

-ဟု ဖြေရှင်း လာသည်။

သူ့ စကားကြောင့် နဂါးလေးမှာ၊ ချက်ချင်း ပျော်ရွှင် သွားပြီး၊ ငွေရောင် လက်ကိုင်တုတ်အား တင်းကြပ်စွာ ဆုပ်ကိုင်လျက်၊ စိတ်လှုပ်ရှား နေတော့သည်။

“ ဒီလိုတော့ ဘယ်ဟုတ် မလဲ၊ ဒီလူမိုက်က အရမ်း ကောက်ကျစ်တယ် အစ်ကို ဝူး၊ အဟဲ ... ငါ မင်းကို အခွင့် အရေး မယူ ပါဘူး၊ ... ”

“ ... ရွှေရောင် သားမွေး မျောက်ဝံရဲ့ သွေးအပြင် နောက်ထပ် ရတနာ တစ်ခု၊ အစား ပေး ပါမယ်၊ အစ်ကို ဝူးက မကြာခင် စတုတ္ထ ဒုက္ခကို ခံယူ တော့မှာ မဟုတ်လား၊ နတ်ကြယ် ပုလဲ ရှစ်ရာ ယူလိုက်ပါ။ ”

လင်းယွန်က သိုလှောင်အိတ် အတွင်းမှ နတ်ကြယ် ပုလဲ သေတ္တာ များကို ထုတ်ပေး လိုက်သည်။

ဝူးမူး တစ်ယောက် အံ့အားသင့် သွားပြီး၊ လင်းယွန်အား မယုံကြည် နိုင်စွာ ပြန်ကြည့်လာ လေသည်။

နတ်ကြယ် ပုလဲ ရှစ်ရာ ဟူသော ပမာဏသည်၊ အနည်းငယ် ချဲ့ကား လွန်းရာ ရောက်ပေ၏။

ထို့နောက် သေတ္တာ များအား လက်ခံ ယူကာ၊ သံသယ အနည်း ငယ်ဖြင့်၊ ဖွင့်ကြည့် လိုက်သော အခါတွင်၊ နတ်ကြယ် ပုလဲ များအား အမှန်ပင် မြင်လိုက် ရလေသည်။

သူ့ အသက်အား မိုရန်ထံ၊ ရောင်းချ ရသည့် အကြောင်း ရင်းမှာ၊ နတ်ကြယ် ပုလဲ တစ်ရာကို၊ အရေး တကြီး လိုအပ် နေသောကြောင့် ဖြစ်သည်။

ဤသို့ လင်းယွန် ထံမှ၊ ရှစ်ရာခန့် ရရှိနိုင် လိမ့်မည်ဟု မမျှော်လင့် ထားမိချေ။ စိတ်တည် ငြိမ်လာအောင်၊ အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်ကို ပြန်ကြည့် မိသည်။ ထို့နောက်။

“ ညီအစ်ကို လင်း၊ မင်းရဲ့ စေတနာက ငါ့အပေါ် အနိုင်ယူ သွားပြီ ... ၊ နတ်ကြယ် ပုလဲ ဒီလောက် အများ ကြီးကို ယူရမှာ ရှက်မိ ပေမဲ့၊ ငါ့ အတွက် ... ”

“ ... အရေး တကြီး လိုအပ် နေတယ်၊ မဟုတ်ရင် နဂါး တားမြစ် နယ်မြေမှာ အခွင့် အရေး ရှိတော့မယ် မထင်ဘူး၊ ဒါကြောင့် အနာဂတ်မှာ အကူ အညီ လိုရင်၊ ... ”

“ ... မင်း ငါ့ကို ရှာနိုင် ပါတယ်၊ ငါတို့ရဲ့ နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေသား တွေက၊ သေခြင်း တရားကို မကြောက် တက်ဖူး ဆိုတာ ယုံပါ။ ”

ဝူးမူက ရိုးသားစွာ ဆိုလိုက်သည်။ သူတို့၏ ရပ်တည်ချက် အပေါ်၊ လင်းယွန် တစ်ယောက် လေးစား မိပေ၏။

သေခြင်း တရား အပေါ် မကြောက် တက်သော လူ ဟူ၍၊ အရူး များသာ ရှိချေပြီ။ နောက်ဆုံးတွင် ထိုစကား အတွက် မျောက်ဝံနှင့် အကြောက် အလန့် မရှိ၊ တိုက်ခိုက် ခဲ့သော သူ့ လုပ်ရပ် များက၊ သက်သေ ပြခဲ့သည်။

ယင်းမှာ လေးစားဖွယ် ကောင်းသော ရဲဝံ့မှုများ ဖြစ်ချေ၏။ နှစ်ယောက်သား အချိန် အတော် ကြာအောင်၊ စကား စမြည် ပြောဆို နေမိ ကြသည်။

အထူး သဖြင့် နဂါး မျောက်ဝံ ပုံရိပ်အား မြင်ချိန်၌၊ အဘယ့်ကြောင့် အရို အသေ ပြုကြရ သည်ကို၊ သိရှိ လာခဲ့သည်။

ဝူးမူ၏ မျိုးနွယ်စုတွင်၊ နဂါး မျောက်ဝံ၏ မျိုးဆက်သွေး ပါရှိပြီး၊ ၎င်းအား ဘိုးဘေး အဖြစ် အထွတ် အမြတ် ထားခဲ့ ကြချေသည်။

ထို့နောက်တွင် ရွှေရောင် သားမွေး မျောက်ဝံ၏ အလောင်းအား၊ ခွဲယူ လိုက်ကြ သည်။

လင်းယွန်က သားရဲ အမြုတေသာ ယူပြီး၊ ကျန်သော အရာ များကို ဝူးမူ တို့အား ယူစေ လိုက်၏။

ထို့ပြင် အလောင်း ထံ၌၊ ဝိညာဉ် ရေးရာ ရူရ်များ တောက်ပ နေသည့်၊ နံရိုး တစ်ချောင်း တွေ့ရှိ ခဲ့ရာ၊ ဝူးမူ ကိုပင်၊ ယူစေ လိုက်သည်။

၎င်း၏ မာကြော မှုမှာ၊ တာအို အဆင့် လက်ရာထက် နိုင်ကျခြင်း မရှိ သောကြောင့်၊ နဂါး တားမြစ် နယ်မြေ၌ ဝူးမူ တစ်ယောက် လက်ဗလာ ဖြစ်နေ တော့မည် မဟုတ်ချေ။

ဝူးမူက နဂါးလေးအား တစ်ချက် ပြန် ကြည့်ကာ၊

“ ဒီနဂါးသွေး ကြောင်က၊ ထိတ်လန့် စရာ ကောင်းလွန်းတယ်၊ ဒါပေမယ့် သွေး အနှစ်သာရ နှစ်ပုံကို၊ သန့်စင်ဖို့ အတွက်တော့ ... ”

“ .. သူ့မှာ အန္တရာယ် များလွန်းတယ်၊ ငါတို့မှာ ဘိုးဘေး တွေရဲ့ လျှို့ဝှက် နည်းစနစ် တစ်ခု ရှိတယ်၊ မင်း ငါ့ကို ယုံရင် ကူညီပေး နိုင်တယ်။ ”

ထိုစကားကို ကြားသော အခါတွင်၊ လင်းယွန်က တုန့်ဆိုင်းခြင်း မရှိဘဲ၊ ခေါင်းညိတ် ပြလိုက်၏။

ဤနည်းဖြင့် နဂါးလေး တစ်ကောင် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ အထွတ် အထိပ် သို့၊ လွယ်ကူစွာ ရောက်ရှိနိုင် ပေမည်။

သည့်နောက် ကောင်းကင် မိစ္ဆာ လက်ကိုင်တုတ် ကိုင်ဆွဲ လိုက် ပါက၊ တိုက်ပွဲဝင် စွမ်းအားမှာ၊ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့၊ ရောက်ရှိ လာနိုင် ပေမည်။

“ နတ်ကြယ် ပုလဲ တစ်ရာကို ပေးပါ။ ”

ဝူးမူ စကား အတိုင်း၊ လင်းယွန်က ထုတ်ပေး လိုက်သည်။ ချိုင့်ဝှမ်း အနှံ့ ကြယ် စွမ်းအင်များ ပျံ့နှံ့ လာစဉ်၊ နဂါးလေးအား နတ်ကြယ် ပုလဲပုံ ပေါ်သို့၊ ခုန်တက် စေ၏။

“ နတ်မိစ္ဆာ သတ္တု။ ”

ဝူးမူ စကား အတိုင်း၊ နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေမှ၊ အထက် တန်းစား တစ်ဦးက ကြက်သွေးရောင် တောက်ပ နေသော သတ္တု တစ်စကို၊ ထုတ်ပေး လိုက်သည်။

“ အိုး ... အရှင် နဂါး မျောက်ဝံ၊ နတ်မိစ္ဆာ ကြယ်စင်စု ထာဝရ တည်မြဲဖို့ အတွက်၊ ကျေးဇူး ပြု၍ မီးတောက် ပေး သနားတော် မူပါ။ ”

ရှေးဟောင်း တံဆိပ် တစ်ခုအား ဖွဲ့စည်းလျက်၊ ဝူးမူက ရွတ်ဆို လိုက်သည်။ အနက်ရောင် မီးတောက်များ သူ့လက် လှိုင်း များမှ ပျံထွက် သွားပြီး၊ နတ်မိစ္ဆာ သတ္ထုအား ချက်ချင်း အရည်ပျော် သွားစေ၏။

ထို့နောက် မီးလျှံများ တောက်လောင် နေသည့်၊ ရှေးဟောင်း အစီရင် တစ်ခုက နဂါး လေးအား ဗဟို ပြုလျက်၊ ဖြစ်ပေါ် လာ၏။ ထိုအစီရင် ထံမှ ကြမ်းကြုတ်သော ရောင်ဝါများ ထုတ်လွှတ် နေပေသည်။

“ အိုး ... အရှင် နဂါး မျောက်ဝံ၊ နတ်မိစ္ဆာ ကြယ်စင်စု ထာဝရ တည်မြဲဖို့ အတွက်၊ ကျေးဇူး ပြု၍ မီးတောက် ပေး သနားတော် မူပါ။ ”

အထဲတွင် ထိုင်နေသော နဂါး လေးက အံကြိတ်လျက်၊ ပူလောင် မှုအား အံကြိတ်ခံ လိုက်သည်။

ဤမြင်ကွင်းက လင်းယွန် မျက်နှာကို ပြောင်းလဲ သွားစေပြီး၊ ဝူးမူအား ဟန့်တား ချင်လာ မိသည်။

သို့သော် နဂါးလေး၏ ပြတ်သားသော မျက်ဝန်း များကြောင့်၊ မျက်ရည်များ ရစ်ဝိုင်း လျက်၊ ပါးစပ် ပြန်ပိတ် လိုက်ရသည်။

“ ဒီလူမိုက် … ။ ”

ရုတ်တရက် ကောင်းကင် တောင်ကုန်း တစ်နေရာ၌၊ သူ့အား ကာကွယ်ရန် အသက်စွန့် ခဲ့သော၊ နဂါးလေး၏ ပုံရိပ်များ တရွေ့ရွေ့ ပြန်မြင် လာသည်။

ပုံမှန် အချိန် များ၌ နဂါးလေး အသွင်မှာ၊ ပျင်းရိ နေတက်ပုံ ရသော်လည်း၊ ဆုံးဖြတ်ချက် ချပြီးနောက်၊ တွန့်ဆုတ်ခြင်း မရှိ တက်ချေ။

လူတိုင်းက နဂါး လေးအား သူ၏ သားရဲ တစ်ကောင် အဖြစ် မှတ်ယူ ကြသည်။ သို့သော် သူ့ အတွက်မူ၊ ဤသို့ မိုက်မဲသည့် အပြု အမူ များကြောင့်၊ သွေးသား ရင်းချာ ညီအစ်ကို တစ်ယောက် ကဲ့သို့၊ ခံစားရ ချေ၏။

“ ညီအစ်ကို လင်း၊ သွေး အနှစ် သာရ။ ”

နဖူးမှ ချွေးများကို မသုတ် အားဘဲ၊ အံကြိတ်ကာ တောင်းဆို လာသည်။ ထို့ကြောင့် လင်းယွန်က အမြန်ပင်၊ သွေးအနှစ် သာရကို အစီရင်ပေါ်၊ ပက်ဖြန်း လိုက်၏။

“ အိုး ... အရှင် နဂါး မျောက်ဝံ၊ နတ်မိစ္ဆာ ကြယ်စင်စု ထာဝရ တည်မြဲဖို့ အတွက်၊ ကျေးဇူး ပြု၍ မီးတောက် ပေး သနားတော် မူပါ။ ”

အစီရင်မှာ သွေး အနှစ် သာရကြောင့် အသက် ဝင်လာပြီး၊ နဂါးလေး ထံသို့ တွန့်လိမ် လျက်၊ ပြေးဝင် သွားတော့သည်။

“ ..... ။ ”

နဂါးလေး ခမျာ နာကျင် မှုကြောင့်၊ ရှုံ့တွ သွားပြီး၊ ကျယ်လောင်စွာ အော်ဟစ် လာ၏။ တစ်ချိန် တည်း မှာပင်၊ အစီရင်အား ထောက်ပံ့ ပေးထားသည့်၊ နတ်ကြယ် ပုလဲများ လျင်မြန်စွာ ကုန်ဆုံး လာသည်။

“ နတ်ကြယ် ပုလဲနဲ့ ... ၊ နတ်မိစ္ဆာ သတ္ထု ထပ်ထည့်ပါ။ ”

ဝူးမူက အလော တကြီး လှမ်းအော်၏။ နတ်ကြယ် ပုလဲ နှစ်ရာနှင့်၊ နတ်မိစ္ဆာ သတ္ထုအား အစီရင်ထဲ ပစ်ထည့် ပေးလိုက်သည်။

“ ထပ် ပေး ဦး ... ။ ”

နဂါးလေး၏ တောင်းတ ချက်မှာ၊ သူ့ စိတ်ကူးကို ကျော်လွန် နေသောကြောင့်၊ ဝူးမူ တစ်ယောက် မျက်နှာ ပြောင်းလဲ သွားသည်။

ဤသားရဲသည် စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တစ်ခုကို လေ့ကျင့် ထားပုံ ရပြီး၊ ၎င်း၏ သွေးသား ဆာလောင် မှုမှာ၊ စိတ်ကူး မယဉ် နိုင် တော့ပေ။

လင်းယွန်မှ မငြို မငြင်ဘဲ၊ နောက်ထပ် နတ်ကြယ် ပုလဲ (၃၀၀) အား ထုတ်ပေး လိုက်သည်။

တစ်နာရီ ကြာ ပြီးနောက်၊ နတ်မိစ္ဆာ ကြယ်စင်စု နယ်မြေ၏ ပါရမီရှင်များ မျက်နှာကို၊ ပြောင်းလဲ စေခဲ့သည်။

အစီရင် ထဲရှိ မီးတောက် များထံ ကြည့်ပြီး၊ နဂါးသွေး ကြောင်၏ မျိုးဆက် သွေးမှာ၊ မည်မျှ ထိတ်လန့် စရာ ကောင်းမည်ကို၊ တွေးတော လာကြသည်။

အထူး သဖြင့် ဝူးမူ မျက်နှာမှာ၊ ဖြူဖပ် ဖြူရော် ဖြစ်ကာ၊ ကိုင်တွယ်ရ ခက်ခဲ နေကြောင်း မြင်သာ လာစေသည်။

ဝူးမူမှ မတောင်ဆိုမီ၊ လင်းယွန်က နတ်ကြယ်ပုလဲ (၄၀၀) ကို ထပ်၍ ပစ်ထည့်ပေး လိုက်သည်။ ယခု အချိန်၌ အရေ အတွက်မှာ၊ စုစုပေါင်း (၁၀၀၀) ရှိပြီ ဖြစ်၏။

ကြယ် စွမ်းအင်များ လျင်မြန်စွာ ပျံ့နှံ့ ပြီး၊ မြေပြင်၌ တောက်လောင်နေ သကဲ့သို့၊ ပြန်၍ နီရဲ လာသည်။

တစ်ချိန်တည်း မှာပင် နဂါးလေး၏ ခန္ဓာ ကိုယ်ရှိ အမွေးများ ဖောင်းပွလျက်၊ မတ်တပ်ထ ရပ်လာ ခဲ့သည်။ ထိုမြင်ကွင်းက လင်းယွန်အား စိတ်ပူ သွားစေ၏။

“ ဝုန်း ... ။ ”

များမကြာခင် အနက်ရောင် မီးလျှံများ တောက်ပ လာပြီး၊ အစီရင် တစ်ခုလုံး ပေါက်ကွဲ သွားခဲ့သည်။

“ မအောင်မြင် ဖူးလား။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာ မေးမိသည်။

“ မဟုတ်ဘူး ... ၊ အဲဒါ အောင်မြင်တာ။ ”

ဝူးမူမှ ချက်ချင်း ပြန်မဖြေနိုင် သေးဘဲ၊ နဖူးမှချွေး များကို သုတ်ကာ၊ ဆိုသည်။ အစီရင် ပေါက်ကွဲ သည်နှင့်၊ အရည်ပျော် နေသော နတ်မိစ္ဆာ သတ္တု များက၊ နဂါးလေးပေါ် ဖုံးအုပ် အေးခဲ လာသည်။

“ ထပ် ... ထပ် ထပ် ... ။ ”

များ မကြာမီ၊ မီတာ (၁၀၀၀) ခန့် မြင့်မားသော၊ ဧရာမ နဂါး မျောက်ဝံ ရုပ်တုကြီး အသွင်၊ ဖြစ်တည် လာသည်။

ထိုမြင်ကွင်းကို ကြည့်ကာ၊ ဝူးမူးက သက်တောင့် သက်သာ အသွင်ဖြင့် ပြုံးရယ်ပြီး၊

“ ဒီကောင်က တကယ့် ကြောင်ဆိုး တစ်ကောင်ပဲ၊ ငါတို့ ဘိုးဘေး တစ်ဦး တောင်မှ၊ သူ့ ဒုက္ခကို ခံယူ ချိန်မှာ၊ မီတာ သုံးရာသာ ရှိတဲ့၊ နဂါး မျောက်ဝံပဲ၊ ဖန်တီး နိုင်တယ်။ ”

-ဟု ဆိုလာသည်။

ကျန်သူများ သည်လည်း ကျောက်နဂါး မျောက်ဝံကို ကြည့်ကာ၊ အာမေဋိတ် သံများ ညံလာ ကြ၏။

“ တစ်လ ကနေ၊ တစ်လခွဲ အတွင်း၊ ဒီတံဆိပ်ကို ချိုးပြီး၊ သူ့ ခွန်အား နှစ်ဆ တိုးလာ လိမ့်မယ်။ ”

ကျောက်နဂါး မျောက်ဝံ့ ရုပ်တုအား ကြည့်ကာ၊ ရှင်းပြ နေစဉ်၊ ဝူးမူ တစ်ယောက် စိတ်လှုပ်ရှား လာဟန်ဖြင့်၊

“ ဘယ်လောက်တောင် အားကောင်း လာမယ် ဆိုတာ၊ ငါ တကယ် ကြည့်ချင် ပါတယ်၊ ငါ့ မျိုးရိုးရဲ့ မြင့်မြတ်တဲ့ ပစ္စည်းကို ကိုင်ဆွဲ နိုင်တာ၊ သူ့ ကံကြမ္မာ ပါပဲ ။ ”

-ဟု ဆိုလာ သောကြောင့်၊ လင်းယွန်၏ အာရုံ ကြောများ ပြေလျော့ သွားပြီး၊ ပြုံးရယ် လိုက်မိ လေသည် ။

နဂါး တားမြစ် နယ်မြေ ဖွင့်ရန်၊ နီးကပ် လာပြီ ဖြစ်သဖြင့်၊ ဝူးမူ တစ်ယောက် ဆိတ်ကွယ် ရာ အရပ်သို့၊ သွားရောက် ကျင့်ကြံရန် အချိန်ကျ ချေပြီ။

“ ညီအစ်ကို လင်း၊ နှုတ်ဆက် ပါတယ်၊ နောက်နှစ်လ နေရင် နဂါး တားမြစ် နယ်မြေမှာ၊ ငါတို့ ပြန်ဆုံ ကြမယ်၊ ... ”

“ ... အဲဒီ အချိန်၊ မင်းရဲ့ ခွန်အားနဲ့ လူတိုင်းကို၊ ထိတ်လန့်စေ လိမ့်မယ်လို့ ငါ ယုံကြည်တယ် ။ ”

ဝူးမူမှ ပြုံးလျက် ဆိုလာသည်။ သန်မာ သူများကို လေးစား တက်သည်မှာ၊ သူ့ သဘာဝ ပေပင်။

“ ကောင်းပြီ ... ၊ ပြန်ဆုံ ကြမယ်။ ”

လင်းယွန်က လက်ဝှေ့ ယမ်းကာ၊ တုံ့ပြန် လိုက်၏။ ဝူးမူတို့ အဖွဲ့ ထွက်ခွာသွား ပြီးနောက်၊ ဧရာမ ကျောက်နဂါး မျောက်ဝံ ရုပ်တု ကြီးထံ၊ လှည့်ကြည့် လိုက်သည်။

သူ သည်လည်း၊ ရွှေရောင် သားမွေး မျောက်ဝံ၏ သားရဲ အမြုတေကို သန့်စင်ရန် လုပ်ဆောင်ရ ပေမည်။

***

All Chapters