စစ်မှန်သော နေနတ်ဘုရား လက်သီး။
Vol. 68 Ch. 947
နဂါး တားမြစ် နယ်မြေ ဖွင့်ရန်၊ အချိန် နှစ်လခန့် လိုပေ သေး၏။ ထို့ကြောင့် လင်းယွန် အတွက် ကျင့်ကြံရန်၊ အချိန် အလုံ အလောက် ရရှိ ပေသည်။
လက်ထဲရှိ သားရဲ အမြုတေမှာ၊ ကြက်သွေးရောင် မီးလျှံများ တောက်လောင် နေပြီး၊ အလယ် ဗဟိုတွင် ရွှေရောင် အနှစ်များ ပါရှိ ချေ၏။
ထိုရွှေရောင် အနှစ် များမှ ထွက်ပေါ် လာသော ကြောက်မက်ဖွယ် ရောင်ဝါကို၊ သတိ ပြု မိသည်။
ဤသားရဲ အမြုတေကို အသုံး ပြုကာ၊ နေနတ်ဘုရား တံဆိပ်အား နှစ်လ အတွင်း တက်နိုင် သမျှ၊ မြန်မြန် ပြီးမြောက်အောင် ကြိုးစား ကြည့်ရ ပေမည်။
များ မကြာခင် ကြက်သွေးရောင် အရှိန် အဝါများ တောက်ပလျက်၊ သားရဲ အမြုတေက၊ လေထဲ ပျံဝဲ လာ၏။
ဓားသုတ္တန် နှစ်ခုကို တစ်ချိန်တည်း လှည့်ပတ်လျက်၊ ခန္ဓာကိုယ် ထောင့်တိုင်းသို့ မူလ စွမ်းအင်များ၊ ဖြည့်သွင်း ပေးမိသည်။
ခရမ်းရောင် ပန်းများပွင့် နေသည့် အပြာရောင် သစ်ပင်ကြီး တစ်ပင် ထွက်ပေါ် လာ၏။
ဓားရည်ရွယ် ချက်က သားရဲ အမြုတေ အပေါ် ထိန်းချုပ်ကာ၊ စွမ်းအင် များကို သူ့ခန္ဓာ ကိုယ်အား၊ စုပ်ယူစေ လိုက်သည်။
သည့်နောက် သားရဲ အမြုတေ အတွင်းမှ၊ ရန်လိုသော ခံစား ချက်များက အနက်ရောင် မြူ များ အဖြစ်၊ လေထုထဲ ပျံ့လွင့် လာသည်။
ယင်းတို့သည် ဓား ရည်ရွယ်ချက်မှ မောင်းထုတ် လိုက်သော မိစ္ဆာ ရောင်ဝါ များပင်၊ ဖြစ်၏။
ဤရောင်ဝါ များမှာ၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များအတွက်၊ အသုံးဝင် ချေပြီ။ တိုက်ရိုက် သန့်စင် ခြင်းဖြင့် အန္တရာယ်များ နိုင်သော်လည်း၊ အရှိန်အဝါကို များစွာ သိပ်သည်း စေ၏။
သူ့ အတွက်မူ အဆုံးမဲ့ ဒုက္ခများ ကိုသာ၊ ဆောင်ကြဉ်း ပေးမည့် အရာများ ဖြစ်ချေပြီ။ ထက်ရှ ကြည်လင်သော နှလုံးသားအား၊ ညစ်နွမ်း စေမည် ဖြစ်၏။
ဝိညာဉ်ရေး ဓားမှာ မိစ္ဆာ အငွေ့ အသက် များကို အလွယ် တကူ တွန်းထုတ်နိုင် ခဲ့သဖြင့်၊ ကောင်းကင် ဓားပင် မလို လိုက်ချေ။
“ အူး ... ဝူး ။ ”
တစ်နာရီ ကြာပြီး နောက်တွင်၊ သားရဲ အမြုတေမှ ကြောက်စရာ ကောင်းသော အသံ တစ်သံ၊ ထွက်ပေါ် လာကာ၊ အကြွင်း အကျန် ဝိညာဉ်က လင်းယွန် နဖူး ထဲသို့၊ ဖောက်ဝင်ရန် ကြိုးစား လာသည်။
“ အိမ်မက်တောင် မမက်နဲ့ ... ။ ”
သို့သော် ထက်ရှသော ဓား တစ်လက်က၊ ထိုအကြွင်း အကျန် ဝိညာဉ်အား ချက်ချင်း ခွဲချ ပစ်လိုက်သည်။
“ တကယ်ပဲ မြန်လိုက်တာ ... ၊ ဓား ရည်ရွယ်ချက်သာ၊ အစွမ်း မထက်ဖူး ဆိုရင်၊ ငါ့ ခန္ဓာ ကိုယ်ကို၊ သိမ်းသွား နိုင်တယ်။ ”
နောက်ဆုံးတွင် မိစ္ဆာ ကျင့်ကြံသူများ၊ အဘယ့်ကြောင့် သတ်ဖြတ် လိုစိတ် များအား၊ ထိန်းချုပ် နိုင်စွမ်း မရှိ တော့သည်ကို၊ သိရှိ လိုက်သည်။
သားရဲ အမြုတေရှိ အရှိန်အဝါ များကို ကြိမ်ဖန် များစွာ၊ ပေါင်းစပ် သိပ်သည်း စေခြင်း ၏ ရလာဒ် ဖြစ်ချေ၏။
“ ခရစ် ... ။ ”
ဓား ရည်ရွယ်ချက် အောက်တွင်၊ သားရဲ အမြုတေ၏ ရွှေ အရည်မှာ၊ ရွှေရောင် ချည်မျှင် များ သဖွယ်၊ အက်ကွဲ သွားသည်။
ထို့ကြောင့် လက်ဖဝါး ဖြန့်လိုက်ပြီး၊ တံဆိပ်အား ဆင့်ခေါ်ကာ၊ ရွှေချည်မျှင် များကို ဝါးမြိုစေ လိုက်သည်။ များမကြာမီ ‘နေ’ဟူသော (日) စာလုံးပေါင်း ဖြစ်ပေါ် လာ၏။
ထိုစာလုံးမှာ မြင်သာသော အရှိန်ဖြင့် ကြီးထွား လာပြီး၊ နေမင်းကြီး တစ်စင်း ကဲ့သို့၊ အလွန် စူးရှသည့် အလင်း ရောင်များ ထုတ်လွှတ် လာလေသည်။
ထိုအချိန်တွင် မီတာ တစ်ထောင်ခန့် မြင့်သော တောင်ပံ လူသားက၊ သူ့ နောက်၌ ထွက်ပေါ် လာ၏။
၎င်း လူသားသည်၊ ယခင် အကြိမ်က ကဲ့သို့ ပုံရိပ် ယောင်မျှ မဟုတ် တော့ဘဲ၊ ပြတ်ထင်လာ လေသည်။
မျက်ခုံး နှစ်ခု ကြား၌ နေမင်း ကဲ့သို့ သင်္ကေတငယ် တစ်ခု ပါရှိ နေပြီး၊ အလင်းများ ထုတ်လွှတ် ထားသည်။
ဤအသွင် ပြောင်းမှုသည် ရှန်ရှင်း ဓားမှ ဝိညာဉ်ရေး ဓားသို့ ရောက်ရှိ သွားသည့် ခံစား ချက်မျိုး ဖြစ်၏။
မယုံနိုင် စရာ စွမ်းအား များဖြင့်၊ ခန္ဓာကိုယ် တစ်ခုလုံး ပြည့်နှက် လာပြီး၊ ၎င်းထံမှ ဖိအားမှာ၊ ကောင်းကင်ဓား ထက်ပင်၊ ပြင်းထန်လှ ချေပြီ။
နောက်ဆုံးတွင် ဤသည်မှာ၊ ဓား ရည်ရွယ်ချက် မပါဝင်ဘဲ၊ ရရှိသော စွမ်းအား ဖြစ်ပေ၏။
“ ဟိတ် ... ။ ”
လက်ဖဝါး ထဲ၌၊ နေမင်း ကြီးအား ဆုပ်ကိုင်ထား သကဲ့သို့၊ ခံစား ရစေသည်။ ထို့နောက် လက်သီးအား မြေပြင်ပေါ် ထိုးချပစ် လိုက်ရာ၊ ဆယ်မိုင် အကွာ အဝေး အတွင်း၊ အရာ အားလုံး လောင်ကျွမ်း သွားတော့သည်။
မီးလျှံ များက၊ ကမ္ဘာဖျက် ကပ်ဘေး တစ်ခု အလား၊ မြေပြင် အနှံ့ တောက်လောင် လာ၏။ အဖျက် စွမ်းအားနှင့် ပတ်သတ်ပြီး၊ သူ့တွင် အတွေ့ အကြုံ များစွာ ရှိသည်။
သို့သော် ငြားလည်း၊ နေနတ် ဘုရား တံဆိပ်မှာ၊ ထို အဆင့်ထက် ပိုနေ ခဲ့သည်။ အချိန် အတော်ကြာ စောင့်ကြည့် ပြီးနောက်၊ အသက် ပြင်းပြင်း ရှူလိုက်ကာ၊ ခေါင်းယမ်း မိသည်။
“ အဲဒီ အမျိုး သမီးလို၊ ပါရမီရှင် တွေကို အနိုင် ယူဖို့ ဆိုတာက၊ ဒီလောက်နဲ့ မလုံလောက် သေးဘူ။ ”
-ဟုညည်းတွား လိုက်သည်။
စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ သာမာန် ပါရမီရှင် တစ်ဦး မျှသာ ဆိုပါက၊ သူ၌ ယုံကြည်ချက် ရှိသည်။
သို့သော် နဂါး အဆင့်ရှိ၊ ထိပ်ဆုံး (၁၀) ယောက်ဖြင့် ရင်ဆိုင်ရ ပါက၊ အနိုင်ရ နိုင်ခြေ တစ်ဝက်ခန့် လျော့ကျ သွားနိုင်သည်။
ပထမ တန်းစား ပါရမီရှင် ဟူသော၊ ထိုခုနှစ်ဦး အပေါ်မူ၊ အနိုင် ယူရန် ယုံကြည်မှု လုံးဝ မရှိ တော့ချေ။
သို့သော် နဂါး လေးနှင့် မိုးကြိုး မီးလျှံ ကြာပွတ်ကို၊ အားကိုး နေစရာ မလိုဘဲ၊ အလွယ် တကူ လွတ်မြောက် နိုင်ပေမည်။
“ ဘာပဲ ဖြစ်ဖြစ် … ၊ ငါ့မှာ အချိန် နည်းနည်း ကျန်သေးတယ်။ ”
အသက် ပြင်းပြင်း ရှူလျက်၊ နေနတ်ဘုရား လက်သီး ကျောက်စိမ်း တုံးကို ထုတ်ယူပြီး၊ နဖူး ပေါ် တင်လိုက်သည်။
စိတ်ထဲသို့ အကန့် အသတ်မဲ့ အချက် အလက်များ စိမ့်ဝင် လာပြီး၊ နေနတ် ဘုရား လက်သီး ပုံစံ ကိုးခု၊ ထွက်ပေါ် လာ၏။
၎င်းတို့မှာ တိမ်များကို လွင့်စဉ် စေသော နေမင်းကြီး၊ အရုဏ်ဦး ခရမ်း ရောင်ဝါ၊ လောင်ကျွမ်းခြင်း မီးလျှံ၊ ပျံဝဲ နေသော နေမင်း၊ အထီးကျန် နေမင်း၊ အကြွင်းမဲ့ စိုးမိုးမှု၊ ကြက်သွေးရောင် နေမင်း၊ နေဝင်ချိန်နှင့်၊ နေကိုးစင်း လင်းခြင်း၊ ဟူ၍ ဖြစ်ကြသည်။
ပထမ လှုပ်ရှားမှု သုံးခု ဖြစ်သည့်၊ တိမ်များကို လွင့်စဉ် စေသော နေမင်းကြီး၊ အရုဏ်ဦး ခရမ်း ရောင်ဝါနှင့်၊ လောင်ကျွမ်းခြင်း မီးလျှံမှာ၊ အခြေခံ ဖြစ်၏။
အဆုံးတွင် ကောင်းကင်၌ နေကိုးစင်း လင်းလာကာ၊ ကြောက်မက်ဖွယ် ကောင်းသည့်၊ ဖြစ်စဉ်အား ဆောင်ကြဉ်း ပေမည် ဖြစ်သည်။
ထို့အပြင် ပုံစံ တစ်ခုကို အောင်မြင်စွာ သင်ယူသည့် အခါတိုင်း၊ သေးငယ်သော တံဆိပ် တစ်ခု ဖြစ်ပေါ် လာမည် ဖြစ်သည်။
ထိုတံဆိပ်ငယ် သုံးခုအား ပေါင်းစပ် နိုင် ပါက၊ နယ်ပယ် တစ်ခုကို ပြီးမြောက် သည်ဟု ဆိုနိုင်မည်။
ယင်းသို့ တံဆိပ်ငယ် သုံးခု ပေါင်းစပ် ခြင်းအား၊ နေနတ် ဘုရား လောင်ကျွမ်းခြင်း တံဆိပ် အဖြစ် ခေါ်ဆိုသည်။
၎င်းမှာ နေနတ် ဘုရား သုတ်သင်ခြင်း တံဆိပ် အဆင့်သို့၊ မရောက်မီ ပုံစံငယ် တစ်ခု ဖြစ်သည်။
ထိုပုံစံငယ် တံဆိပ်များ အားလုံးကို၊ ပေါင်းစပ်နိုင် ပါက၊ နေကိုးစင်း ထွန်းလင်း လာသည့် သဘာဝ ဖြစ်စဉ်နှင့် အတူ၊ ‘နေနတ် ဘုရား သုတ်သင်ခြင်း တံဆိပ်’ ရရှိ လာမည် ဖြစ်သည်။
လင်းယွန်က ကျောက်စိမ်း တုံးကို ပြန်ချ လိုက်၏။ အချက် အလက်များ အဆိုရ၊ အနည်း ငယ်မျှ မယုံနိုင် စရာ ဖြစ်နေချေပြီ။
တံဆိပ်များ အားလုံးကို ပေါင်းစည်း နိုင်သော်၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ အား၊ ယှဉ်နိုင် ပေမည်။
“ နှစ်လ အတွင်း၊ အားလုံးကို သင်ယူဖို့ ဆိုတာ မဖြစ် နိုင်ဘူး၊ နဂါး တားမြစ် နယ်မြေမှာ ဘေးကင်းဖို့ ဆိုရင်၊ ပထမပုံစံ သုံးမျိုး ကိုတော့၊ လိုအပ် လိမ့်မယ်၊ ... ”
“ ... ပြီးတော့ ကျင့်ကြံမှု အပေါ်လည်း၊ လျစ်လျူရှု ထားလို့ မရဘူး၊ ဒုတိယ ဒုက္ခကို ခံနိုင်တဲ့ အဆင့်ထိ ဖြစ်နေမှ ရမယ်၊ မဟုတ်ရင် လွယ်မှာ မဟုတ်ဘူး။ ”
ကျင့်ကြံမှု လုံလောက်စွာ မခိုင်မာ ပါက၊ သာမာန် အဆင့် စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေ ရောက်၊ ပါရမီရှင် များကိုသာ ရင်ဆိုင် နိုင်မည် ဖြစ်သည်။
“ ဝုန်း ... ။ ”
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာသည် နှင့်အမျှ၊ အရိုးပြာ ချိုင့်ဝှမ်း အတွင်း၊ မီးလောင် ရာများ ပြည့်နှက် လာသည်။
နေ့ဘက်တွင် နေနတ် ဘုရား လက်သီးကို လေ့ကျင့်ပြီး၊ ညဘက်၌ နတ်ကြယ် ပုလဲ များကို သန့်စင် ခဲ့သည်။
နေနတ်ဘုရား လက်သီးအား၊ လေ့ကျင့် ရာတွင် ချောမွေ့ လှသည် မဟုတ်ပေ။ ၎င်းမှာ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ် သောကြောင့်၊ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့်၊ လေ့ကျင့် နိုင်သော အရာ မဟုတ်ကြောင်း၊ ပြောနိုင်သည်။
“ အား ... ။ ”
တစ်ရံ တစ်ရံတွင် နာကျင်မှု များကြောင့်၊ ချိုင့်ဝှမ်း အတွင်း လူးလိမ့် နေတက်၏။ သို့သော် ဆုစီယာနှင့် ကတိ ပေးထားသော သူငယ်ချင်း များကို တွေ့ဆုံရန်၊ သန်မာ ရပေမည်။
သူ့နောက်တွင် မည်သူမျှ မရှိချေ။ သူ့ကိုယ်သူသာ အားကိုး ရပေမည်။ ထို့ကြောင့် မျက်ရည်များ စီးကျလာ သော်လည်း၊ အရှုံး မပေးဘဲ၊ အံကြိတ်ခံ မိသည်။
ကောင်းကင် လမ်းသို့ နယ်ပယ် တစ်သောင်းမှ တက်ရောက် လာကြသည် ဖြစ်ရာ၊ တစ်ကြိမ် ပြုတ်ကျ ရုံနှင့်၊ လှောင်ပြောင် လိုမည့် မျက်ဝန်း များက၊ သူ့အား စောင့်ကြို နေမည် ဖြစ်သည်။
အမည် ဂုဏ်သတင်း ကျော်ကြား ခြင်းက လေးစားသူ တိုးပွား လာစေ သကဲ့သို့၊ ရှုံ့ချရန် စောင့်ဆိုင်း နေသူ များလည်း၊ ပေါများလာ စေသည်။
ထို့ကြောင့် သန်မာ ရပေမည်။ သို့မှသာ ကောင်းကင်လမ်း အဆုံးထိ၊ လျှောက်လှမ်းသွား နိုင်ပြီး၊ ခွန်လွန် နယ်မြေအား မြင်ခွင့် ရနိုင်မည် ဖြစ်သည်။
သူ့ လုပ်ရပ်များ အားလုံးကို၊ ကျောက်နဂါး မျောက်ဝံ ရုပ်တု အတွင်းရှိ နဂါးလေးမှ မြင်နိုင် သည်။
အဖော်မဲ့ နေသော ဤ ကောင်လေး၏ ပုံရိပ်များက၊ နဂါးသွေး မြင်းအား မျက်ရည်ဝဲ စေသည်။ ထိုကြောင့် ပို၍ သန်မာ လာ စေရန်၊ လင်းယွန် နည်းတူ ဆုံးဖြတ် လိုက်မိသည်။
ကောင်းကင်လမ်း အဆုံး အထိ၊ လျှောက်လှမ်း လိုပါက၊ သည် နာကျင်မှုအား ခွန်အား အဖြစ်၊ ပြောင်းလဲ ပစ်ရ ပေမည်။
***