← Chapters

နဂါး တားမြစ် နယ်မြေ။

Vol. 68 Ch. 948

နဂါး တားမြစ် နယ်မြေ။

Vol. 68 Ch. 948

အချိန်များ လျင်မြန်စွာ ကုန်ဆုံး နေခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်း ရက်ပေါင်း (၄၀) ကုန် လွန် သွား၏။

ယခု အချိန်၌ ဧရာမ တောင်ပံ လူသား ကြီးမှာ၊ လေထု အလယ် ပြတ်ထင်စွာ ထွက်ပေါ် နိုင်ပြီ ဖြစ်သည်။

၎င်းထံမှ တင့်တယ်သော ရောင်ဝါများ ဖြာထွက် နေ၏။ သို့သော် လင်းယွန်က တံဆိပ် အား၊ ယခင်က ကဲ့သို့ ပစ်မချ ခဲ့ချေ။

ယင်းအစား သူ့ လက်သီး မဆုပ်ခင် လက်ဖဝါး ပေါ်၌၊ ရွှေရောင် အလင်း များကို၊ ဖြာထွက် စေလိုက်၏။

“ နေနတ်ဘုရား လက်သီး ပထမပုံစံ—တိမ်တိုက် များကို လွင့်စဉ် စေသော နေမင်း။ ”

တောင်ပံ လူသား၏ အရှိန် အဝါမှာ၊ လျင်မြန်စွာ မြင့်တက် လာပြီး၊ ကြယ်တစ်ပွင့် သဖွယ်၊ တောက်ပ နေသည့်၊ အလင်း စက်လုံး တစ်လုံး ဖြစ်တည် လာသည်။

၎င်းတွင် ချစ်စရာ ကောင်းသော၊ ကြည်လင် တောက်ပ နေသည့်၊ တောင်ပံငယ် တစ်စုံ ပါရှိ ၏။

“ ဒုတိယ ပုံစံ - အရုဏ်ဦး ခရမ်း ရောင်ဝါ။ ”

အတောင်ပံ ပါသော အလင်း စက်လုံး တစ်လုံး ထပ်မံ ဖြစ်တည် လာပြီး၊ ကောင်းကင် နှင့် မြေကြီးအား၊ လင်းထိန် သွားစေ၏။

“ တတိယ ပုံစံ- လောင်ကျွမ်းခြင်း မီးလျှံ။ ”

တစ်ချိန်တည်း မှာပင် အတောင်ပံ လူသား၏ နောက်၌၊ တတိယမြောက် အလင်း စက်လုံး တစ်လုံး၊ ဖြစ်ပေါ် လာ ပြန်၏။

တတိယ တံဆိပ် ဖြစ်ပေါ်လာ ချိန်တွင်၊ အတောင်ပံ လူသား ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအား အချို့၊ လွှတ်ထုတ် လာသည်။

ဤအချိန်သည် တံဆိပ် သုံးခုကို ပေါင်းစည်းရန်၊ အရေး ကြီးသော အချိန် သမယ ဖြစ်၏။

သို့မှသာ နေနတ် ဘုရား လောင်ကျွမ်းခြင်း တံဆိပ်အား (အဖျက် စွမ်းအား) ရရှိမည် ဖြစ်သည်။

ယင်းမှာ လွယ်ကူခြင်း မရှိချေ။ လောင်ကျွမ်း လုနီးပါး ဖြစ်စေ၏။ သို့သော် အကြိမ်ပေါင်း များစွာ ကျရှုံး ပြီးနောက်၊ သည် တစ်ကြိမ်၌ အောင်မြင် နိုင်မည်ဟု ယုံကြည်သည်။

“ ဝှီး ... ။ ”

အတောင်ပံ လူသားသည် သုံးဆခန့် ကြီးထွား လာပြီး၊ အလင်း စက်လုံး သုံးလုံးမှာ၊ လျင်မြန်စွာ လည်ပတ် လာ၏။

သူ မျှော်လင့် ထားသည့် အတိုင်း၊ မူလ စွမ်းအင်များ လျင်မြန်စွာ ကုန်ခမ်း သွားသည်။ သို့သော် ဇွဲမလျော့ဘဲ အံကြိတ် လိုက်၏။

“ နေနတ်ဘုရား လောင်ကျွမ်းခြင်း တံဆိပ်။ ”

နောက်ဆုံး ကြုံးဝါးသံ ဆုံးသည်နှင့် အတူ၊ အတောင်ပံ လူသား ထံသို့ အလင်း စက်လုံး (၃) လုံးအား၊ တိုးဝင် စေလိုက်၏။

“ ..... ။ ”

ထို့နောက် တောင်ပံ လူသားမှ လွဲ၍၊ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ချည်း မှောင်ကျ သွားပြီး၊ အပျက် သဘော ဆောင်သော အငွေ့ အသက်များ၊ ပေါက်ကွဲ ထွက်လာသည်။

“ ဟိတ် ... ။ ”

လက်သီးအား ထိုးထုတ် လိုက်သော အခါတွင်၊ ရွှေအလင်း များက ကောင်းကင် ယံရှိ၊ အနက်ရောင် တိမ်တိုက် များကို၊ ဖယ်ရှား ပစ် တော့သည်။

ကြယ်ရောင်စုံ လင်းလက် နေသော ကောင်းကင် ကြီးက ကြည်လင်စွာ ထွက်ပေါ် လာပြီး၊ ချိုင့်ဝှမ်းကို ခဏတာ လင်းကျင်း သွားစေ၏။

တစ်ဖက်တွင် လင်းယွန် မျက်နှာမှာ ဖြူဖျော့လျက်၊ ချွေးများ ဖုံးလွှမ်း လာကာ၊ သက်ပြင်း ချလိုက် မိသည်။

မီတာ ရာဂဏန်းမျှ ကျယ်ပြောသော မီးလောင် ပြင်ကြီးအား မျှော်ကြည့်လျက်၊ စိတ် လှုပ်ရှား သွား၏။

“ အောင် မြင် ပြီ ... ။ ”

လက်သီးအား ကျေနပ်စွာ ဆုပ်လိုက် မိသည်။ ရက်ပေါင်း (၄၀) ကြာ ခံစားခဲ့ ရသော ဝေဒနာများ အားလုံးသည်၊ နောက်ဆုံး၌ သက်ရောက်မှု ရှိလာပြီ ဖြစ်၏။

“ ဟိတ် ... ။ ”

တစ်မိနစ်ခန့် အနားယူ ပြီးနောက်၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ ပျံဝဲ နေသော နေမင်း၊ အထီးကျန် နေမင်းနှင့်၊ အကြွင်းမဲ့ စိုးမိုးမှု တို့ကို၊ တပြိုက် နက်တည်း ထုတ်ဖော် လိုက်သည်။

ဤတစ်ကြိမ်၌ လုံးဝ ကွဲပြားသော ဖြစ်စဉ်များ ထွက်ပေါ် လာ၏။ ၎င်းတို့မှာ အရုဏ်တက် လာသည့် နေမင်းကို တုပထား သဖြင့်၊ စွမ်းအားတွင် ကြီးစိုးမှု အပြည့် ရှိလေသည်။

“ ဟား ... ဟား ... ဟား ... ။ ”

ကျေနပ်စွာဖြင့် ရယ်မော လိုက်သော အသံမှာ ချိုင့်ဝှမ်း တစ်လျှောက် ပျံ့နှံ့ သွားသည်။ ယခု အချိန်၌ ပုံစံခြောက် မျိုးအား နားလည် နိုင်ပြီ ဖြစ်သည်။

သို့သော် ပထမပုံစံ (၃)မျိုးအား ပေါင်းစပ်ခြင်း နှင့်ပင်၊ သူ့ ရုပ်ခန္ဓာမှာ အကန့် အသတ်သို့၊ ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ ပုံစံ (၆) မျိုးလုံး ပေါင်းစပ် ရန်မှာ၊ မဖြစ်နိုင် သေးပေ။

မြေပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်ပြီး၊ စိတ်လှုပ်ရှား စွာဖြင့် လက်ဖဝါးအား ဖြန့်ကြည့် မိ၏။

အဆုံးတွင် ဝှက်ဖဲ တစ်ချပ် ရရှိ လာပြီ ဖြစ်ပြီး၊ ကျင့်ကြံမှု တွင်းလည်း၊ ဒုတိယ ဒုက္ခကို၊ ခံယူ နိုင်သည့် အဆင့်ထိ၊ တိုးတက် လာခဲ့သည်။

အလို ရှိသရွေ့၊ ဒုတိယ ဒုက္ခကို ခံယူရန် အသင့်ဖြစ် နေပြီ ဖြစ်သည်။ ၎င်းအား ခံယူ ပြီးမှ သာလျှင်၊ တံဆိပ် ခြောက်မျိုးအား ပေါင်းစပ် နိုင်ပေမည်။

နဂါး တားမြစ် နယ်မြေ ဖွင့်လှစ်ရန် (၁၅) ရက်သာ လိုပေ တော့၏။ ထို့ကြောင့် အခြား ဒေသများ အပါ အဝင်၊ နဂါး ပြည်နယ်၏ ထိပ်တန်း ကျွမ်းကျင် သူများ အားလုံး၊ စုရုံး ရောက်ရှိ နေမည်မှာ၊ သေချာသည်။

အထူး သဖြင့်၊ စတုတ္ထ ဒုက္ခအား ခံယူ နေသော၊ သွေး အရိုး နယ်မြေ ခေါင်းဆောင် လျိုမူ ဖြစ်သည်။

ခုန်းရွှမ် သေဆုံး ပြီးနောက်၊ ၎င်း၏ သြဇာ အာဏာမှာ၊ မေးခွန်း ထုတ်စရာ အဆင့်သို့ ရောက်ရှိ နေမည်မှာ၊ သေချာသည်။

ထို့ကြောင့် ခေါင်းဆောင် တစ်ဦး ဖြစ်သော သူ့ အနေဖြင့်၊ ဤအကြပ် အတည်းကို ဖြေရှင်း ရန်၊ လင်းယွန်အား သတ်ပစ် ရမည် ဖြစ်၏။

တစ်ဖက်တွင် လင်းယွန်၏ ရတနာ များမှာ၊ မြင့်မြတ် မြေများ အတွက်ပင်၊ စိတ်ဝင် စားစရာ ကောင်းနေ ပေသည်။

သည့်အပြင် ဂုဏ်သတင်း အရ၊ နဂါး ပြည်နယ်၏ ပထမ တန်းစား ပါရမီခု နစ်ပါးကို၊ နောက်ကောက် ချထားနိုင် ခဲ့သည်။

သို့သော် ထိုသို့ ကျော်ကြား ရခြင်းမှာ၊ အရွယ်ရောက်ပြီး မြွေဟောက် တစ်ကောင် အနေဖြင့် မဟုတ်ဘဲ၊ အလား အလာ အရှိဆုံး ခွေးဆိုး တစ်ကောက် အဖြစ်၊ သတ်မှတ် ကြခြင်း ဖြစ်သည်။၏

“ ခရစ် ... ။ ”

ထိုစဉ် မှာပင် ကျောက်နဂါး မျောက်ဝံ ရုပ်တုကြီး ထံမှ အက်ကွဲ သံများ ထွက်ပေါ်လာ သောကြောင့်၊ အတွေးမှ လန့်နိုး သွားမိသည်။

“ ဝုန်း ... ။ ”

“ ညောင် ... ။ ”

နဂါးလေးက ကြောင်ပုံစံ ဖြင့်ပင်၊ ကောင်းကင်ပေါ် ပျံတက် လာသည်။ သို့သော် ၎င်းနှင့် မလိုက် ဖက်သည့်၊ ကြောက်မက်ဖွယ် ရောင်ဝါအား ထုတ်လွှတ် လာ၏။

“ ဘုရင် အဆင့်၊ အရှိန် အဝါ ... ။ ”

နောက်ဆုံးတွင် နဂါးလေး၏ အသွင် ကူးပြောင်းမှု အောင်မြင် သွားပြီ ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် ရွှင်မြူး သွားသည်။

ကြောင် တစ်ကောင်နှင့် မလိုက် ဖက်သော ဘုရင် အဆင့် ရောင်ဝါက၊ လေထု အတွင်း တိုးကာ ပျံ့လွင့် လာ၏။

အကယ်၍ ဓား ရည်ရွယ်ချက် သည်သာ မသုံး ရပါသော်၊ ထိုရောင်ဝါအား ရင်ဆိုင်ရန် အခက် အခဲ ရှိလာ နိုင်ပေမည်။

ထိုစဉ် မှာပင် ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား ထွေးထုတ်လျက် ဖမ်းယူ လိုက်သည်။

၎င်း၏ ဝမ်းဗိုက်မှာ သိုလှောင်အိတ် ကဲ့သို့၊ သိမ်းဆည်း နိုင်ပေသည်။ အသုံး ပြုရန် အတွက် လိုအပ်သည့် အရာကို အန်ချရ ပေမည်။

“ ညောင် ... ။ ”

ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ရှိ၊ သူတော်စင် ရူရ်များမှ အလင်းများ ဖြာထွက် လာ လေသည်။

“ ဝှစ် ... ။ ”

ချက်ချင်းပင် လေဟာနယ် ပုံပျက် သွားပြီး၊ လင်းယွန်အား ကောင်းကင် နတ်မိစ္ဆာ တုတ်နှင့် ရိုက်ချ လာသည်။

“ မင်း ... ။ ”

ရုတ်တရက် ထိတ်လန့် ဟန်ဆောင်ကာ၊ လင်းယွန်က လှုပ်ရှား လိုက်သည်။ သည်ရက် အတွင်း တိုးတက်မှု မရှိပါက၊ ဤ အရူးကြောင့် အရှက်ကွဲ နိုင်၏။

“ ဟိတ် ... ။ ”

အပြုံး တစ်ပွင့် နှင့်အတူ၊ နေနတ် ဘုရား တံဆိပ်ကို ဆင့်ခေါ်ကာ၊ ကောင်းကင် နတ်မိစ္ဆာ တုတ်ထံ၊ ပြန်လည် ထိုးချ လိုက်သည်။

ပေါက်ကွဲ သံများ ထွက်ပေါ် လာပြီး၊ ကောင်းကင်ရှိ နဂါး မျောက်ဝံမှာ ပျောက်ကွယ် သွားတော့သည်။ တောင်ပံ လူသား သည်လည်း၊ ချွင်းချက် မရှိချေ။

“ ဟား ... ဟား ... ဟား ... ၊ ကြောင်မိစ္ဆာ မင်း ကများ ... ။ ”

“ ညောင် ... ခစ် ခစ် ခစ် ။ ”

အော်ဟစ် ရယ်မော သံများ နှင့်အတူ၊ ပေါက်ကွဲ သံများ ညံလာပြီး၊ တောင်တန်းများ ပြိုကျ လာ၏။

ဤအခိုက် အတန့်တွင် နဂါးလေး၏ မျက်ဝန်း၌၊ ထက်မြက်သော အလင်း ရောင်ကို လှမ်းမြင် နေရသည်။

ဤအရူးသည် ပို၍ ဉာဏ်ကောင်း လာပုံ ရ၏။ သူ့ ရယ်သံမှာ တစ်ဖက် လူအား အနှောက် အယှက် ဖြစ်စေ သည်ကို၊ ကောင်းစွာ အသုံးချ နေ၏။

ယင်းမှာ လင်းယွန် အတွက် ပြဿနာ မရှိသော်လည်း၊ အခြား သူများ အတွက်မူ၊ သွေး အန် မတက်၊ ဒေါသ ထွက်လာနိုင် စေ၏။

ထို့နောက် အကြိမ် အနည်းငယ်၊ ထပ်မံ တိုက်ခိုက် လိုက်ကြပြီး၊ လက်ကိုင် တုတ်အား ပြန်မျို ချကာ၊ လင်းယွန် ပုခုံးပေါ် ခုန်တက် လာသည်။

ယခု အချိန်၌ သူတို့ ညီအစ်ကို နှစ်ဦးမှာ၊ နဂါးတားမြစ် နယ်မြေ၌ စောင့်ကြို နေသော ပြိုင်ဘက် များကို၊ ရိုက်နှက်ရန် မစောင့် နိုင်တော့ချေ။

မိတ်ဆွေ ဟောင်းကြီး လျိုမူမှာ၊ ထိုအရပ်၌ သူ့အား သတ်ရန် သေချာပေါက် ကြိုဆို နေမည် ဖြစ်သည်။

***

All Chapters