အပြော ကောင်းတယ်။
Vol. 68 Ch. 949
နဂါး တားမြစ် နယ်မြေ ဖွင့်လှစ်ရန် ဆယ်ရက်မျှ လိုပေ သေးသည်။ ထို့ကြောင့် အလျင် စလို မဖြစ် မိပေ။
လမ်း တစ်လျှောက် နတ်ဆိုး သားရဲ များစွာကို သတ်ကာ၊ နေနတ် ဘုရား လက်သီး အား၊ လေ့ကျင့် လာခဲ့သည်။
ထို့ကြောင့် အုပ်စိုးရှင် အဆင့် သားရဲ များသည်ပင်၊ သုံးကြိမ် အတွင်း ဆုတ်ခွာပေး လာရ ချေသည်။
ခုနစ်ရက် ကြာပြီးနောက်၊ နဂါး တားမြစ် နယ်မြေအား လှမ်းမြင် လာရ၏။ ယဇ်ပလ္လင်ကြီး တစ်လုံးကို၊ ခမ်းနားသော အဆောက် အအုံ များဖြင့်၊ ဝန်းရံ ထားလေသည်။
အဆောက် အဦး များမှာ၊ ဝင်္ကဘာ တစ်ခု အသွင် ဖွဲ့တည် ထားပြီး၊ တစ်ချိန်က ယဇ်ပလ္လင် အပေါ်၊ အကာ အကွယ် ပေးခဲ့ကြောင်း ထင်ရှား ချေသည်။
ရှေးဦးခေတ်၌ တိုက်ပွဲများ အလွန် ပြင်းထန်ခဲ့ သဖြင့်၊ အပျက် အစီးများ နေရာ အနှံ့ ပျံ့ကျဲ နေသည်။
အကယ် ၍သာ အတိတ်မှ၊ အစွမ်း ထက်သော အမွေ အချို့အား ရယူ နိုင်ခဲ့ ပါက၊ သည်ခရီး အတွက် ရည်မှန်းချက် အောင်မြင် မည်ဟု ယူဆ နိုင်သည်။
သို့သော် သူ့ကဲ့သို့ မျှော်လင့် ထားသော ပါရမီရှင် များစွာ ရှိချေပြီ။ အထူးသဖြင့် မြင့်မြတ် မြေများမှ၊ အထက် တန်းစားများ ဖြစ်၏။
မြို့အတွင်း ထိုကဲ့သို့သော လူ များဖြင့်၊ စည်ကား နေလွန်း သောကြောင့်၊ လင်းယွန်ပင် အံ့သြ မိသည်။
“ နဂါး တားမြစ် နယ်မြေက၊ တကယ့်ကို စိတ်ဝင် စားစရာ ကောင်းတာပဲ၊ နဂါး အဆင့်က ပါရမီ ရှင်တိုင်း၊ ဒီကို ရောက် သင့် နေပြီ ။ ”
လင်းယွန် တစ်ယောက် သွေးများ ပွက်ပွက်ဆူ လာခဲ့သည်။ မြို့အကျယ် အဝန်းမှာ၊ အခြားသော မြို့များထက်၊ များစွာ သာလွန် ပေ၏။
ယဇ် ပလ္လင်ကြီး ရှိရာ အရပ်တွင်၊ ခမ်းနား လှသော ဘုံကျောင်း ဆောင်၏ ခေါင်းမိုး စွန်းကို လှမ်းမြင် နေရသည်။
လင်းယွန် ပခုံး ပေါ်၌၊ နဂါး လေးက ထရပ် လာ၏။ သက်ဝင် လှုပ်ရှားသော နေရာ များကို၊ သဘာဝ အတိုင်း နှစ်သက် သော်လည်း၊ သူ့အား စိတ်ပင်ပန်း စေသည်။
သတိကြီး ပါသည် ဆိုသော၊ လင်းယွန် ထက်ပင်၊ သူက ပို၍ သတိ ထားရ သောကြောင့် ဖြစ်သည်။ ယင်းမှာ အသွေး အသားမှ လာသော သားရဲ ဗီဇ ဖြစ်၏။
ဓား ရည်ရွယ်ချက် ရှိသော်လည်း၊ သည်ခရီးတွင် လင်းယွန် အတွက် များစွာ အန္တရာယ် ရှိလေသည်။ ပန်းသင်္ချိုင်း ဟူသော အမည်မှာ၊ ထိလွယ် ရှလွယ် ဖြစ်နေသည်။
သူ့ ရှေ့ရှိ ခမ်းနားသော အဆောက် အအုံ များထံ၊ လင်းယွန် တစ်ယောက် ငေးမောကာ ကြည့်မိသည်။
အဆောက် အဦးများမှာ ခမ်းနားလှ သော်လည်း၊ ယဇ်ပလ္လင်အား ယှဉ်နိုင်ခြင်း မရှိချေ။ ယဇ်ပလ္လင် ရှိရာ၊ ထိုဘုံကျောင်း နေရာ၌ တားမြစ် နယ်မြေ တစ်ခု ကဲ့သို့ လူသူ ကင်းရှင်း နေသည်။
အကြောင်းမှာ ၎င်းနယ်မြေ များအား မြင့်မြတ် နယ်ပယ် များက၊ သိမ်းပိုက် ထားသောကြောင့် ဖြစ်၏။
“ ငါတို့ ... ၊ အဲဒီကို သွားရအောင်။ ”
လင်းယွန်က မျက်နှာဖုံးအား တပ်လျက်၊ ပြုံးကာ လူအုပ်ထဲ တိုးဝင် လိုက်သည်။ ယင်းမှာ သူ့ မျက်နှာအား ဖုံးကွယ် ထားနိုင် သော်လည်း၊ သူဟု သိရှိ စေသော အသွင် အပြင်ကို မပျောက်ကွယ် စေချေ။
“ အဲဒီမှာ ... ရတနာတွေ အများကြီး ရှိတယ်လို့ ငါ ကြားတယ်၊ ရှေးဦးခေတ်က မဟာ ဂိုဏ်းကြီး တွေရဲ့ အမွေတွေ အပြင် နတ်နဂါး ခေတ်ရဲ့၊ ... ”
“ ... လျှို့ဝှက်ချက် တွေလည်း ရှိနိုင်တယ်၊ ဒီကောင်းကင် လမ်းရဲ့ ပြည်နယ်ကြီး လေးခုက ရှေးဦးခေတ် တုန်းက မဟာ ဂိုဏ်းကြီး တစ်ဂိုဏ်းရဲ့ ... ”
“ ... လက်အောက် ခံပဲ၊ အဲဒီ ဂိုဏ်းရဲ့ အာဏာက လက်ရှိ ခေတ်ရဲ့ ဂိုဏ်းတွေထက် သာလွန်တယ်။ ”
“ ဒါက ... ဒဏ္ဍာရီ တွေပါ၊ အမှန်လို့ ဘယ်သူက အာမခံ ဝံ့လဲ၊ သေချာတာ ကတော့၊ နဂါး တားမြစ် နယ်မြေမှာ ရတနာတွေ အများကြီး ရှိတာပဲ ... ”
“ ... ရတနာ တစ်ခု ရယူ နိုင်ရုံနဲ့၊ ကောင်းကင် လမ်းမှာ၊ ရှင်သန် ထမြောက်ဖို့၊ လုံလောက် နိုင်ပါတယ်။ ”
“ အဟီး ... ၊ မင်း အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်၊ မြင့်မြတ် မြေက အထက် တန်းစား တွေကို မမြင် ဖူးလား၊ မင်းကိုယ်မင်း လင်းယွန်လို့ ထင်နေ တာလား။ ”
လူအုပ် အတွင်း ရောထွေး နေသဖြင့်၊ ထင်မြင်ချက် များကို လင်းယွန် တစ်ယောက် ကြားလာ ရသည်။
နဂါး တားမြစ် နယ်မြေ အတွက် ပြိုင်ဆိုင်မှု များမှာ၊ ထင်ထား သည်ထက်၊ များစွာ ပြင်းထန် ပုံရ ချေပြီ။
“ ကြယ်ဝိညာဉ် ခြောက်ပါးလုံး၊ ဘုံကျောင်းကို ရောက်နေပြီ၊ လင်းယွန် တစ်ယောက်ပဲ ကျန်တော့တယ်။ ”
“ ဒါနဲ့ ... ဘုန်းလမင်း ဝိညာဉ် ပိုင်ရှင် ကလည်း၊ လင်းယွန်ရဲ့ ပယင်း နယ်မြေ ကပဲ မဟုတ်လား။ ”
“ လင်းယွန်က သူတို့ အတွက်၊ တကယ့် မိစ္ဆာပဲ၊ မိုရန် လက်ကနေ၊ ဘုရင် အဆင့် သားရဲ အမြုတေကို လုယူ သွားတယ်၊ ... ”
“ ... နဂါး ပြည်နယ်မှာ၊ မြင့်မြတ်မြေ တွေကို မကြောက်တာ ဆိုလို့၊ သူ တစ်ယောက်ပဲ ရှိသေး တယ်။ ”
“ လင်းယွန်က တကယ် အထင်ကြီး စရာ ကောင်းပါတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ သူ လာရဲ ပါ့မလား၊ လျိုမူက စတုတ္ထ ကောင်းကင် ဝိညာဉ်ကို ရောက်နေပြီ။ ”
“ ဟုတ်တယ် ... ၊ ပြီးတော့ လင်းယွန်မှာ မြင့်မြတ် မြေတွေ ကတောင် မျက်စိကျ စေတဲ့ ရတနာတွေ ရှိတယ်။ ”
ကြားရသော သတင်း များက လင်းယွန်ကို စိတ်ဝင်စား လာစေသည်။ စတုတ္ထ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ များသည်၊ နဂါး ပြည်၌ အထွတ် အထိပ် တည်ရှိ သူများ ဖြစ်ချေ၏။
ထို့ပြင် ရွှေရောင် သားမွေး မျောက်ဝံ၏ အမြုတေကို၊ သူ လုယူ သွားသော သတင်းအား မိုရန်မှ၊ ဖြန့်ထား ပုံရ လေသည်။
ရှေ့သို့ ဆက်လျှောက် လာစဉ်၊ နေရာ အနှံ့ ရန်ပွဲ ငယ်များ ပျံ့ကျဲနေ သည်ကို၊ တွေ့လာ ရသည်။
နောက်ဆုံးတွင် နဂါး တားမြစ် နယ်မြေအား စောင့်ဆိုင်း နေစဉ်၊ နေရာ ကောင်းများ ရယူလို ကြသည်မှာ၊ သဘာဝ ပေပင်။
ဘုံကျောင်းသို့ မည်သူမျှ မချဉ်းကပ် ဝံ့သောကြောင့်၊ ဤနည်းဖြင့် ကျန်ရှိ နေသည့် နေရာကောင်း များကို၊ ရယူ နိုင်မည်။
လင်းယွန်မှ ထိုရန်ပွဲ များကို စိတ်မဝင်စား ခဲ့ချေ။ တစ်ချက်သာ လှမ်းကြည့်ပြီး၊ ဘုံကျောင်း ထံသို့ ဦးတည် နေမိသည်။
သူ့ ရည်ရွယ်ချက်မှာ ဘုံကျောင်း ရှေ့ရှိ ယဇ်ပလ္လင် ထံသို့ ဖြစ်၏။ ထိုနေရာ၌ သွေးအရိုး နယ်မြေနှင့် အခြား နယ်မြေများ စောင့်မျှော် နေကြ လျှင်ပင်၊ နောက်ဆုတ် မိမည် မဟုတ်ပေ။
သို့သော် ရုတ်တရက် တိုက်ပွဲ တစ်ခု ထံမှ၊ ရင်းနှီးကျွမ်း ဝင်သော အငွေ့ အသက် များကို ခံစား လိုက် ရသည်။
ခမ်းနားသော အဆောက် အအုံ တစ်ခု ရှေ့တွင်၊ လူငယ် နှစ်ဦး ခိုက်ရန် ဖြစ်ပွား နေ၏။ ထိုနှစ်ဦး လုံးမှာ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်သည်။
သို့သော် တစ်ဦးသည် မြင့်မြတ် နယ်မြေမှ ဖြစ်ပြီး၊ ကျန် တစ်ဦးမှာ အလယ် အလတ် နယ်မြေမှ ဖြစ်နေ၏။
ဆိုလို သည်မှာ အလယ် အလတ် နယ်မြေ ထံမှ၊ အဆောက် အဦးကို လုယူရန် ကြိုးစား နေခြင်း ဖြစ်သည်။
မြင့်မြတ် မြေများ အပေါ်၊ မည်သူမှ ဆန့်ကျင် ဝံ့ခြင်း မရှိ သောကြောင့်၊ ဤတိုက်ပွဲမှာ စိတ်ဝင် စားစရာ မြင်ကွင်း တစ်ရပ် ဖြစ်နေ လေပြီ။
တိုက်ပွဲဝင် နေသူ များကို သူ မသိ သော်လည်း၊ ချန်ရွှမ်နှင့် လျူယွင်အား မြင်လိုက် ရသဖြင့်၊ ရပ်တန့် မိခြင်း ဖြစ်သည်။
ထို့ကြောင့် မြင့်မြတ် မြေမှ လူငယ်ကို ရင်ဆိုင် နေသူမှာ၊ မုရန် ဖြစ်ကြောင်း၊ ခန့်မှန်း လာနိုင်၏။
ချန်ရွှမ်မှ သူ့အား မုရန် အကြောင်း၊ ပြောပြ ထားဖူး ချေပြီ။ ၎င်းမှာ သန်မာလှ သော်လည်း၊ ပြိုင်ဘက် အုတ်မြစ်မှာ၊ သူ့ထက် များစွာ နက်ရှိုင်း ချေ၏။
“ ဝေါ့ ... ။ ”
ထို့ကြောင့် တိုက်ပွဲ ရလဒ်ကို ဆယ်ကြိမ် အတွင်း ဆုံးဖြတ် နိုင်ခဲ့သည်။ သွေး တစ်လုတ် အန်လျက် မုရန် ခမျာ၊ လွင့်စဉ် လာသည်။
“ စီနီယာ အစ်ကို မု ... ။ ”
တိမ်ယံ နယ်မြေမှ လူတိုင်းက စိတ်ပူသွား ကြသည်။ အထူး သဖြင့် ချန်ရွှမ်နှင့် လျူယွင်မှာ၊ မုရန်အား ကူညီရန် ပြေးလာ ကြ၏။
“ မင်းက ... ငါ့ရဲ့ ကောင်းကင် သိမ်းငှက် နယ်မြေနဲ့ ယှဉ်ပြိုင်ဖို့ သတ္တိရှိ တယ်လား ဟမ့် ... မုရန်၊ ... ”
“ ... မင်း အသက်ရှင် ရတာ ငြီးငွေ့ နေပြီ ထင်တယ်၊ ဒီအဆောက် အဦးကို မင်းလို အမှိုက် တစ်စက သိမ်းပိုက်ချင် နေတာလား။ ”
ကောင်းကင် သိမ်းငှက် နယ်မြေ၏ အထက် တန်းစား များက၊ မုရန်အား အထင် သေးစွာဖြင့်၊ ကြည့်လာ ကြသည်။
“ ငါတို့ ... ၊ ဒီကို အရင် ရောက်ခဲ့တာ။ ”
လျူယွင်က ဒေါသ ထွက်လာသော အသွင် နှင့်၊ ပြန်အော် လိုက်၏။
“ ဦးရာလူ စနစ်လား ... ဟမ့်၊ ဒါက ကောင်းကင် လမ်းမှာ အသုံးဝင် လို့လား၊ ဒီလို သာဆို ငါတို့က ဘာလို့ ကျင့်ကြံ နေဦး မှာလဲ ဟား ဟား ဟား ... ။ ”
ကောင်းကင် သိမ်းငှက် နယ်မြေ ခေါင်းဆောင်က နှာခေါင်း ရှုံ့လျက်၊ အဓိပ္ပာယ် မဲ့စွာ လှောင်ပြောင် ရယ်မော လိုက်သည်။
“ ပြောတာ ကောင်းတယ်၊ စကားလုံး တွေနဲ့သာ ဖြေရှင်းလို့ ရကြေး ဆိုရင်၊ ငါတို့ရဲ့ လက်သီး တွေက၊ ဘယ်အသုံး ဝင်တော့ မလဲ၊ ဟုတ်တယ် မဟုတ်လား။ ”
ရုတ်တရက် အထက် စီးဆန်သော အသံ တစ်သံက၊ သူတို့ စကား ဝိုင်းအား နှောင့်ယှက် လာသဖြင့်၊ လူတိုင်း လှည့်ကြည့် လိုက်မိသည်။
အပြာရောင် ဝတ်ရုံဖြင့်၊ မျက်နှာဖုံး တပ်ဆင် ထားသော လူငယ် တစ်ယောက် ဖြည်းညှင်းစွာ၊ လှမ်းဝင် လာသည်။
မျက်နှာဖုံး အောက်ရှိ၊ မျက်ဝန်း တစ်စုံက စူးရှလွန်း သောကြောင့်၊ အားနည်းသူ အချို့မှာ၊ ထိုလူငယ်နှင့် မျက်လုံးချင်း မဆုံရဲ ခဲ့ချေ။
***