ဖြေရှင်းဖို့ အချိန် တန်ပြီ။
Vol. 68 Ch. 950
လင်းယွန်၏ အေးစက်သော အသံမှာ၊ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်းကို ရှင်းရှင်း လင်းလင်း ကြားနိုင် စေသည်။
“ လင်းယွန်ပဲ ... ။ ”
“ အပြာရောင် ဝတ်ရုံ၊ ဓားသေတ္တာ တစ်လုံးနဲ့၊ နဂါးသွေး ကြောင် တစ်ကောင်၊ ဒါက လင်းယွန် မဟုတ်လို့၊ ဘယ်သူ ဖြစ်နိုင် မှာလဲ။ ”
“ တကယ် ... ၊ သူလာတယ်။ ”
လင်းယွန် တစ်ယောက် မြို့ထဲသို့ ဤမျှ ပြောင်ပြောင် တင်းတင်း ဝင်လာရဲ လိမ့်မည်ဟု မမျှော်လင့် ထားသောကြောင့်၊ ဝေဖန် သံများ ညံလာသည်။
“ ကောင်းကင် သိမ်းငှက် နယ်မြေကို၊ ဂရုစိုက်ပုံ မရဘူး၊ ဒီကိစ္စထဲ သူ ဝင်ပါချင် နေပုံ ရတယ်၊ ဝမ်းချောင်းက ထင်သလောက် မလွယ်ဘူး။ ”
“ ဝမ်းချောင်းက တတိယ ကောင်းကင် ဝိညာဉ် ဆိုပေမယ့်၊ ယွမ်ဟမ်ထျန်းထက် အများ ကြီး သန်မာတယ်။ ”
“ သူက ... အခု မြတ်မြတ် မြေတွေကို ပစ်မှတ်ထား နေတယ်လို့ မင်း မထင် ဖူးလား။ ”
လူတိုင်းက ထိုစကားကြောင့်၊ သို့လော သို့လော ဖြစ်လာ ကုန်ကြသည်။ သူ့ ခေါင်းကို ဆုကြေးထုတ် ထားသော်လည်း၊ လင်းယွန်မှ ဂရုစိုက် ပုံမပြချေ။
“ ညီအစ်ကို လင်း ... ။ ”
လင်းယွန်အား မြင်ချိန်၌၊ လျူယွင်နှင့် ချန်ရွှမ်မှာ အံ့သြ သွား၏။
“ မင်းက ... ပန်းသင်္ချိုင်း ဓားသမား လင်းယွန်လား။ ”
ဝမ်းချောင် တစ်ယောက် ပြုံးရွှင် လာပြီး၊ ကောင်းကင် သိမ်းငှက် နယ်မြေသား များကို၊ လင်းယွန်အား ဝန်းရံရန်၊ အချက်ပြ လိုက်သည်။
“ ဟား ဟား ဟား ... ၊ စားရကံ ကြုံတော့ မုတ်ဆိတ် ပျားစွဲတာ ပဲဟေ့၊ တကယ့်ကို မင်းက ရဲရင့် လွန်းပါတယ်၊ ဘုန်းနေမင်း ဝိညာဉ်နဲ့၊ မင်းရဲ့ ဓားကို လွှဲပေးပါ။ ”
ဝမ်းချောင်း စကားကြောင့်၊ ကောင်းကင် သိမ်းငှက် နယ်မြေ၏ အထက် တန်းစား များက လင်းယွန်အား၊ အေးစက်စွာ ကြည့်လာသည်။
လင်းယွန် ထံ၌ တိမ်ယံ နယ်မြေထက်၊ ရတနာများ ပိုရှိ ချေ၏။ အရေး အကြီး ဆုံးမှာ၊ မြင့်မြတ်မြေ များ၏ သိက္ခာကို ကာကွယ် ရပေမည်။
“ ဘုန်းနေမင်း ဝိညာဉ်နဲ့၊ ငါ့ဓားကို လိုချင် လို့လား၊ ဒါကို ယူဖို့၊ မင်း အရည် အချင်း မရှိမှာ၊ ငါ ကြောက်တယ်။ ”
လင်းယွန်က နှာခေါင်း ရှုံ့ကာ၊ တုန့်ပြန် လိုက်သည်။
“ သေချင်တဲ့ လူ တစ်ယောက်နဲ့ ယှဉ်ပြီး၊ အချိန် ဖြုန်းမိ နေမိပြီ၊ ကောင်းကင်း လမ်းမှာ ဘယ်လို ပြုမူ နေထိုင် ရမလဲ ဆိုတာ၊ မင်းကို သင်ပေးရ တော့မယ့် ပုံပဲ။ ”
“ ဝှစ် ... ။ ”
ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ငါးဦးက၊ ကောင်းကင်ပေါ် ပျံတက် ကာ၊ လင်းယွန်အား ဝန်းရံ လာ၏။
ထိုငါးဦးမှာ လင်းယွန်ကို အနိုင် ယူရန်၊ မဖြစ်နိုင်မှန်း ဝမ်းချောင်း သိသော်လည်း၊ အခွင့် အရေး အချို့ ရှာတွေ့ နိုင်ရန် ရယ်ရွယ် ချေပြီ။
ဘုန်းနေမင်း ဝိညာဉ်၊ တာအို အဆင့် လက်နက်နှင့်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာမှာ၊ မြင့်မြတ် မြေများ အတွက်ပင်၊ များစွာ တန်ဖိုး ရှိချေ၏။
“ သတိ ထားပါ ။ ”
တိမ်ယံ နယ်မြေ၏ ပါရမီရှင် များက၊ အော်ဟစ် သတိပေး လိုက်ကြပြီး၊ ကူညီ ပေးရန် ပြင်မိ ချိန်တွင်၊ အခြေ အနေမှာ၊ ရုတ်တရက် ပြောင်းလဲ လာသည်။
လင်းယွန် ခန္ဓာကိုယ်မှ၊ ဓား တစ်လက် ထွက်ပေါ် လာပြီး၊ သူ့ထံ ဝင်လာသော အထက် တန်းစား များအား၊ ကန့်သတ် ပစ်တော့သည်။
“ ဝှစ် ... ။ ”
ထို့နောက် မျက်နှာ ဖုံးကို ချွတ်ကာ၊ ၎င်းတို့ ငါးဦးထံ လှမ်းပစ် လိုက်၏။ ရုတ်တရက် လေထဲ ထက်ပိုင်းပြတ် ကုန်သော ပုံရိပ် များကြောင့်၊ ဝမ်းချောင်း တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။
“ သေ လိုက် စမ်း ... ။ ”
တည်ငြိမ်မှုကို ထိန်းမထား နိုင်တော့ဘဲ၊ အံကြိတ်လျက် ပြေးဝင် တိုက်ခိုက်လိုက် မိသည်။
ကျင့်ကြံမှုအား ကန့်သတ်ချက် အထိ၊ တွန်းပို့ထား သောကြောင့် သူ့ လက်သီး များမှာ၊ ကြောက်စရာ ကောင်း လောက်အောင် မြန်ဆန် နေ၏။။
သို့သော် လင်းယွန်က စိုးရိမ်ခြင်း မရှိဘဲ၊ မျက်ခုံး ပင့်ကာ ပြန်ကြည့် လာသည်။ တစ်ချိန် တည်းမှာပင်၊ ကောင်းကင် ဓားက လှစ်ခနဲ ပြေးထွက် သွား၏။
သူ့ ဝိညာဉ်ထံ ဓားတစ်လက် တိုးဝင်လာ သကဲ့သို့ ခံစား လိုက်ရ သဖြင့်၊ ဝမ်းချောင်း ခမျာ အနည်းငယ် တုန့်ဆိုင်း သွားစဉ်၊ လက်သီး တစ်လုံးက၊ ရင်ဘတ်ထံ ကျရောက် လာသည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
ရင်ဘတ် တစ်ခုလုံး ပေါက်ကွဲ မတက် နာကျင် သွားပြီး၊ မြေပြင်ပေါ် ပြုတ်ကျကာ၊ ဒူး တစ်ဖက် ထောက်လိုက် ရ၏။
အဖြစ် အပျက်မှာ မြန်ဆန် လွန်း သဖြင့် လူအုပ်ကြီး အနေဖြင့်၊ မြင်အောင် မကြည့်နိုင် ခဲ့ချေ။
ဒူးထောက် နေသော ဝမ်းချောင်းအား မြင်မှသာ၊ ထိတ်လန့် စွာနှင့် လင်းယွန်ထံ ပြန် ကြည့်မိ ကုန်သည်။
သတ်ဖြတ် လိုသော ဆန္ဒ များ၊ ချက်ချင်း ငြိမ်းကျ သွားပြီး၊ လင်းယွန်အား မျက်လုံးချင်း မဆုံဝံ့ တော့ချေ။
မြေပြင်ပေါ် ဒူးထောက် နေသော၊ ဝမ်းချောင်း၏ မျက်နှာမှာ ပို၍ မည်းမှောင် လာသည်။
ထရပ်ရန် ကြိုးစား လိုက် သော်လည်း၊ တောင်တန်းကြီး ပခုံးပေါ် ထမ်းထားရ သကဲ့သို့၊ ဖိအားများ ကျဆင်း လာသည်။
ယခု အချိန်၌ တစ်ဖက် လူ၏ ခွန်အား အပေါ်၊ နားမလည် နိုင်တော့ သဖြင့်၊ ကြောက်ရွံ့ မှု များသာ၊ ဝင်ရောက် လာလေပြီ။
ဤရလာဒ်က ကောင်းကင် သိမ်းငှက် နယ်မြေမှ၊ အထက် တန်းစား လူငယ် များကို ငေါင်းငိုက်စိုက် ကျသွား စေသည်။
တိမ်ယံ နယ်မြေ မှာမူ မှင်တက် နေဆဲ ဖြစ်သည်။ သူတို့၏ စီနီယာ အစ်ကိုကြီး မုရန် သည်ပင်၊ ဝမ်းချောင်း လက်၌ ဆယ်ကြိမ်ထက် မပို ခဲ့ချေ။
ယင်းကို လင်းယွန်မှ ဒူထောက်ခိုင်း ထားသည်။ အထူး သဖြင့် ချန်ရွှမ်နှင့် လျူယွင် တို့မှာ ပို၍ ငြိမ်သက် သွားသည်။
လွန်ခဲ့သော နှစ်လက၊ လင်းယွန်၏ ခွန်အားမှာ သန်မာ သော်လည်း၊ သူတို့ လိုက်မီ နိုင်သေးသည်။
ယခုမူ တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူကို ခြိမ်းခြောက် နိုင်ခဲ့ ခြင်းမှာ၊ မယုံနိုင် စရာ ပေပင်။
“ မင်းလို အမှိုက် တစ်စက၊ ငါ့ကို စာသင် ပေးချင် နေတာလား၊ မြင့်မြတ် နယ်မြေက ဖြစ်ရုံ နဲ့ပဲ၊ ငါ့ထက် မင်းတို့က အရည် အချင်း ရှိတယ် လို့ ထင်နေ တာလား၊ ဟမ့် ... ၊ ထွက် သွား စမ်း ... ။ ”
လင်းယွန်က မျက်နှာ ဖုံးဖြင့်၊ ဝမ်းချောင်းအား ပစ်ပေါက် လိုက်သည်။ သွေး အန်လျက် လွင့်စဉ် သွားကာ၊ မြေပြင်ပေါ် လှိမ့်ဆင်း သွား၏။
ကြောက်ရွံ့မှုက အနိုင်ယူ သွားပြီး ဖြစ်ရာ၊ မတ်တပ် ထရပ် နိုင်သည်နှင့်၊ လှည့်၍ ထွက်ပြေး တော့သည်။
လင်းယွန်မှ ဝမ်ချောင်းအား အော်ငေါက်ခြင်း ဖြစ်သော်လည်း၊ သူတို့ အားလုံးကို ရည်ရွယ်မှန်း သိချေပြီ။
မောက်မာခြင်း ဟူသော ဝေါဟာရမှာ၊ ဤလင်းယွန်မှ ဆင်းသက်ပုံ ရ၏။ သို့သော် မာန များအား၊ မျိုချ ရုံမှ လွဲ၍ အခြား မရှိ တော့ချေ။
ထိုအချိန်တွင် အောက်တန်း နယ်မြေများ အားလုံးမှာ၊ မှင်တက်စွာ ကြည့်နေဆဲ ဖြစ်သည်။ ကောလ ဟာလများ အတိုင်း၊ ဤလင်းယွန် သည် မာန ကြီးပေ၏။
ထို့နောက် လင်းယွန်က ချန်ရွှမ်အား သွားရောက် နှုတ်ဆက်ကာ၊ ပယင်း နယ်မြေမှ သူ့ သူငယ်ချင်းများ အကြောင်းကို၊ မေးမြန်း မိသည်။
မုရန်က အပြုံးဖြင့်၊
“ မင်း သူငယ်ချင်းတွေ ဒီမှာ ... ။ ”
-ဟု ဆိုလျက်၊ တိမ်ယံ နယ်မြေ ဝတ်ရုံဖြင့် ရုပ်ဖျက် ထားသော လူငယ် အချို့အား၊ ညွှန်ပြ လိုက်သည်။
ဤသို့ ခေါ်ဆောင် ထားခြင်းသည် မည်မျှ အန္တရာယ် ကြီးကြောင်း၊ သူ သိသဖြင့်၊ လင်းယွန် တစ်ယောက် ခံစား လိုက်ရသည်။ လျူယွင်ကို ကယ်တင်သော လုပ်ရပ်မှာ၊ မှန်ကန်ခဲ့ ချေပြီ။
“ အစ်ကို လင်း ... ။ ”
လျူယွင်မှာ များစွာ ရိုကျိုး သွား၏။ ဓားသမား တစ်ယောက်၏၊ ဂုဏ် ကျေးဇူးကို လင်းယွန် ထံမှ၊ အပြည့် အဝ မြင်နေ ရပြီ ဖြစ်သည်။
“ လင်းယွန် ... ။ ”
ဖန်ရှောင်ယု၊ ဇိုချင်းရှန်နှင့် ချန်ချောင်း တို့ သုံးဉီးက၊ လူအုပ် အတွင်းမှ တိုးထွက် လာ၏။ လင်းယွန်၏ ကြီးစိုးမှုအား၊ အစ အဆုံး မြင်လိုက် ရသဖြင့်၊ ကျေနပ် ပေျာ်ရွှင် မိချေသည်။
“ လင်းယွန် ... ၊ မင်း ... ဘုံကျောင်းကို သွားမို့လား။ ”
မုရန်က ရုတ်တရက် မေးလာသည်။ ကောင်းကင် သိမ်းငှက် နယ်မြေ ကြောင့်သာ မဟုတ် ပါက၊ လင်းယွန် တစ်ယောက် သူ့ကိုယ်သူ ဤနေရာ၌၊ ဖော်ပြ လာမည် မဟုတ်ချေ။
“ အင်း ... ဟုတ်တယ်။ ”
“ ဘုံကျောင်းမှာ စုရုံး နေတဲ့ မြင့်မြတ်မြေ တွေက၊ ကောင်းကင် သိမ်းငှက် နယ်မြေထက်၊ အများကြီး ပို အားကောင်းတယ်၊ ပြီးတော့ သွေးအရိုး နယ်မြေ ရောပဲ။ ”
မုရန်က လေးနက်သော အမူအရာနှင့်၊ သတိပေး လာသည်။ လင်းယွန် တစ်ယောက် အန္တရာယ်တွင်း သက်ဆင်း မည်ကို၊ မမြင် ချင်ချေ။
၎င်းနယ်မြေ၌ အခြေချ ထားသော မြင့်မြတ်မြေ များမှာ၊ နဂါး အဆင့် (၃၀) အတွင်း ဝင်ရောက် နိုင်သူများ ဖြစ်ချေပြီ။ ထို့ကြောင့်၊
“ ဒါက ... အရမ်း အန္တရာယ် များတဲ့၊ လမ်း တစ်လမ်းပဲ၊ မင်း ပြန်လှည့်လို့ မရဘူး။ ”
-ဟု ထပ်ကာ ဆိုလိုက်သည်။
“ ဒါဆိုလည်း ... ငါ ပြန်မလှည့် တော့ဘူး၊ ... ”
လင်းယွန်က ပြုံလျက် မျက်နှာဖုံး ပြန်တက်ကာ၊ တုန့်ပြန် လိုက်သည်။ ထို့နောက် မုရန် တို့အား ကြည့်ကာ၊
“ ငါက ... ဓားသမား တစ်ယောက်ပါ၊ သေရမှာ မကြောက်ဖူး၊ ပြီးတော့ သွေးအရိုး နယ်မြေက၊ ငါ့ကို အမဲလိုက် ခဲ့တဲ့ အတွက်၊ ပြန်ယူဖို့ အချိန် ကျပြီ။ ”
-ဟု တည်ငြိမ်စွာ ပြောသည်။
ထို့နောက် လင်းယွန်က၊ အားလုံးကို နှုတ်ဆက်ကာ၊ နောက်ပြန် မလှည့် တော့ဘဲ၊ ဘုံကျောင်း ထံသို့ ဦးတည် လိုက်တော့သည်။
***