← Chapters

ခိုင်မာသော ရပ်တည်ချက်။

Vol. 68 Ch. 951

ခိုင်မာသော ရပ်တည်ချက်။

Vol. 68 Ch. 951

လင်းယွန်နှင့် ဝမ်းချောင်း၏ တိုက်ပွဲမှာ၊ အကြည့် တစ်ချက်ဖြင့်၊ လျင်မြန်စွာ ပြီးဆုံးသွား ခဲ့သော်လည်း၊ ဝေဖန်သံ များမှာ အတော မသတ် နိုင်သေးချေ။

သူ ရောက်ရှိ လာသည့် သတင်းသည် မြို့အတွင်း ချက်ချင်း ပျံ့နှံ့ လာသဖြင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား ကုန်ကြ၏။

နောက်ဆုံးတွင် စတုတ္ထ ကောင်းကင်သို့ ရောက်ရှိ ခဲ့သော လျိုမူမှာ၊ လင်းယွန် ထွက်လာ ပါက၊ အဆ တစ်ရာ ပေးချေခိုင်း မည်ဟု ကြေငြာ ထားလေသည်။

မြင့်မြေ မြေမှ ပါရမီရှင်များ အတွက်၊ ပထမနှင့် ဒုတိယ ဒုက္ခ များသည်၊ အန္တရာယ် မရှိ နိုင်ချေ။

ထို့ကြောင် တတိယနှင့်၊ စတုတ္ထ ဒုက္ခကို၊ ဖြတ်ကျော် နိုင်သူ များသာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ၏ ခွန်အား အစစ် အမှန်အား၊ ပြသနိုင် ပေမည်။

မုရန် ပြောသကဲ့ သို့ ပေပင်၊ ဘုံကျောင်း တဝိုက်၌ နေရာယူ ထားသော မြင့်မြတ်မြေ များမှာ၊ ကောင်းကင် သိမ်းငှက် နယ်မြေထက် ပို၍ သန်မာ ချေသည်။

လင်းယွန်အား မြင်ပါက၊ ပိုင်ဆိုင် ထားသော ရတနာ များကြောင့်၊ လှုပ်ရှားလာ မည်မှာ အမှန် ပေပင်။ သို့သော် ယင်းကို ဂရုစိုက် ပုံ မပြချေ။

“ လင်းယွန်က တကယ် သန်မာ တာပဲ၊ ကောင်းကင် သိမ်းငှက် နယ်မြေ ခေါင်းဆောင် ဝမ်းချောင်းကို၊ တစ်ချက် တည်းနဲ့ ဒူးထောက် စေခဲ့တယ်။ ”

“ အဲဒါက ကြောက်စရာ ကောင်းတယ်၊ သူ့လိုလူက ကောင်းကင်မှာ တောက်ပ နေတဲ့ ကြယ်တံခွန် တစ်စင်းပဲ။ ”

“ ဒါပေမယ့် ဘုံကျောင်းကို၊ သူ မသွား သင့်ဘူး။ ”

“ လျိုမူ အပြင်၊ ကျန်တဲ့ မြင့်မြေ မြေတွေ ကလည်း၊ ပူးပေါင်း မတိုက် ဖူးလို့၊ ဘယ်သူ ပြော နိုင်မလဲ။ သူတို့က လွှတ် မထားမှာ သေချာတယ်။ ”

လင်းယွန် သွားရာ လမ်း တစ်လျှောက်၊ ထင်မြင် ယူဆ ချက်များ ညံလာသည်။ သူတို့ အားလုံးက လင်းယွန် နောက်လိုက်ပြီး၊ ကြည့်ချင် လိုကြသည်။

သို့သော် မည်သူမျှ ခြေတစ်လှမ်း မလှမ်း ဝံချေ။ လုံလောက်အောင် သန်မာခြင်း မရှိ ပါက၊ ဘုံကျောင်း အနား တိုးကပ် ခြင်းသည်၊ သေမင်း ကို ဖိတ်ခေါ်ရာ ရောက်ပေ၏။

သူတို့ အားလုံး စိတ်လှုပ်ရှား နေစဉ်၊ မုရန် ဦးဆောင်သော တိမ်ယံ နယ်မြေမှာ၊ ဘုံကျောင်း အနား တိုးကပ် နေသည်ကို၊ သတိ ထားမိ လာသည်။

အရေး ကြီးသော အခိုက် အတန့်တွင်၊ လင်းယွန်အား ကယ်တင် လိုသော အတွေးဖြင့်၊ စွန့်စား လာကြခြင်း ဖြစ်၏။

“ တိမ်ယံ နယ်မြေက တကယ့်ကို ရဲရင့်ပါ ပေတယ်။ ”

“ သွားကြည့် ရအောင်၊ မင်းက ဘာလို့ ဒီလောက် တွေးနေ တာလဲ၊ တိမ်ယံ နယ်မြေ ကတောင် ဝင်ဝံ့ သေးတယ်၊ ငါတို့က ဘာကို ကြောက်နေ ရမှာလဲ။ ”

“ ဟုတ်တယ် သွား ရအောင် ... ။ ”

များမကြာခင် တိမ်ယံ နယ်မြေ နောက်၌၊ သတ္တိကို စုစည်း ထားသော လူအုပ်ကြီး လိုက်ပါ လာတော့၏။

ထိုအချိန်တွင် လင်းယွန်မှာ ဘုံကျောင်း နယ်မြေ အတွင်းသို့၊ ဝင်ရောက် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

ဘုံကျောင်း နယ်မြေ ထံမှ ရှေးကျသော အသွင် အပြင်နှင့်၊ ရောင်ဝါအား ထုတ်လွှတ်ကာ တိတ်ဆိတ် နေ၏။

ပတ်ပတ် လည်၌၊ ခမ်းနား ထည်ဝါသော အဆောက် အအုံ များစွာ ရှိသည်။ ဤ အခြေ အနေက လင်းယွန်အား၊ နားလည် သဘော ပေါက်လာ စေသည်။

နောက်ဆုံးတွင် လုံလောက်သော ခွန်အား မရှိသူ များမှာ၊ သည်နယ်မြေသို့ ခြေမချ ရဲချေ။ ရုတ်တရက် သိုလှောင်အိတ် အတွင်းမှ၊ ဘုန်းနေမင်း ဝိညာဉ်က၊ တုန်ခါ လာသည်။

ဘုံကျောင်း၏ ရှေ့ အလယ် ဗဟိုတွင် မီတာ သုံးထောင်ခန့် မြင့်သော ယဇ်ပလ္လင် တစ်လုံး တည်ရှိသည်။

ထိုပလ္လင် ပတ်လည်၌၊ ကျယ်ပြန့်သော ရင်ပြင်ကြီး ရှိချေ၏။ ၎င်းတွင် မြင့်မြတ် မြေ၏ ပါရမီရှင် များစွာ စုရုံး နေကြပြီး၊ ခေါင်းဆောင် လူငယ်များ ထံမှ အားကောင်းသည့် ရောင်ဝါများ၊ ယိုစိမ့်ကျ နေသည်။

ဤလူငယ် များမှာ နဂါး ပြည်နယ်၏၊ ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ချေ သည်။

ယဇ်ပလ္လင် ရှေ့၌ လူ ငါးယောက် မတ်တပ် ရပ်နေပြီး၊ ထူးကဲ့သော ရောင်ဝါအား ထုတ်လွှတ် ထား၏။

ထိုငါးဦးမှာ ကြယ်ဝိညာဉ် ငါးပါးအား၊ ပိုင်ဆိုင် ထားသည့်၊ ကျွမ်းကျင် သူများ ဖြစ်ချေ သည်။

၎င်းတို့ အပြင် အနက်ရောင် ၀တ်ရုံကို၊ ဆင်မြန်း ထားသော လူငယ် တစ်ဦး၊ ယဇ်ပလ္လင် ညာဘက်တွင် ရပ်နေ၏။

ယင်းမှာ သွေးအရိုး နယ်မြေ ခေါင်းဆောင်၊ လျိုမူ ဖြစ်ပြီး၊ ယန် မီးတောက် နယ်မြေမှ မိုရန် နှင့်၊ စကား စမြည် ပြောဆို နေခြင်း ဖြစ်သည်။

ဤနေရာ၌ အသန်မာဆုံး မဟုတ် သော်လည်း၊ သူ၏ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန် အဝါမှာ၊ လူများ စွာကို ခြိမ်းခြောက် နိုင်သေးသည်။

ရုတ်တရက် လျူမူ၏ သတ်ပစ် လိုသော ရည်ရွယ်ချက်မှာ၊ အထိန်းအကွပ် မဲ့စွာ ပေါက်ကွဲ ထွက်လာသည်။

“ ဒီကောင် ... ၊ တကယ် လာတာပဲ ... ။ ”

ရုတ်တရက် ရန်လို လာသော လျိုမူ အသွင်ကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

နောက်ဆက်တွဲ စကား များက၊ နယ်မြေ အသီး သီးမှ ခေါင်းဆောင် များကို စူးစမ်းချင် စိတ်များ ဖြစ်လာ စေသည်။

နောက်ဆုံးတွင် လင်းယွန်၌ ရတနာ များစွာ ရှိကြောင်း၊ သူတို့ သိထားသည်။ တာအို အဆင့် လက်နက် မဆိုနှင့်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ဖြင့်ပင်၊ စိတ်ဝင် စားစရာ ဖြစ်နေ၏။

မိုရန် ထံမှ ဘုရင် အဆင့် သားရဲ အမြုတေကို၊ လုယူသွား သည်ဟု ထပ်မံ ကြားလာ သဖြင့်၊ သာ၍ ဆိုးချေသည်။

ထို့ကြောင့် လျိုမူအား အကြောင်း ပြကာ၊ လင်းယွန်အား သတ်ရန်၊ စိတ်ကူး လာကြ သည်။

“ လျိုမူ ... ၊ လင်းယွန် ခေါင်းကို ယူဖို့၊ ငါ့ရဲ့ ယန် မီးတောက် နယ်မြေက ကူညီပေး ရဦး မလား။ ”

“ လင်းယွန်က သွေးအရိုး နယ်မြေကို စော်ကား ရုံသာ မကဖူး၊ ငါတို့ အားလုံး အပေါ်၊ မောက်မာ ခဲ့တယ်၊ သူ့ စကားက စိတ်အနှောက် အယှက် ဖြစ်စရာပဲ။ ”

အခြားသော မြင့်မြတ် နယ်မြေမှ ပါရမီရှင် တစ်ဦး ကလည်း၊ ဝင်ရောက် ပြောဆို လာသည်။

သွေးအရိုး နယ်မြေမှ လူတိုင်း၊ ထိုစကားကြောင့် မျက်နှာပျက် သွားကြ၏။ လင်းယွန်နှင့် သူတို့ကြား မလျော် ကန်သော ရန်ငြိုး ရှိနေကြောင်း၊ လူတိုင်း အသိ ပေပင်။

တစ်ဖက် လူကို မသတ်နိုင် ပါလျှင်၊ သွေးအရိုး နယ်မြေမှာ၊ ကောင်းကင် လမ်းအား စွန့်ခွာ သွားရပေ တော့မည်။

လျိုမူက ပေါက်ကွဲ တော့မည့် အခြေ အနေကို၊ ထိန်းချုပ် လိုဟန်ဖြင့်၊ အော်ဟစ် ရယ်မော လိုက်ကာ၊

“ ဟား ဟား ဟား ... ကောင်းပြီ၊ မင်းတို့ရဲ့ ခွန်အားကို ယုံကြည်မှု ရှိတယ် ဆိုရင်၊ ဆန္ဒ ရှိတဲ့ အတိုင်း လုပ်နိုင် ပါတယ်၊ သူ့ခေါင်း ကိုသာ ယူလိုက်ပါ။ ”

“ ဟား ဟား ဟား ... ၊ ဒီလို အောက်တန်း နယ်မြေက တစ်စုံ တစ်ယောက်က မောက်မာ နေတာကို၊ ဘယ်သူ မသတ် ချင်ပဲ နေမလဲ၊ ... ”

“ ... အစ်ကို လျိုရဲ့ သွေးအရိုး နယ်မြေကို၊ စော်ကား တာက၊ ငါတို့ တွေကို စော်ကား တာနဲ့ အတူတူ ပါပဲ ။ ”

“ အမှန်ပဲ ... ၊ အမှိုက် တစ်စက သူ့ကိုယ်သူ ငါတို့နဲ့ ယှဉ်ပြိုင်ချင် နေတာလား၊ အိပ်မက်မက် မနေနဲ့။ ”

“ ဟုတ်တယ်၊ ဓား တစ်ချက် တည်းနဲ့ သတ်နိုင်တယ် ဆိုတဲ့ သူ့ စကားကို၊ စမ်းသပ် ကြည့် ရမယ်။ ”

လျိုမူ ထံမှ ခွင့်ပြုချက် ရသည်နှင့်၊ လူတိုင်းက လောဘ ဇောဖြင့်၊ တက်ကြွ လာကြ သည်။

“ ဟား ဟား ဟား ... ၊ မင်းတို့ကို ဓား ဘယ်နှစ်ချက်နဲ့ သတ်မလဲ ဆိုတာ သိချင်ရင်၊ အခု လာစမ်း ကြည့်လို့ ရပြီ။ ”

ထိုအချိန်တွင် ကျယ်လောင်စွာ ရယ်မော လိုက်သော အသံနှင့် အတူ၊ အပြာရောင် ပုံရိပ် တစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာသည်။

ဓားသေတ္တာ တစ်လုံးအား ထမ်းပိုးလျက်၊ ပုခုံးပေါ်တွင် ငုတ်တုတ် ထိုင်နေသော ကြောင် တစ်ကောင် နှင့်အတူ၊ လင်းယွန် တစ်ယောက် လျှောက်လှမ်း လာ၏။

မိုရန်နှင့် လျိုမူ၏ မျက်နှာမှာ၊ မည်းမှောင် တုန်ရီ သွားသည်။ တစ်ချိန် တည်းမှာပင် ကြယ် ဝိညာဉ် ငါးပါး ပိုင်ရှင်များ သည်လည်း၊ စိတ်ဝင် တစား လှည့်ကြည့် လာကုန်သည်။

“ ရိုင်းပျ လိုက်တာ ... ၊ မင်းမှာ ဘယ်လောက်ထိ အရည် အချင်း ရှိလဲ ဆိုတာ၊ ငါ မြင်ချင်တယ်၊ လာ ... ငါ့ကို ဓား တစ်ချက် တည်းနဲ့ သတ်ပြစမ်း ... ။ ”

လင်းယွန်ထံ တိုက်ခိုက်ရန် ပြေးဝင် လာသော အထက် တန်းစား လူငယ်၏ မျက်နှာ မှာ၊ လောဘ ဇောဖြင့် တောက်ပ နေခဲ့သည်။

သူ စွန့်လွှတ် လိုက်သော ရောင်ဝါ အရ၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ် လေ၏။

၎င်းသည် ဤနေရာရှိ၊ နယ်မြေ ခေါင်းဆောင် လူငယ် များအား၊ ယှဉ်နိုင်မည် မဟုတ် သော်လည်း၊ ခုန်းရွှမ်ထက် များစွာ အားကောင်း လှသည်။

လင်းယွန်က ဓားသုတ္တန် နှစ်ခုကို၊ လှည့်ပတ်ကာ၊ မူလ စွမ်းအင်အား လက်ဖဝါး ထဲသို့၊ စိမ့်ဝင် စေ၏။

ထို့နောက် ခရမ်း ပြာရောင် အလင်းများ တောက်ပ လာချိန်တွင်၊ မျက်နှာဖုံး ချွတ်ကာ ပစ်ပေါက် လိုက်သည်။

“ ဝှစ် ... ။ ”

“ အား ... ။ ”

လေထဲရှိ လူငယ်မှာ၊ မြေပြင်ပေါ် ပြန်ပြုတ်ကျ လာပြီး၊ နာကျင် မှုကြောင့်၊ ကြိမ်ဖန် များစွာ လူးလှိမ့် နေတော့၏။

ယင်းသည် နတ်ဝိညာဉ် နယ်မြေမှ၊ တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်ရောက်၊ အထက် တန်းစား တစ်ဦး ဖြစ်လေသည်။

“ မင်းလို အမှိုက် တစ်စက၊ ငါ့ ဓားနဲ့ တန်တယ်များ ထင်နေလား ... ၊ ပန်း သင်္ချိုင်း ဆိုတာ တံမြက်စည်း မဟုတ်ဘူး။ ”

ထို့နောက် လင်းယွန်က၊ သွေးအရိုး နယ်မြေနှင့် အတူ၊ ရပ်နေသော လျိုမူ ထံသို့ လှည့်ကြည့်ကာ၊

“ မင်း ... ဘာလုပ် နေတာလဲ၊ ငါ ဒီမှာ ကိုယ်ရေး ကိုယ်တာ ပြဿနာ တွေကို ဖြေရှင်းဖို့ ရောက်လာပြီ၊ မဆိုင်တဲ့ လူတွေ ဝေးဝေး နေပါ၊ ငါ့ ဓားက လူ မရွေးဘူး။ ”

-ဟုဆိုလျက်၊ ပတ်ဝန်းကျင်ရှိ မြေခွေး များကို၊ နောက်ဆက်တွဲ ခြိမ်းခြောက် လိုက် တော့သည်။

***

All Chapters