← Chapters

ကြွယ်ဝသော ကြောင်ဖက်တီး။

Vol. 68 Ch. 952

ကြွယ်ဝသော ကြောင်ဖက်တီး။

Vol. 68 Ch. 952

လင်းယွန် အသံတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ ကပ်ညိ နေချေပြီ။ ယင်းက လူတိုင်းကို အနည်း ငယ်မျှ အံ့အားသင့် စေ၏။

“ ဒီကောင် သေချင် နေတာလား။ ”

သွေးအရိုး နယ်မြေနှင့်၊ ယန် မီးတောက် နယ်မြေ အပြင်၊ အခြားသော မြင့်မြတ် နယ်မြေ များကိုပါ၊ ခြိမ်းခြောက် နေသည်။

“ အသက်ရှင် ရတာ ... ၊ ပင်ပန်း နေပြီ ထင်တယ်။ ”

ထိုမေးခွန်းက လူတိုင်း ရင်ထဲ ဝင်ရောက် လာသည်။ သူတို့ အားလုံးမှာ၊ ကောင်းကင်ထက် ရပ်နေသော၊ ပါရမီ ရှင်များ ဖြစ်ပေ၏။

“ ဝင်ရောက် စွက်ဖက်ခွင့် မရှိဖူး တဲ့လား၊ မင်းက ငါ့ရဲ့ ဘုရင် အဆင့် သားရဲ အမြုတေကို လုယူပြီး၊ ငါတို့ကို မဆိုင်တဲ့ လူ အဖြစ်၊ သတ်မှတ်ချင် နေတာလား။ ”

လျူမူ တစ်ယောက် စကား မဆို နိုင်ခင်၊ မိုရန်က ဒေါသတကြီး ရှေ့လှမ်းတက် လာသည်။ စတုတ္ထ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ လင်းယွန်အား လက်စား ချေလို၏။

ဘုရင် အဆင့် သားရဲ အမြုတေသာ ရရှိခဲ့ ပါက၊ မီး ရည်ရွယ်ချက်ကို တတိယတန်း အထိ၊ အတူ တကွ အောင်မြင်မှု ရယူ နိုင်မည် ဖြစ်သည်။

ထိုအချိန်၌ ကြယ် ဝိညာဉ် ငါးပါး၏ ပိုင်ရှင်များ ကိုပင်၊ ရင်ဆိုင်ရန် အရည် အချင်း ပြည့်မီလာ ပေမည်။

ယင်းကြောင့် မည်မျှ နာကြည်းဖွယ် ကောင်းခဲ့ မည်ကို၊ မည်သူ မဆို တွေးကြည့် နိုင်သည်။

“ ဟိတ် ... ။ ”

ထို့နောက် ကြောက်စရာ ကောင်းသော ဖိအားကို ထုတ်လွှတ်လျက်၊ လင်းယွန်အား တိုက်ခိုက် လိုက်တော့သည်။

လင်းးယွန်မှာ ပြန်လည် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ သူ့ပုခုံး ပေါ်ရှိ၊ လဲလျောင်း နေသော နဂါးလေးက၊ လူသတ် လိုသည့် ရောင်ဝါကို ထုတ်ဖော်လျက်၊ ထရပ် လာသည်။

နဂါးလေး၌ အတွေး တစ်ခုသာ ရှိချေ၏။ လင်းယွန်အား ထိဝံ့ သူတိုင်းကို သတ်ပစ်ရန် ဖြစ်သည်။

ထို့ကြောင့် စူးရှသော လက်သည်းများ ဖွင့်ကာ၊ မိုရန်ထံ လှမ်းကုပ် ချလိုက်သည်။

“ ဒီသားရဲက မကြောက် ဖူးလား။ ”

“ သားရဲ ဆိုတာ သားရဲ ပဲလေ၊ သူ့မှာ ဘာ အသိညာဏ် ရှိလို့လဲ။ ”

ဒုတိယ ကောင်းကင် ဝိညာဉ်၌ ရှိသော သားရဲ တစ်ကောင်သည်၊ မိုရန်အား ရင်ဆိုင် နိုင်စရာ အကြောင်း မရှိေချ။

အစွမ်း ထက်သော မျိုးဆက်သွေး ရှိ လျှင်ပင်၊ တစ်ချက် တည်းနှင့် သတ်ပစ်နိုင် ပေမည်။

သို့သော် ယင်းမှာ၊ သူတို့ အတွေး ဖြစ်သည်။ စတုတ္ထ ကောင်းကင် ဝိညာဉ် ရောင်ဝါကို၊ ဘုရင် အဆင့် ရောင်ဝါက၊ ရုတ်တရက် ချိုးဖြတ် လာ၏။

“ ဝှစ် ... ။ ”

ထို့နောက် သူတို့ နှစ်ဦး ထိပ်တိုက် တွေ့သွားပြီး၊ တုန်လှုပ်ဖွယ် လှိုင်းများ၊ လေထု အတွင်း ပြန့်ကျဲ သွားလေသည်။

“ အွတ် ... ။ ”

ကြည့်နေဆဲ မှာပင်၊ မိုရန် တစ်ယောက် ပြန်လည် လွင့်စဉ် လာသဖြင့်၊ ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် ကုန်၏။

“ မဖြစ် နိုင်တာ ... ။ ”

အထင်သေး လှောင်ပြောင်ခဲ့ သူများမှာ၊ ဤမြင်ကွင်းကြောင့် အံ့အားသင့် သွားကြသည်။ တစ်ချက် တည်းနှင့် မိုရန်အား ဒဏ်ရာ ပေးနိုင် ခဲ့သည်မှာ၊ လွန်ကျူးရာ ကျပေမည်။

ထို့ကြောင့် နဂါးသွေး ကြောင်ထံ၊ ပြန်မော့ကြည့် မိသော သူတို့၏ မျက်ဝန်း၌၊ ထိတ်လန့် မှုများ ထင်ဟပ် လာသည်။

“ ဒီသားရဲ မလွယ်ဘူး။ ”

ကြယ်ဝိညာဉ် ငါးပါး ပိုင်ရှင် လူငယ်များ သည်ပင်၊ နဂါးလေး အပေါ် အလေး အနက်ထား စိုက်ကြည့် လာသည်။

အောက်တန်း နယ်မြေမှ တစ်စုံ တစ်ယောက်တွင်၊ ကောင်းကင်ကို အံတု နေသည့်၊ သားရဲ တစ်ကောင်အား ပိုင်ဆိုင် ထားသည်မှာ၊ မယုံ နိုင်စရာ ပေပင်။

လျိုမူ၏ မျက်လုံး များ၌၊ သတ်ပစ် လိုသော ရည်ရွယ်ချက် များပင်၊ တဖြည်းဖြည်း အေးခဲ သွားသည်။

တစ်ဖက် လူ၏ အရည် အချင်းမှာ၊ ကောင်းကင်ကို အံတုနိုင် နေပြီ ဖြစ်သဖြင့်၊ ယန် မီးတောက် နယ်မြေနှင့် ပေါင်းကာ၊ နှိမ်နင်းရန် ကြံစည် ထားသည်။

သို့သော် ၎င်းထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းသော သားရဲ အကူ ရှိနေ လိမ့်မည်ဟု မထင် ထား မိချေ။

“ တိရစ္ဆာန် ကောင် ... ။ ”

တွန်းထုတ် ခံလိုက် ရသော မိုရန်က၊ ရှက်ရွံ့ စွာဖြင့် နဂါး လေးအား စိုက်ကြည့်ကာ၊ ကျိန်ဆဲ လိုက်သည်။

လင်းယွန်ကို သတ်ရန် ကြိုးစား ခဲ့ခြင်း ဖြစ်သော်လည်း၊ ထိုသူက တစ်ချက် မျှပင် ပြန် မကြည့် ခဲ့ချေ။

သူ၏ သားရဲ တစ်ကောင် ဖြင့်သာ၊ အချိန်ကုန် သွားသည်။ စတုတ္ထ ဒုက္ခ ဖြတ်ကျော် ခဲ့ခြင်းသည်၊ ထိုသို့ အရှက်ခွဲ ခံရန် မဟုတ်ချေ။

“ ခစ် ခစ် ခစ် ... ။ ”

နဂါးလေးက စိတ်ပျက်ဖွယ် အသံဖြင့်၊ ရယ်မော လိုက်ပြီး၊ မိုရန်အား ပြေးဝင် တိုက်ခိုက် လိုက်ပြန်သည်။

မီး ရည်ရွယ်ချက်မှာ၊ ကြောက်စရာ ကောင်းသော်လည်း၊ ဘုရင် အဆင့် အရှိန် အဝါအား မလောင်ကျွမ်း နိုင်ချေ။

အချိန် အနည်းငယ် ကြာပြီးနောက်၊ ကြောင်ဖက်တီး၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ မိုရန်ထက် အားနည်းခြင်း မရှိကြောင်း၊ လူတိုင်း သတိထား မိလာသည်။

ဆိုလို သည်မှာ နဂါးသွေး ကြောင်သည် ကိုယ်ခံ ပညာအား မည်သို့ အသုံး ပြုရ မည်ကို၊ ကောင်းစွာ သိရှိ ထားလေသည်။

ကြောင် တစ်ကောင်ကြောင့်၊ ထင်းတိုင်း မပေါက်သော အခြေ အနေ အပေါ်၊ မိုရန် ခမျာ ဒေါသ ထွက်လာသည်။

“ ဘုန်းတန်းခိုး ကြီးသော နေမင်း။ ”

ထို့ကြောင့် မီးရည်ရွယ် ချက်နှင့်၊ ပေါင်းစပ် ထားသော အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ကို၊ ထုတ်ဖော် လိုက်သည်။

သူ့ ထံမှ အလင်းများ ဖြာထွက် လာပြီး၊ ရင်ပြင် တစ်ခုလုံး ချက်ချင်း လင်းထိန်သွား လေသည်။

သို့သော် နဂါးလေးမှာ တုန်လှုပ် သွားခြင်း မရှိဘဲ၊ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား၊ ထုတ်ယူ လိုက်သည်။

သူတော်စင် ရူရ်များ နိုးထ လာပြီး၊ ရှေးဟောင်း သားရဲကြီး တစ်ကောင် သကဲ့သို့၊ အရှိန် အဝါ အများ ထွက်ပေါ် လာသည်။

တစ်ချိန် တည်းမှာပင်၊ လေထု ထဲ၌ ကြောက်စရာ ကောင်းသော ရွှေရောင် နဂါး မျောက်ဝံကြီး တစ်ကောင်၊ ဖြစ်တည် လာသည်။

“ ဝှစ် ... ။ ”

အဆိုပါ နဂါး မျောက်ဝံ ကြီးက မိုရန် လက်သီးအား၊ တုတ်ဖြင့် ပြန်လည် ရိုက်ချ လိုက်သည်။

“ အွန့် ... ။ ”

ပုံရိပ်ယောင် လက်သီးကြီး ကွဲကြေသွား ပြီးနောက်၊ မိုရန် နှုတ်ခမ်းမှ သွေးများ စီးထွက် လာကာ၊ လွင့်စဉ် သွားသည်။

လက်ရှိ အချိန်၌ ဤရွံ့စရာ ကောင်းသော ကြောင်သည်၊ ရွှေရောင် သားမွေး မျောက်ဝံ ထက်ပင်၊ ကြောက်စရာ ကောင်းနေသည်။

လင်းယွန်၏ ကြောင်ဖက်တီးမှာ၊ ဤမျှ သန်မာနေ လိမ့်မည်ဟု၊ သူ မမျှော်လင့် ထားပေ။

မိုရန်၏ တိုက်ခိုက်မှု များကို လွယ်ကူစွာ ဖြေရှင်း နိုင်သည်အား မြင်ပြီးနောက်၊ လူတိုင်း သက်ပြင်း ခိုးချ မိသည်။

“ သူက တာအို လက်နက် ကိုတောင် သုံးနိုင် တာလား၊ မယုံနိုင် စရာပဲ။ ”

“ ဒီရွံ့စရာ ကောင်းတဲ့ ကြောင်စုတ်က၊ ဘယ်လောင်တောင် ထက်မြတ် လိုက်လဲ။ ”

“ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာက၊ သူ့ရဲ့ တုတ်တစ်ချက် ကိုတောင် မခံနိုင် ဖူးလား၊ မယုံ နိုင်စရာ ကောင်းလိုက်တာ။ ”

ထိုနောက် မည်သူမျှ နဂါး လေးအား၊ လျှော့မတွက်ရဲ တော့ဘဲ၊ အလေး အနက်ထား လာတော့သည်။

လင်းယွန် အပေါ်၊ သင်ခန်းစာ တစ်ခု သင်ပေးရန် ကြံရွယ် နေသူ များပင်၊ ပြန်စဉ်းစား လာကြ၏။

သားရဲ တစ်ကောင်ပင်၊ ဤမျှ သန်မာ နေပါက၊ ဤလင်းယွန်မှာ မည်မျှ ကြောက်စရာ ကောင်းမည်ကို၊ စိတ်ကူး မယဉ် နိုင်ချေ။

နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး၊ မိုရန်က ယန်မီးတောက် နယ်မြေ၏ အထက် တန်းစား များထံ လှည့်ကြည့်ကာ၊

“ မင်းတို့ အားလုံး သွားပြီးတော့ ... ၊ အဲဒီ ရွံ့စရာ ကောင်းတဲ့ ကြောင်ကို သတ်ပစ် ကြစမ်း။ ”

-ဟု ဆိုလေသည်။

“ ဝှစ် ...။ ”

သူ့ အမိန့် ရသည်နှင့်၊ လူရိပ်များ ကောင်းကင်ပေါ် ပျံတက် လာကာ နဂါး လေးကို တိုက်ခိုက် တော့သည်။

ဤကြောင်မှာ သည်မျှ လေးလံ လှသော လက်ကိုင် တုတ်အား အချိန်တိုင်း လွှဲနိုင်မည်၊ မဟုတ်ကြောင်း သူတို့ သိသည်။

သို့သော် နဂါးသွေး ကြောင်က လက်ကိုင် တုတ်အား ပြန်လည် သိမ်းဆည်းကာ၊ ကြာပွတ် တစ်ချောင်းအား ထုတ်ယူ လိုက်၏။

“ ရွှပ် ... ။ ”

ကြာပွတ် ရသည်နှင့်၊ လေထဲသို့ ကြိမ်ဖန် များစွာ လွှဲလျက်၊ သွေးမြွေပွေး တစ်ကောင်အား ဖန်ဆင်းသည်။

ယင်းက သူ့အား ဝိုင်းရံ လာသော လူအုပ်ကို၊ အငိုက်မိ စေပြီး၊ မြေပြင် ပေါ်သို့ ပြန်လည် ရိုက်ချ နိုင်ခဲ့ သည်။

“ ကူ ညီ လိုက် ... ။ ”

“ ဝှစ် ... ။ ”

လျိုမူက ဆက်မကြည့် နိုင်တော့ချေ။ မျက်မှောင် ကြုတ်လျက် အမိန့်ပေး လိုက်သည်။ ထို့နောက်တွင် သွေးအရိုး နယ်မြေ၏ အထက် တန်းစား များပါ၊ လေထဲ ခုန်တက် လာသည်။

“ ခစ် ခစ် ခစ် ... ။ ”

နဂါးလေးက ကြာပွတ်အား သိမ်းကာ၊ အနတ္တ ဓားမြှောင်ကို ထုတ်ပြီး၊ စိတ်ပျက် စရာ ရယ်သံအား၊ ထုတ်ဖော် လိုက်လေသည်။

ထို့နောက်တွင် ပေါ်လာလိုက် ပျောက်လိုက်နှင့်၊ တစ်လှည့်စီ ဖြစ်ပျက် လာကာ၊ လူအုပ်ကို ကစား တော့၏။

တိုက်ပွဲကို ရပ်ကြည့် နေမိသည့် ကျန်သူများမှာ၊ ပါးစပ် ဟောင်းလောင်း ပွင့်ကုန် ကြသည်။

ကြောင် တစ်ကောင်မှ၊ တာအို ပစ္စည်း အများအပြားကို ထုတ်ပြကာ၊ မြင့်မြတ် မြေများ အပေါ်၊ နှိမ့်ချ ဆက်ဆံ ပြတက် လိမ့်မည်ဟု၊ မထင်ထား မိချေ။

ပိုင်ဆိုင်မှုခြင်း ယှဉ်ပါက၊ မြင့်မြတ်မြေ အချို့၏ ခေါင်းဆောင်များ သည်ပင်၊ ဩချရ ပေမည်။ သားရဲ တစ်ကောင်မှ၊ ဤမျှ ကြွယ်ဝ နေသည်မှာ၊ မနာလို စရာ ပေပင်။

ထိုကြောင့် ကစားခံ နေရသော နယ်မြေ နှစ်ခု၏ အထက် တန်းစား များထံ ကြည့်ကာ၊ လျိုမူ တစ်ယောက် မျက်နှာ မည်းသွားသည်။

သို့သော် ကူညီရန် ဆုံးဖြတ် လိုက်ချိန်တွင်၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် တစ်ခုက၊ သူ့ အပေါ် ဖုံးလွှမ်း လာသည်။

ယင်းမှာ လင်းယွန် ဖြစ်ပြီး၊ အေးစက်သော အသံဖြင့်၊

“ လျိုမူ ... ၊ မင်းရဲ့ ပြိုင်ဘက်က ငါပဲ၊ ဒါကြောင့် ဒီစိတ်ကူးကို လက်လေျာ့ လိုက်ပါ။ ”

-ဟု သတိပေး လိုက်တော့သည်။

***

All Chapters