← Chapters

ခွန်အား။

Vol. 69 Ch. 954

ခွန်အား။

Vol. 69 Ch. 954

လူတိုင်း၏ မျက်စိ ရှေ့မှာပင်၊ ယဇ်ပလ္လင်၌ အက်ကြောင်းများ ထင်ဟပ် လာသည်။

သွေးအရိုး နယ်မြေ သာမက၊ အခြား နယ်မြေမှ အထက် တန်းစားများ ပင်လျှင်၊ ချောက်ချား လာကုန်သည်။

မိုရန်နှင့် အတူ နဂါးလေးကို၊ ထိန်းချုပ် နေရသော အထက် တန်းစား များမှာ၊ ယခင်က ကဲ့သို့ မောက်မာမှု မရှိ တော့ပေ။

“ ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ။ ”

ကြယ်ဝိညာဉ် ငါးပါး ပိုင်ရှင်များမှာ၊ စိတ်လှုပ်ရှား လာသည်။ အဆိုပါ အာမေဋိတ် သံ များကြောင့်၊ လူအုပ်က လင်းယွန်ထံ၊ မယုံကြည် နိုင်စွာ၊ ပြန်ကြည့် မိသည်။

“ သူတို့က ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာလို့ ပြောလိုက်လား၊ မဖြစ် နိုင်ဘူး၊ ကျင့်ကြံ မှု အရ၊ အုပ်စိုးရှင် အဆင့်၊ ... ”

“ ... ကံကြမ္မာ ကိုယ်ခံ ပညာ ကပင်၊ လင်းယွန် အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီ၊ ဒါကို ဘယ်လိုလုပ် လေ့ကျင့် နိုင်မှာလဲ။ ”

“ ဒီလက်သီးရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းတယ်၊ သူ့ရဲ့ တောင်ပံ လူသားမှာ၊ ဘုရင် အဆင့် အရှိန် အဝါတွေ ရှိနေတယ်။ ”

“ မယုံ နိုင်စရာ ပါပဲ ... ။ ”

လင်းယွန် တစ်ယောက်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ဆုပ်ကိုင် ထားမှန်း သိသော် လည်း၊ ၎င်းသည် ဘုရင် အဆင့်၌ ရှိနေလိမ့် မည်ဟု၊ မည်သူမျှ မထင်ခဲ့ ကြပေ။

ယင်းမှာ ကြယ် ဝိညာဉ် ငါးပါး ပိုင်ရှင်များ ကဲ့သို့၊ နဂါး အဆင့် သတ်မှတ် ချက်၏ ထိပ်သီး (၁၀) ဦး သည်သာ၊ ပိုင်ဆိုင် နိုင်သော အရာ ဖြစ်ချေပြီ။

တစ်ဖက်တွင် ကြယ်ဝိညာဉ် ငါးပါး ပိုင်ရှင် များက၊ ဤလင်းယွန်မှာ သူတို့ ကဲ့သို့ နတ်ကြယ် ပုလဲ များဖြင့်၊ ဒုက္ခကို ခံယူ ထားကြောင်း၊ သိရှိ လိုက်သည်။

သို့မဟုတ် ပါက၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေမှ လျိုမူအား အနိုင်ယူ နိုင်စရာ နည်းလမ်း မရှိမှန်း ပြောနိုင်၏။

၎င်း၏ ဓား ရည်ရွယ်ချက်နှင့်၊ ဓားသုတ္တန် များမှာ၊ ကောင်းကင် ဘုံကို အံတု နေပြီ ဖြစ်ပြီး၊ နတ်ကြယ် ပုလဲ များအား၊ ထပ်မံ သန့်စင် ပြီးနောက်၊ ဆိုဖွယ် မရှိ တော့ချေ။

တစ်ဖက်တွင် လျိုမူမှာ၊ သာမန် ကြယ်ပုလဲ များကိုသာ အသုံး ပြု၍၊ ဒုက္ခအား ဖြတ်သန်းခဲ့ ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦး၏ မူလ စွမ်းအင် အရည် အသွေးကို နှိုင်းယှဉ် နိုင်ရန်၊ နည်းလမ်း မရှိပေ။

ယင်းကို တွေးမိ သည်နှင့်၊ ကြယ် ဝိညာဉ် ငါးပါး ပိုင်ရှင် များမှာ၊ လင်းယွန်ထံ မျှော်လင့် တကြီး ပြန်ကြည့် လာမိသည်။

အကယ် ၍သာ လင်းယွန် တစ်ယောက် နတ်ကြယ် ပုလဲ မည်မျှ ပိုင်ဆိုင် ထားသည်ကို၊ သိရှိ ပါက၊ ဤသို့ တည်ငြိမ် နိုင်တော့မည် မဟုတ်ချေ။ သူတို့ ကိုယ်တိုင် သတ်ရန် ကြိုးစား လာနိုင်သည်။

“ ဒီကောင်က ... ၊ စိတ်ဝင် စားစရာပဲ။ ”

မီး ဝိညာဉ် ပိုင်ရှင်က ပြုံးကာ ဆိုသည်။ ကျန်(၄) ဦးမှာ ခေါင်းညိတ်လျက်၊ သူ့ စကားကို ထောက်ခံ လိုက်သည်။

သူတို့ အမြင်တွင် ဤလင်းယွန်မှာ၊ မြင့်မြတ်မြေ အသီး သီးမှ ခေါင်းဆောင်များ ထက်ပင်၊ ပို၍ တန်ဖိုးရှိ ချေ၏။

ထိုအချိန်၌ လင်းယွန်က ကိုယ်ရှိန် သပ်ကာ၊ လျိုမူထံ စိုက်ကြည့် လိုက်သည်။ တစ်ဖက်လူမှာ တုန်လှုပ် နေမှန်း၊ သူသိ သော်လည်း၊ တိုက်ပွဲ အရှိန်ကို တင်ရန်၊ ဆန္ဒ မရှိ သေးချေ။

အကြောင်းမှာ ကြယ်ဝိညာဉ် ငါးပါး ပိုင်ရှင်များ ထံမှ၊ အန္တရာယ် အငွေ့ အသက် အချို့၊ ရရှိလိုက် သောကြောင့် ဖြစ်သည်။

ထိုငါးဦးသည် သူ ကဲ့သို့ပင်၊ နတ်ကြယ် ပုလဲများနှင့်၊ ဒုက္ခကို ဖြတ်ကျော် ထားနိုင် သူများ ဖြစ် ချေပြီ။

ထို့ကြောင့် ကောင်းကင်ဓား မပါဘဲ၊ ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။ ကံကောင်း နေသည်မှာ ယခု ချိန်ထိ သူ့အား စိတ်မဝင်စား သေးခြင်း ဖြစ်၏။

နောက်တဖန် သူတို့ အနေဖြင့် ကြယ် ဝိညာဉ်များ ပိုင်ဆိုင်ရန်၊ ရက်စက်သော တိုက်ပွဲ အလီလီကို၊ ကျော်ဖြတ် ထားရ ပေမည်။

ထို့ကြောင့် ယုံနိုင်ဖွယ် မရှိသော ပိုင်ဆိုင်မှု များနှင့် အတူ၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ ကိုလည်း၊ ပိုင်ဆိုင်ထား နိုင်၏။

မိုရန်နှင့် အထက် တန်းစား များက တိုက်ပွဲအား ရပ်ကာ၊ လျိုမူကို ကူညီရန် အပြေး အလွှား ရောက်ရှိကုန် သဖြင့်၊ နဂါးလေးက လင်းယွန် ပုခုံးပေါ် ပြန်ခုန် တက် လာသည်။

ဤသို့ဖြင့် နှစ်ဖက် စလုံးမှာ၊ ရှေ့ မတိုးသာ နောက် မဆုတ်သာ ဖြစ်လာ တော့၏။

“ လျိုမူ ... ၊ အခု မင်း အကူအညီလို နေပုံ ရတယ်။ ”

ထိုအချိန်တွင် ဖော်ရွေသော အပြုံးနှင့်၊ လူငယ် တစ်ယောက် ရှေ့ လှမ်းထွက် လာသည်။ ထိုလူငယ်မှာ၊ ‘မရဏ မိစ္ဆာ နယ်မြေ’မှ၊ လူငယ် ခေါင်းဆောင် ရှကျွယ် ဖြစ်၏။

လင်းယွန်၏ ဘုန်းနေမင်း ဝိညာဉ်နှင့်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို၊ အစ ကတည်းက စိတ်ဝင်စား နေခဲ့သူ ဖြစ်သည်။

ထို့ကြောင့် လျိုမူ ဒဏ်ရာရ သွားချိန်၌၊ ရှေ့ထွက် လာခြင်း ဖြစ်သည်။ လက်ရှိ အခြေ အနေ အရ၊ လင်းယွန် တစ်ယောက် ပွဲပန်း နေရ ပေမည်။

“ မလိုဘူး၊ ထွက် သွား စမ်း ... ။ ”

လူတိုင်းက သူ အကူအညီ လိုနေ သည်ဟု၊ ထင်လာ ကုန်သောကြောင့်၊ လျိုမူ တစ်ယောက် စိတ်ထဲမှ ကျိန်ဆဲ လိုက်မိသည်။

နောက်ဆုံးတွင် ဤကဲ့သို့ သနား စရာ ကောင်းသော အခြေ အနေဖြင့်၊ အရှက် ရဖွယ် အဆုံးသတ် ရလိမ့် မည်ဟု မထင် မိချေ။

“ ဒါက ငါ့သွေးအရိုး နယ်မြေရဲ့ ရန်ငြိုးပဲ၊ မင်းနဲ့ မဆိုင်ဘူး။ ”

“ အဟား ... ၊ မင်းမှာ ရွေးချယ်စရာ မရှိတော့ ပါဖူး လျိုမူ။ ”

ရှကျွယ်က ပြုံးပြီး မျက်ခုံးပင့် ပြသည်။ ယင်ကို မြင်သဖြင့်၊ အခြားသော နယ်မြေ အသီး သီးမှ ပါရမီရှင်များ ကလည်း၊ လှုပ်ရှားရန် ပြင်လာ ကြသည်။

“ မှန်တယ် ... ၊ ညီအစ်ကို လျို ဒီကောင်က ငါတို့ အားလုံးကို စော်ကား ခဲ့တာပဲ။ ”

လင်းယွန် တစ်ယောက် မည်မျှ သန်မာ နေစေကာမူ၊ သူတို့ အားလုံးနှင့် ရင်ဆိုင်ရန် မဖြစ် နိုင်ချေ။

သို့သော် ထိုအချိန် မှာပင်၊ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ လင်းယွန် ရှေ့သို့ ပုံရိပ် တစ်ရိပ် ဆင်းသက် လာသည်။

“ ဟိတ် ... ။ ”

၎င်းမှာ လေထဲ ရှိစဉ် ကပင်၊ ရှကျွယ်ထံ လက်သီး တစ်ချက် ပစ်လွှတ်လျက်၊ နောက်ပြန် ဆုတ်စေ လိုက်သည်။

“ မင်း ... ၊ ဝူး မူ ... ။ ”

ရောက်ရှိ လာသော လူသစ်ကို မြင်ချိန်၌၊ ရှကျွယ် နှင့်တကွ မိုရန်၏ မျက်နှာ သည်လည်း၊ ပြောင်းလဲ သွားသည်။

“ မင်း ... ရောက်လာ ပြီလား။ ”

လင်းယွန်က ဝူးမူအား မြင်သော်လည်း မအံ့သြ မိချေ။ တည်ငြိမ် စွာပင် နှုတ်ဆက် လိုက်သည်။

“ အင်း ... ဟုတ်တယ်၊ ငါ့ရဲ့ စတုတ္ထ ဒုက္ခက၊ ပြဿနာ နည်းနည်း ရှိနေလို့၊ နောက်ကျ သွားတယ်။ ”

ဝူးမူနှင့် လင်းယွန်တို့ နှစ်ဦး၏ ဆက်ဆံ ရေးကို ကြည့်ကာ၊ မဟာမိတ် ဖွဲ့ထားကြောင်း၊ လူတိုင်း နားလည် လိုက်သည်။

“ ဝူးမူ ... ၊ မင်းက မြင့်မြတ် မြေရဲ့ ခေါင်းဆောင် တစ်ယောက် မဟုတ်လား၊ ဘာလို့ ခွေးတစ်ကောင် ဖြစ်ချင် နေရ တာလဲ။ ”

လျိုမူ၊ ရှကျွယ်နှင့် မိုရန်တို့ သုံးဦးမှာ၊ မျက်နှာများ ပျက်ယွင်း သွားပြီး၊ ဝူးမူအား မေးခွန်း ထုတ်လိုက်သည်။

ဝူးမူသာ ဆန္ဒရှိ နေပါက၊ လင်းယွန်ကို အုပ်စုဖွဲ့ အနိုင် ကျင့်ရန် ရည်ရွယ် ချက်မှာ၊ ကျရှုံး သွားပြီ ဖြစ်သည်။

“ ဒါက ... မင်းနဲ့ ဘာဆိုင်လဲ၊ အနည်း ဆုံးတော့ ငါက တစ်စုံ တစ်ယောက် အပေါ်၊ အခွင့်ရေး မယူ တက်ဘူး၊ ... ”

“ ... မင်းမှာ သတ္တိ ရှိရင်၊ လင်းယွန် ပြန်ကောင်း လာတဲ့ အချိန်ထိ စောင့်ပြီး၊ တိုက်ရဲ လား၊ ... ”

“ ... ငါ ဝင်မရှုပ် တော့ဘူး၊ ဘယ်လိုလဲ ... ဒါပေမယ့် ဒီလို လုပ်ဖို့ မင်းမှာ၊ သတ္တိ မရှိဖူး ဆိုတာ၊ ငါ သိပါတယ်။ ”

ဝူးမူက နှာခေါင်း ရှုံ့လျက် တုံ့ပြန် လိုက်သည်။ ဒဏ်ရာပေါ် ဆားပွတ် ခံလိုက်ရ သဖြင့်၊ ရှကျွယ် ခမျာ မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွား၏။

“ ဆိုတော့ ... ဒီကိစ္စကို ခဏ ထားလိုက် ရအောင်။ ”

ရုတ်တရက် ရွှေဝိညာဉ် ပိုင်ရှင်က ဝင်ပြော လာသည်။

“ နဂါး တားမြစ် နယ်မြေ ဖွင့်တော့မယ်၊ မင်းတို့ရဲ့ ရန်ငြိုးကို တားမြစ် နယ်မြေ ရောက်မှ ဖြေရှင်းပါ၊ မဟုတ်လို့ ယဇ်ပလ္လင် ပျက်စီး သွားရင်၊ ငါ တို့ကို အပြစ် မတင် ပါနဲ့။ ”

မီးဝိညာဉ် ပိုင်ရှင် ကလည်း၊ ခေါင်းညိတ်လျက် လင်းယွန်ကို လှမ်းကြည့်ပြီး ပြုံးပြကာ၊

“ လင်းယွန် ... ၊ ဒါကို မင်း ဘယ်လို ထင်လဲ၊ သွေးအရိုး နယ်မြေနဲ့ ရန်ငြိုးကို ခဏ မေ့ထားလို့ ရမလား၊ မင်း ဆက်ပြီး ရန်ဖြစ် နေရင်၊ အခြား လူတွေ အတွက်ပဲ၊ အကျိုးရှိ ကုန်လိမ့်မယ်။ ”

-ဟု ဆိုလာ လေသည်။

သည်လူ ငါးဦး၌၊ မည်သည့် အကြံ အစည် များရှိ နေမည်ကို၊ လင်းယွန် မသိ သော်လည်း၊ သူတို့ စကား များက အဓိပ္ပါယ် ရှိချေပြီ။

နောက်ဆုံး လက်သီးကြောင့်၊ ယဇ်ပလ္လင် ပေါ်တွင် အက်ရာ အချို့ ဖြစ်ပေါ် လာသည်ကို သူလည်း မြင်၏။

ထို့အပြင် ၎င်းတို့၏ စကား များက၊ သူ့အား ကူညီရာလည်း ရောက်ပေသည်။ နဂါး တားမြစ် နယ်မြေ၌၊ လျိုမူတို့ အတွက်၊ ဤသို့ အုပ်စု ဖွဲ့ရန်၊ လွယ်ကူမည် မဟုတ်ချေ။

“ ငါမှာ ... ၊ ပြောစရာ မရှိ ပါဘူး၊ သူတို့ အားလုံးက အခုပဲ၊ ဖြေရှင်း ချင်တယ် ဆိုလည်း ရပါတယ်။ ”

ကောင်းကင်ဓား မပါဘဲ၊ လျိုမူနှင့် မိုရန် တို့ကို သတ်ပစ် ရန်မှာ၊ အနည်းငယ် အခက် အခဲ ရှိပေသည်။

သို့သော် ယခု အချိန်၌ လျိုမူမှာ၊ သူ့ထက် ပို၍ ခက်ခဲ နေပြီ ဖြစ်သည်။ အထက်ပါ ရလာဒ် များက၊ ၎င်းအား လုံးဝ အရှက် ရစေ၏။

ထို့ကြောင့် လျိုမူ တစ်ယောက် သည်နေရာ၌ ရပ်တန့်ရန် ဆန္ဒ ရှိမည် မဟုတ်ဟု၊ လူတိုင်းက မြင်လာ မိသည်။

လင်းယွန်၏ မောက်မာသော စကား များကြောင့်၊ ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

လက်ရှိ အချိန်၌ မောက်မာခြင်း ဟူသည် လင်းယွန်၏ ဗီဇ အဖြစ် ယူဆ လာမိ ကုန်သည်။ ကြယ် ဝိညာဉ် ငါးပါး ပိုင်ရှင်များ ကိုပင်၊ သူ့ဟန် အတိုင်း ဆက်ဆံ နေခဲ့သည်။

“ ကောင်းပြီ... ၊ ဒါဆို ဒီမှာပဲ ရပ်လိုက် ကြစို့ ... ။ ”

ရှကျွယ်၊ လျိုမူနှင့် မိုရန်တို့ ထံသို့၊ လှည့်ပင် မကြည့် တော့ဘဲ၊ မီးဝိညာဉ် ပိုင်ရှင်က ဆုံးဖြတ် လိုက်သည်။

ကောင်းကင်လမ်း၌ ခွန်အား သည်သာ၊ အရာရာ ဖြစ်သည်။ ဤနေရာရှိ လူတိုင်း အပေါ်၊ အနိုင်ယူ ပြထားပြီး ဖြစ်သဖြင့်၊ ဆုံးဖြတ် ပိုင်ခွင့် မှာ၊ လင်းယွန် ၌သာ ရှိချေပြီ။

ထို့ကြောင့် လျိုမူ တို့အား လျစ်လျူရှုလျက်၊ လင်းယွန် ဆန္ဒ အပေါ်သာ၊ မီး ဝိညာဉ် ပိုင်ရှင်မှ၊ အာရုံစိုက် ခဲ့ခြင်း ဖြစ်ပေ၏။

***

All Chapters