← Chapters

နဂါး တားမြစ် နယ်မြေ (၁)။

Vol. 69 Ch. 955

နဂါး တားမြစ် နယ်မြေ (၁)။

Vol. 69 Ch. 955

တိုက်ပွဲ ပြီးဆုံးသွား သော်လည်း၊ ထိုသတင်းကို ချောင်းမြောင်း ကြည့်ရှု နေသော အလယ် အလတ် နယ်မြေသား များက၊ သယ်ဆောင် သွားကြသည်။

ပြန်လည် ဝေမျှ လာသော ရလဒ်သည် လူအုပ်အား ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်သွား စေ၏။

နောက်ဆုံးတွင် သွေးအရိုး နယ်မြေနှင့်၊ ယန်မီးတောက် နယ်မြေတို့ လက်တွဲ ပြီးနောက်၊ လင်းယွန်အား မဖြေရှင်း နိုင်ခဲ့ သည်မှာ၊ ယုံနိုင် စရာ မရှိချေ။

ယင်းက မြင့်မြတ် မြေများ အတွက်၊ နာကျင်ဖွယ် ထိုးနှက်ချက် ဖြစ်လာနိုင် ပေမည်။ ကြယ်ဝိညာဉ် ငါးပါး ပိုင်ရှင် များသာ၊ ဝင်ရောက် လာခြင်း မရှိ ပါက၊ ရလာဒ်မှာ စိတ်ဝင် စားဖွယ် ကောင်းလာမည် ဖြစ်သည်။

ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ၊ လင်းယွန် တစ်ယောက် ဓားပင် မဆွဲ ခဲ့ချေ။ သူ့ နာမည်မှာ ကောင်းကင် လမ်း၌ တင်ကျန်ရန်၊ လုံလောက် လာပြီ ဖြစ်သည်။

တစ်မြို့လုံး သူ့ သတင်းအား ပြောဆို နေချိန်တွင်၊ လင်းယွန်က လူ ရှင်းသော နေရာ၌၊ ထိုင်ချ လိုက်သည်။

ယခု ချိန်၌ သူ့အား မည်သူမျှ ရန်လိုစွာ မကြည့်ရဲ တော့ချေ။ လျိုမူနှင့် ရန်ပွဲမှ၊ ခွန်အား ကို အပြည့် အဝ၊ သိမြင် ကြရပြီ ဖြစ်သည်။

လျိုမူမှာ မိုရန်ထက် သန်မာ လှပြီး၊ ဝှက်ဖဲများ ကျန်ရှိနေ သေးကြောင်း၊ လင်းယွန် သိသည်။

ဆက်၍ တိုက်ခိုက် ရမည် ဆိုပါက၊ ကောင်းကင်ဓား သို့မဟုတ်၊ နေ နတ်ဘုရား လက်သီး၏ စွမ်းအား အပြည့်ကို၊ ထုတ်ဖော် ရတော့မည် ဖြစ်သည်။

ယင်းမှာ ဝှက်ဖဲများ ဖြစ်သဖြင့်၊ လူ အများ ရှေ့၌၊ လျိုမူ အတွက်နှင့် ထုတ်မပြ ချင်ချေ။

“ ငါ ... ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်မှ ရမယ်၊ အဲဒါမှ ဆည်းဆာ အလင်း ဓားနဲ့၊ သူတို့ကို ရင်ဆိုင် နိုင်မှာ။ ”

လင်းယွန် တစ်ယောက် အတွေးထဲ နစ်မြုပ် သွားသည်။ လက်ရှိ အချိန်၌ ဒုတိယ ဒုက္ခအား ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။

၎င်းအား ခံယူရန် အခွင့် အရေး တစ်ခုသာ လိုပေ၏။ ထိုအခွင့် အရေးကို နဂါး တားမြစ် နယ်မြေ၌ ရရှိ မည်ဟု ယုံကြည်သည်။

ထို့အပြင် အစောပိုင်း တိုက်ပွဲကို ရပ်လိုက် ရခြင်း၏ အကြောင်းရင်း တစ်ရပ်လည်း ရှိသေး သည်။

ဘုန်းနေမင်း ဝိညာဉ်ကြောင့်၊ ယုဟိုရှင်း၏ တည်ရှိမှုကို အာရုံခံ နိုင်သည်။ ထိုလူမှာ လူအုပ် အတွင်းမှ၊ သူ့အား စောင့်ကြည့် နေ၏။

ယုဟိုရှင်း စိတ်ထားမှာ ပြောင်းလဲ သွားပြီ ဖြစ်သဖြင့်၊ ၎င်း၏ သတ်ဖြတ် လိုသော ဆန္ဒကို ချုပ်တည်း ထား နိုင်သည်။

သို့သော် လျိုမူကြောင့် သူ ဒဏ်ရာ ရသွား ချိန်တွင်၊ ထိုဆန္ဒအား လွှတ်ခနဲ ထုတ်ဖော် မိပြီး၊ ချက်ချင်း ရုတ်သိမ်း သွားသည်။

“ အရင်ထက် ... ၊ သူ ပိုသန်မာ လာပုံပဲ။ ”

လူအုပ် အတွင်း ဝေ့ဝဲ ကြည့်ကာ၊ ရေရွတ် မိသည်။ သို့သော် ယုဟိုရှင်း အငွေ့ အသက်ကို၊ မည်သည့် နေရာ ကမှ၊ မရ ရှိချေ။

ထို့အပြင် နဂါး ပြည်နယ်၏၊ ပါရမီရှင် (၇)ပါးနှင့်၊ ခရမ်းရောင် အမျိုး သမီး ကိုလည်း၊ မတွေ့ရ သေးသည်ကို၊ သတိရ မိသည်။

ဆိုလို သည်မှာ ၎င်းတို့ ဤနေရာသို့ ရောက်ရှိပြီး၊ သူ့အား စောင့်ကြည့် နေကြ မည်ဟု၊ အဓိပ္ပါယ် ရချေပြီ။

သူ့ အတွေး များက၊ မှားသည်ဟု မဆို သာချေ။ ဘုံကျောင်းနှင့် ဝေးကွာသော အရပ်ရှိ၊ အဆောက် အအုံ ခေါင်မိုး တစ်ခု ပေါ်တွင်၊ ကြည့်ရှု နေသူ ခုနစ်ဦး ရှိသည်။

“ အထင် ကြီးစရာပဲ ... ၊ ဒီလင်းယွန်က၊ လျိုမူကို ဒီလောက်ထိ တွန်းပို့ နိုင်လိမ့် မယ်လို့၊ မထင် မိဘူး၊ ကောလာ ဟလ တွေထက် အများကြီး ... ”

“ ... ပိုသန်မာ နေတယ်၊ သူရဲ့ ကျင့်ကြံမှု ကိုသာ၊ နောက်ထပ် ခြေ တစ်လှမ်း လှမ်းနိုင်ရင်၊ သူတို့ အားလုံး ပူးပေါင်း ခဲ့ရင်တောင် နိုင်မှာ မဟုတ် တော့ဘူး။ ”

လူငယ် တစ်ဦးက ပြုံးကာ ချီးကျူး လိုက်သည်။

“ ကောင်းကင် လမ်းက အံ့ဖွယ် အမှုတွေ ပြည့်နှက် နေတဲ့ နေရာ တစ်ခုပါ၊ လင်းယွန်က ဒီအထိ လာနိုင်တာ ကိုက၊ အထင် ကြီးဖို့ ကောင်းနေ ပါပြီ၊ ... ”

“ ... သူ့မှာ အခွင့် အရေးတွေ ရှိတယ်လို့ လောင်းကြေး ထပ်ဝံတယ်၊ သူ သန့်စင် ထားတဲ့ နတ်ကြယ် ပုလဲက၊ ငါ တို့ထက် မနိမ့်ဘူး။ ”

နောက်ထပ် လူငယ် တစ်ဦးမှ ခေါင်းညိတ်လျက်၊ ဖြည့်စွက် စကားဆို လာသည်။

“ လူတိုင်းက နာကျင်မှု တွေကို ခွန်အား အဖြစ်၊ လင်းယွန်လို ပြောင်းလဲ နိုင်စွမ်း မရှိ ကြဘူး၊ ... ”

“ ... ကောင်းကင် လမ်းမှာ၊ အခွင့် အရေး တွေကို အမိအရ ဆုပ်ကိုင် နိုင်ရင်၊ ခွန်လွန်ဘုံ ရောက်တဲ့ အခါ၊ အနှေးနဲ့ အမြန် ဆိုသလို၊ ကျော်ကြား လာလိမ့်မယ်။ ”

တတိယ လူငယ်က၊ လူအုပ် အတွင်းရှိ လင်းယွန်ထံ မျှော်ကြည့်ကာ၊ လေးလေး နက်နက်၊ သုံးသပ်ပြ လာသည်။

“ ဟမ့် ... ၊ သူသာ ... ဒုတိယ ကောင်းကင် ရောက်လာရင်၊ နဂါး အဆင့် သတ်မှတ် ချက်ကို၊ ပြောင်းလဲ နိုင်လိမ့်မယ်၊ အခုတော့ ငယ်နေ သေးတာ သနား စရာ ပါပဲ။ ”

သူတို့ အချင်းချင်း ပေါ့ပေါ့ ပါးပါး စကား စမြည် ပြောဆို နေကြစဉ်၊ နားဝင် ချိုသာသော အသံ တစ်သံနှင့် အတူ၊ ကောင်းကင်ကြီး ရုတ်တရက် မှောင်ကျ လာ၏။

ဤဖြစ်စဉ်ကို သတိ ပြုမိသော၊ ရင်ပြင်ရှိ လူ အချို့က၊ သူတို့ ရှိရာ အရပ်ထံ လှမ်းကြည့်လိုက် သော်လည်း၊ မည်သည့် အရာမျှ မြင်ရခြင်း မရှိချေ။

သူတို့ ခုနစ်ဦး ရှိရာ အရပ်အား၊ မမြင် နိုင်သော အတား အဆီး တစ်ခုဖြင့်၊ အုပ်မိုးထား သောကြောင့်၊ အဆင့် တူမှသာ ဖောက်၍ မြင်နိုင်မည် ဖြစ်သည်။ မဟုတ် ပါက မည်မျှ ၎င်းတို့အား မြင်ရန် မဖြစ် နိုင်ချေ။

ထိုအချိန်တွင် အကာ အကွယ် အတွင်း၌၊ ခရမ်းရောင် အလင်းမှုန်များ ရစ်ဝဲ လာပြီး၊ အမျိုး သမီး တစ်ဦး ထွက်ပေါ် လာသည်။

“ ခစ် ... ခစ် ... ခစ် ... ၊ နဂါး ပြည်နယ်ရဲ့ ပထမ တန်းစား ပါရမီရှင် ခုနှစ်ပါး ပါလား၊ ဒီမှာ ဘာလုပ် နေတာလဲ၊ ငါ့ကို စောင့်နေကြ တာလား။ ”

မှော်ဆန်သော မျက်ဝန်း တစ်စုံနှင့်၊ အမျိုးသမီး ထံမှ စွဲမက် စေသည့် အသံ တစ်သံ၊ ထပ်မံ ထွက်ပေါ် လာသည်။

ယင်းမှာ ဖေးရွှယ် ဖြစ်ပြီး၊ ကောင်းကင် လမ်း၌၊ ရက်စက် ကြမ်းကြုတ်သော အပြု အမူ များကြောင့်၊ နာမည်ကြီး ချေ၏။

ထို့ကြောင့် ကျွင့်မုန်ချန်နှင့် ချင်လင်း တို့ နှစ်ဦး အပြင် ကျန်ငါးဦး ကလည်း၊ သတိကြီး စွာဖြင့် ကိုယ်ဟန် ပြင်ယူ လိုက်ကြသည်။

“ စိတ်ဝင်စား စရာပဲ ... ၊ ရေခဲ အလှ တရားက တကယ် ရောက်လာ တာပဲ၊ မင်း တစ်ယောက် တည်းလား၊ ဒါမှ မဟုတ် မင်းရဲ့ စစ်မက် နယ်မြေကို၊ ကိုယ်စား ပြုလား။ ”

အနက်ဝတ် လူငယ် တစ်ဦးက၊ ဖေးရွှယ်အား စိုက်ကြည့်ကာ၊ ပြုံးလျက် မေးသည်။

“ မစိုးရိမ် ပါနဲ့၊ ငါက အပေျာ် ခရီးထွက် လာတာပါ၊ နဂါး တားမြစ် နယ်မြေမှာ နင်တို့နဲ့၊ ယှဉ်ပြီး မလု ပါဘူး။ ”

ဖေးရွှယ်က လျှို့ဝှက်သော အပြုံးဖြင့် ပြန်ဖြေသည်။

“ အပျော် ခရီး ... ဟုတ်လား။ ”

မေးခွန်း ထုတ် ခဲ့သော အနက်ဝတ် လူငယ်က၊ မျက်ခုံးပင့် လိုက်သည်။ ဖေးရွှယ် ကဲ့သို့သော လူမျိုးသည်၊ အပျော် ခရီးထွက် လာလိမ့် မည်ဟု မယုံချေ။

နဂါး တားမြစ် နယ်မြေ၏ အမွေကို ဆက်ခံရန် အတွက် မဟုတ်သော်၊ သူမ အတွက် အခြား စိတ်ဝင် စားစရာများ ရှိချေမည်။

“ ဘာလို့လဲ ... ၊ နဂါး ပြည်နယ်ရဲ့ ကျော်ကြား လှတဲ့၊ အကြီး အကဲ လောချန်က ငါ့လို အားနွဲ့တဲ့ မိန်းကလေးကို၊ ကြောက်နေ တာတော့ မဟုတ် ပါဖူးနော်။ ”

ဖေးရွှယ် စကား အရ၊ အနက်ဝတ် လူငယ်မှာ၊ နဂါး ပြည်နယ်၏ အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

သို့သော် လောချန် ဟူသော ထိုလူငယ်မှာ၊ ပျော်ရွှင်ပုံ မရဘဲ၊

“ မင်းရဲ့ အရည် အချင်းကို မေ့ထား စေချင် လို့လား၊ မင်းသာ အားနွဲ့တဲ့ မိန်းကလေး တစ်ဦး ဆိုရင်၊ ကောင်းကင်လမ်း ပေါ်က ယောက်ျား လေးတိုင်း၊ လမ်း လျှောက်တက် ကာစ ကလေးတွေ အကုန် ဖြစ်ကုန်ပြီ။ ”

-ဟု ခေါင်းယမ်းကာ ခိုင်းနှိုင်း ပြလိုက်သည်။ ကျွင့်မုန်ချန်က လောချန် စကားကို ခေါင်းညိတ် ထောက်ခံပြီး၊

“ အမှန်တော့ ... ၊ သူ ဒီကို အပျော် ခရီးထွက် လာတာ မဟုတ်ဘူး၊ ယွဲ့ဝေဝေကြောင့် ရောက် လာတာပါ၊ ဒါပေမယ့် ... ”

“ ... လင်းယွန်က သူ့ကို တိုက်ခိုက်ပြီး၊ ထွက်ပြေး သွားတဲ့ အတွက်၊ ကလဲ့စား ချေဖို့ ဒီမှာ ရှိနေ တာလို့၊ ငါပြော ရဲတယ်။ ”

ယွဲ့ဝေဝေ ဟူသော အမည်ကြောင့်၊ ကျန်လူငယ်များ မျက်ဝန်း ထဲတွင်၊ ကြောက်ရွံ့မှု အရိပ် အယောင် အချို့၊ ဖြတ်ပြေး သွားသည်။

ထို့ကြောင့် ၎င်း အမည်နှင့်၊ အကြောင်း အရာကို၊ ကျော်လွှား သွားရန်၊ တညီ တညွတ် တည်း ဆုံးဖြတ် လိုက်ကြ၏။

“ ကြည့်ရတာ လင်းယွန်က၊ ငါတို့ရဲ့ ရေခဲ ဘုရင်မကို အနိုင်ယူ သွားပြီ ထင်တယ်၊ မယုံနိုင် စရာ ပါပဲ၊ ... ”

“ ... ဒါပေမယ့် မင်း ဒီကို ရောက်မှတော့၊ နဂါး တားမြစ် နယ်မြေကို လက်လွှတ် ခံမှာ မဟုတ်ဖူး ဆိုတာ၊ ငါ သိတယ်။ ”

-ဟု လောချန်က ဆို၏။

“ တကယ်ပဲ ... ငါက အပျော် ခရီးထွက် လာတာပါ၊ ဒါကြောင့် ငါ့ကို အာရုံစိုက် မနေနဲ့၊ ဒါပေမယ့် ... လိပ်နက် ပြည်နယ်ရဲ့ ... ”

“ ... စစ်မက် နယ်မြေ တစ်ခုက၊ နဂါး ပြည်နယ်ကို၊ စိတ်ဝင်စား နေတယ်၊ သူတို့ ကမှ မင်းတို့ အတွက်၊ ဒုက္ခ အစစ် အမှန်ပဲ။ ”

ဖေးရွှယ်က ပြုံးလျက် ဆိုလိုက် သဖြင့်၊

“ စစ်မက် နယ်မြေလား၊ ဒါဆို ရင်တော့ တကယ့် ဒုက္ခ ပါပဲ။ ”

-ဟု လောချန်မှ တုန့်ပြန် ပြုံးကာ၊ ညည်းတွားဟန် ပြုပြီး၊

“ ဒါပေမယ့် ... ၊ ဒီတားမြစ် နယ်မြေရဲ့ ပိုင်နက်က နဂါး ပြည်နယ် မှာပါ၊ ဘာကိုမှ သူတို့ လွယ်လွယ် ယူခွင့် မရှိိ ပါဘူး။ ”

-ဟု ဆိုလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ မျက်စိ တစ်မှိတ် အတွင်း၊ နေ့တစ်ဝက် ကုန်ဆုံး သွား၏။

နဂါး တားမြစ် နယ်မြေ ဖွင့်လှစ် တော့မည် ဖြစ်ရာ၊ ထိပ်တန်း အဆင့် ကျွမ်းကျင်သူ အများ အပြား၊ စုရုံး လာသည်။

နဂါး တားမြစ် နယ်မြေသည်၊ လူတိုင်း အတွက် အရေး ပါ၏။ အထူး သဖြင့် စွမ်းပကား ကို၊ ပြသ လိုသော ပါရမီရှင်များ အတွက် ဖြစ်သည်။

ရုတ်တရက် ဘုံကျောင်းမှ ထူးခြားသော ရောင်ဝါများ တောက်ပ လာသည်။ လေထုမှာ ရုတ်ချည်း ပြောင်းလဲသွား သဖြင့်၊ ယဇ်ပလ္လင် ထံသို့၊ လင်းယွန်က လှမ်းကြည့် လိုက်သည်။

“ အချိန် ကျ ပြီလား။ ”

မတ်တပ် ထရပ် လိုက်ပြီး၊ စိတ်လှုပ်ရှား စွာဖြင့် ရေရွတ် လိုက်သည်။ တစ်ချိန်တည်း မှာပင် ရင်ပြင်ရှိ၊ လူတိုင်း ထရပ် လာတော့၏။

ထို့စဉ် ရှေးဟောင်း ရူရ် များ လေထဲ ထွက်ပေါ် လာပြီး၊ ယဇ်ပလ္လင် တစ်ခုလုံး တုန်ခါ သွားစေ၏။

သည့်နောက် ကျယ်လောင်သော နဂါး ဟောက်သံများ ဆူညံ လာကာ၊ ကောင်းကင်၌ မိုးကြိုး မုန်တိုင်းများ ဖွဲ့တည် လာသည်။

များ မကြာခင် ယဇ်ပလ္လင် ပေါ်၌၊ ပြင်းပျသော မီးလျှံများ လောင်ကျွမ်း လာပြီး၊ လင်းယွန် အိတ်ထဲရှိ ဘုန်းနေမင်း ဝိညာဉ်ကို၊ လှုပ်ခတ် စေ တော့သည်။

***

All Chapters