နဂါး တားမြစ် နယ်မြေ (၂)။
Vol. 69 Ch. 956
လူတိုင်းက စိတ်လှုပ်ရှား နေသော အမူ အရာနှင့်၊ ယဇ်ပလ္လင် ပေါ်ရှိ မီးတောက် များကို အာရုံစိုက် နေမိသည်။
လင်းယွန် တစ်ယောက် ရှေ့သို့ တရွေ့ရွေ့ တိုးကပ် လာစဉ်၊ မမြင်နိုင်သော အတား အဆီး တစ်ခုက၊ ယဇ် ပလ္လင်ကို ဖုံးအုပ် ထားမှန်း၊ သတိ ထားမိ လာသည်။
ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်ကျ သွားပြီး၊ ကြယ်ခုနစ် ပွင့် တောက်ပ လာသည်။
၎င်းတို့က နဂါး (၇)ကောင် ကဲ့သို့ လူးလွန့် နေပြီးနောက်၊ ဧရာမ နဂါးကြီး အဖြစ် ပေါင်းစပ် လာသည်။
“ နဂါး ခုနစ်ကောင်၊ ကြယ်စင်စု လား။ ”
( ကြယ်စင်စု ဆိုသည်မှာ၊ ပမာဏ တစ်ခု ပါဝင်သော ကြယ်ပွင့် အစု အဝေးကို ဆိုလို ချေ သည်။ )
ကြယ် ခုနစ် ပွင့်သည် နဂါး ပြည်နယ်၏၊ ကြယ်ဝိညာဉ် (၇)ပါးနှင့် ဆက်နွယ်မှု ရှိကြောင်း၊ နားလည် လိုက်မိသည်။
“ ဝှစ် ... ။ ”
ထို့စဉ် တောက်ပသော ဝိညာဉ်တော် တစ်ပါးက၊ ကြယ်ခုနှစ်ပွင့် ဆီသို့ ရုတ်တရက် ဦးတည် သွား လေသည်။
၎င်းကြယ် ဝိညာဉ်က၊ ကြယ်စင်စုနှင့် ပေါင်းစပ် လိုက်သော အခါတွင်၊ နဂါးမှာ ပို၍ လင်းလက် လာ၏။
သည့်နောက် မြေပြင်မှ ကြယ် ဝိညာဉ်များ၊ ထပ်မံ ပြေးဝင် ပေါင်းစည်း သွားပြီး၊ အပြာရောင် နဂါး အဖြစ် ပို၍ ထွန်းလင်း လာသည်။
“ ညီအစ်ကို လင်း၊ မင်း အလှည့် ရောက်ပြီ။ ”
မီးဝိညာဉ် ပိုင်ရှင်မှ ပြုံးကာ၊ လှမ်း ပြောသည်။ လင်းယွန်က ခေါင်းညိတ်လျက် ဘုန်းနေမင်း ဝိညာဉ်အား၊ ထုတ်ယူ လိုက်၏။
ဤမီးဝိညာဉ် ပိုင်ရှင်သည် ၎င်းတို့ ငါးပါး အနက်၊ အဖော် ရွေဆုံး ဖြစ်လေသည်။ ကျန်(၄) ပါးမှာ အနည်းငယ် မာနကြီး ပြနေ ချေ၏။
ထို့နောက် ပေါင်းစည်းရန်၊ ဘုန်းလမင်း ဝိညာဉ်သာ ကျန်ရှိ ပေတော့သည်။ ၎င်း ဝိညာဉ် ပိုင်ရှင်မှာ၊ ယခု အချိန်ထိ ပုန်းကွယ် နေသဖြင့်၊ လူတိုင်း ပတ်ဝန်း ကျင်ထံ ဝေ့ကြည့် မိကုန်၏။
ကြယ်ဝိညာဉ် ငါးပါးပင်၊ မျက်မှောင်ကြုတ် ကုန်ကြသည်။ သို့သော် ရွှင်မြူး နေသော ရယ်သံ ရုတ်တရက် ထွက်ပေါ် လာပြီး၊
“ ဟား ဟား ဟား ... စိတ်လျှော့ပါ၊ ငါ လာပြီ။ ”
ရုတ်တရက် ကြယ်ဝိညာဉ် တစ်ပါး၊ ပြေးထွက် လာပြီး၊ နဂါး ခုနစ်ကောင် ကြယ်စင်စု အတွင်းသို့၊ ဝင်ရောက် သွားလေသည်။
သည့်နောက် အပြာရောင် နဂါး ကြီးမှာ၊ အသက်ဝင် လာပြီ၊ ဘုံကျောင်းအား ရစ်ခွေလာ တော့၏။
ယင်းမှာ ဤနေရာရှိ၊ လေဟာနယ် တစ်ခု လုံးကို၊ သိမ်းပိုက်ထား သကဲ့သို့၊ ထင်မှား လာမိ စေသည်။
“ အချိန်-အာကာသ နိယာမ။ ”
ယင်းမှာ အချိန်နှင့် အာကာသ နိယာမ ဖြစ်ကြောင်း၊ လင်းယွန်က ရိပ်မိသည်။ သို့သော် ထိုနယ်ပယ်မှာ မြင့်မားလွန်း သဖြင့်၊ ၎င်းထက် ပို၍ နားမလည် နိုင်ပေ။
နဂါးဓား ရောင်ဝါအား၊ တိုးတက်မှု ရစေ ရန်သာ၊ ၎င်းကို ဆင်ခြင် နိုင်ခဲ့သည်။ ထို့နောက် မီးလျှံများ တောက်လောင် နေသော ယဇ်ပလ္လင် ပေါ်၌၊ တံခါး တစ်ချပ် ပွင့်လာ၏။
များမကြာမီ ကြယ်ဝိညာဉ် ပိုင်ရှင်များ ဆင်းသက် လာပြီး၊ ဝိညာဉ် များကို ပြန်လည် ရယူ နေကြောင်း၊ မြင်လိုက် ရသည်။
လင်းယွန်က ဘုန်းနေမင်း ဝိညာဉ်ကို ဆုပ်ကိုင် လိုက်သည်။ သူ့ကဲ့ သို့ပင် ယုဟိုရှင်း သည်လည်း၊ လက်လှမ်း နေသည်ကို၊ မြင်လိုက် ရ၏။
၎င်းက လင်းယွန်အား လှည့်ကြည့်ပြီး၊ ပြုံးပြကာ တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ် သွား တော့သည်။
မီး ဝိညာဉ် ပိုင်ရှင်က၊ ယင်းကို သတိထား မိပြီး၊ ယုဟိုရှင်းအား တစ်ချက် လှမ်းကြည့်ကာ၊ လင်းယွန်ထံ လှည့်၍၊
“ သူရဲဘောကြောင်တဲ့ လူပြက် တစ်ယောက်ပါ၊ သူက မင်းကို ယှဉ်လို့ မရ ပါဘူး။ ”
-ဟု ဆိုလိုက် လေသည်။
ယုဟိုရှင်းမှာ လျှော့တွက်၍ မရကြောင်း သူသာ အသိဆုံး ဖြစ်သောကြောင့်၊ လင်းယွန်က မတုံ့ပြန် ခဲ့ချေ။
အခွင့် အရေး ရပါက၊ ယုဟိုရှင်းအား သတ်ပစ် ရပေမည်။ မဟုတ်သော် အန္တရာယ် ပေးနိုင်၏။
တံခါး ပွင့်ပြီးနောက်၊ ရှေးဟောင်း ရောင်ဝါများ ပျံ့လွင့် လာသဖြင့်၊ လူတိုင်း စိတ် လှုပ်ရှား ကုန်သည်။
သို့သော် လူအုပ် ကြီးမှ တံခါးထံ၊ ပျံသန်း တော့မည့် အချိန်တွင်၊ ကောင်းကင်၌ အကန့် အသတ်မဲ့ ဖိအား တစ်ခု ပေါ်လာသည်။
“ နဂါး ပြည်နယ်ရဲ့၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါး။ ”
ပုံရိပ်များ ယဇ်ပလ္လင်ပေါ် ဆင်းသက် လာသဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် သွားသည်။
လင်းယွန်က စိတ်ဝင်စားစွာ လှမ်း ကြည့်မိ၏။ သူတို့အား မြင်ချိန်၌၊ ကြယ်ဝိညာဉ် များအတွက်၊ အဘယ့်ကြောင့် တိုက်ပွဲ မဝင်ကြ သည်ကို၊ နောက်ဆုံး၌ နားလည် သွား၏။
သူတို့၏ ခွန်အား အရ၊ စကား တစ်ခွန်း ပြောရုံဖြင့်၊ လူတိုင်းက လက်လျော့ သွားမည် ဖြစ်သည်။
“ အနက်ဝတ် လူငယ်က၊ နဂါး ပြည်နယ်ရဲ့ အကြီး အကဲ လောချန်ပဲ၊ နဂါးခေါင်း လို့လည်း ခေါ်ကြတယ်၊ အဖြူဝတ် လူငယ်က ကျွင့်မုန်ချန်၊ သူ့ဘေးက ချင်လင်းပဲ ... ။ ”
မီးဝိညာဉ် ပိုင်ရှင်က၊ စူးစမ်း နေသော လင်းယွန်၏ အကြည့် များကို မြင်သည်နှင့်၊ မိတ်ဆက် ပေးသည်။
ထို့ကြောင့် လင်းယွန်က ပြုံးကာ၊ ကျေးဇူးတင်ကြောင်း ပြသ လိုက်၏။ အဆိုပါ (၇) ဦး တံခါး အတွင်း၊ ဝင်ရောက် သွားသော အခါ မှသာ၊ ဖိအားများ ပျောက်ကွယ် သွားသည်။
ထို့နောက် လူပေါင်း များစွာ၊ တံခါး ထံသို့ ပျံသန်းလာ သဖြင့်၊ ရင်ပြင် တစ်ခုလုံး ဆူပွက် သွား တော့သည်။
“ လင်းယွန် ... ၊ မင်း ငါနဲ့ မတွေ့အောင် နေတာ ပိုကောင်း လိမ့်မယ်။ ”
လျိုမူက မထွက် ခွာခင် လင်းယွန်အား စိုက်ကြည့်ပြီး၊ သတိပေး သွားခဲ့သည်။
“ ဘယ်သူ ဘာဖြစ် မလဲ ဆိုတာ ... ၊ ငါတို့ မကြာခင် သိရမှာပင်။ ”
လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။ ထို့နောက် မီးခိုးတန်း သဖွယ် တံခါးဝသို့ ပြေးဝင် လိုက်တော့၏။
ကြယ်ရောင်စုံ လင်းလက် နေသော ကောင်းကင် ကြီးကို၊ ဖြတ်ကျော် နေသည့် လေဟာနယ် လှိုင်း များကို ခံစား လာရသည်။
အမြင် အာရုံများ ပြန်လည် ရရှိ လာသော အခါတွင်၊ လွင်ပြင်ကြီး တစ်နေရာ၌၊ ရပ်လျက် ဖြစ်ကြောင်း၊ သိလိုက် ရ၏။
ပတ်ဝန်းကျင်၌ မည်သူမျှ မရှိချေ။ တိတ်ဆိတ် ငြိမ်သက် နေပြီး၊ မြေပြင်၌ အက်ကွဲ ကြောင်း များဖြင့်၊ ပြည့်နှက် နေသည်။
ရုတ်တရက် ကောင်းကင်တွင် တိုက်ခိုက် နေသော လူနှစ်ယောက်၏ ပုံရိပ်များ ထင်ရှား လာသည်။ ယင်းကို အာရုံစိုက် လိုက်စဉ်၊ ပျောက်ကွယ် သွားပြန်သည်။
“ ကြောက်စရာ ကောင်းလိုက်တဲ့ လျှပ်စီးတွေ၊ ဒါက ကောင်းကင် ကပ်ဘေး ခံယူရ တာထက် ပိုပြင်းတယ်၊ ဒါကြောင့် မပျံသန်း သင့်ဘူး။ ”
ကောင်းကင်ရှိ မိုးကြိုး မုန်တိုင်း များကို မော့ကြည့်ကာ၊ လေးနက်သော အမူ အရာနှင့်၊ ရေရွတ် လိုက်သည်။
အောင်မြင်မှု ရရှိရန် အတွက်၊ အခွင့် အရေး များအား ရှာဖွေ ရပေမည်။ သူတော်စင် ဆေးလုံး များနှင့်၊ သားရဲ အမြုတေ များမှာ၊ ၎င်းကို ဖြည့်ဆည်း ပေးနိုင်၏။
အဖိုး တန်သော အရာ တစ်ခု ခုကို ရှာတွေ့ နိုင်သရွေ့၊ ဒုတိယ ဒုက္ခ ခံယူရန် ပြဿနာ ရှိမည် မဟုတ်ပေ။
ပတ်၀န်းကျင်တွင် ကျွမ်းကျင်သူ များစွာ ရှိသောကြောင့်၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ သည်ပင်၊ လုံလောက် ပြီဟု မထင်ချေ။
အခြားသော ကြယ်ဝိညာဉ် ပိုင်ရှင်များ အပါအဝင်၊ ရွက်ပုန်းသီး ပညာရှင် များနှင့် ရင်ဆိုင် ရပါက၊ ခက်ခဲ လာ နိုင်သည်။
နဂါးလေးက မြင်း တစ်ကောင် အသွင် ပြောင်းလဲကာ၊ လင်းယွန်အား ကျောပေါ်တင် လျက်၊ ခရီးအား စတင် လိုက်တော့သည်။
ကြောင် ပုံစံသည် သူ၏ တိုက်ပွဲဝင် စွမ်းအားကို၊ အပြည့်အဝ ထုတ်ပေး နိုင်ပြီး၊ မြင်း ပုံစံမှာ၊ ထွက်ပြေး ခြင်း၌ အကောင်းဆုံး ဖြစ်လေ သည်။
သို့သော် ၎င်းပုံစံ နှစ်ခုမှာ၊ နဂါးလေး၏ အကန့် အသတ် မဟုတ် သေးကြောင်း၊ သူခံစား မိသည်။
၎င်း၏ မျိုးဆက်သွေး နိုးထလာ သည်နှင့် အမျှ၊ အံ့အားသင့် စရာများ ယူဆောင် လာမည် ဖြစ်သည်။
***