← Chapters

စိတ်မပူနဲ့ လာခဲ့မယ်။

Vol. 69 Ch. 957

စိတ်မပူနဲ့ လာခဲ့မယ်။

Vol. 69 Ch. 957

မြင်း တစ်ကောင်နှင့် လူ တစ်ယောက်က၊ နဂါး တားမြစ် နယ်မြေ အတွင်း လျင်မြန်စွာ ခရီးနှင် နေခဲ့ ကြသည်။

လမ်း တစ်လျှောက် တိုက်ပွဲ မြင်ကွင်း၊ များကို ကြိုကြား ကြိုကြား မြင်ခဲ့ ရသည်။ အထူး သဖြင့် ကောင်းကင်ပေါ် ပျံတက်ပြီး၊ တိုက်ပွဲများ ဆင်နွှဲ တက်ကြ၏။

ကံမကောင်း စွာဖြင့်၊ မည်သည့် ရတနာ ကိုမျှ ရှာမတွေ့ ခဲ့ဘဲ၊ တားမြစ် နယ်မြေ အကြောင်းကို အကြမ်းဖျင်း သဘောပေါက် လာမိသည်။

အဆောက် အဦး တိုင်းမှာ၊ ကြယ်နဂါး ခုနစ်ကောင်နှင့် ဆက်စပ် နေသည်။ ကြယ်နဂါး တစ်ကောင်တွင်၊ ကြယ် (၁၈) လုံး ပါရှိ၏။

ဆိုလို သည်မှာ လက်ရှိ ကြယ်စင်စု၌၊ ကြယ်နဂါး ခုနစ်ကောင် ရှိသဖြင့်၊ ကြယ် (၁၂၆) လုံး ရှိလေပြီ။

“ ဒါဆို မဟာ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း အောက်မှာ၊ ဂိုဏ်းပေါင်း (၁၂၆) ဂိုဏ်း ရှိရမယ်၊ အဲဒီ ဂိုဏ်းတွေ အားလုံးက၊ ဂိုဏ်းကြီး ခုနစ် ဂိုဏ်းရဲ့ လက်အောက်ခံ တွေပဲ။ ”

အဆောက် အဦး နံရံရှိ ပန်းချီကား တစ်ချပ်ကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် ရေရွတ် လိုက်သည်။

ပန်းချီကား ထဲတွင် လက်ရှိ ကြယ်စင်စု နယ်မြေ၏၊ (၁၂၆) ဂိုဏ်း တည်နေရာ များကို မြေပုံ အဖြစ် ရေးဆွဲ ထားသည်။

အချိန် အနည်းငယ် ကြာ ပြီးနောက်၊ အပျက်အစီး နယ်မြေ အတွင်းသို့၊ ဆက်၍ ဦးတည် လိုက်သည်။

အဆောက် အဦး များတွင်၊ ရတနာပေါင်း (၁၂၆) ခုကို၊ ဝှက်ထား ချေပြီ။ တန်ဖိုး ရှိသော ရတနာ များကို၊ နေ၊ လ၊ ရွှေ၊ ထင်း၊ ရေ၊ မီး၊ မြေကြီး တို့နှင့် ဆက်စပ်သော ဘုံဗိမာန် များ၌၊ မြှုပ်နှံထား ပေ၏။

၎င်းတို့အား ရယူ ပြီးနောက်၊ နဂါး တားမြစ် နယ်မြေ၏ အဓိက ရတနာ များထံသို့ ဆက်၍ သွားနိုင်ပြီ ဖြစ်သည်။

“ ဒါဆို သာမန် အဆောက် အဦး တွေကို လျစ်လျူရှု ထားလို့ ရပြီ၊ ကြယ် ဗိမာန် ခုနစ်ခု ကသာ၊ အရေး ကြီးတယ်။ ”

ဆုံးဖြတ် ချက်အား မြန်မြန် ဆန်ဆန် ချလိုက်သည်။ ကျပန်း အပျက် အစီး များမှပင်၊ အထက်ပါ အချက် အလက် များကို ရနိုင် သဖြင့်၊ အခြား လူများ သည်လည်း၊ အလားတူ ရှာတွေ့ နိုင်လေသည်။

နှစ်နာရီကြာ ပြီးနောက် ထူးဆန်းသော နယ်မြေ တစ်ခုသို့ ရောက်ရှိ လာသည်။ မြေပြင် အနှံ့ အပျက် အစီး များနှင့် ပြည့်နှက် နေပြီး၊ ကျောက်တုံးများ လေထဲ လွင့်မျော နေသည်။

၎င်းတို့မှာ ထောင် ဂဏန်းခန့် ရှိပြီး၊ သူတို့ပေါ်၌ အင်ပါရီယန် အလောင်းများ ရှိ၏။ ယင်း မြင်ကွင်းသည် တုန်လှုပ် ခြောက်ခြား ဖွယ်ရာ ကောင်းပေသည်။

ထိုအလောင်း များမှာ လင်းယွန်ကို သာမက၊ ထပ်မံ ရောက်ရှိ လာသော ကျင့်ကြံသူ တိုင်းကို ထိတ်လန့် သွားစေသည်။

သို့သော် သူတို့ မျက်နှာ၌၊ ထိတ်လန့်မှု များထက် ပျော်ရွှင်မှုက ပိုလေသည်။ အင်ပါ ရီယန် များ၏ ခန္ဓာမှာ ရတနာများ ဖြစ်မှန်း သတိရ သွားသောကြောင့် ဖြစ်လေသည်။

၎င်းတို့ ထံမှ နတ်ကြယ် ပုလဲ များနှင့်၊ ကျင့်ကြံမှု နည်းစနစ် များကို တွေ့ရှိ နိုင်သည်။ ယင်းမှာ အဖိုး မဖြတ် နိုင်သော ရတနာများ ဖြစ်၏။

နတ်ကြယ် ပုလဲ များက၊ လင်းယွန်ကို ကြီးစွာသော လောဘ ဖြစ်စေသည်။ ဒုက္ခ ခံယူ စဉ်က၊ နတ်ကြယ် ပုလဲ များကို မသုံး ပြုထား သဖြင့်၊ ကြယ်ပုလဲ များမှာ၊ တိုးမပေါက် တော့ချေ။

“ ငါ ကြည့်သင့်တယ်၊ ဒီလို တန်ဖိုး ရှိတဲ့ နေရာကို တွေ့ဖို့ ဆိုတာ မလွယ်ဘူး။ ”

ထို့နောက် ကျောက်တုံး တစ်တုံး ပေါ်သို့ ခုန်တက်ကာ၊ အလောင်း တစ်လောင်းကို စူးစမ်း လိုက်သည်။

လက်လှမ်းပြီး ညင်သာစွာ ထိတွေ့ လိုက်သော အခါတွင်၊ ဖုန်မှုန့်များ အဖြစ် ပြန့်ကျဲ ပျောက်ကွယ် သွားသည်။

“ အချိန် စွမ်းအားက၊ တကယ် တိုက်စား နိုင်စွမ်း ပြင်းတာပဲ။ ”

လင်းယွန် တစ်ယောက် သက်ပြင်းချ လိုက်မိသည်။ အင်ပါ ရီယန် အလောင်း များနှင့် သူတို့၏ ရတနာ များကိုပင်၊ အမှုန် အဖြစ် တိုက်စား သွားလေပြီ။

ထို့နောက် အနားရှိ ကျောက်တုံးကြီး တစ်တုံးပေါ် ခုန်တက် လိုက်သော အခါတွင်၊ အလောင်း ကောင်မှာ ချက်ချင်း ကြွေကျ ပျောက်ကွယ် သွားသည်။

“ ချွင် ... ။ ”

သို့သော် ဓား တစ်လက်က ပျောက်ကွယ် သွားခြင်း မရှိဘဲ၊ ကျောက်တုံးပေါ် တင်ကျန်ရစ် ခဲ့၏။

“ ဒါ … ။ ”

ယင်းမှာ ရှားပါးသော ရတနာ တစ်ပါး ဖြစ်ချေမည်။

“ အိုး ... ၊ တာအို အဆင့် ရှေးဟောင်း ပစ္စည်းပဲ။ ”

ရုတ်တရက် လင်းယွန် နောက်ကျောမှ၊ တည်ငြိမ်သော အသံ တစ်သံ ထွက်ပေါ် လာ၏။ သူ လှည့်ကြည့် လိုက်ရာ၊ မီးခိုးရောင် ဝတ်ရုံဖြင့်၊ ပိန်သွယ်သော လူငယ် တစ်ဦး၊ ကောင်းကင်မှ ညင်သာစွာ ဆင်းသက် လာသည်။

ထိုလူငယ်မှ ထုတ်လွှတ် ထားသော အရှိန်အဝါ အရ၊ လျိုမူထက် အားနည်းခြင်း မရှိကြောင်း ပြောနိုင်သည်။

နဂါး တားမြစ် နယ်မြေ အတွင်း၊ လက်သည်းဝှက် ထားသော ကျွမ်းကျင် သူများ မည်မျှ ရှိနေ မည်ကို မသိ တော့ချေ။

ဤမျှ နီးကပ်သော အနေ အထား ရောက်လာသည် အထိ၊ သတိ မထား မိသည်မှာ၊ သန်မာကြောင်း ပြသရာ ရောက်ပေ၏။

“ မင်းက ဘယ်သူလဲ။ ”

သို့သော် မီးခိုး ရောင်ဝတ် လူငယ်က၊ လင်းယွန် မေးခွန်းကို လျစ်လျူရှုပြီး ဓားထံ လှမ်းကြည့်ကာ၊

“ ရှေးဟောင်း တာအို လက်ရာ တစ်ပါးကို တွေ့ရတယ် ဆိုတာ၊ တကယ့်ကို ကံကောင်းလို့ ပါပဲ၊ ဒီမှာ ရတနာတွေ အများကြီး ရှိပုံ ရတယ်။ ”

-ဟု ဆိုလိုက်၏။

တစ်ဆက် တည်း မှာပင် လင်းယွန် ထံမှ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ခံစားမိ သဖြင့်၊

“ မစိုးရိမ် နဲ့ ... ၊ ငါက ဓားတွေကို စိတ်မဝင် စားဘူး၊ ပြီးတော့ ဒီတာအို လက်နက်ရဲ့၊ တာအို စည်းချက် ကလည်း၊ ပျောက်ကွယ် နေပြီ၊ ... ”

“ ... ဒီဓားထက်၊ ငါက မင်းကို ပို စိတ်ဝင် စားပါတယ်၊ ပယင်း နယ်မြေရဲ့ ဓားသမား တစ်ယောက်က ဒီလောက် ထိတောင် စွမ်းဆောင် နိုင်ခဲ့တာ ကိုက၊ ... ”

“ ... အံ့သြ စရာ ကောင်းနေပြီ၊ ဒါပေမယ့် မင်းက အားနည်း သေးတယ်၊ ကောင်းကင်လမ်း အဆုံးကို မေ့ထား လိုက်ပါ၊ နဂါး တားမြစ် နယ်မြေမှာ၊ မင်း အမှား လုပ်မိ မှာကို ငါ ကြောက်မိတယ် … ။ ”

လူငယ်က ရှည်လျားသော စကား များကို၊ ဖြည်းညင်းစွာ ဆိုလာသည်။

“ မင်း ... ဘာကို ပြောချင် နေတာလဲ။ ”

လင်းယွန်က ပြန်မေး လိုက်သည်။

“ ကောင်းကင်လမ်း အဆုံးကို ရောက်ဖို့ ဆိုတာက ခက်တယ်၊ အနည်း ဆုံးတော့ မင်း နာမည်ကို ကောင်းကင် ကြေးမှုံမှာ၊ ... ”

“ ... ပေါ်လာအောင် အရင် လုပ်ဖို့ လိုတယ်၊ ဒါမှ နှစ်ဝက်နေရင် စတင်မဲ့၊ ကောင်းကင်လမ်းရဲ့ နောက်ဆုံး တိုက်ပွဲကို နွှဲခွင့် ရလိမ့်မယ်။ ”

မီးခိုးရောင် ဝတ် လူငယ်မှ ရှင်းပြသည်။

“ ကောင်းကင် ကြေးမှုံမှာ ပေါ်လာဖို့ ဆိုတာက မခက် ပါဘူး၊ နဂါး အဆင့် သတ်မှတ် ချက်က၊ ဒီအဆင့်ကို မီပါတယ်။ ”

သို့သော် လင်းယွန်က စိုးရိမ်ခြင်း မရှိဘဲ၊ တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။

“ မင်း ပြောတာ မှန်တယ်၊ ... ”

မီးခိုးရောင် ဝတ် လူငယ် မှလည်း၊ လင်းယွန် စကား အပေါ်၊ ငြင်းခုန်ခြင်း မရှိချေ။

“ သူတို့ရဲ့ နာမည်တွေ၊ ကောင်းကင် ကြေးမှုံမှာ ရှိပေမယ့်၊ ထင်ထင် ရှားရှား မရှိဘူး၊ မင်း နာမည် ကသာ မတောက် ပရင်၊ တခြား လူတွေရဲ့၊ ဝါးမျိုခြင်း ခံရ လိမ့်မယ်၊ ... ”

“ ဒါက နောက်ဆုံး တိုက်ပွဲကို ယှဉ်ပြိုင်ခွင့်၊ ရှိတော့မှာ မဟုတ်ဘူး၊ အရည် အချင်း ပြည့်မီတဲ့ လူတစ်ရာ လောက် ကပဲ၊ ပြိုင်ခွင့် ရလိမ့်မယ်။ ”

ယင်းကို ယခု မှသာ ကြားဖူးခြင်း ဖြစ်သောကြောင့်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။

“ အံ့သြ သွားလား ... ။ ”

မီးခိုးရောင် ဝတ် လူငယ်က ပြုံးလိုက်ပြီး၊

“ ကောင်းကင် လမ်း အဆုံးမှာ၊ ခွန်လွန် နယ်မြေရဲ့ မဟာ ဂိုဏ်းကြီး တွေက ငါ တို့ကို စောင့်ကြည့် နေတယ်၊ ... ”

“ ... သူတို့ရဲ့ တပည့် ဖြစ်ဖို့ ဆိုရင်၊ ခွန်လွန် နယ်မြေက လူငယ် တိုင်းတောင်၊ အရည် အချင်း ပြည့်မီ လှတာ မဟုတ်ဘူး၊ ဒီတော့ ... ”

“ ... ငါတို့မှာ ကောင်းမွန်တဲ့ အလား အလာတွေ မရှိရင်၊ အဲဒီ ဂိုဏ်းတွေက မင်းကို ရွေးမယ် ထင်လား၊ ... ”

“ ... အခု မင်းက အားနည်း နေသေးတဲ့ အတွက်၊ အဆုံးထိ ရောက်နိုင်ပါ့ မလား ဆိုတာ၊ သံသယ ဖြစ်စရာ ပါပဲ၊ ... ”

“ ... ကောင်းကင် လမ်းမှာ ရှိတဲ့၊ ပထမ တန်းစား ကျွမ်းကျင်သူ တွေက၊ ဘယ်လောက် အထိ၊ ကြောက်စရာ ကောင်းလဲ ဆိုတာ၊ မင်း မသိ ပါဘူး။ ”

-ဟု ဆိုလေသည်။

“ ဒါတွေကို ... ၊ မင်းဘာလို့ ငါ့လာ ပြောပြ နေရ တာလဲ။ ”

လင်းယွန်က ပြန်မေးသည်။

“ မင်းနဲ့ ထိပ်တန်း အဆင့် ပါရမီရှင်တွေ ကြားက၊ ခြားနားချက်ကို နားလည် စေချင် လို့ပဲ၊ ဒါပေမယ့် မင်း ငါနဲ့ အတူ၊ ပူးပေါင်း လိုက်ရင် မင်းမှာ အခွင့် အရေး ရှိနိုင် ပါတယ်။ ”

မီးခိုးရောင် ဝတ် လူငယ်က ရိုးရှင်းစွာ ပြန်ဖြေ၏။ နောက်ဆုံး၌ လင်းယွန် တစ်ယောက် နားလည် လာတော့ သည်။

လျိုမူနှင့် သူ၏ တိုက်ပွဲကြောင့်၊ ဤလူငယ်မှာ လူသစ် စုဆောင်းချင် နေပုံ ရသည်။

“ မင်းက ... ၊ ငါ့ ခွန်အားကို သံသယ ဝင်နေ တာလား။ ”

လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးအား သတိပြုမိ လိုက်သော၊ မီးခိုးရောင် ဝတ် လူငယ်က ပြုံးကာ၊

“ ရွှေ ဝိညာဉ်ကို ငါ လိုချင်ရင်၊ လုယူ နိုင်တယ်၊ မင်းလိုပဲ ငါ့မှာ ဝှက်ဖဲတွေ ရှိတယ်၊ ငါတို့ နှစ်ယောက် ပူးပေါင်း လိုက်ရင်၊ ကြယ် ဝိညာဉ် ပိုင်ရှင်တွေ ကိုတောင်၊ ရင်ဆိုင်နိုင် လိမ့်မယ် ။ ”

-ဟု ရှင်းပြ လာ၏။

ဤလူငယ်မှာ သူ့အပေါ် နားလည်မှု လွဲနေမှန်း သိလိုက်ရ သဖြင့်၊ လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊

“ မဟုတ်ဘူး ... ၊ ငါ မင်းကို နှိမ့်ချပြီး မြင်နေတာ မဟုတ်ဘူး၊ တစ်ယောက်တည်း နေရတာ ကိုက ငါ့ အကျင့် ဖြစ်နေပြီ၊ ... ”

“ ... ငါ့မှာ မိတ်ဆွေ ဖွဲ့ဖို့ ဆန္ဒ မရှိဘူး၊ ဒါပေမယ့် တကယ် လိုအပ်တဲ့ ရတနာ တစ်ခု မဟုတ် မချင်း၊ မင်းနဲ့ ပြိုင် မလု ပါဘူး၊ ... ”

“ ... ပြီးတော့၊ မင်း ... ငါ့ကို မျှဝေ ခဲ့တဲ့၊ အချက် အလက်တွေ အတွက်၊ တကယ့် ကျေးဇူး တင်ပါတယ်၊ ... ”

“ ... ငါက နိမ့်ကျတဲ့ နယ်မြေ လေးက လာတာ နဲ့ပဲ၊ ဒီမှာ အားနည်း လွန်းတယ် ဆိုတဲ့ အမြင်ကို၊ လက်မခံ နိုင်ဘူး။ ”

သူ၏ ပြတ်သားသော သဘော ထားကို ထုတ်ပြ လိုက်သည်။ မြင့်မြတ် မြေ များထက် အားနည်းသည် ဟူသော အမြင် အပေါ်၊ သဘော မတူချေ။

“ စိတ်ဝင်စား စရာပဲ။ ”

လင်းယွန်၏ ငြင်းဆန် မှုကြောင့်၊ မီးခိုးရောင် ဝတ် လူငယ်က ပြုံးလိုက်ပြီး၊

“ မင်း ... နားလည်အောင်၊ ငါ ရှင်းမပြ နိုင်ခဲ့ဖူး ထင်တယ်၊ ဘာပဲ ဖြစ်ဖြစ် အမှန် တရား တွေကိုတော့ လျစ်လျူ မရှု ပါနဲ့၊ မဟုတ်ရင် မင်း နာကျင်ရ လိမ့်မယ်၊ ဒါဆို ကံကောင်း ပါစေလို့၊ ငါ ဆုတောင်း ပေးခဲ့မယ်။ ”

မီးခိုးရောင် ဝတ် လူငယ် လေးက၊ နှုတ်ဆက်ကာ ကောင်းကင်ပေါ် ခုန်တက်စဉ်၊ လင်းယွန်ထံ လည်ပြန် လှည့်ကြည့်ပြီး၊

“ သြော် ... မေ့လို့ ... ၊ ငါ့ နာမည်က ချမ်ရွှင်းပါ၊ ဒီနေရာက အရမ်း ပျက်စီး နေပြီ၊ ပြောချင် တာက၊ ... ”

“ ... ဒီမှာ ဘာမှ ကောင်းတာ မရှိဘူး ... ၊ မင်းရဲ့ အချိန် တွေကို ဖြုန်းတီး နေတာ ရပ်ပြီး၊ ကြယ် ဗိမာန် ဆီကို သွားသင့်ပြီ။ ”

သည့်နောက် လင်းယွန် ပခုံး ပေါ်ရှိ နဂါး လေးကို ကြည့်ကာ၊

“ သူ ... ၊ ငါ့ကို တကယ် ကြည့်နေ တာပဲ ... ။ ”

-ဟု ဆိုလျက် ပြုံးပြ လာလေသည်။

နောက်ဆုံးတွင် ချမ်ရွှင်းမှာ၊ လျိုမူထက် များစွာ အားကောင်းလှ ဖြစ်ပြီး၊ အဘယ့်ကြောင့် သည်မျှ သဘော ကောင်းနေ သည်ကို၊ သူ မသိ တော့ချေ။ ထို့နောက် မျက်ဝန်းများ မှိတ်ချပြီး၊ ပြုံးလိုက် မိတော့၏။

“ စိတ်မပူနဲ့ ငါ လာခဲ့မယ်။ ”

***

All Chapters