← Chapters

ထွက်သွားပါ။

Vol. 69 Ch. 958

ထွက်သွားပါ။

Vol. 69 Ch. 958

ချမ်ရွှင်းကြောင့် အနည်းငယ် စိတ် အနှောင့် အယှက် ဖြစ်ခဲ့ရ သော်လည်း၊ သူ့စကား များမှာ အမှန် တရားများ ဖြစ်လေသည်။

လက်ရှိ ခွန်အား အရ၊ ကောင်းကင် လမ်းမှ၊ ထိပ်သီး ပါရမီရှင် များကို ယှဉ်ရန် အားနည်း လွန်းနေ သေးသည်။

ကျင့်ကြံမှု အဆင့်သည် လူ တစ်ဦး၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့်၊ ဓားကိုသာ အားကိုး နေပါက၊ ၎င်းတို့အား အမီလိုက် ရန်မှာ ခက်ခဲ သွားမည် ဖြစ်၏။

နောက်ဆုံး အဆင့်တွင်၊ ထူးချွန်သူ များမှာ၊ အစွမ်း ထက်သော သိုင်း ရည်ရွယ်ချက် များနှင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာများ ရှိနိုင် ပေသည်။

“ ငါ စွန့်စား ရမယ်။”

ပြတ်သားသော ဆုံးဖြတ် ချက်ကြောင့်၊ မျက်ဝန်းများ တောက်ပ လာသည်။ တားမြစ် နယ်မြေ အတွင်း၊ တတိယ ကောင်းကင် ဝိညာဉ် သို့ ရောက်ရှိရန်၊ ကြိုးစား ရမည် ဖြစ်၏။

များမကြာခင် ပတ်ဝန်းကျင်၌ လူများ ရောက်ရှိ လာပြီး၊ အလောင်း များကို၊ ရှာဖွေကြ တော့သည်။ သို့သော် လူတိုင်း စိတ်ပျက် လက်ပျက် ခေါင်းခါ နေကြသည်။

ချမ်ရွှင်း ပြောသလိုပင်၊ ဤနေရာ၌ တန်ဖိုးရှိသော ရတနာများ ရှိပုံ မရ တော့ချေ။ ရတနာ တစ်ခုကို လိုချင် ပါလျှင်၊ ကြယ်ဗိမာန် များထံ သွားရှာသင့် လေပြီ။

“ ဒီတာအို လက်ရာ ကိုတော့ ... ၊ အရင် စမ်းကြည့် သင့်တယ်။ ”

သူ့ အကြည့် များက ကျောက်သား ကြမ်းပြင်ပေါ်ရှိ ဓားထံ ကျရောက် သွားသည်။ ဓား ပိုင်ရှင်မှာ အချိန်၏ တိုက်စားခြင်း ခံလိုက်ရ သော်လည်း၊ ဓားက ကျန်ရစ် ခဲ့သည်။

ထို့စဉ် အတိတ်မှ ဖြစ်ရပ် များကို၊ ရုတ်တရက် သတိရ သွားကာ၊ တာအို လက်နက်များ အပေါ် သက်ရောက်ခြင်း ရှိ-မရှိ သိချင် လာတော့၏။

ဓားအား ကောက်ယူ လိုက်သည်နှင့်၊ ထက်ရှသော အငွေ့ အသက်ကို ခံစား လိုက်ရ သည်။

သို့သော် ရုတ်တရက် ထိတ်လန့်သွား သကဲ့သို့ ဓားက တုန်ခါ လာပြီး၊ သူတော်စင် ရူရ် များ အသက်ဝင် လျက်၊ မကြာခင် အမှုန် အဖြစ်၊ ပြောင်းလဲ ပျောက်ကွယ် သွားတော့သည်။

“ ဒါ … ။ ”

လက်ဖဝါး ပြင်ပေါ်ရှိ သံမှုန် များကို ကြည့်ကာ၊ အံ့သြ သွားသည်။ တစ်ချိန်က ဓား များမှာ၊ ကျိုးကျ သွားခြင်း မျှသာ ဖြစ်ပြီး၊ ယခုမူ ပို၍ ဆိုးလာ ချေ၏။

သူတော်စင် ရူရ် များပင်၊ ဒါန်တမ် အတွင်းရှိ၊ အဆိုပါ ဓားကျိုး၏ စမ်းသပ်မှုကို ကြောက်ရွံ့စွာ ခံယူခဲ့ ရ ပုံရသည်။

ထို့ကြောင့် ပန်းသင်္ချိုင်း ဓား၏ မူလ ဇစ်မြစ်မှာ၊ ပို၍ ရှုပ်ထွေး နိုင်ကြောင်း သတိထား မိ လိုက်၏။

သည့်နောက် အတွေ ဖြတ်ကာ၊ ချမ်ရွှင်း ထွက်ခွာ သွားရာ အရပ်သို့ မျှော်ကြည့် မိသည်။ ဒုတိယ ဒုက္ခကို မခံယူ နိုင်ပါက၊ ကျွမ်းကျင်သူ များအား ရင်ဆိုင်ရန်၊ အခက် အခဲ ရှိနိုင် ပေမည်။

“ ငါ အမြန် လုပ်ရမယ် ... ။ ”

ထို့နောက် ဓားများကို စမ်းသပ်ရန်၊ နောက်တစ်ကြိမ် ထပ်မံ ရှာဖွေ မိသည်။ အလောင်း များ၏ အသွင် အပြင် အရ၊ အများ စုမှာ အစွမ်း ထက်ခြင်း မရှိ ကြချေ။

ဗဟို နယ်မြေသို့ ရောက်ရှိလာ သည်နှင့်၊ ကျောက်တုံး ကြီးများ ပေါ်၌၊ ပုံရိပ် အချို့ ပျံသန်း တိုက်ခိုက် လာသည်။ သို့သော် ကြက်သွေးရောင် ကြာပွတ်က သူတို့အား ချက်ချင်း ဘဝကူး ပေး လိုက်၏။

အချို့သော အလောင်း များမှာ၊ အလောင်းကောင် မိစ္ဆာ အဖြစ်သို့ ဗီဇပြောင်း နေခြင်း ဖြစ်သည်။ အနက်ရောင် အကြေးခွံများ ဖုံးအုပ်ပြီး ဦးခေါင်း၌ ဦးချို များပင် ပေါက်နေ၏။

“ ထူးဆန်းတယ် … ။ ”

အလောင်း များကို ကြည့်ပြီး၊ မျက်ခုံးပင့် လိုက်မိသည်။ ဤဒေသတွင် ပြဿနာ အချို့ ရှိပုံ ရ၏။

လေထုနှင့် ပေါင်းစပ် နေသော မြူခိုးများ ထံမှ၊ ဆန်းကြယ်သော ခံစားချက်များ ပေးစွမ်း နေ ချေသည်။

ထို့ကြောင့် အလောင်းများ ရှာဖွေရန် တာဝန်ကို၊ နဂါးလေးထံ ပေးအပ်ပြီး၊ မြူခိုးများ ထူထပ် နေသော ဒေသ ဆီသို့၊ ဦးတည် မိသည်။

နီးကပ်လာ သည်နှင့် အမျှ၊ အကြောက် တရားများ ပေါက်ပွားကာ၊ အန္တရာယ် အငွေ့ အသက်များ၊ ခံစား လာရသည်။

“ ဖြစ် နိုင် မလား … ။ ”

အတွေး ထဲ၌ ထင်ကြေး များနှင့်၊ ပြည့်နှက်လာ သောကြောင့်၊ မျက်နှာ ပြောင်းလဲ သွားသည်။

“ ထွက် သွား ကြ စမ်း ... ။ ”

လက်ဝှေ့ယမ်းကာ အလောင်း မိစ္ဆာ များကို ဖယ်ရှားလျက်၊ မြူခိုးထဲ ဆက်၍ ပျံသန်း လိုက် မိ၏။

များ မကြာခင် နဖူး၌ လက်ညှိုး အရွယ်၊ အပေါက် တစ်ပေါက် ပါရှိ နေသော အလောင်း များစွာ၊ လေထဲ လွင့်မျော နေသည်ကို တွေ့လာ ရသည်။။

အဆိုပါ အပေါက် များကြောင့်၊ ၎င်းတို့ သေဆုံး သွားရခြင်း ဖြစ်၏။ ထိုအလောင်းများ အလယ်၌၊ ကျောက်တုံးကြီး တစ်တုံး ပေါ်တွင်၊ အပြာ၀တ် အဖိုးအို တစ်ဦး ထိုင်နေ သည်ကို တွေ့လိုက် ရသည်။

အဖိုးအို အဝတ် အစား ပေါ်တွင်၊ ရစ်ခွေ နေသော နဂါး တစ်ကောင် ပုံကို ရေးဆွဲထား ပေ၏။

သူ့ အသွင် အပြင် အရ၊ ဂိုဏ်းကြီး တစ်ဂိုဏ်းမှ ဖြစ်ကြောင်း၊ လူတိုင်း သိနိုင်သည်။ သေပြီး နောက်တွင်ပင်၊ ရောင်ဝါ များက ဖုံးအုပ် ထားဆဲ ဖြစ်၏။

“ ငါ မှန်တယ် ... ၊ ဒါ ... အင်ပါ ရီယန် အထက် နယ်ပယ် ကပဲ။ ”

ရွှင်မြူး စွာဖြင့် အဖိုးအို ထံသို့ ဆက်၍ ပျံသန်း လာစဉ်၊ ထူထပ်သော အလောင်း မိစ္ဆာ များကြောင့်၊ အသက်ရှု ကြပ်လာသည်။

“ အင်ပါ ရီယန် အထက် နယ်မြေ။ ”

“ ကြည့်ရတာ အမာခံ နတ်ဘုရား နယ်ပယ်ကို၊ ရောက်ဖူးသူ ဖြစ်ရမယ် …”

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ အမာခံ နတ်ဘုရား နယ်ပယ် က၊ တန်ခိုးရှင် တစ်ယောက်တောင်၊ အသက်ပေး ခဲ့ရတယ်။ ”

အရပ် မျက်နှာ အသီး သီးမှ၊ ပုံရိပ်များ ပျံသန်း လာပြီး၊ အဖိုးအိုကို ကြည့်ကာ၊ လောဘ များ တောက်လောင် လာကုန်သည်။

“ ထွက်သွားစမ်း ... ၊ ဒီနေရာကို မရဏ မိစ္ဆာ နယ်မြေက၊ သိမ်းပိုက် လိုက်ပြီ။ ”

ရုတ်တရက် လူငယ် တစ်ယောက်က၊ အပြာဝတ် အဖိုးအို အနားရှိ ကျောက်တုံးကြီး တစ်တုံး ပေါ်တွင် ရပ်လျက်၊ ကြွေးကြော် လိုက်သည်။

“ အား ... ။ ”

သူ့အား မြင်သည်နှင့်၊ လူတိုင်း တုံ့ဆိုင်းကုန်ပြီး၊ အမြန် ဆုတ်ခွာရန် ကြိုးစား လိုက်ကြသည်။ သို့သော်လည်း လူ အချို့မှာ၊ သတ်ဖြတ်ခြင်း ခံနေရဆဲ ဖြစ်၏။

ကြယ်ဝိညာဉ် ငါးပါး ပိုင်ရှင် များမှ လွဲ၍၊ မည်သူမျှ မရဏ မိစ္ဆာ နယ်မြေကို မဆန့်ကျင် နိုင်ပေ။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ပုံရိပ်များ ပျောက်ကွယ် သွားပြီး၊ လင်းယွန် တစ်ယောက် တည်းသာ ကျန်ရစ် ခဲ့သည်။

“ အိုး ... ငါတို့ ဒီလောက် မြန်မြန် ပြန်ဆုံ ရလိမ့် မယ်လို့ မမျှော်လင့် ထားမိဘူး၊ လင်းယွန် မင်း ထွက်သွားဖို့ ဆန္ဒ ရှိရင်၊ ငါတို့ရဲ့ အာဃာတ တွေကို၊ မေ့ထား ပေးနိုင်တယ်။ ”

လင်းယွန်အား မြင်သည်နှင့်၊ ရှကျွယ်က အေးစက်စွာ ဆိုသည်။ နဂါးသွေး ကြောင် မရှိ ပါက၊ လင်းယွန် တစ်ဦးတည်း ခွန်အားဖြင့်၊ သူ၏ နယ်မြေကို ရင်ဆိုင် ရဲမည် မဟုတ်ဟု ယူဆ မိသည်။

“ မဟုတ်ဘူး၊ ထွက်သွား ရမဲ့ သူက၊ မင်းပဲ ဖြစ်သင့်တယ် ။ ”

သို့သော် လင်းယွန်က ပြုံးကာ တုန့်ပြန် လာသည်။ ဤနေရာသို့ မည်သူ ဦးစွာ ရောက်ရှိ နေပါစေ၊ အခွင့် အရေးအား လက်လွှတ်ခံ နိုင်မည် မဟုတ်ချေ။

အလောင်း အတွင်း၌ နတ်ကြယ် ပုလဲ များထက် အဆပေါင်း များစွာ သာလွန်သော ဗုဒ္ဓ အမွေနှင့် ညီမျှသည့်၊ နတ်ဘုရား အမြုတေ တစ်ခု ပါရှိ နိုင်ခြေ မြင့်မားသည်။

၎င်းသည် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ထိုးဖောက် ဝင်ရောက်ရန် ပြီးပြည့် စုံသော အခွင့် အရေး ဖြစ်၏။

ရှကျွယ်၏ မျက်လုံး များက စူးရှစွာ တောက်ပ လာပြီး၊

“ လင်းယွန် ... ၊ ငါ မင်းကို မျက်နှာသာ ပေးနေလို့ မင်းကို ကြောက်နေတယ် မထင်နဲ့၊ စတုတ္ထ ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူကို မင်း တကယ် ... ”

“ ... အနိုင်ယူ နိုင်မယ်လို့ ထင်နေလား၊ လျိုမူသာ အဲ့ဒီတုန်းက၊ အခြား လူတွေကို ဂရု မစိုက် ခဲ့ရင်၊ မင်း သေနေတာ ကြာပြီ။ ”

စကားဆုံး သည်နှင့်၊ ရှကျွယ် ထံမှ ထုတ်လွှတ် ထားသော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် များက၊ ပို၍ သိပ်သည်း လာသည်။

လျိုမူသာ အလေး အနက် ထားပါက၊ လင်းယွန် အတွက် အခွင့် အရေး မရှိ နိုင်ဟု ယုံကြည်၏။

ပြိုင်ဘက် နယ်မြေများ အပေါ်၊ အာရုံ စိုက်ခြင်း မရှိ ပါလျှင်၊ ဝှက်ဖဲများ ထုတ်ဖော်ကာ၊ သတ်ပစ်မည် ဖြစ်သည်။

ရှကျွယ်အား ကြောက်လန့် စေသည့် အရာမှာ၊ နဂါးသွေး ကြောင် ဖြစ်၏။ ၎င်းက အနည်းငယ် ထူးဆန်းကာ၊ သန်မာ လှသည်။

အထူး သဖြင့် မိုရန်နှင့် အထက် တန်းစား များကို နှိမ်နှင်းရန်၊ လက်ကိုင် တုတ်ကို အသုံး ပြုသော အခါတွင်၊ ကြီးစိုး နိုင်စွမ်း အပြည့်ရှိ ပေ၏။

ထို့ကြောင့် နဂါး သွေးကြောင် မရှိ ချိန်၌၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ အပေါ်၊ ဖြေရှင်း နိုင်ပါက၊ လင်းယွန်အား အနိုင် ယူရန် ခက်ခဲမည် မဟုတ်ပေ။

တစ်ချိန် တည်း မှာပင် မရဏ မိစ္ဆာ နယ်မြေမှ လူတိုင်းက၊ ၎င်းတို့၏ သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်လွှတ်လျက်၊ ဝိုင်းရံ လာကြသည်။

“ လင်းယွန် ... ၊ ငါ မင်းကို နောက်ဆုံး အကြိမ် အခွင့် အရေး ထပ်ပေးမယ်၊ ထွက် သွား ပါ။ ”

ရှကျွယ် တစ်ယောက် မူလ စွမ်းအင်များ စုဆောင်း နေစဉ်၊ လင်းယွန်ကို စိုက်ကြည့်ပြီး၊ ထပ်မံ သတိပေး လိုက် တော့သည်။

***

All Chapters