လူပြက်တွေ။
Vol. 69 Ch. 959
လင်းယွန်ကို စိုက်ကြည့် နေသော ရှကျွယ်၏ မျက်နှာမှာ လုံးဝ မည်းမှောင် သွားပြီး၊
“ ဒီအောက်တန်း နယ်မြေက၊ အမှိုက် တစ်စကို သတ် ... ။ ”
-ဟု အမိန့်ပေး လိုက်တော့သည်။
ရှကျွယ်၏ အမိန့်ရ သည်နှင့်၊ မရဏ မိစ္ဆာ နယ်မြေသား တို့က၊ မူလ စွမ်းအင်ကို တစ်ချိန် တည်း ထုတ်လွှတ်ကာ၊ လင်းယွန်ပေါ် ဖုံးအုပ် လိုက်သည်။
“ နဂါးဓား အရှိန် အဝါ ... ။ ”
အတွေး တစ်ချက်ဖြင့်၊ လင်းယွန်က ဓားရည်ရွယ် ချက်ကို၊ နဂါး တစ်ကောင် အသွင် ဖွဲ့စည်း လိုက်သည်။
ထို့ကြောင့် သူ့ထံ အားယူ နေသော၊ အထက် တန်းစား များ အားလုံး၊ လေထဲ၌ အေးခဲသွား ကုန်၏။
“ မကြောက်နဲ့ ...၊ အတူတူ လက်တွဲပြီး၊ သူ့ကို ကာကွယ် ထားတဲ့ ဓားတွေကို ဖျက်ဆီး ပစ်ကြ ... ။ ”
သို့သော် ရှကျွယ် စကား မဆုံးခင်၊ နဂါးဓား ရောင်ဝါများ ပေါက်ကွဲ လာပြီး၊ ၎င်းတို့ အားလုံး လွင့်စဉ် သွားတော့သည်။
ထို့နောက် နဂါးက လင်းယွန် လက်သီးထဲ ပြန်လည် ဝင်ရောက်ကာ၊ ရှကျွယ် ရင်ဘတ်ပေါ် ဆင်းသက် လာသည်။
“ ဝှစ် ... ။ ”
ဤလက်သီးမှာ သူ၏ မူလ စွမ်းအင် အကာ အကွယ်အား၊ ချိုးဖျက်လာ သဖြင့်၊ တုန်လှုပ် ချောက်ချား သွားသည်။
“ မင်းမှာ ရှိတာ၊ ဒါ အကုန်လား၊ သနား စရာပဲ၊ မင်းက ... လျိုမူ နဲ့တောင် မယှဉ် နိုင်ဘူး။ ” ”
လင်းယွန် မျက်လုံး များတွင်၊ အထင် သေးခြင်း များဖြင့် တောက်ပ သွားသည်။
“ ငါ ... သူ့ကို ထိန်းထားမယ်၊ ကျန်တဲ့ လူတွေက သူ့ဓား အကာ အကွယ်ကို ချိုးပါ။ ”
ရှကျွယ်၏ မျက်နှာ ပေါ်တွင် သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ တိုး၍ ထွက်ပေါ် လာသည်။
ထို့နောက် မီးခိုးတန်း တစ်စလို လင်းယွန် ရှေ့၌ ထွက်ပေါ် လာပြီး၊ အရှိန် အဝါ သမုဒ္ဒရာကို ဖြန့်ကျက် လိုက်သည်။
သို့သော် လင်းယွန် မှာမူ၊ ထိတ်လန့် သွားဟန် မရှိဘဲ၊ အေးစက် စွာဖြင့် ပြန်၍ မော့ ကြည့် မိ၏။
ဤလူမှာ ဒေါသ ထွက်ချင် စရာ ကောင်း ပေပြီ။ ကောင်းကင် ဓားကို ထုတ်ကာ ချက်ချင်း သတ်ဖြတ် လို၏။
သို့သော် ဝှက်ဖဲကို ထုတ်ပြရန် အချိန် မဟုတ်ကြောင်း သူ သိသည်။ များ မကြာမီ လှုပ်ရှားမှု ဆယ်ကြိမ်ထက် မနည်း၊ ဖလှယ်မိ ကြည်။
ထိုအချိန်တွင် လင်းယွန်၏ ဓားရောင်ဝါ၊ အားနည်း လာသည်ကို မြင်သဖြင့်၊ ရှကျွယ်က ပြုံးရယ် လိုက်ပြီး၊
“ ကျွတ် ... ၊ ကျွတ် ... ၊ သနား စရာ ပါပဲ၊ မင်းဘယ်လောက် ကြာကြာ ခံနိုင် မလဲ ဆိုတာ ကြည့်ရ အောင်။ ”
-ဟု ဆိုလိုက် လေသည်။ သို့သော် ရုတ်တရက် အော်ဟစ် သံများ ထွက်ပေါ်ပြီး၊ သူ့ လူများ ပြန်လည် လွင့်စဉ် လာ၏။
“ ပလောက် ... ။ ”
အနတ္တ ဓားအား ကိုင်လျှက်၊ နဂါးလေး ရောက်ရှိ လာခြင်း ဖြစ်သည်။ ဓားဖျားမှ သွေး စက်များ တဖျောက်ဖျောက် စီးကျ နေပြီး၊ ရိပ်ခနဲ ထပ်မံ ပျောက်ကွယ်သွား ပြန်၏။
“ သေ စမ်း ... ၊ ဒီတိရစ္ဆာန် ဘယ်က ရောက်လာ တာလဲ။ ”
ရှကျွယ်က အော်ဟစ် လိုက်သည်။ လင်းယွန်ကို တိုက်ခိုက် ရသည့် အကြောင်း ရင်းမှာ၊ နဂါးလေး မရှိ သောကြောင့် ဖြစ်သည်။
ထိုအကြံ အစည်မှာ၊ ပျက်ပြား သွားပြီ ဖြစ်သဖြင့်၊ ဆုတ်ခွာရန် တွေးတော မိလေသည်။
“ မင်း ... ၊ ထွက်သွား နိုင်မယ် ထင်လား။ ”
ကြောက်မက်ဖွယ် မိုးကြိုး မုန်တိုင်းအား ဆင့်ခေါ် လိုက်လေရာ၊ လင်းယွန် ထံမှ ဓား အလင်းများ၊ ထွက်ပေါ် လာသည်။
သည့်နောက် ဓား ရည်ရွယ် ချက်မှာ၊ အထွတ်အထိပ်သို့ ရောက်ရှိ လာပြီး၊ ခန္ဓာကိုယ် အတွင်းမှ နဂါး ဟောက်သံ ထွက်ပေါ် လာ၏။
“ နဂါး လောင်ကျွမ်းခြင်း လက်ဝါး။ ”
လက်ဖဝါးအား ရှေသို့ တွန်းထုတ် လိုက်သည်နှင့်၊ အနက်ရောင် နဂါး လက်သည်း တစ်ဖက်၊ ရှကျွယ်ထံ ပြေးထွက် သွားသည်။
လေထဲ၌ အလင်း ရောင်များ ဖြာထွက် နေသော၊ ဧရာမ တောင်ပံ လူသား တစ်ယောက် သူ့ ရှေ့တွင် ပေါ်လာ၏။
ရှကျွယ် မျက်လုံး များ၌ စိုးရွံ့ ခြင်းများ ဖြစ်ပေါ် လာပြီး၊ ‘နဂါး မိစ္ဆာ ချပ်ဝတ်’ကို အသက် သွင်း လိုက်ရသည်။
“ ဝုန်း ... ။ ”
လင်းယွန် တိုက်ခိုက် မှုမှာ၊ ၎င်းချပ်ဝတ် ပေါ်သို့ ကျရောက် သွားပြီး၊ ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာ၏။ များမကြာခင် ချပ်ဝတ် ပေါ်၌၊ သေးငယ်သော အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။
“ ဟား ဟား ဟား ... ၊ ဒါက ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာရဲ့ စွမ်းအားလား၊ အထင် ကြီး လောက်စရာလည်း မရှိ ပါဘူး။ ”
မျှော်လင့် ထားသည့် အတိုင်း၊ ဖြစ်လာ သဖြင့်၊ ရှကျွယ် တစ်ယောက် အော်ဟစ် ရယ်မော လိုက်သည်။
မြင့်မားသော ကျင့်ကြံမှု အဆင့်ကြောင့်၊ လင်းယွန်၏ ကံကြမ္မာ ကိုယ်ခံ ပညာမှာ သူ့အား ထိရောက်ခြင်း မရှိ တော့ချေ။ ပေါ့လျော့ မှုကြောင့်၊ လျိုမူ ခမျာ ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်သည် ။
“ လင်းယွန် ... ၊ မင်း ဒီအလောင်းကို ကြာကြာ ပိုင်ဆိုင်ခွင့် ရလိမ့်မယ် မထင်နဲ့၊ ဟား ... ဟား ... ဟား။ ”
ထို့နောက် ရယ်မောကာ၊ ထွက်သွားရန် ပြင်လိုက်သည်။ လျိုမူနှင့် မိုရန်သာ လင်းယွန်၏ တည်နေရာကို သိရှိ ပါက၊ အပြေးလာ မည်မှာ သေချာ လေသည်။
“ ပြန်ဆုံ ကြမယ်၊ အခုတော့ ခွင့်ပြု ပါဦး၊ ဟား ... ဟား ... ဟား ... ။ ”
“ ဘယ်လို တောင်မှ အနှောက် အယှက် ပေးလိုက်လဲ။ ”
လင်းယွန်မှ အော်ဟစ် လိုက်ချိန်တွင်၊ တောင်ပံ လူသားက ရုတ်တရက် အတောင်အား ဖြန့်ချ လိုက်၏။
“ ဖရူး ... ။ ”
ဆန့်ထွက် လာသော အတောင်ပံ များကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး အရိပ် မည်းကြီး အုပ်မိုး သွားသည်။
ယင်းက သူ့ အဟုန်အား များစွာ၊ လျှော့ကျလာ စေမှန်း သိလိုက် ရသဖြင့်၊ ရှကျွယ် တစ်ယောက် ထိတ်လန့် သွားသည်။ ထိုအသိမှာ သူ့ နှလုံး သားအား၊ တုန်ယင် လာစေ၏။
နောက်ဆုံးတွင် စတုတ္ထ ကောင်းကင် ဝိညာဉ်၌ ရှိသော သူ့အား၊ တစ်ဖက် လူမှ ကန့်သတ် နိုင်ခဲ့ လေပြီ။
“ ဖ ရူး ... ။ ”
တောင်ပံ လူသားက သူ့ရှေ့ ချက်ချင်း ပျံဝဲရောက်ရှိ လာပြီး၊ လက်ဖဝါးနှင့် ရိုက်ချ လာသည်။
“ အွတ် ... ။ ”
နောက်တစ် စက္ကန့်တွင် ရှကျွယ်၏ ချပ်ဝတ်မှာ၊ အပိုင်းပိုင်း ကွဲလျက် သွေးများ ပါးစပ် အပြည့်၊ အန်ချ လိုက်ရသည်။
အဝေးသို့ လွင့်စဉ် သွားပြီး၊ လမ်း တစ်လျှောက် ကျောက်တုံးကြီး များကို ကြေမွ စေလျက်၊ အသက် မျော့မျော့ဖြင့်၊ ကျောက်တုံး တစ်တုံးပေါ် ပြုတ်ကျ ရပ်တန့် သွားသည်။
သည်တစ်ကြိမ် လင်းယွန်အား မော့ကြည့် မိသော သူ့ မျက်ဝန်း များတွင်၊ ကြောက်ရွံ့မှုများ ပြည့်နှက် လာပြီး၊
“ အမြန် ... ၊ ပြန်ဆုတ် ကြ ... ။ ”
-ဟု အော်ဟစ် အမိန့် ပေးလိုက် တော့သည်။
“ လူ ပြက် တွေ ... ။ ”
လင်းယွန်၏ ဒေါသကို၊ ခံစား မိသော နဂါးလေးက မျက်နှာကို မော့ကြည့်ကာ၊ ရှကျွယ် နောက် လိုက်ရန် ထရပ် လိုက်သည်။
“ ထား လိုက် ... ။ ”
သို့သော် လင်းယွန်မှ ဟန့်တား လာသဖြင့်၊ ပခုံးပေါ် ပြန်ဝပ်ချ လိုက်ပြီး၊ ပတ်ဝန်းကျင်ပေါ် မျက်ခြေ မပျက် စောင့်ကြည့် လေသည်။
လင်းယွန် အနေဖြင့်၊ ရှကျွယ် ကဲ့သို့ သားပေါက် ကလေး များကို၊ ဝှက်ဖဲ တစ်ချပ် ဖြင့်ပင်၊ သတ်ပစ် နိုင်သည်။ ထို့ကြောင့် လျစ်လျူရှု လိုက်ပြီး နဂါးလေးအား၊
“ ပတ်ဝန်းကျင်ကို သတိ ထားပါ၊ ဘယ်သူ့ ကိုမှ အနားကပ် မခံနဲ့။ ”
-ဟု မှာကြား လိုက်၏။
ထို့နောက် အဖိုးအိုထံ လှမ်းကြည့်ကာ၊ မျက်လုံးများ မှေးစင်း သွားသည်။ ဤသည်မှာ ဒုတိယ ကောင်းကင် ဝိညာဉ်သို့၊ ထိုးဖောက် ဝင်ရောက်ရန်၊ အခွင့် အရေး ဖြစ်ချေ၏။
***