← Chapters

နဂါး ဂိတ်၏ စစ်ဘုရင်။

Vol. 69 Ch. 960

နဂါး ဂိတ်၏ စစ်ဘုရင်။

Vol. 69 Ch. 960

ရှကျွယ်ထက် ဤအဖိုးအိုမှာ အရေးကြီး ပေ၏။ အလောင်း၌ နတ်အမြုတေ ပါ၀င် နိုင်ခြေ ရှိသည်။

ထို့ပြင် တာအို ရှေးဟောင်း ပစ္စည်းနှင့် ကိုယ်ခံ ပညာ အနည်း ငယ်ပင် ရရှိ နိုင်၏။ ဤကဲ့ သို့သော ရတနာ များကို မည်သူမျှ လွတ်ချင်မည် မဟုတ်ချေ။

ရုတ်တရက် အနက်ရောင် မြူများ အတွင်းမှ၊ ရှကျွယ်နှင့် အပေါင်းအပါ တစ်စု ပြေးထွက်လာ ကြသည်။

လူတိုင်း ဒဏ်ရာ ကိုယ်စီ ရရှိ နေပြီး၊ အထူးသဖြင့် ရှကျွယ် မျက်နှာမှာ၊ အသေကောင် တစ်ကောင် ကဲ့သို့ ဖြူဖျော့ နေ၏။

၎င်းတို့နှင့် တွေ့ဆုံမိ သူတိုင်းက၊ အံသြစွာ ပြန်ကြည့်လာ ကြပြီး၊ ချက်ချင်း ရှောင်တိမ်းပေး လိုက် ကြသည်။

“ တောက် ... အဲ့ဒီ တိရစ္ဆာန် မသား ဒီကြောင်က၊ ဘယ်ကနေ ရောက်လာ တာလဲ။ ”

ပတ်ဝန်း ကျင်၌ ထိုကြောင်၊ ပုန်းအောင်း နေခြင်း ရှိ-မရှိ စောင့်ကြည့် ပြီးမှသာ၊ လင်းယွန် အပေါ်၊ တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

ကံမကောင်း စွာဖြင့် လင်းယွန်မှ၊ ရိုက်နှက်ခြင်း ခံလိုက် ရသည်။ သူ့ ကျင့်ကြံမှု သည်သာ၊ လုံလောက်အောင် မမြင့်မား ပါက၊ သေပြီး ဖြစ်ပေမည်။

“ တောက် ... ၊ ဒါကို ငါ မယုံ နိုင်ဘူး။ ”

ရှကျွယ် မျက်ဝန်း များ၌ ဒေါသများ တောက်လောင် လာပြီး၊

“ သွား ရ အောင်... ၊ လျိုမူကို လိုက်ရှာ ကြမယ်။ ” -ဟု ဆို မိသည်။

ဒဏ်ရာ များမှာ မသက်သာ သေးသော်လည်း၊ အစီစဉ် များဖြင့် ပြည့်နှက် နေဆဲ ဖြစ်သည်။

“ ကြည့်ရတာ ... ၊ ပန်းသင်္ချိုင်း ကြောင့် ထင်တယ်။ ”

“ သူ ... အဲဒီမှာ ရှိနေ တာလား၊ ကြောက်ပြီး ပြန်ပြေး ရတာ နဲ့ပဲ၊ သူကိုတောင် သတိ မထား မိဘူး … ။ ”

“ ဟား ... ဟား ... ဟား ... ၊ မင်း အရည် အချင်းကို လူ သိအောင် ပြောပြနေ တာလား၊ ဘာပဲ ဖြစ်ဖြစ် ကောင်းတယ်၊ ဒါက သူတို့နဲ့ ထိုက်တန်တယ်။ ”

လူတိုင်းက ရှကျွယ် ရိုက်နှက် ခံရသည့် အပေါ် ကျေနပ် လာကြသည်။ သူတို့ အစား လင်းယွန်မှ လက်စား ချေပေး နေသည်ဟု မြင်မိ၏။

ထိုအချိန်တွင် လင်းယွန် တစ်ယောက် ပတ်ဝန်းကျင်ရှိ အလောင်း မိစ္ဆာကောင် များကို၊ သတိ ကြီးစွာ ဖြတ်ကျော် နေမိသည်။

အဖိုးအိုနား နီးကပ်လာ ချိန်၌၊ ရောင်ဝါ များက နဂါး အဖြစ်၊ သူ့ရှေ့ ထွက်ပေါ် လာ၏။ မျက်ဝန်း များ၌ ချောက်ချား စရာ ကောင်းသော အလင်း များဖြင့်၊ တောက်ပ နေသည်။

ထိုနဂါး ရောင်ဝါကြောင့်၊ သူ့ ဝိညာဉ် တစ်ခုလုံး ကွဲကြေ သွားသလို၊ ခံစား လာမိ သဖြင့်၊ ကောင်းကင် ဓားအား ထုတ်လွှတ် လိုက်ရသည်။

ထို့နောက် ပတ်ဝန်း ကျင်ရှိ အလင်းများ အားလုံး ဓား ရောင်ဝါ အဖြစ်သို့၊ ပေါင်းစပ် သွား ပြီး၊ နဂါး ရောင်ဝါနှင့် တိုက်မိ သွား၏။

ခဏ အကြာတွင် နဂါး ကြီးမှာ၊ တဖြည်းဖြည်း ပျောက်ကွယ် လာသည်။ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ လင်းယွန်မှ သက်ပြင်းချ လိုက်သည်။

ပြီးနောက် ကျောက်တုံးကြီး ပေါ်ရှိ အဖိုးအိုအား ကြည့်လိုက်သော အခါတွင်၊ နဂါး ရောင်ဝါများ ယခင် ကထက် လျော့နည်း သွားသည်ကို သတိထား မိသည်။

အချိန် မဖြုန်း တော့ဘဲ၊ ကျောက်တုံးပေါ် ခုန်တက်ကာ၊ သတိကြီး စွာဖြင့်၊ အဖိုးအို အနား လျှောက်လှမ်း လိုက်၏။

“ ဟမ့် ... လူငယ်လား။ ”

ထိုင်နေ သူမှာ၊ အဖိုးအို တစ်ဦး မဟုတ်ဘဲ၊ သူ့ထက် အနည်း ငယ်သာ ကြီးသော လူရွယ် တစ်ဦး ဖြစ်ပေ၏။

သန်မာ လွန်းသော ရောင်ဝါ အရ၊ အဘိုးအို တစ်ဦး အဖြစ်၊ အထင် မှားခဲ့ခြင်း ဖြစ်လေသည်။ ဤအသက် အရွယ်ဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေကို၊ ကျော်ဖြတ် နိုင်ခဲ့ သည်မှာ၊ မယုံ နိုင်စရာ ပေပင်။

ရွှေခေတ်မှ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ပုံရ ချေ၏။ ၎င်း အနီး၌ ရစ်ဝဲ နေသော တာအို သဘော တရားများ ကိုပင်၊ ခံစား နိုင်သည်။

ရုတ်တရက် မိုးကုပ် စက်ဝိုင်း ဆီ၌ လျှပ်စီးများ လက်ပြီး၊ ပုံရိပ် ယောင်များ ပြန်လည် ထင်ဟပ် လာသည်။

အပြာ ၀တ် လူရွယ်၏ ပုံရိပ်မှာ၊ အထင် ရှားဆုံး ဖြစ်၏။ထို့နောက် အပြာဝတ် လူရွယ်က ရုတ်တရက် မျက်လုံး ပွင့်လာသည်။

မျက်လုံးအိမ် အတွင်းမှ၊ အလင်းများ အတားအဆီး မဲ့စွာ ပြေးထွက်လာ သဖြင့်၊ သူ၏ နှလုံး ခုန်သံများ ဆူညံ သွားသည်။

စိုးရွံ့ နေချိန် မှာပင်၊ တိုက်ပွဲ မြေပြင်သို့ ရောက်ရှိ နေကြောင်း၊ သတိထား မိလိုက်သည်။ အပြာဝတ် လူရွယ်အား တိုက်ခိုက်ရန်၊ အားယူ နေသော နတ်မိစ္ဆာ များကို၊ အရပ် မျက်နှာ အသီး သီး၌၊ တွေ့မြင် လာရ၏။

“ အိုင်းရစ် ပန်း၏ ဘုန်းသရေ။ ”

အပြာဝတ် လူရွယ်က သူ့လက်ကို မြှောက်လိုက်ရာ၊ ရာပေါင်း များစွာသော ခရမ်းရောင် ပန်းများ ပွင့်လာသည်။

လက်ကို တောက်ထုတ် လိုက် သည်နှင့်၊ အလင်းတန်း များက နတ်မိစ္ဆာ များ၏ နဖူးအား၊ အပေါက်များ အဖြစ် ထိုးဖောက်သွား တော့သည်။

သို့သော် ထိုစဉ် မှာပင်၊ ၎င်းအား ကာကွယ်ရန်၊ မြေပြင် ပေါ်ရှိ အစီရင် တစ်ခုက၊ ရုတ်တရက် အသက်ဝင် လာပြီး၊ အချိန် မရွေး ကွဲအက် သွားနိုင်ကြောင်း၊ အရိပ် အယောင်များ ပြသ လာတော့၏။

“ ပိုင်လိချီ ...၊ မင်း လက်လျော့ သင့်ပြီ။ ”

ကြောက်စရာ ဖိအား နှင့်အတူ၊ မိုးကုပ် စက်ဝိုင်း ထံမှ၊ အေးစက်သော အသံ တစ်သံ ပဲ့တင်ထပ် လာ၏။ ထို ဖိအားကြောင့် အစီရင်မှာ၊ ပို၍ တုန်ယင် လာသည်။

“ နဂါး ဂိတ်ရဲ့ စစ်ဘုရင် ပိုင်လိချီ ဆိုတဲ့ ... ၊ ငါက လက်နက်ချ ရိုး ထုံးစံ မရှိဘူး၊ တိုက်ရင်းနဲ့ အသေ ခံမယ်၊ ဟမ့် ... ။ ”

အပြာဝတ် လူရွယ်၏ ခန္ဓာ ကိုယ်မှ၊ တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲ ထွက်လာပြီး၊ တည်ငြိမ်စွာ ပြန်ဖြေ လေသည်။

ကြည့်နေဆဲ မှာပင်၊ အရှိန် အဝါများ မြင့်တက် လာပြီး၊ အင်ပါ ရီယန် နယ်မြေအား၊ ဖြတ်ကျော် သွား၏။

သေခြင်း တရားနှင့်၊ ရင်ဆိုင် လာရ ချိန်တွင်၊ ‘ပင်မ နတ်ဘုရား နယ်ပယ်’ထံ၊ တက်လှမ်း နိုင်ခဲ့ တော့သည်။

“ ဒါဆိုလည်း သေလိုက်တော့ ... ။ ”

သို့သော် ထိုစဉ် မှာပင်၊ အနက်ရောင် လက်သည်း များကို၊ ဖွင့်ထားသော လက်ကြီး တစ်ဖက်၊ ကောင်းကင်မှ ဆင်းသက် လာသည်။

ထိုလက် ပေါ်တွင်၊ အကြေးခွံများ ဖြစ်ပေါ် နေသည်။ တစ်ချိန် တည်းမှာပင် ကောင်းကင် နှင့် မြေကြီး၊ ချက်ချင်း ကွဲအက် သွား၏။

လင်းယွန် တစ်ယောက် ထိတ်လန့် စွာဖြင့် ပြန်၍ လန့်နိုး လာပြီး၊ သူ့ကိုယ်သူ ငုံ့ကြည့်လိုက် မိသည်။

“ ဟူး ... ၊ ငါ အသက်ရှင် နေသေး တာပဲ။ ”

အနက်ရောင် လက်ကြီး တစ်ဖက် ကျဆင်းလာ ချိန်၌၊ သူသေသွား သကဲ့သို့၊ ခံစား လိုက်ရသည်။

ယင်းမှာ ရှေေးဦးခေတ် တိုက်ပွဲ၏ မြင်ကွင်း တစ်ရပ် မျှသာ ဖြစ်ကြောင်း၊ သိလိုက် ရချိန်တွင် စိတ်သက် သာရာ ရသွားသည်။

“ ငါ့ရဲ့ နတ် အမြုတေကို လိုချင်ရင်၊ ငါ့ကံကြမ္မာ ကိုလည်း၊ မင်းလက်ခံ ရလိမ့်မယ်၊ ဘယ်လိုလဲ ... ၊ ”

“ ... မင်း ဘယ်သူပဲ ဖြစ်နေ ပါစေ၊ နဂါးဂိတ် စစ်ဘုရင်ရဲ့၊ ဆန္ဒကို ဖြည့်ဆည်း ပေးရ လိမ့်မယ်၊ ရှောင်လွှဲခွင့် မရှိဖူး၊ ယူမှာလား။ ”

ရုတ်တရက် နားထဲသို့၊ အသံ တစ်သံ တိုးဝင်လာ သဖြင့်၊ အံ့သြ သွားပြီး အပြာဝတ် လူရွယ်ထံ ပြန်ကြည့် လိုက်ရာ၊ မျက်လုံးများ မှိတ်ထားဆဲ ဖြစ်ကြောင်း၊ သိလိုက် ရသည်။

ယင်းမှာ အပြာဝတ် လူငယ်၏၊ ‘အစွဲ’ ဖြစ်ပေသည်။ သူ့ထံ ချဉ်းကပ် လာနိုင် သူတိုင်း၊ ထိုမေးခွန်းကို ကြားရမည် ဖြစ်သည်။

လင်းယွန်က အသက် ပြင်းပြင်း ရှူ လိုက်ပြီး၊

“ ဒီဂျူနီယာက ဆန္ဒရှိ ပါတယ် ... ၊ အနာဂတ်မှာ နတ်မိစ္ဆာ တွေနဲ့ ရင်ဆိုင် ခဲ့ရ ရင်တောင်၊ နောက်ဆုံး ထွက်သက် အထိ၊ တိုက်ပွဲဝင် ပါ့မယ်။ ”

ထိုသို့ ပြန်ပြော လိုက်သော အခါတွင်၊ အပြာဝတ် လူရွယ်၏ ရောင်ဝါမှာ၊ မှိန်ဖျော့ သွား တော့သည်။ ‘အစွဲ’ ကျွတ် သွားပြီ ဖြစ်၏။

***

All Chapters