← Chapters

ပိုက်ကွန်။

Vol. 69 Ch. 961

ပိုက်ကွန်။

Vol. 69 Ch. 961

“ ဝှစ် ... ။ ”

ထို့နောက် ရွှေရောင် တောက်ပ နေသော နတ်အမြုတေအား ရှုပ်ထွေး စွာဖြင့်၊ ဖမ်းယူ လိုက်မိ သည်။

ဤပိုင်လိချီမှာ သူ့ထက် (၁၀)နှစ်သာ ပို၍ ကြီးပြီး၊ ‘ပင်မ နတ်ဘုရား နယ်ပယ်ထံ၊ ရောက်ရှိ နိုင်ခဲ့သည်။

ခွန်လွန်ဘုံ ၌ပင်၊ ဤမျှ ငယ်ရွယ်သော အသက်နှင့်၊ ပင်မ နတ်ဘုရား နယ်ပယ်သို့၊ တက်ရောက် နိုင်သူ တစ်ဦးမျှ၊ ရှိမည် မဟုတ်ချေ။

ပိုင်လိချီသာ အသက်ရှင် နေသေး ပါက၊ ပိုမြင့်သော နယ်ပယ် ဆီသို့၊ လွယ်လွယ် ကူကူ ရောက်ရှိ မည်မှာ သေချာသည်။

ထိုထက်ပို၍ စိတ်ဝင်းစား စရာ ကောင်းသည်မှာ၊ မသေခင် ပြောခဲ့သော စကား များ ဖြစ်ချေ၏။

‘စစ်ဘုရင်’ ဟူသော အသုံး အနှုန်းကြောင့်၊ နဂါးဂိတ် ဂိုဏ်းမှာ သူ့ခေတ် သူ့ အခါ၌၊ ဂုဏ် သိက္ခာ မြင့်မားသည့်၊ ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ရ ပေမည်။

သို့သော် အရေးကြီး သည်မှာ၊ ပိုင်လိချီ ထုတ်ပြ ခဲ့သော နတ်ဘုရား ပုံရိပ်ယောင် ဓား ဖြစ်သည်။ လက်ညှိုး တစ်ချောင်း တည်းနှင့်၊ နတ်မိစ္ဆာ အားလုံးကို သတ်ပစ် နိုင်ခဲ့၏။

“ နတ်ဘုရား ပုံရိပ်ယောင် ဓားကို၊ စီနီယာ ဓား သူတော်စင်က ချန်ထား ခဲ့တာ ဆိုတော့၊ သူ လည်း နဂါးဂိတ်က ဖြစ်နိုင် မလား။ ”

လင်းယွန်က ရေရွတ် လိုက်သည်။ သို့သော် ၎င်းမှာ လျှို့ဝှက် နည်းစနစ် မျှသာ ဖြစ်သဖြင့်၊ တိုက်ဆိုင် မှုလည်း ဖြစ်နိုင် ပေမည်။

“ သူ့ရဲ့ နတ်ဘုရား ပုံရိပ်ယောင် ဓားက၊ ငါ့ထက် ပိုအစွမ်း ထက်တယ်၊ ဒါကို နားလည် သဘော ပေါက်ဖို့ ကြိုးစား ရမယ်၊ အခုတော့ နတ်အမြုတေကို အရင် သန့်စင်ဖို့ လိုမယ် ... ။ ”

လက်ထဲရှိ နတ် အမြုတေကို ကျေနပ်စွာ စိုက်ကြည့် လိုက်သည်။ ၎င်းမှာ နတ်ကြယ် ပုလဲ များထက်၊ များစွာ အဖိုးတန်၏။

သည့်နောက် ရှေးဟောင်း စာလုံး အချို့ လင်းလက် နေသေးသည့် မြေပြင်ထံ အကြည့် ရောက်သွား၏။ အစီရင် တစ်ခု၏ မရေ ရာသော ကောက်ကြောင်း ဖြစ်ချေသည်။

ဤသည်မှာ တိုက်ပွဲ အတွင်း မြင်ရသော အစီရင်ငယ် ဖြစ်သည်။ ထို့ကြောင့် ၎င်းအား အသုံး ပြုနိုင်ခြင်း ရှိ-မရှိ သိချင် လာမိ၏။

ကြီးကြီး မားမား ပျက်စီး နေပြီဖြစ် သော်လည်း၊ ဝိညာဉ် ရေးရာ ရူရ် များစွာ ကျန်ရှိ နေသေးသည်။

၎င်း၏ စွမ်းအား အပြည့်ကို ထုတ်လွှတ်ရန် မလိုအပ်ဘဲ၊ နတ် အမြုတေအား သန့်စင် ရာ၌၊ ကူညီနိုင် ရုံဖြင့်၊ လုံလောက် လေသည်။

ပိုလိချီ အလောင်း ရှိရာ အရပ်သို့ သွားရောက် ထိုင်ချကာ၊ မူလ စွမ်းအင်များ အစီရင်ထဲ လောင်းထည့် လိုက်သည်။

“ တွမ် ... ။ ”

တစ်ချိန်တည်း မှာပင်၊ နဂါး ငွေ့တန်း တစ်ခုနှင့် အတူ၊ နဂါး အော်သံများ ထွက်ပေါ် လာပြီး၊ ကြယ် စွမ်းအင်အား စုပ်ယူ တော့၏။

“ ရ ပြီ ... ။ ”

နဂါး ရောင်ဝါမှာ၊ ဤအစီရင်မှ ထုတ်လွှတ် ပေးခြင်း ဖြစ်၏။ ဒုတိယ ဒုက္ခကို ကျော်ဖြတ်စဉ်၊ အစီရင် အသုံး ပြုကာ၊ ထိုရောင်ဝါဖြင့် ပတ်ဝန်း ကျင်အား ပိတ်ဆို့ ထားရ ပေမည်။

နဂါးလေး မှာမူ၊ ရှကျွယ်အား လက်လွှတ် လိုက်ရ သဖြင့်၊ စိတ်မသက် မသာ ခံစား လာရ သည်။

ယင်းကြောင့် အဝေးမှ စောင့်ကြည့် နေပြီး၊ သတင်း အချက် အလတ် များကို လင်းယွန်ထံ အဆက် မပြတ် ပေးပို့ နေခဲ့သည်။

“ အကူတွေ သွားခေါ် တာလား။ ”

လင်းယွန် တစ်ယောက် လှောင်ပြုံး ပြုံးလိုက်မိ၏။ သို့သော် လူမိုက် များနှင့် အချိန် ဖြုန်းရန် ဆန္ဒ မရှိချေ။

ဒုတိယ ကောင်းကင် ဝိညာဉ်သို့၊ ရောက်ရှိ သည်နှင့်၊ ကောင်းကင်ဓား မလိုဘဲ၊ ရှကျွယ်အား သတ်ပစ် နိုင်မည် ဖြစ်သည်။

နဂါးလေးအား ဆက်၍ စောင့်ကြည့် ထားရန်၊ မှာကြား ပြီးနောက်၊ ဒုတိယ ဒုက္ခကို ခံယူရန် ပြင်ဆင် မိသည်။

ဤတစ်ကြိမ်တွင်၊ နတ်ကြယ် ပုလဲ (၃၀၀၀)နှင့်၊ ပိုင်လိချီ၏ နတ် အမြုတေအား အားကိုး ရမည် ဖြစ်၏။

နတ်ကြယ် ပုလဲများ ပျံဝဲ လာပြီး၊ နတ် အမြုတေကို ကိုင်လျက်၊ လင်းယွန် မျက်လုံး များ မှိတ်ကျ သွားသည်။

ခဏ အတွင်း မှာပင်၊ လင်းယွန် ခန္ဓာကိုယ် အနှံ့၊ အလင်းရောင် များဖြင့်၊ ဖုံးအုပ်ခြင်း ခံလိုက် ရလေသည်။

ခန္ဓာကိုယ် အတွင်း များပြား လှသည့်၊ ကြယ်စွမ်းအင်များ စီးဝင်လာ သောကြောင့်၊ ဆံပင်များ တဖျပ်ဖျပ် လွင့်သွားသည်။

ပထမ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့၊ ရောက်ရှိနေ သည်မှာ ကြာပြီ ဖြစ်၏။ ဒုတိယ ဒုက္ခ ခံယူရန်၊ အချိန်လွန် နေပြီ ဖြစ်သည်။

သေချာသော အခွင့် အရေး မကြုံ မချင်း၊ ၎င်းအား ဖိနှိမ်ထား ခဲ့ခြင်း ဖြစ်၏။ ဤမျှသော နတ်ကြယ် ပုလဲ ပမာဏကို ခံနိုင် ပါက၊ အသွင် ပြောင်းသွား ပေမည်။

ထို့နောက် အခြေခံ အုတ်မြစ်မှာ၊ မပြိုလဲ နိုင်သော၊ အဆောက် အအုံ တစ်လုံးနှင့် တူလာ နိုင်၏။

ယခု သူ့တွင် အခွင့် အရေး တစ်ရပ်နှင့်၊ ကာကွယ်ပေး ထားသော အစီရင် တစ်ခု ရှိနေ သဖြင့်၊ ပြဿနာ အများ စုကို ကာကွယ် ထားပြီး ဖြစ်ပေမည်။

မျက်စိ တစ်မှိတ် အတွင်း တစ်နေ့တာ ကုန်လွန် သွား၏။ ယခု အချိန်၌ နတ် အမြုတေ သန့်စင်ရန်၊ အရေး ကြီးသော အခိုက် အတန့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ထိုအချိန်တွင် အနက်ရောင် တိမ်များ ကောင်းကင်မှ အလိပ်လိပ် တက်လာသည်။ ၎င်းမှာ ကောင်းကင် ကပ်ဘေး တစ်ခု စတင်ရန်၊ အရိပ် အယောင်များ ဖြစ်၏။

များမကြာခင် ငွေရောင် လျှပ်စီးများ ကောင်းကင် အနှံ့ ပြည့်နှက် လာပြီး၊ အာကာပြင် တစ်ခုလုံး ကန့်သတ် ခံလိုက် ရသည်။

ပြတ်ထင်သော ပတ်ဝန်းကျင် အပြောင်း အလဲကြောင့်၊ လူပေါင်း များစွာက၊ လာရောက် စူးစမ်း ကုန်ကြသည်။

လင်းယွန် တစ်ယောက် နတ် အမြုတေကို၊ သန့်စင် နေမှန်း သိလာသော အခါတွင်၊ မနာလို စိတ်များ ဖြစ်ပွား လာ ကုန်၏။

အနီးကပ် ကြည့်ရှုလို သော်လည်း၊ နဂါးသွေးကြောင် ထံမှ၊ အေးစက်သော အကြည့် တစ်စုံ ကြောင့်၊ စိတ်လျော့ လိုက်ရသည်။

ရဲတင်းသော လူ အချို့အား၊ နဂါးသွေး ကြောင်က လက်စတုံး ပစ်လိုက်၏။ ထို့ကြောင့် အဝေးမှ စောင့်ကြည့်ခြင်း ကိုသာ၊ ရွေးချယ် မိကြသည်။

တစ်ရက် ကုန်လွန် ပြီးနောက်၊ လူအုပ် ကြီးမှာ ပို၍ စုဝေး လာသည်။ တဖြည်း ဖြည်းနှင့် ထူးခြားသော သဘာဝ ဖြစ်စဉ် အချို့ကို၊ သတိ ပြုမိ လာကြ၏။

လေထု အတွင်းရှိ ကြယ် စွမ်းအင် အရ၊ မြောက်များ စွာသော ပမာဏ တစ်ခု ဖြစ်မည် ကို၊ ၎င်းတို့ ခံစားရ နိုင်သည်။

ယင်းမှာ စတုတ္ထ ဒုက္ခကို ခံယူ ခြင်းနှင့်၊ အလား သဏ္ဍာန် တူ၏။ ထိုအသိ တရားက၊ လူတိုင်းအား ထိတ်လန့် သွားစေသည်။

ကောင်းကင် ကပ်ဘေးသည် အန္တရာယ် ရှိသော အရာ ဖြစ်သဖြင့်၊ သတိ မထား မိသော်၊ အသက် ဆုံးရှုံး နိုင်မည်။

“ သူ ရူး နေတာလား ... ။ ”

“ ကြောက်စရာ ကောင်းလိုက်တာ … ၊ ဒုက္ခကို မဖြတ်ကျော် နိုင်ရင်၊ ပြာ ဖြစ်သွား လိမ့်မယ်။ ”

“ အဝေး ကပဲ စောင့်ကြည့် ရအောင်၊ မဟုတ်ရင် ဒီက ရိုက်ခတ် လာမဲ့ လှိုင်းကို ငါတို့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ ”

လူတိုင်း နောက်သို့၊ အလျင် အမြန် ပြန်ဆုတ် လိုက် ကြသည်။ တစ်ချိန် တည်း မှာပင် ရှကျွယ်၊ မိုရန်၊ မုဇီရီနှင့် လျိုမူတို့ ရောက်ရှိ လာ၏။

လင်းယွန်အား ရိုက်နှက်ရန် ဖြစ်သော်လည်း၊ အနက်ရောင် တိမ်တိုက်များ တက်လာ သည်ကို၊ မြင်ချိန်၌၊ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွားသည်။

“ ဒီကောင် ဒုတိယ ဒုက္ခကို တကယ် ခံယူ နေတာပဲ။ ”

လျိုမူ တစ်ယောက် အံ့ဩစွာဖြင့် ရေရွတ် လိုက်မိသည်။

“ ဒီကောင် ... ၊ တကယ် သေချင် နေတာပဲ၊ ကြည့်ရတာ နတ် အမြုတေ တင်မက လောက်ဘူး။ ”

မိုရန်မှ တွေးတွေး ဆဆဖြင့် ဆိုသည်။ လျိုမူက မျက်လုံးများ မှေးစင်းလျက်၊

“ တစ်ယောက် ယောက် လွှတ်ပြီး ကြည့်ခိုင်းလိုက်။ ” -ဟု အကြံပြု လေသည်။

သည့်နောက် အထက် တန်းစား အချို့ မြူခိုးများ အတွင်း၊ ဝင်ရောက်သွား ကြသည်။ များ မကြာမီ သူတို့ ပြန်လည် ထွက်ပြေး လာ၏။

“ ဝှစ် ... ။ ”

နဂါးသွေး ကြောင်မှ သူတို့ လူ နှစ်ယောက်အား သတ်လိုက်သည့် သတင်းကို ပြန်ကြား ပြီးနောက်၊ မျက်လုံးပြူး ကုန်သည်။

၎င်းကို ကျော်ဖြတ်နိုင် ခဲ့လျှင်ပင်၊ နဂါး အရှိန်အဝါ များက လင်းယွန်အား ကာကွယ် ပေးထား ပြန်လေသည်။

“ ဒီကောင် ... ၊ သူ့ ဒုက္ခ ဖြတ်ကျော် နေတာကို၊ တကယ်ပဲ ငါတို့က စောင့်ကြည့် နေရ မှာလား။ ”

ရှကျွယ် တစ်ယောက်၊ ဒေါသ တကြီး အော်ဟစ် လိုက်သည်။

“ ဟား ... ဟား ... ဟား ... ၊ ဒါက အဆင်ပြေတယ်၊ စိတ် မပူနဲ့၊ သူ ဒုက္ခကို ခံယူ ပါစေ၊ ငါတို့က ဒီမြူတွေ အားကိုးနဲ့၊ နဂါး ပိတ်လှောင်ခြင်း အစီရင်ကို၊ ခင်းကျင်း ထားလိုက်မယ်၊ ... ”

“ တတိယ ကောင်းကင် အထိ၊ ရောက်ခဲ့ ရင်တောင်၊ သူ့ ခွန်အား ငါးဆယ် ရာခိုင် နှုန်းကို မထုတ်လွှတ် နိုင်စေဘူး၊ ... ”

“ ... ငါတို့က သူ့အစီရင်ကို ချိုးဖျက် နိုင်ခဲ့ ရင်တောင်၊ ကပ်ဘေးကြောင့် မတော် တဆ မှုတွေ ရှိလာနိုင် သေးတယ် မဟုတ်လား။ ”

မုဇီရီ အစီစဉ်မှာ ကောင်းမွန်လှ သဖြင့်၊ လူတိုင်း၏ ဒေါသများ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။

လင်းယွန်အား နှောက်ယှက် ခြင်းသည်၊ ကပ်ဘေးအား အတူ ခံယူမိ သကဲ့သို့၊ အန္တရာယ် လှချေ၏။

“ မင်းရဲ့ ... နဂါး ပိတ်လှောင်ခြင်း အစီရင် နဲ့လား ... ။ ”

မိုရန်က သံသယနှင့်၊ မုဇီရီကို ပြန် ကြည့်သည်။ နောက်ဆုံးတွင် ၎င်းမှာ ရွှေရောင် သားမွေး နဂါး မျောက်ဝံအား၊ လွတ်လု နီးနီး ဖြစ်ခဲ့ ရသည်။

“ ဒီတစ်ခါတော့ အဲ့လို မဖြစ်တော့ ပါဘူး၊ နဂါးသွေး ပါတဲ့ နတ်ဆိုး သားရဲ အမြုတေ (၁၀) လုံးကို အသုံးပြု ထားပါတယ်၊ ... ”

“ ... အချိန် အလုံ အလောက်သာ ရှိ သရွေ့တော့၊ သူ လွတ်မြောက် နိုင်မှာ မဟုတ်ဖူး ဆိုတာ၊ အာမခံတယ် ။ ”

မုဇီရီ တစ်ယောက် ရှက်ကိုး ရှက်ကန်းဖြင့် ဆိုလိုက်သည်။

“ ကောင်းပြီ ... ၊ ရှကျွယ် မင်းရဲ့ မိစ္ဆာ ကပ်ဘေး ဆေးလုံးကို သုံးပါ၊ မိုရန် ... မင်းက ကြက်သွေး မီးလျှံ၊ မိစ္ဆာ နည်းစနစ်ကို သုံးပါ၊ မထိန်ချန် ထားပါနဲ့၊ ... ”

“ ... ဒီတခေါက် လင်းယွန်ကို မဖယ်ရှား နိုင်ရင်၊ အနာဂတ်မှာ ငါတို့ အတွက် နတ်ဆိုး ဖြစ်လာ လိမ့်မယ်။ ”

လျိုမျူက လေးနက်စွာ အကြံပြု လိုက်သည်။

“ စိတ်မပူနဲ့ ... ၊ ဒီကောင်ကို မဖယ်ရှား နိုင်ရင်၊ ကိုယ်ကိုယ်ကို အရှက်ခွဲ နေမိ တာနဲ့၊ အတူ တူပဲ ဆိုတာ၊ ငါ သိတယ်။ ”

ရှကျွယ်မှ ခေါင်းညိတ်ကာ ပြန်ပြောသည်။

“ ကြက်သွေး မီးလျှံ မိစ္ဆာ နည်းစနစ်က၊ တန်ပြန် သက်ရောက်မှု ကြီးတယ်၊ ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာ မရှိ ပါဘူး။ ”

မိုရန် သည်လည်း၊ သဘောတူ ၏။

“ ကောင်းပြီ ... ဒါဆို ဒီကောင် အတွက် ပိုက်ကွန် တစ်ခု ဖန်တီး ထားရအောင်၊ ပြီးရင် သူ့ ဘာလုပ် နိုင်မလဲ ဆိုတာ၊ ကြည့်မယ်။ ”

ကောင်းကင် ကပ်ဘေး ခံယူ နေသော၊ မြူခိုးများ အတွင်းရှိ လင်းယွန်ထံ၊ မျှော်ကြည့် လျက်၊ လျိုမူမှ ဆိုလိုက် တော့လေသည်။

***

All Chapters