ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ။
Vol. 69 Ch. 962
လျိုမူက မြင့်မြတ်မြေ လေးခုကို ဦးဆောင်ကာ၊ ပြင်ဆင်မှုများ ပြုလုပ် နေခဲ့ သည်။
ထိုအချိန်တွင် လင်းယွန် လက်ဖဝါး ပေါ်ရှိ နတ် အမြုတေမှာ၊ ခန္ဓာကိုယ် ထဲသို့ စွမ်းအင် များ ပေးပို့ နေခဲ့သည်။
ခန္ဓာကိုယ် အတွင်း ရောက်ချိန်၌၊ အကန့်အသတ်မဲ့ ကြယ်စွမ်းအင် များနှင့်၊ ပေါင်းစပ် သွားသည်။
ကြယ်စွမ်းအင် များမှာ၊ သိပ်သည်း လာသဖြင့်၊ အရည် ပုံစံသို့ ပြောင်းလဲ သွားကာ၊ များမကြာခင် ရောင်ဝါ သမုဒ္ဒရာ အသစ် တစ်စင်း အဖြစ်၊ ဖွဲ့တည် လာသည်။
၎င်းဖြစ်တည် လာပါက၊ မူလ စွမ်းအင်နှင့်၊ ရုပ်ခန္ဓာ စွမ်းအား တိုးတက် လာမည် ဖြစ်သည်။ ထို့ပြင် နတ် အမြုတေနှင့်၊ နတ်ကြယ် ပုလဲ (၃,၀၀၀) အပေါ်၊ အခြေခံ ထားသောကြောင့်၊ အခြားသူ များထက်၊ ဆယ်ဆ ပိုအစွမ်းထက် နိုင်မည်။
အခြေခံ အုတ်မြစ်မှာ၊ ခိုင်မာ နေပြီး ဖြစ်သဖြင့်၊ ဒုတိယ ကောင်းကင် ဝိညာဉ်သို့ အလွယ် တကူ ရောက်ရှိ လာတော့သည်။
ခန္ဓာ ကိုယ်မှ ခမ်းနားသော ရောင်ဝါ တစ်ခု ထွက်လာစဉ်၊ ရောင်ဝါ သမုဒ္ဒရာမှာ၊ ကျယ်ပြန့် လာ၏။
မျက်စိ တစ်မှိတ် အတွင်း၊ မူလစွမ်းအင် ပါဝင်သော ရောင်ဝါ သမုဒ္ဒရာမှာ၊ မီတာ ထောင် ဂဏန်း ကျော် အထိ၊ ကျယ်ပြန့် လာသည်။
ဒုတိယ ဒုက္ခကို ကြယ်ပုလဲ (၅) သန်းဖြင့်၊ ဖြတ်သန်း နိုင်ပါက၊ အံ့ဩ စရာ ကောင်းသော စွမ်းဆောင်မှု တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
လျိုမူ ကဲ့သို့ ပါရမီရှင်များ သည်ပင်၊ တတိယမြောက် ဒုက္ခ အတွက်၊ ကြယ်ပုလဲ (၈) သန်း ခန့်သာ၊ လက်ခံ နိုင်၏။
ယခုမူ ကြယ် ပုလဲပေါင်း သန်း(၃၀) နှင့်၊ ညီမျှသော နတ်ကြယ် ပုလဲ (၃၀၀၀)အား အသုံး ပြု နေခဲ့ခြင်း ဖြစ်သည်။
“ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ။ ”
ကိုယ်လုံး ကိုယ်ပေါက်မှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ ပြီးနောက်၊ မျက်လုံးများ ဖြည်းညှင်းစွာ ဖွင့်လိုက် မိသည်။
လက်သီး ဆုပ်လျက်၊ ရောင်ဝါ သုမုဒ္ဒရာအား တပြိုင် နက်တည်း လှည့်ပတ် လိုက်ရာ၊ အကန့် အသတ်မဲ့ စွမ်းအင် များကို ခံစား လိုက်ရ၏။
သူ့မူလ စွမ်းအင်မှာ၊ ရှကျွယ်ထက် အားနည်းခြင်း မရှိ တော့ချေ။ နတ် အမြုတေ နှင့်၊ နတ်ကြယ် ပုလဲ (၃,၀၀၀) ဟူသော ပမာဏ သည်၊ ၎င်းအား သတ်ရန် လုံလောက် ပေ၏။
“ ကပ်ဘေး လာ တော့မယ် … ။ ”
ကောင်းကင်ပေါ် မော့ကြည့်ကာ၊ ရေရွတ် မိသည်။ မည်မျှ ထိတ်လန့်ဖွယ် ကောင်းသော ဒုက္ခ မျိုးနှင့်၊ ရင်ဆိုင်ရ မည်ကို၊ သူ မြင်ချင်၏။
“ ဂျိန်း ... ။ ”
တိမ်ညိုများ အလိမ်းလိမ်း တက်လာပြီး၊ လျှပ်စီးနှင့် မိုးကြိုး များက ကောင်းကင် ယံတွင်၊ စုရုံးလာ ကြသည်။
ရက်စက် ကြမ်းကြုတ်သော လျှပ်စီး ဝံပုလွေကြီး တစ်ကောင် ဖွဲ့တည် လာကာ၊ မြေပြင် တစ်ခုလုံး၊ တုန်လှုပ် သွား၏။
ယင်းမှာ တတိယ ဒုက္ခ အတွက်၊ ထွက်ပေါ်လာ တက်သော လျှပ်စီး သားရဲ အမျိုး အစား ဖြစ်ပေသည်။
“ အိုး ... စိတ်ဝင် စားစရာပဲ ... ။ ”
လင်းယွန် တစ်ယောက် လေးနက် သွား၏။ ဤတစ်ကြိမ် ဒုက္ခမှာ ယခင်ထက် များစွာ ပို၍ ကြောက်စရာ ကောင်းပေမည်။
ထို့နောက် မိုးတိမ်များ ပြိုကျ လာပြီး၊ ဝံပုလွေ ဆင်းသက်သည်။ ၎င်းက သူ့အား လက်ဆန့်ကာ ကုပ်ဆွဲ လိုက်သည်။
“ ..... ။ ”
သို့သော် မြေပြင် အစီရင် ထံမှ၊ နဂါး တစ်ကောင် ပျံထွက် လာပြီး၊ လျှပ်စီး သားရဲကို နောက်ပြန် ဆုတ်စေ ခဲ့၏။
ကောင်းကင်၌ မိုးခြိမ်း သံများ ဆူညံ သွားကာ၊ လျှပ်စီး ဝံပုလွေ ထံသို့၊ စွမ်းအင်များ ထပ်မံ ပေးပို့ တော့သည်။
အစီရင်မှာ ကောင်းကင်၏ အမျက်ကို မခံနိုင်တော့ သဖြင့်၊ လင်းယွန် တစ်ယောက် ဖိအား အချို့ စတင်၊ ခံစား လာရသည်။
“ အူး ... ဝူး ... ။ ”
သို့သော် ထိတ်လန့်ခြင်း မရှိဘဲ၊ ဝံပုလွေမှ မှုတ်ထုတ် လိုက်သော၊ လျှပ်စီး စက်လုံး ကြီးကို သူ့ခန္ဓာ ကိုယ်နှင့်၊ စုပ်ယူ လိုက်သည်။
လျှပ်စီး ဝံပုလွေက၊ တိုက်ခိုက်မှု အရာ မရောက်ကြောင်း သိသော အခါ၊ ကောင်းကင်မှ ကိုယ်တိုင် ကိုယ်ကျ၊ ဆင်းသက် လာတော့၏။
ရှေးဟောင်း အစီရင်မှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ လာပြီး၊ နဂါး ရောင်ဝါက ကောင်းကင် ပေါ်၊ ပျံတက် သွားသည်။
“ ဝုန်း ... ။ ”
လျှပ်စီး ဝံပုလွေနှင့်၊ ရောင်ဝါ နဂါးတို့ ထိပ်တိုက် တွေ့သော အခါ၊ အလင်း ရောင်များ ပြိုးပြက် လာ၏။
ပြင်းထန် လွန်းသော အဟုန်ကြောင့်၊ အစီရင်ပင် ပြိုကျစ ပြုလာသည်။ တစ်ဖက်တွင် လျှပ်စီး ဝံပုလွေမှာ၊ ယခင်အတိုင်း သန်မာ နေဆဲ ဖြစ်သည်။
“ ငါ လာ ပြီ ... ။ ”
လင်းယွန်က အော်ဟစ် လိုက်သည်။ သူ့အခြေခံ အုတ်မြစ်မှာ၊ အလွန် နက်ရှိုင်းလှ သဖြင့်၊ ၎င်းလျှပ်စီး သားရဲကို မကြောက်ချေ။
ထို့နောက် ဓား ရည်ရွယ်ချက်မှာ၊ ကောင်းကင်ပေါ် လွင့်စဉ် သွားပြီး၊ သူ့အား ဖုံးအုပ် ပေးလာ လေသည်။
ဓားသုတ္တန် နှစ်ခုအား၊ တစ်ချိန်တည်း လှည့်ပတ် ထားသဖြင့်၊ ဓား ရည်ရွယ်ချက်မှာ၊ ပို၍ အစွမ်းထက် လာသည်။
သို့သော် လျှပ်စီး ဝံပုလွေက အူသံပြု လိုက်ပြီး၊ ‘လူးလာ တုံ့ခေါက်’ ပြေးလွှားလျက်၊ လျှပ်စီး များနှင့် မှုတ်ထုတ် တော့သည်။
“ ဗျစ် ... ဗျစ် ... ဗျစ် ... ။ ”
ထို့ကြောင့် ၎င်းမှ ပစ်လွှတ်သော လျှပ်စီး စက်လုံး များက၊ ဓား အကာ အကွယ် ထံသို့ အရပ် ရပ်မှ တိုးဝင် လာ၏။
လွတ်ထွက် လာသည့် လျှပ်စီးကြောင်း အချို့ကြောင့်၊ နာကျင် ကိုက်ခဲ မှုကို ခံစားလာ ရသည်။ နာကျင်မှုက နှုတ်ခမ်း များကို တဆက်ဆက် တုန်ယင် သွားစေ၏။
“ သတ် ... ။ ”
လျှပ်စီး ဝံပုလွေမှာ ရပ်တန့် သွားပြီး၊ စွမ်းအင်များ ပြန်လည် ဖြည့်တင်း နေစဉ်၊ ကောင်းကင် ဓားဖြင့်၊ အပိုင်းပိုင်း ဖြတ်ရန် ကြံရွယ် လိုက်သည်။
လျှပ်စီး ဝံပုလွေမှာ အန္တရာယ် ရှိသော သားရဲဖြစ် သော်လည်း၊ တစ်ချက် တည်းနှင့် ပျက်စီး သွားသည်။
အသက် ပြင်းပြင်း ရှူလျက်၊ ထိုင်ကာ အမောဖြေ လိုက်သည်။ ဓား ရောင်ဝါက လေထု ထဲတွင်၊ ကျန်ရှိ နေသော လျှပ်စီး စွမ်းအင် အချို့အား ဟန့်တားပေး ထားသည်။
ထိုလျှပ်စီး စွမ်းအင်ကို ဖြည်းညှင်းစွာ စုပ်ယူပြီး၊ အသစ် ဖွင့်ထားသော ရောင်ဝါ သမုဒ္ဒရာအား၊ သန့်စင်ပေးမိ၏။
များမကြာခင် သူ့ ပတ်ဝန်းကျင်၌၊ လျှပ်စီးများ ပိုးအိမ် တစ်ခု သဖွယ်၊ ဖြစ်ပေါ် လာသည်။
ပိုးအိမ် အတွင်း အသွင် ကူးပြောင်းမှုကို ငြိမ်သက်စွာ ခံယူလျက်၊ အရှိန် အဟုန်ဖြင့် ကြီး ထွားလာသည်။ နေ့ဝက် ကြာနောက် ပိုးအိမ်မှ၊ ထက်ရှသော ရောင်ဝါများ တိုးထွက် လာ၏။
ဤသို့ဖြင့် ဒုတိယ ဒုက္ခမှာ၊ ပြီးဆုံး သွားခဲ့သည်။ လက်ကျန် စွမ်းအင် များက၊ လျှပ်စီး သားရဲ အဖြစ်သို့ ထပ်မံ ဖွဲ့တည်လာ သော်လည်း၊ သူ့အား ခြိမ်းခြောက်ရန် မလုံလောက် တော့ချေ။
“ ခရစ် ... ။ ”
ပိုးအိမ် ပေါ်၌ အက်ကွဲ ကြောင်းများ ပေါ်လာပြီး၊ ရုတ်တရက် ပေါက်ကွဲ သွားသည်။ မျက်လုံး ဖွင့်လိုက်သော အခါ၊ နဂါး ဟောက်သံ နှင့်အတူ၊ ဓားမြည်သံ တစ်သံ ထွက်ပေါ် လာသည်။
ထို့နောက်တွင် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်ပယ် အရှိန်အဝါအား၊ ထုတ်လွှတ် လိုက်လေ သည်။
ဓားသုတ္တန် နှစ်ခုကို ဖြန့်လိုက်သော အခါတွင်၊ မူလ စွမ်းအင်များ ကြောက်မက်ဖွယ် တိုးပွားလာ သည်ကို၊ ခံစား မိ၏။
“ ခရစ် ... ဝုန်း ။ ”
လေထု အလယ် ထိုးချလိုက် ချိန်၌၊ လေဟာနယ်မှာ ရေခဲမြူများ ကဲ့သို့ အေးခဲလျက် ပေါက်ကွဲ သွားသည်။
ထို့နောက် လက်ဝှေ့ ယမ်းကာ၊ ပတ်ဝန်း ကျင်ရှိ အလောင်း များကို စုရုံး စေပြီး၊ လက် လှိုင်းဖြင့် ချေမွ ပစ်လိုက် တော့သည်။ ဤ ရလာဒ်က သူ့အား စိတ်လှုပ်ရှား လာစေ၏။
ဒုတိယ ဒုက္ခကို ပြီးမြောက် ပြီးနောက်၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ် ပါရမီရှင် များသည်ပင်၊ သူ့အား ခြိမ်းခြောက်မှု မပြုနိုင် တော့ချေ။
နေ နတ်ဘုရား လက်သီး ကိုသာ အသုံးပြု ခဲ့သော်၊ ပို၍ ကြောက်မက်ဖွယ် ကောင်းလာနိုင် မည်မှာ၊ သေချာ ပေသည်။
ထိုကဲ့ သို့သော အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာသည်၊ မူလ စွမ်းအင် များစွာကို ကုန်ဆုံး စေ၏။
သူ့၌ လုံလောက်သော စွမ်းအင် မရှိ ပါက၊ စွမ်းအားကို အပြည့် အဝ ထုတ်လွှတ် နိုင်မည် မဟုတ်ပေ။
လင်းယွန်က ပြုံးလိုက်သည်။ ရှကျွယ်နှင့် အပေါင်း အပါ တစ်စုအား၊ သူ့ခွန်အား အသစ်ကို မြည်းစမ်းခွင့် ပေးရန်၊ အချိန် ကျပြီ ဖြစ်သည်။
***