နဂါး ပိတ်လှောင်ခြင်း အစီရင်။
Vol. 69 Ch. 964
လျိုမူ၊ မိုရန်နှင့် ရှကျွယ်တို့ ထံမှ၊ အရှိန် အဝါများ ပေါင်းစပ် လာပြီး၊ လင်းယွန်ကို ဗဟို ပြုကာ၊ လေဟာနယ် ပိတ်ဆို့ ပစ်သည်။
သို့သော် လင်းယွန်မှ ထိတ်လန့်ခြင်း မရှိဘဲ၊ ခြေ တစ်လှမ်း တိုးကာ၊ ဓား ရောင်ဝါအား ထုတ်လွှတ် လိုက်သည်။
ထက်ရှသော ဓားတစ်လက်နှင့်၊ နဂါး ဟောက်သံများ ဝိုးတဝါး ထွက်ပေါ် လာပြီး၊ မူလ စွမ်းအင်များ လှိုင်းထ သွား၏။
“ အထွတ် အထိပ်၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်။ ”
အရှိန် အဝါအား ကြည့်ကာ၊ ပရိသတ် များစွာက၊ ထိတ်လန့် သွားသည်။ လျိုမူတို့ သုံးဦး သည်လည်း ချွင်းချက် မရှိချေ။
ဤလင်းယွန်မှာ ယခုပင် ဒုတိယ ဒုက္ခကို ခံယူ ခဲ့ခြင်း ဖြစ်သည်။ မည်သို့ အထွတ် အထိပ် အထိ၊ ရောက်ရှိ သွားမှန်း၊ မသိနိုင် တော့ချေ။
ပို၍ ကြောက်စရာ ကောင်းသည်မှာ၊ တစ်ဖက် လူ၏ အရှိန် အဝါသည် သူတို့ သုံးဦး နီးနီး၊ သိပ်သည်း နေခြင်း ဖြစ်၏။
“ မကြောက်နဲ့ ... ၊ သူရဲ့ ခွန်အား အစစ် အမှန်က ဒုတိယ ကောင်းကင် ဝိညာဉ် မှာပါ၊ ငါတို့ သုံးယောက် အတူတူ လက်တွဲ ထားရင်၊ အဆင်ပြေ ပါလိမ့်မယ်။ ”
လျိုမူက အားပေး လိုက်သည်။ ယနေ့ လင်းယွန်အား ဖြစ်သည့် နည်းဖြင့်၊ သတ်ရ ပေမည်။
“ အမှိုက် ဘယ်လောက် များများ ... ၊ အမှိုက်က အမှိုက်ပဲ။ ”
လင်းယွန်၏ မျက်ဝန်းများ အေးစက်စွာ တောက်ပ လာပြီး နှာခေါင်းရှုံ့ လိုက်မိသည်။ သည်းခံ နိုင်စွမ်းမှာ ကုန်ဆုံး သွားပြီ ဖြစ်၏။
မြင့်မြတ်မြေ များမှ ဖြစ်ကြ လျှင်ပင်၊ ဂရု မစိုက် နိုင်တော့ချေ။ ယင်းက လူတိုင်း အပေါ် အုပ်စုဖွဲ့ အနိုင်ကျင့် နိုင်သည် ဟူသော၊ အဓိပ္ပါယ် မရ သည်မှာ သေချာသည်။
ညာလက်အား မြှောက်ကာ၊ မိုးပြာ နဂါး အဌမမြောက် ပုံစံကို၊ ဖြန့်ကျက် လိုက်သည်။ ချက်ခြင်းပင်၊ အနက်ရောင် မီးတောက် ထွက်ပေါ် လာပြီး၊ တံဆိပ် သုံးခုနှင့် ပေါင်းစပ် သွား၏။
များမကြာမီ နဂါး ဟောက်သံ နှင့်အတူ၊ လက်ဖဝါးမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ တိုးထွက် လာသည်။
“ နဂါး လောင်ကျွမ်းခြင်း လက်ဝါး။ ”
ဒုတိယ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိ ပြီးနောက်၊ မူလ စွမ်းအင်မှာ အသွင်ပြောင်း မှုကို ခံစား ခဲ့ရသည်။
ထို့ကြောင့် တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး နှင့်၊ နဂါး ထွက်သက်ကို သုံး၍ နှိမ်နင်း နိုင် မည်ဟု ယုံကြည်၏။
လင်းယွန် နောက်၌ အနက်ရောင် မီးလျှံများ ဖုံးလွှမ်း နေသည့် နဂါး လက်သည်း တစ်ဖက်က၊ ပျံသန်း ထွက်ပေါ် လာသည်။
ထိုနဂါး လက်သည်း သွားရာ လမ်း တစ်လျှောက်၊ ကြောက်မက်ဖွယ် ကောင်းသော လေဆင် နှာမောင်း နှင့်အတူ၊ မီးပွားများ ပွင့်ထွက် သွား၏။
၎င်းက လျိုမူ၊ မိုရန်နှင့် ရှကျွယ် တို့အား ထိမှန်ကာ၊ မူလ စွမ်းအင် အကာ အကွယ်ကို၊ ပြိုကျ သွားစေသည်။
ယင်းမှာ အခြေခံ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ၊ တစ်ရပ် မျှသာ ဖြစ်သော်လည်း၊ ဘုံကျောင်း ရှေ့၌ ပြသ ခဲ့ဖူးသော၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ ပို၍ ကြောက်စရာ ကောင်းလေသည်။
လျိုမူတို့ သုံးဦးသား၊ မယုံ နိုင်အောင် တုန်ယင် လာပြီး၊ ကျောကုန်း၌ ချွေးများ ရွှဲနစ် သွား၏။
ယင်းကို ပြိုင်ဘက်မှာ နှစ်ရက် အတွင်း၊ မည်သို့ ပြီးမြောက် နိုင်သည်ကို မသိချေ။ ထိုစဉ် အချိန်က၊ ခွန်အား အပေါ် ဖုံးကွယ် ထားခြင်း မျိုးလည်း၊ ဖြစ်နိုင်သည်။
“ အွတ် ... ။ ”
ထို့ထက် ပို၍ မတွေး နိုင်ခင် နဂါး လက်သည်းက၊ သူတို့ အပေါ်၊ ထိမှန် လာသည်။ မူလ စွမ်းအင် အကာ အကွယ်မှာ အနည်းငယ် မျှပင် မဟန့်တား နိုင်ဘဲ၊ မျက်နှာများ ဖြူဖျော့လျက် လွင့်စဉ် ကုန်တော့၏။
မြတ်မြတ် နယ်မြေ သုံးခုမှ ခေါင်းဆောင် လူငယ် သုံးဦးကို၊ လက်သီး တစ်ချက် တည်းဖြင့် ဒဏ်ရာ ရသည်။
ယင်းမှာ အံ့အားသင့် စေသော၊ မြင်ကွင်း တစ်ရပ် ဖြစ်၏။ လက်ရှိ ခွန်အား အရ၊ လင်းယွန် သည် အခြားသော ကြယ် ဝိညာဉ် ပိုင်ရှင် များထက်၊ နိမ့်ကျခြင်း မရှိချေ။
သို့သော် ဤလင်းယွန်မှာ ဒုတိယ ကောင်းကင် ဝိညာဉ် ၌သာ ရှိနေ ချေသည်။ ထိုစဉ် မှာပင် မိုးကုတ် စက်ဝိုင်းသို့ ပြေးထွက် လာသော၊ ဓား တစ်လက်၏ ဒေါသကို ခံစား မိသည်။
ဓားသုတ္တန် နှစ်ခုကို၊ တစ်ပြိုင် နက်တည်း ဖြန့်ကျက်ကာ၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်အား လင်းယွန်မှ ပြသ လာ၏။
ဤတစ်ကြိမ်တွင် လျိုမူ တို့အား သတ်ရန်၊ လင်းယွန်မှ စိတ်ပိုင်းဖြတ် ထားကြောင်း၊ သိလာ တော့သည်။
တွေးကြည့်ရုံ ဖြင့်ပင်၊ ကြက်သီး မွေးညှင်း ထလာ စေ၏။ ၎င်းတို့ သည်သာ အသတ် ခံရ ပါက၊ မည်မျှ ရုတ်ရုတ် သဲသဲ ဖြစ်သွား မည်ကို၊ မတွေးနိုင် ကြပေ။
“ ဝေါ့ ... ။ ”
လျိုမူ တစ်ယောက် ကျောက်ဆောင်ကြီး တစ်ခုပေါ် ပြုတ်ကျ လာပြီး၊ သွေး တစ်လုတ် အန် လျက်မှ၊
“ မုဇီရီ ... မင်း ဘာလုပ် နေတာလဲ။ ”
-ဟု အော်ဟစ် လိုက်၏။
သူ့ စကား ဆုံးသည်နှင့်၊ ကြောက်စရာ ကောင်းသော ရောင်ဝါ တစ်ခု လွှမ်းခြုံ လာပြီး၊ ကောင်းကင်အား အနီရောင် ပြောင်းလဲ သွားစေ သည်။
လေထု အတွင်း၌ ဝိညာဉ် ရေးရာ၊ ရူရ် အတက် အကျ လှိုင်းများကို အာရုံခံ မိသဖြင့်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားကာ၊ တုန့်ခနဲ ရပ်လိုက်သည်။
“ ဟား ... ဟား ... ဟား ... ၊ လင်းယွန် မင်းတော့ သေပြီ။ ”
မုဇီရီ ထံမှ ရယ်မောသံ တစ်သံ ထွက်ပေါ် လာသည်။ ထို့နောက် ကြက်သွေးရောင် ကြယ် (၁၀) လုံးမှ၊ အနက်ရောင် သံကြိုး များဖြင့် ပစ်ကာ၊ လင်းယွန်အား ကန့်သတ်ပစ် တော့သည်။
ယင်းမှာ ရွှေရောင် သားမွေး မျောက်ဝံကို ထိန်းချုပ် ခဲ့ဖူးသော ဖြစ်စဉ်နှင့် တူ၏။ သို့သော် သည် တစ်ကြိမ်၌ မြေပြင်တွင် မဟုတ်ဘဲ၊ လေထု အလယ် ဖြစ်လေသည်။
ထို့ပြင် နဂါးသွေး ပါသော၊ သားရဲ အမြုတေ (၁၀) လုံးအား၊ အစီရင် မဏ္ဍိုင် အဖြစ်၊ အသုံးပြု ထားသဖြင့်၊ ပို၍ အားကောင်း ချေပြီ။
“ ဟား ... ဟား ... ဟား ... ။ ”
လျိုမူ၊ မိုရန်နှင့် ရှကျွယ် တို့က၊ နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး၊ ပြိုင်တူ ရယ်မော လာလေသည်။ ရှကျွယ်မှ ရက်စက်သော အပြုံးကို ထုတ်ဖော်လျက်၊
“ လင်းယွန်၊ ပျော်စရာ တွေက အခုမှ စတာ။ ”
-ဟု ဆိုလာ တော့၏။
***