← Chapters

ဘုန်းကြီးသော နေမင်း။

Vol. 69 Ch. 965

ဘုန်းကြီးသော နေမင်း။

Vol. 69 Ch. 965

“ အိုး ... နဂါး ပိတ်လှောင်ခြင်း အစီရင်ပဲ၊ ဒါက ... မင်းတို့ လေးယောက်ကို ယုံကြည်မှု တိုးလာစေ တာလား။ ”

ကောင်းကင်ကို မော့ကြည့်ပြီး၊ လင်းယွန်မှ ရေရွတ် လိုက်သည်။ ရူရ် များမှာ ဘုရင် အဆင့် သားရဲ အမြုတေ ဆယ်လုံးကြောင့်၊ မယုံနိုင် လောက်အောင် တောက်ပ လာ၏။

စောင့်ကြည့် နေသော သွေးနီရောင် မျက်ဝန်းများ ကဲ့သို့ ကောင်းကင်၌၊ လင်းနေ လေသည်။

ရွှေရောင် သားမွေး မျောက်ဝံ ကိုပင်၊ ချုပ်နှောင် နိုင်စွမ်း ရှိသဖြင့်၊ အစီရင်မှာ အစွမ်း ထက်ကြောင်း၊ ငြင်းဆို စရာ နည်းလမ်း မရှိချေ။ ယခုမူ ထိုထက် များစွာ ပြည့်စုံလာ လေပြီ။

အပြင် ဘက်မှ ကြည့် ပါလျှင်၊ ကြက်သွေးရောင် အတား အဆီး အလွှာ အတွင်းရှိ၊ အနက်ရောင် သံကြိုး များမှာ၊ အစစ် အမှန် ကြိုးများ အလား၊ ထင်မှား မိစေသည်။

ထိုသံကြိုး များက၊ လင်းယွန်၏ ဓားရောင်ဝါ များကို၊ ထွက်ပေါက် မရှိအောင် ကန့်သတ်လာ တော့သည်။

ဒုတိယ ဒုက္ခ ပြီးနောက်၊ လင်းယွန်မှာ ခြေထောက် များရှိ အပ်စိုက်မှတ် များကို၊ ချဲ့ထွင် ခဲ့သော်လည်း၊ နှေးကွေး နေဆဲ ဖြစ်သည်။ သည့် အပြင် မူလ စွမ်းအင် စီးဆင်းမှု မှာလည်း၊ နှေးကွေး လာ၏။

သို့သော် သံကြိုး များက၊ သူ့ ခြေကျင်း ဝတ်ကို တုပ်နှောင်ရန် အထိမူ၊ မတက်စွမ်း နိုင် သေးချေ။ ပွဲ အလှည့် အပြောင်းကြောင့်၊ ပရိသတ်များ အံ့အားသင့် ကုန်သည်။

“ နဂါး ပိတ်လှောင်ခြင်း အစီရင် ... ။ ”

“ မုဇီရီ တစ်ယောက်၊ အစီရင် ခင်းကျင်းဖို့၊ နှစ်ရက် အချိန်ယူ ရတာ အံ့သြစရာ မရှိ ပါဘူး၊ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တွေကို၊ လျှော့တွက်လို့ မရတဲ့ ပုံပဲ … ။ ”

“ တစ်ချက် တည်းနဲ့၊ ဒဏ်ရာ ပေးနိုင်တဲ့ အတွက်၊ လင်းယွန် ခွန်အားက နဂါး ပြည်နယ်ရဲ့ ပထမ တန်းစား ပါရမီရှင်လို့ ဆိုနိုင်ပြီ၊ သူ့မှာ ဒီ အစီရင်ကို ချိုးဖြတ်ဖို့ ခွန်အား ရှိလား၊ ငါ သိချင်သား။ ”

“ သူ့ ကျင့်ကြံမှုက၊ ဒုတိယ ကောင်းကင် မှာပဲ ရှိသေးတဲ့ အတွက်၊ ထွက်ပြေး သင့်တယ်၊ နောက်တစ်လှမ်း တက်နိုင်ရင်၊ ဘယ်သူမှ သူ့ကို တားနိုင် တော့မှာ၊ မဟုတ်ဘူး။ ”

“ လင်းယွန်ကို မင်းလို အပြေး ... ချန်ပီယံလို့ ထင်နေ တာလား။ ”

“ မလွယ်ဘူး၊ ထွက်ပြေးချင် ရင်တောင် လျိုမူတို့က ခွင့်ပြုမယ် ထင်လား ... ၊ အစီရင်ကို နှစ်ရက် ကြာအောင်၊ ခင်းကျင်း ခဲ့တာ ကိုပဲ ကြည့် ... ။ ”

အစီရင်မှ ရောင်ဝါမှာ၊ ပို၍ အားကောင်း လာသည်နှင့် အမျှ၊ ပရိသတ် များ၏ မျက်နှာက၊ စိုးရိမ် စိတ်များ ဖြစ်ပေါ် လာသည်။

“ ဟား ... ဟား ... ဟား ... ။ ”

အစီရင် ထဲတွင် မလူးသာ မလွန့်သာ၊ ဖြစ်နေသော လင်းယွန်ကို ကြည့်ကာ လျိုမူက၊ ရယ်မော လိုက်၏။

“ ဘယ်လိုလဲ အံ့သြ သွားလား ... ၊ မင်းသေတော့ မယ်လို့ ငါ ပြောခဲ့ သားပဲ၊ အခု မင်း ဘာဆက် လုပ်မှာလဲ ။ ”

လျိုမူက ပိုင်နိုင်သော အမူ အရာနှင့်၊ ဆိုသည်။

“ ဒီ အစီရင် အတွက် မင်းက၊ တန်ဖိုး ကြီးကြီး ပေးခဲ့ရ မယ်လို့ ငါ ထင်တယ်၊ ငါ့အပေါ် ဒီလောက် အထိ၊ အထင်ကြီး နေလိမ့် မယ်လို့၊ မမျှော် လင့်ထား မိဘူး။ ”

လင်းယွန်မှ ပြုံးလျက် တုန့်ပြန် လိုက်သည်။ ပုံသဏ္ဍာန် ပြောင်းလဲ သွားသော အစီရင်ကြောင့် သူ အနည်းငယ် အံ့အားသင့် ခဲ့ခြင်းသာ ဖြစ်သည်။

အခြားသူ တစ်ဦးသာ ဆိုပါက၊ ပြဿနာ ရှိသွား ပေမည်။ သူ့ အတွက်မူ ကောင်းကင်ဓား မလိုဘဲ၊ ပြီးပြည့် စုံသော ဝိညာဉ်ရေး ဓား ဖြင့်ပင်၊ ဖြိုဖျက် ပစ်နိုင်သည်။

မုဇီရီ မျက်လုံး များတွင်၊ လောဘ ရောင်များ တောက်ပ လာပြီး၊

“ မင်းရဲ့ ... လျှို့ဝှက်ချက်ကို၊ ငါတို့ မသိ ဖူးများ ထင်နေလား၊ မင်းမှာ နတ်ကြယ် ပုလဲ တွေ အများကြီး ရှိတယ်၊ ... ”

“ ... ငါတို့ မင်းကို သတ်လိုက်တဲ့ အခါ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာနဲ့ အလယ် အလတ် တာအို လက်နက် အပြင်၊ ... ”

“ ... အဲဒီ နတ်ကြယ် ပုလဲ တွေကို ပြန်ရ နိုင်တယ်၊ ဟား ... ဟား ... ဟား ... ရတနာ တွေကို သိမ်းယူဖို့၊ ငါ့ မစောင့်နိုင် တော့ဘူး။ ”

လင်းယွန်၏ အခြေခံ အုတ်မြစ်သည်၊ နတ်ကြယ် ပုလဲများ ပေါ်တွင် တည်ထားခြင်း ဖြစ်မှန်း၊ သူတို့ သိသည်မှာ ကြာလေပြီ။

နတ်ကြယ် ပုလဲ များမှာ၊ နဂါး ပြည်နယ် တစ်ခုလုံး တွင်ပင်၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါး ထံ၌သာ ရှိပေ တော့၏။

“ ဒီနေ့ မင်းကို ငါတို့ မသတ် နိုင်ရင်၊ အနာဂတ်မှာ ငါတို့ ဒုက္ခ ရောက်လိမ့်မယ်။ ”

လျိုမူက ဆိုသည်။

“ ဟား ... ဟား ... ဟား ... ။ ”

သူ့ စကားကြောင့် လင်းယွန် တစ်ယောက်၊ အေးစက်စွာ ရယ်မော လိုက်ပြီး၊

“ မင်း ပြောတာ မှန်တယ်၊ ဒါပေမယ့် ဘယ်သူ သေမလဲ ဆိုတာ မသိသေး ပါဘူး။ ”

-ဟု တုန့်ပြန် မိလေသည်။

“ ကောင်းပြီ ... ဒါဆို ကြည့်ကြ ရအောင်၊ မိုရန်၊ ရှကျွယ် မင်းတို့ရဲ့ ဝှက်ဖဲ တွေကို ဘာလို့ မသုံးကြ သေးတာလဲ။ ”

“ အဟီး ... ၊ ငါတို့ကို စိတ်မပူ ပါနဲ့၊ သတိ ပေးစရာ မလို ပါဘူး။ ”

မိုရန်က ပြုံးလျက် တုန့်ပြန် လေသည်။ ထို့နောက် ကြက်သွေး မိစ္ဆာ နည်းစနစ်ကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်၏။

ခြောက်ခြား စရာ ကောင်းသော ရောင်ဝါက၊ ဧရာမ လူထွားကြီး အသွင် ဖွဲ့တည်ကာ လေထု အလယ် ထွက်ပေါ် လာသည်။

ရှကျွယ်က ခေတ္တမျှ တုံ့ဆိုင်း သွားပြီး၊ မိစ္ဆာ ကပ်ဘေး ဆေးလုံးအား သောက်ချ လိုက်သည်။ အနက်ရောင် အငွေ့များ ချွေးပေါက် များမှ၊ ယိုစိမ့် လာပြီး၊ သူ့ခန္ဓာ ကိုယ်မှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားသည်။

“ ကြက်သွေး မိစ္ဆာ သံလက်သီး။ ”

လျိုမူက သွေးအဆီ အနှစ်ကို၊ လောင်ကျွမ်း ပစ်ပြီး၊ သံချပ် ဝတ်နှင့်၊ ကြက်သွေးရောင် မိစ္ဆာ ကြီးအား၊ ဆင့်ခေါ် လိုက်သည်။

“ သတ် ... ။ ”

“ သတ် ... ။ ”

“ သတ် ... ။ ”

ဧရာမ လက်သီးကြီး တစ်လုံးက၊ ပေါက်ကွဲ သံများ နှင့် အတူ၊ လင်းယွန်ထံ ဦးစွာ ကျဆင်း လာ၏။

သို့သော် လင်းယွန်မှ ထိတ်လန့်ခြင်း မရှိဘဲ၊ ရောင်ဝါ သမုဒ္ဒရာ များကို ဖွင့်လှစ်ကာ၊ ၎င်းအား ရင်ဆိုင် လိုက်သည်။

“ ဟမ့် ... ။ ”

လေဟာနယ်ကို ပိတ်ဆို့ ထားသော သံကြိုး များနှင့် ချိတ်ဆက် နေသည့်၊ မုဇီရီ၏ တံဆိပ်မှာ တုန်ခါလျက်၊ လင်းယွန် ခန္ဓာ ကိုယ်ရှိ စွမ်းအင် များကို ဖိနှိမ် ထားရန်၊ မတက် နိုင်တော့ချေ။

“ ဝုန်း ... ။ ”

တစ်ဖက်တွင် လက်သီးချင်း တိုက်မိ သွားပြီးနောက်၊ လင်းယွန် တစ်ယောက် လွင့်စဉ် သွားရသည်။ သို့သော် မိုရန်က လွတ်မြောက်ခွင့် မပေးဘဲ၊ လိုက်ပါ လာ၏။

လွင့်စဉ် လျက်မှ၊ သူ့အား ပစ်မှတ်ထား နေသော သံကြိုးများ ရန်မှ ရှောင်တိမ်းရန်၊ လင်းယွန် တစ်ယောက် အာရုံစိုက် နေရသည်။

ထို့ကြောင့် မိုရန် တိုက်ခိုက် မှုအား ဖြေရှင်းရန် အချိန် မရ တော့ဘဲ၊ နောက် တဆုတ်တည်း၊ ဆုတ်ပေး လိုက်ရသည်။

“ တိမ်မိစ္ဆာ ဓား။ ”

ရှကျွယ်က ခြေဖျားအား လေထဲ နင်း လိုက်ပြီး၊ စူးရှသော အလင်းများ ထုတ်လွှတ် ထားသည့်၊ လက်ဖြင့် လွှဲခုတ် လာသည်။

“ ကြယ်တာရာ ဒေါသ ... ။ ”

အလင်း ရောင်က ဓားပုံသဏ္ဍာန် အဖြစ် ထင်ရှား လာပြီး၊ လင်းယွန် အနား လျင်မြန်စွာ ရောက်ရှိ သွား၏။

“ ဟား ... ဟား ... ဟား ... ။ ”

လင်းယွန် တစ်ယောက် ဓား ရောင်ဝါဖြင့်၊ ရှကျွယ်အား လက်တုံ့ ပြန်ရန် ပြင်ဆင် နေချိန် တွင်၊ မုဇီရီမှ ရယ်မော လိုက်သည်။

ကောင်းကင်ရှိ ကြယ်နီ ဆယ်လုံးက၊ ချက်ချင်း လင်းလက် လာပြီး၊ လင်းယွန် ထံသို့ လှိုင်းများဖြင့် အနှောက် အယှက် ပေးလေသည်။

အလင်းဓား သူ့ထံသို့၊ ရောက်ရှိလာ တော့မည့် အချိန်၌၊ လက်သီးအား မြှောက်လျက် ၎င်း၏ အားနည်း ချက်အား ထိုးချ လိုက်၏။

“ ဝုန်း ... ။ ”

ပေါက်ကွဲ သံများ ထွက်ပေါ် လာပြီး၊ အလင်းဓား ကျိုးသွားကာ၊ ရှကျွယ် တစ်ယောက် နောက်ဆုတ် ပေးလိုက် ရသည်။

မိစ္ဆာ ကပ်ဘေး ဆေးလုံးကို သောက်သုံး ပြီးနောက်၊ သူ့ ချပ်ဝတ်မှာ ယခင်ထက် များစွာ အားကောင်း ချေ၏။ ထို့ကြောင့် လင်းယွန်၏ လက်သီး စွမ်းအားကို အလွယ် တကူ ချေဖြတ် နိုင်ခဲ့သည်။

“ ဟိတ် ... ။ ”

ပြန်ဆုတ် သွားသော ရှကျွယ် နောက်သို့၊ လင်းယွန် တစ်ယောက် ဆက်မလိုက် နိုင်စေရန်၊ မိုရန်နှင့် လျိုမူတို့ နှစ်ဦးက လက်သီး များဖြင့်၊ တရစပ် ထိုးနှက် လိုက်ကြသည်။

“ ချွင် ... ချွင် ... ချွင် ... ။ ”

ကောင်းကင်မှ ပစ်လွှတ်လာသော သံကြိုးများ ကလည်း ပို၍ များပြား လာပြီး၊ လေထဲ ပျံဝဲ လာ၏။

ကောင်းကင် ယံရှိ တိုက်ပွဲမှာ၊ ကြည့်ရှုသူ အားလုံးကို စိတ်လှုပ်ရှာ စေသည့် မြင်ကွင်း တစ်ရပ် ဖြစ်သည်။ လွင်းယွန် ခမျာ သားသတ် ရုံထဲ ရောက်ရှိ နေသော၊ သားကောင်နှင့် တူ လာ၏။

“ လင်းယွန်၊ မင်းမှာ နောက်ထပ် ဝှက်ဖဲ ရှိသေးလား၊ ရှိရင် အခု ထုတ်ပါ၊ မဟုတ်ရင် အခွင့် အရေး ရှိတော့မှာ မဟုတ်ဘူး။ ”

မူလ စွမ်းအင် အကာ အကွယ်၊ ကွဲအက် လာသော လင်းယွန်ကို ကြည့်ပြီး၊ လျိုမူမှ ဆို မိသည်။ ၎င်းအား မကြာခင် ချိုးဖြတ် နိုင်တော့မည် ဖြစ်၏။

“ အစ်ကိုလျို ... ၊ မင်းက သူ့ကို အရမ်း အထင်ကြီး နေတာပဲ၊ သူ့မှာ ဝှက်ဖဲ ရှိမှတော့ သုံးပြီးတာ ကြာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ ဟား ဟား ဟား ။ ”

ရှကျွယ်က လှောင်ပြောင်သည်။ ထို့ကြောင့် မိုရန် သည်လည်း၊ ခေါင်းညိတ် လိုက်၏။

“ လင်းယွန် ... ၊ ငါ့သားရဲ အမြုတေကို လုယူရဲတဲ့ မင်းရဲ့ ရလာဒ်ပဲ၊ ဘယ်လောက်ပဲ သန်မာနေ ပါစေ၊ ဒီကစား ပွဲကို လှည့်လို့ မရဘူး၊ ဒါ မြင့်မြတ်မြေ တွေရဲ့ စွမ်းအား ... ။ ”

“ ဟမ့် ... ၊ ဒါက မြင့်မြတ် မြေရဲ့ စွမ်းအား ဟုတ်လား။ ”

တစ်ဖက် လူ၏ စကား မဆုံးခင် မှာပင်၊ လင်းယွန် တစ်ယောက် မပြုံးဘဲ မနေနိုင် တော့ချေ။

“ ဟား ဟား ဟား ... ၊ ငါ နားလည်ပြီ၊ မြင့်မြတ် မြေရဲ့ စွမ်းအား ဆိုတာ၊ အရှက် ကင်းမဲ့ ခြင်း အပေါ်၊ အခြေခံ ထားတာပဲ၊ ... ”

“ ... မင်းတို့က အရေ အတွက်နဲ့၊ လူတိုင်း အပေါ် အနိုင်ကျင့် ရတာကို၊ ဂုဏ်ယူ နေတယ် ပေါ့၊ ဟုတ်လား ... ။ ”

လင်းယွန်က နှာခေါင်း ရှုံ့ကာ၊ ဝေဖန် လိုက်သည်။

“ တိတ်စမ်း ... ၊ ငါတို့က မင်းကို အထင်ကြီးလို့၊ ဒီလို အုပ်စုဖွဲ့ ခဲ့တာပဲ။ ”

သွေးအရိုး နယ်မြေ၏၊ အရှက် တရား အကြောင်း တွေးမိ လာပြီး၊ လျိုမူ အကြည့်များ အေးစက် သွား ခဲ့သည်။

“ ဒါဆို ... မင်းတို့ကို၊ ငါ ကျေးဇူးတင် ရမှာပေါ့။ ”

လင်းယွန်က လျှို့ဝှက်စွာ ပြုံးလျက် ပြောလိုက်သည်။

“ ဒါပေမယ့် ... မင်းတို့ စိတ်ပျက် ရတော့မယ်၊ စိတ် မကောင်း ပါဘူး၊ ငါက နဂါး ပိတ်လှောင်ခြင်း၊ အစီရင်ကို ... ”

“ ... စမ်းသပ် ချင်တာကြောင့်၊ အခုလို ချိန်ဖြုန်း နေရ တာပဲ၊ ကြည့်ရတာ ဒီလောက် အထင်ကြီး စရာလည်း၊ မရှိ ပါဘူး။ ”

စကားဆုံး သည်နှင့်၊ လင်းယွန်၏ အရှိန် အဝါများ ပေါက်ကွဲ လာသည်။ တစ်ခုခု မူမမှန် သည်ကို ခံစား လာမိ သောကြောင့်၊ လျိုမူ၊ မိုရန် နှင့် ရှကျွယ်တို့ အသွင်မှာ၊ လေးနက် သွား၏။

ထို့စဉ် ပြိုင်ဘက်မှ ညာလက်ဖဝါးအား ဖွင့်ကာ၊ တောက်ပသော တံဆိပ် တစ်ခုကို၊ ဖွဲ့စည်း လာလေသည်။

“ မင်း တို့ကို စစ်မှန်တဲ့၊ နေနတ် ဘုရား လက်သီး ပြသဖို့၊ အချိန် ရောက်ပြီ။ ”

ရုတ်တရက် ရွှေရောင် အလင်းများ၊ လင်းယွန် ထံမှ ဖြာကျလာ သဖြင့်၊ လျိုမူ တစ်ယောက် ထိတ်လန့် သွားကာ၊

“ မုဇီရီ မြန်မြန် ... ၊ အစီရင် ပျက်တော့မယ်။ ”

-ဟု ဟစ်အော် လိုက်၏။

မုဇီရီ သည်လည်း၊ ၎င်းကို သတိပြု မိပြီး ဖြစ်သည်။

“ ကြယ် သံကြိုး -အကြွင်းမဲ့ ပိတ်လှောင်ခြင်း။ ”

စက္ကန့်ပိုင်း အတွင်း၊ လင်းယွန်ထံ ဦးတည် လာသော သံကြိုး များက၊ ပို၍ များပြား လာ၏။

“ နေနတ် ဘုရား ဖျက်ခြင်း တံဆိပ်။ ”

တစ်ဖက်တွင် လျိုမူ၏ ဧရာမ လူသားထက်၊ ပို၍ ထင်ရှားသော အတောင်ပံ လူသား တစ်ဦး၊ လင်းယွန် နောက်၌ ထွက်ပေါ် လာသည်။

သည့်နောက် ကောင်းကင်၌၊ ထွန်းလင်း နေသော ကြက်သွေးရောင် ကြယ် (၁၀) ပွင့်နှင့်၊ သံကြိုးများ အားလုံး ပြိုပျက် သွားတော့သည်။

မုဇီရီ ခမျာ သွေးများ အန်လျက်၊ လဲကျလု နီးပါး ယိမ်းယိုင် သွား၏။ တစ်ချိန် တည်းမှာပင်၊ လျိုမူ၊ မိုရန်နှင့်၊ ရှကျွယ် တို့၏ မူလ စွမ်းအင်များ ကွဲအက် လာကုန်သည်။

“ ဒါက ... ။ ”

နှစ်ရက် အတွင်း၊ လင်းယွန် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာမှာ၊ ဤမျှ အားကောင်း လာလိမ့် မည်ဟု မထင်ထား မိချေ။

“ ဒါ ... ဒါက၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်ပဲ ။ ”

ထိတ်လန့်သော အသံဖြင့်၊ ရှကျွယ်မှ ဟစ်အော် မိသည်။

“ ပြေး ... ။ ” ထို့နောက် လျိုမူက ဦးဆောင်ကာ၊ လှည့်ပြေး တော့သည်။

“ မင်းတို့ လွတ်နိုင်မယ် ထင်လား။ ”

လင်းယွန် မျက်လုံးများ အေးစက်စွာ တောက်ပ လာပြီး၊ လက်သီး တစ်ချက်အား ပစ်ထုတ် လိုက်၏။

“ ဘုန်းကြီးသော နေမင်း ရောင်ခြည်။ ”

လင်းယွန်မှ လာသော ရွှေရောင် အလင်း များက၊ ၎င်းတို့၏ ပတ်ဝန်းကျင်ကို ကန့်သတ် လိုက်မှန်း သိလာရ သဖြင့်၊ လျိုမူတို့ လေးဦးမှာ၊ ထိတ်လန့် သွားကုန်သည်။

တောင်ပံ လူသားက၊ အတောင် များကို ဖြန့်လိုက်သော အခါ၊ လေပွေ တစ်ခု ဖြစ်ပေါ် လာပြီး၊ လျိုမူ၊ မိုရန်၊ ရှကျွယ်နှင့်၊ မုဇီရန် တို့ လေးဦးအား၊ ပြန်လည် စုရုံး လေသည်။

“ ဝှစ် ... ။ ”

ထို့နောက် စုရုံး လာသော ၎င်းတို့ (၄) ယောက်အား၊ လက်သီးနှင့် တစ်ချက်တည်း၊ ထိုးသတ် ပစ်လိုက်သည်။

“ ဘောင်း ... ။ ”

သည့်နောက် ပေါက်ကွဲသံ နှင့်အတူ၊ အလောင်းပင် ရှာမရ နိုင်လောက်အောင်၊ အပိုင်းပိုင်း ပြတ်တောက် သွားတော့၏။

***

All Chapters