← Chapters

သေခြင်း တရား။

Vol. 69 Ch. 966

သေခြင်း တရား။

Vol. 69 Ch. 966

ပွဲကြည့် ပရိသတ် များမှာ၊ အံ့သြ တုန်လှုပ် သွားကြသည်။ ဤစွမ်းအားသည် ကြောက်စရာ ကောင်း ပေ၏။

မြင့်မြတ်မြေ လေးခု၏ ခေါင်းဆောင် များအား၊ မျက်စိ တစ်မှိတ် အတွင်း၊ လက်သီး တစ်ချက် တည်းဖြင့်၊ သတ်ပစ်ခြင်း ဖြစ်သည်။

“ ဒါဆို ဒါကမှ ... ၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာရဲ့၊ တကယ့် စွမ်းအား အမှန်ပေါ့။ ”

လင်းယွန်က စိတ်လှုပ်ရှား စွာဖြင့်၊ ရေရွတ် လိုက်သည်။ အဖျက် စွမ်းအားမှာ ကြောက်စရာ ကောင်းလှ ပေ၏။

လမ်းလျှောက် ကံကောင်း စွာဖြင့်၊ ထိုဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို တက်ကျွမ်း ထားသော ရန်သူနှင့်၊ မတွေ့ဆုံ ခဲ့ရချေ။

မဟုတ် ပါက၊ ဓား ရည်ရွယ် ချက်အား၊ ထုတ်ရန် ကြိုးစား နေချိန် မှာပင်၊ အသတ်ခံ ရမည် ဖြစ်သည်။

ခေါင်းဆောင် များအား သတ်ပစ် ခဲ့ပြီး ဖြစ်ရာ၊ ထွက်ပြေး သွားသော အထက် တန်းစား များကို၊ ရပ်ကြည့် နေမိသည်။ နယ်မြေသား တစ်ဦး အနေဖြင့်၊ သူ့အား ခြိမ်းခြောက် နိုင်စရာ နည်းလမ်း မရှိ တော့ချေ။

ရုတ်တရက် အနက်ရောင် ပုံရိပ် တစ်ရိပ်၊ ပေါ်လာပြီး၊ လျိုမူ၊ ရှကျွယ်၊ မိုရန်နှင့် မုဇီရီ တို့၏ သိုလှောင်အိတ် များကို လိုက်လံ သိမ်းယူ နေသည်။

“ ခစ် ခစ် ခစ် ... ။ ”

သို့သော် သိုလှောင်အိတ် များအား လင်းယွန်ထံ ပြန်အပ်ရန် ဆန္ဒ ရှိပုံ မရချေ။ ထို့နောက် ရယ်မောလျက် ပခုံး ဆီသို့ ခုန်တက် လာ၏။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေသည်။ လင်းယွန်ကို ကြည့်နေ မိသော မျက်ဝန်း များ၌၊ အကြောက် တရားနှင့်၊ ရိုသေ လေးစား မှုများ ထင်ဟပ် လာ၏။

ဤလူအား အောက်တန်းစား အဖြစ် မည်သူမှ၊ ပြုမူ ဆက်ဆံဝံ့ မည်နည်း။ အထက် တန်းစား ဟုဆိုသော၊ ပါရမီရှင် (၄) ဦးကို၊ ဓား မဆွဲဘဲ၊ တစ်ချက် တည်းနှင့် ထိုးသတ် ခဲ့သည်။

နဂါး ပြည်နယ်၏ ပထမ တန်းစား ပါရမီရှင် ခုနစ် ပါးမှ လွဲ၍၊ မည်သူမျှ သူ့အား နှိမ်နှင်းနိုင် လိမ့်မည် မဟုတ်ကြောင်း ပြောနိုင်သည်။

“ သွား ရ အောင်၊ ငါတို့ အချိန်လင့် နေပြီ။ ”

သူ့ ပန်းတိုင်မှာ ကြယ်ဗိမာန် များနှင့် ဒဏ္ဍာရီလာ နဂါး နန်းတော် ဖြစ်သောကြောင့်၊ စိတ်လှုပ်ရှား စွာဖြင့်၊ ပြုံး လိုက်မိသည်။

လက်ရှိ ခွန်အားသည် ကြယ် (၁၂၆) လုံး ဟူသော အမွေ များထက်၊ ကျော်လွန် နေပြီ ဖြစ် သောကြောင့်၊ ၎င်းတို့အား စိတ်မဝင်စား တော့ချေ။

သည်မတိုင်မီ ချမ်ရွှင်း ဟူသော လူငယ်၏ ငုံ့ကြည့် ခြင်းကို ခံခဲ့ ရသည်။ ထိုလူငယ် အမြင်၌ ကြယ် ဝိညာဉ် ပိုင်ရှင် (၅) ဦးနှင့်၊ ယှဉ်ပြိုင် နိုင်မှ သာလျှင်၊ ကြယ်ဗိမာန် များကို ပစ်မှတ် ထားခွင့် ရှိမည်ဟု၊ ယူဆ နေ၏။

ယခု ထိုအဆင့်သို့ ရောက်ရှိ လာပြီ ဖြစ် သောကြောင့်၊ ၎င်းတို့အား ရင်ဆိုင်ရန် မစောင့် နိုင်တော့ချေ။ သည့်နောက် နဂါး နန်းတော် ကိုပင်၊ ပစ်မှတ်ထား နိုင်ပြီ ဖြစ်သည်။

တာအို လက်ရာများ၊ သူတော်စင် ဆေးလုံးများ၊ ဝိညာဉ် ရေးရာ အမွေ အနှစ် များနှင့်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို၊ ရှာတွေ့ရှိ နိုင်မည်ဟု ယုံကြည်၏။

နေနတ်ဘုရား လက်သီး စွမ်းအားကို၊ မျက်မြင် တွေ့ကြုံ လိုက်ရပြီ ဖြစ်သောကြောင့်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ အပေါ်၊ အလွန် စိတ်ဝင်စား လာခဲ့သည်။

ကောင်းကင်ဘုံ သုံးပါး၏ စွမ်းအားမှာ၊ နေနတ်ဘုရား လက်သီးနှင့် နှိုင်းယှဉ် နိုင်သည်။ သို့သော် ထိုဓား သုံးချက်သည် ပြိုင်ဘက်အား တစ်ချက် တည်းဖြင့်၊ ချက်ချင်း သတ်နိုင် မှသာ အသုံးပြု ရမည့် ဓား ဖြစ်၏။

ယင်းသို့ မသတ်နိုင် ပါက၊ ပေးဆပ် လိုက်ရသော မူလ စွမ်းအင်ကြောင့်၊ ဖြူကာ ပြာကာ ကျသွား နိုင်မည်။

ထို့ကြောင့် အဆင့်မြင့် ဓားရေး နည်းစနစ်များ လိုအပ် နေသည်။ ဆည်းဆာ အလင်းဓား ကဲ့သို့ ဓားသုတ္တန် မပါ ဝင်သည့်၊ ဓားရေး ဆိုပါက၊ ပို၍ ကောင်းချေ၏။

ကောင်းကင် ဓားမှာ၊ အစွမ်းထက် သော်လည်း၊ နေနတ်ဘုရား လက်သီးဖြင့် ပေါင်းစပ်ရန်၊ မသင့် လျော်ချေ။

ကောင်းကင် ဓားနှင့် တွဲရန်၊ ဓားရေး နည်းစနစ် တစ်ရပ် လိုနေသည်။ သည့်နောက် အတွေးများ ဖြတ်လျက်၊ ခရီးဆက် လာခဲ့၏။

သူ့ အနေဖြင့် နှစ်ရက်မျှ နောက်ကျ နေပြီ၊ ဖြစ်သည်။ တက်နိုင် သမျှ မြန်မြန် လှုပ်ရှားဖို့ လို၏။

လမ်း တစ်လျှောက်၊ ရတနာများ ရှာဖေွ နေသော လူ အချို့အား မြင်လာ ရသည်။ နဂါး ပြည်နယ်မှ အထက် တန်းစား များမှာ၊ သူ ထင်ထား သည်ထက်၊ ပို၍ များချေ၏။

ကြယ်ဗိမာန် များတွင်၊ အစွမ်း ထက်သော အမွေ ရတနာများ ရှိကြောင်း၊ သိရှိထား ကြရာ၊ လူများ စွာက ယှဉ်ပြိုင်ရန် ဦးတည် လာသည်။

မျက်စိ တစ်မှိတ် အတွင်း နှစ်ရက်တာ ကုန်လွန် သွား၏။ လမ်း တစ်လျှောက် ကြယ် (၁၂၆)လုံး အဆင့်ပင် မမီသော၊ အမွေ ရတနာ များကို၊ ကြုံခဲ့ ရသည်။

မပြည့် စုံသော အမွေများ ဖြစ်သဖြင့်၊ စိတ်မဝင်စား မိချေ။ ယင်းမှာ အချိန် ဖြုန်းခြင်း သက်သက် မျှသာ ဖြစ်ပေမည်။ ဘုန်းနေမင်း ဝိညာဉ်နှင့် သက်ဆိုင်သည့် ဗိမာန် ကိုသာ၊ စိတ်ဝင်စား ချေ၏။

သုံးရက်မြောက် နေ့တွင်၊ အပျက် အစီး များဖြင့်၊ ပြည့်နှက် နေသော နယ်မြေ တစ်ခုကို၊ မြင်လိုက် ရသည်။

ထိုနယ်မြေအား ကြယ်ရောင် များနှင့်၊ လွှမ်းခြုံ ထားပြီး၊ ၎င်းအတွင်း မပျက်စီး သေးသည့်၊ အဆောက် အဦး များစွာ ကျန်ရှိ နေ၏။

အလယ် ဗဟိုတွင်၊ အလွန် မြင့်မားသော နန်းတော် တစ်ခုက၊ ကြယ်ရောင်စုံ ကောင်းကင် ကြီးထံ၊ ထိုးဖောက် ဝင်ရောက် နေခဲ့သည်။

နန်းတော် ရှေ့တွင်၊ လူ အများ အပြား စုဝေးနေ ကြသော်လည်း၊ မည်သူမျှ မလှုပ်ရှား ရဲကြချေ။

ထို့ကြောင့် အတား အဆီး အားပျော့ လာချိန်အထိ၊ စောင့်ဆိုင်း နေကြစဉ်၊ ဝင်ပေါက် ၌ မြင့်မြတ်မြေ များစွာက၊ ပိတ်ဆို့ထား ခဲ့သည်။

“ ဒါက ... ကြယ် (၁၂၆)လုံး အနက်က တစ်လုံးလား။ ”

လင်းယွန်က ရပ်လိုက်ပြီး အခြေ အနေကို၊ အကဲခတ် လိုက်သည်။ ကြယ် (၁၂၆) သည် သူ့ အတွက်၊ အသုံး မဝင် သော်လည်း၊ မြင့်မြတ်မြေ များ အမြင်တွင်၊ အလွန် တန်ဖိုး ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့က၊ ဝင်ပေါက်ကို ပိတ်ဆို့ရန် အချင်းချင်း လက်တွဲထား ကြ၏။ အဆုံးတွင် လူတိုင်းက အားကိုး ရာမဲ့ စွာဖြင့်၊ မြင့်မြတ်မြေ များကို၊ ကြည့်နေ ကြသည်။

ဤမြင်ကွင်း မျိုးမှာ၊ မကြာ ခဏ မြင်ဖူး နေသော၊ မြင်ကွင်း တစ်ရပ် ဖြစ်ချေ၏။ သို့သော် ဝင်ရောက် စွက်ဖက်ရန်၊ စိတ်ကူး မရှိချေ။

“ အိုး ... ၊ မြင့်မြတ်မြေ ခုနစ်ခုက၊ အတူတူ ပူးပေါင်း ထားတာလား၊ ဒါဆို ဒီကြယ် နန်းတော် က ရိုးရှင်း ပုံ မရဘူး။ ”

နန်းတော်ကို စစ်ဆေးပြီး၊ ဤအမွေသည် ကြယ်ဗိမာန် များရှိ အမွေ များနှင့်၊ ယှဉ်နိုင်သည့် နည်းလမ်း မရှိ သောကြောင့်၊ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ဝင်ပေါက် ရှေ့တွင် လူ သုံးယောက်အား ချည်နှောင်ထား သည်ကို မြင်သော အခါ၊ သူ့မျက်နှာ ပြောင်းလဲ သွားသည်။

ယင်းမှာ စံနမူနာ အဖြစ် အသုံးပြု ထားပြီး၊ အောက်အဆင့် နယ်မြေ များကို ခြိမ်းခြောက် ထားခြင်း ဖြစ်၏။

ဤလုပ်ရပ်မှာ သူနှင့် မဆိုင် သော်လည်း၊ ဓားစာခံ သုံးဦးမှာ ပယင်း နယ်မြေမှ၊ သူ့ အဖော် များ ဖြစ်သဖြင့်၊ မျက်နှာ မလွဲ နိုင်တော့ချေ။

မြင့်မြတ်မြေ ခုနစ်ခု၏ ခေါင်းဆောင်မှာ၊ အနက်ဝတ် လူငယ် တစ်ဦး ဖြစ်သည်။

“ ဒီနေရာကို ... ငါတို့ သိမ်းလိုက်ပြီ၊ ကျူးကျော် လာတဲ့ ဘယ်သူ မဆို၊ သူတို့ အဖြစ်ကို နမူနာ ယူပါ။ ”

စကားဆုံး သည်နှင့်၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ရောင်ဝါအား ထုတ်ဖော်ကာ၊ ဖန်ရှောင်ယုတို့ သုံးဦးကို ဖိနှိမ် လိုက်သည်။

“ ခရစ် ... ။ ”

အရိုးများ အက်ကွဲ လာပြီး၊ နာကျင် မှုကြောင့်၊ မျက်နှာများ ရှုံ့တွ လာ၏။ များ မကြာခင် အရေပြား အနှံ့ အက်ကွဲ ကုန်ပြီး၊ သွေးတွေ စိမ့်ထွက် လာသည်။

အနက်ဝတ် လူငယ်က၊ လူအုပ်အား ဤနည်းဖြင့် ခြိမ်းခြောက်ရန် ကြိုးစားနေ ခဲ့သည်။

“ မင်းတို့ တွေက ... ၊ အရမ်း သန်မာတယ်၊ ဒူးထောက် ကြစမ်း။ ”

လူငယ်က ပြုံးပြီး လက်ညှိုးအား တောက်ထုတ် လိုက်သည်။ ကြက်သွေးရောင် အလင်းများ ပြေးထွက် လာကာ၊ ဖန်ရှောင်ယုတို့ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် လာ၏။

“ အွန့် ... ။ ”

“ ဝေါ့ ... ။ ”

သုံးယောက်သား ချက်ချင်း သွေးအန် သွားသည်။

“ ဒီလူက မိန်းမဆန် လိုက်တာ။ ”

“ မြင့်မြတ်မြေ တွေက၊ ရက်စက် တက်တာ သဘာဝ ပါပဲ၊ သူ့လို ညှင်းပမ်း နှိပ်စက် တက်တဲ့ လူမျိုးတော့၊ ငါ မမြင်ဖူး သေးဘူး။ ”

“ ဟား ... ဟား ... ဟား ... ၊ ရှီမင် ... အကြောင်း မင်းဘာမှ မသိ သေးဘူး၊ သူ့လက် ထဲမှာ သေဆုံးသွား သူတိုင်းက၊ မသေခင် သေချင် လာတဲ့ အထိ၊ နှိပ်စက် ခံရ တက်တယ်။ ”

“ အောက်တန်း နယ်မြေက၊ ကျင့်ကြံသူ တွေကို၊ သူတို့က ကစားချင် နေကြ တာလား ။ ”

လူတိုင်း၏ မျက်လုံး ထဲတွင်၊ ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာသည်။ ရှီမင် လုပ်ရပ်သည်၊ အခြားသော မြင့်မြတ် မြေများ ကိုပင်၊ မျက်နှာ လွှဲမိ စေ၏။

“ ဒူး မထောက် သေးဖူးလား။ ”

သုံးယောက်လုံး ဒူးထောက်ခြင်း၊ မရှိကြ သည်ကို မြင်လိုက် ရသော အခါတွင်၊ ရှီမင်၏ မျက်လုံး များ၌ အေးစက်စက် အလင်းများ တောက်ပ လာသည်။

“ အိပ်မက် မက် မနေနဲ့။ ”

ဇိုချင်းရှန်က ပြန်၍ အော်ဟစ် လိုက်သည်။

“ ဘယ်လို တောင် ... ၊ ခေါင်းမာ လိုက်လဲ၊ ငါအခု ပျော်နေတယ် ထင်လား၊ ဒူး မထောက် ချင်ရင် သေလိုက်ပါ။ ”

ရှီမင်က ညာလက်ကို ဖြည်းညှင်းစွာ မြှောက်ပြီး၊ မူလ စွမ်းအင်များ လောင်းထည့် လိုက်သည်။

ထိုနောက် သူ့ လက်ဖဝါးမှ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ဖြာထွက် လာ၏။

ရပ်ကြည့် နေသော အထက် တန်းစား များစွာက၊ စာနာစိတ် အပြည့်ဖြင့်၊ ဖန်ရှောင်ယု တို့ကို၊ စိုက်ကြည့် လိုက်ကြသည်။

၎င်းတို့ သုံးဦးမှာ တစ်စုံ တစ်ရာ အမှား မလုပ် ခဲ့ချေ။ ဤနေရာသို့ ဦးစွာ ရောက်ရှိ ခဲ့ခြင်း သာရှိ လေသည်။

သို့သော် တရား မျှတခြင်း ဟူသော ဝေါဟာရမှာ၊ ကောင်းကင် လမ်း၌ အသုံး မဝင်ချေ။ ခွန်အား မရှိ ပါက၊ ဘေးထွက် အံကြိတ် နေရုံသာ ရှိသည်။

“ မလုပ်ခင် ... ၊ သေသေ ချာချာ စဉ်းစား တာက ပိုကောင်း လိမ့်မယ်၊ မဟုတ်ရင် သေခြင်း တရားထက် ဆိုးတဲ့၊ နာကျင်မှုတွေ ခံစား ရတက်တယ်။ ”

လူတိုင်း ကူကယ်ရာ မဲ့ နေစဉ်၊ ရှီမင်၏ လှုပ်ရှားမှု များကို ရပ်တန့် သွားစေသည့် အသံ တစ်သံ၊ ထွက်ပေါ် လာတော့သည်။

***

All Chapters