← Chapters

လက်လှိုင်းဖြင့် သတ်ဖြတ်ခြင်း။

Vol. 70 Ch. 967

လက်လှိုင်းဖြင့် သတ်ဖြတ်ခြင်း။

Vol. 70 Ch. 967

ရှီမင် ဦးဆောင်သော မြင့်မြတ်မြေ ခုနစ်ခုကိုဦ ဤလေသံဖြင့် ပြောဝံ့ သူမှာ မည်သူ ဖြစ်မည်ကို လူအုပ်က၊ သိချင်လာ ကြသည်။

သို့သော် ဖိနှိမ် ခံထား ရသော ဇိုချင်းရှန် ချောင်ချင်းနှင့်၊ ဖန်းရှောင်ယု တို့က၊ ထိုအသံ ပိုင်ရှင်ကို ချက်ချင်း မှတ်မိ ပေ၏။

မျှော်လင့်ချက်များ မျက်လုံး အပြည့် တောက်လောင် လာ၏။ သို့သော်လည်း မြင့်မြတ်မြေ ခုနစ်ခု လက်မှ ကယ်တင်ရန် မလွယ်ကူ မှန်းသတိ ရလာ ကြသည်။

ထို့အပြင် သူတို့ကြောင့်၊ ဘေးအန္တရာယ် ကျရောက် သွားမည် ကိုလည်း စိုးရိမ် မိပြန် သည်။ သူတို့ လင်းယွန်မှာ၊ ပယင်း နယ်မြေ အတွက်၊ မျှော်လင့်ချက် ဖြစ်ချေ၏။

စိုးရိမ် စိတ်များ ဖြစ်ပေါ် လာပြီး၊ ပြန်လှည့် သွားရန် သတိပေး ချင်ကြ သော်လည်း၊ နာကျင် မှုကြောင့် အသံပင်၊ မထွက်နိုင် ခဲ့ချေ။

ထိုမြင်ကွင်းကို ကောင်းကင်မှ ရှင်းလင်းစွာ မြင်လိုက် ရသော လင်းယွန် ခမျာ၊ ဒေါသထွက် လာ သည်။

“ လင်းယွန် ပဲ ... ။ ”

မြင့်မြတ်မြေ တစ်ခုမှ၊ အထက် တန်းစား အချို့က၊ ကောင်းကင်မှ ဆင်းသက် လာသော လင်းယွန်ကို မှတ်မိ သွားသည်။

“ ဘယ်သူက ... မောက်မာ ဝံ့ သလဲလို့ တွေးနေတာ၊ မင်းပဲ ဖြစ်နေပြန် တာလား။ ”

ရှီမင်က ပတ်ဝန်း ကျင်မှ၊ စကားများ ကြားပြီး၊ သူ့လက်ကို ဖြည်းညှင်းစွာ ရုတ်သိမ်း လိုက်သည်။

သို့သော် သူ့ မျက်လုံး များ၌ အထင် သေးသော အရိပ် အယောင်များ ဖြစ်ပေါ် လာ၏။

လင်းယွန်ကို မမြင်ဖူး ခဲ့သော်လည်း၊ မြင့်မြတ် မြေများ အပေါ်၊ အလွန် မောက်မာ သည် ဟူသော၊ သတင်းများ ကြားထားဖူး ချေပြီ။

ခွန်အားမှာ အထင်ကြီး လောက်စရာ ဖြစ်သော်လည်း၊ သွေးအရိုး နယ်မြေနှင့်၊ ယန် မီးတောက် နယ်မြေမှ အမဲ လိုက်ခြင်း ခံနေ ရသည်။

“ လင်းယွန် ... ၊ ဒါက ငါတို့နဲ့ မဆိုင် ပါဘူး၊ ငါတို့က မင်း သူငယ်ချင်း တွေကို ဖမ်းထားတဲ့ လူတွေ မဟုတ်ဘူး။ ”

“ ငါတို့ရဲ့ ကန္တာရ ကောင်းကင် နယ်မြေ နဲ့လည်း၊ ဘာမှ မဆိုင် ပါဘူး။ ”

“ ကြက်သွေးရောင် သိမ်းငှက် နယ်မြေ ကလည်း၊ မင်း သူငယ်ချင်း တွေကို လက်ဖျား နဲ့တောင် မထိခဲ့ ပါဘူး။ ”

“ ငါတို့လည်း ... ။ ”

“ ငါတို့လည်း ... ။ ”

နယ်မြေ (၆)ခုမှ ခေါင်းဆောင် များက၊ ၎င်းတို့နှင့် ပတ်သတ်ခြင်း မရှိကြောင်း၊ အလျင် အမြန် ထုတ်ဖော် ကြေငြာ လာကြသည်။

လင်းယွန် ထံမှ အတည် ပြုချက်ကို ထိတ်လန့် စွာဖြင့် စောင့်မျှော် နေကြ သည်မှာ၊ မယုံ နိုင်ဖွယ် မြင်ကွင်း တစ်ရပ် ဖြစ်လာ တော့သည်။

လျိုမူ၊ မိုရန်၊ ရှကျွယ်နှင့် မုဇီရီ တို့ကို လင်းယွန်မှ သတ်လိုက်ပြီ ဖြစ်ကြောင်း၊ သူတို့က မှန်းဆ နိုင်ခဲ့သည်။

“ ဒါဆို ဘာလုပ် နေတာလဲ၊ ငါ့ မျက်စိ ရှေ့က အခု ထွက်သွား ကြစမ်း ... ။ ”

သို့သော် လင်းယွန်၏ ကြီးစိုမှုက ထိုမျှနှင့် မရပ် သေးချေ။

“ မင်းတို့ အမှန် အတိုင်း ပြောမိပါ စေလို့ ဆုတောင်းထား ... ၊ မဟုတ်ရင် ကုန်းမြေ အဆုံး ထိ၊ ငါ လိုက်ရှာမယ်။ ”

သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ထုတ်ဖော်လျက်၊ ခြိမ်းခြောက် စကားဆို လိုက် တော့သည်။

ထိုလူများမှာ ရှက်ရွံသွား သော်လည်း၊ မည်သူမျှ မတုံ့ပြန် ဝံ့ကြဘဲ၊ ဝမ်းသာ အားရဖြင့်၊ အလျင် အမြန် ထွက်ခွာ ကုန်၏။

ကြယ်နန်းတော် အမွေများ အတွက်မူ။ ၎င်းမှာ အသက်ထက် ပို၍ တန်ဖိုး မရှိ နိုင်ချေ။ ရတနာ ဟူသည် လူသေများ အတွက်၊ အသုံး မဝင်ခြင်း မရှိကြောင်း၊ ကလေးပင် သိ၏။

ဤနည်းဖြင့် မြင့်မြတ်မြေ (၆)ခုမှာ၊ တစ်စက္ကန့် အတွင်း ပျံသန်း ပျောက်ကွယ် သွားကြရာ၊ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်လာ ကုန်သည်။

သက်တံ နယ်မြေ သာလျှင်၊ နဝေ တိန်တောင်နှင့် ကျန်ရစ် ခဲ့၏။ ရှီမင်ပင် အနည်းငယ် သံသယ ဝင်လာသည်။

ထိုငကြောက် များမှာ သူ မသိသော အချင်းအရာ အချို့အား သိရှိ ထားပုံ ရသည်။ မဟုတ်သော် သူ့အား ထားခဲ့မည် မဟုတ်ချေ။

တစ်ချိန် တည်း မှာပင်၊ ဤလင်းယွန်၏ ရောင်ဝါကြောင့် အနည်းငယ် အသက်ရှူ ကျပ် လာသည်ဟု ထင်မိသည်။ ထို့ကြောင့် ဆက်မနေ တော့ရန်၊ ဆုံးဖြတ် လိုက်သည်။

“ လင်းယွန် ... ၊ ငါ မင်းရဲ့ မျက်နှာကြောင့်၊ သူတို့ကို အခု လွှတ်ပေး လိုက် ပါမယ်။ ”

မဆိုင်း မတွဘဲ၊ လက် ဝှေ့ယမ်းကာ၊ ဖန်ရှောင်ယုတို့ သုံးဦးအား၊ ဖိနှိမ်ထား ခြင်းမှ ဖြေလျော့ ချလိုက်သည်။

“ ဝေါ့ ... ။ ”

“ အ ... ။ ”

ဖိအား ပျောက်ကွယ် သွား သည်နှင့်၊ သုံးယောက် စလုံး သွေးတစ်လုတ် အန် ချမိ၏။

“နှုတ်ဆက် ပါတယ် ... ။ ”

“ ငါ ... မင်းကို ထွက်သွားခွင့် ပေးသေး လို့လား။ ”

သို့သော် အေးစက်စက် အသံ တစ်သံက၊ အဆုံး မရှိ လူသတ်ချင် စိတ်နှင့် အတူ၊ ထွက်ပေါ် လာသည်။

ထိုကြောင့် ရှီမင်က လှမ်းလက်စ ခြေလှမ်းအား ရပ်ကာ၊ လင်းယွန်ထံ ပြန်လှည့် ကြည့်၏။

“ လင်းယွန် ... ၊ မင်း အရမ်းလွန် မလာနဲ့၊ သူတို့ကို ငါ လွှတ်ပေးပြီး၊ ကြယ်နန်းတော် အမွေ ကိုလည်း ပေးခဲ့ ပြီးပြီ၊ ... ”

“ ... နောက်ထပ် ဘာလိုချင် သေးတာလဲ၊ မင်း အတွက် အကျိုးရှိမှာ မဟုတ်လို့၊ ဒါနဲ့တင် ရပ်လိုက်တာ ကောင်းမယ်။ ”

ရှီမင် လေသံက ဒေါသ ထွက်လာပြီး၊ အဖျားခတ် တုန်ယင် သွားကာ၊ ခြိမ်းခြောက် လိုက်လေသည်။

“ ငါ့ ခွင့်ပြုချက် မပါဘဲ၊ မင်း ထွက်သွား ချင်တိုင်း သွားရအောင်၊ မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ၊ ငါ လွန်တော့ရော ဘာဖြစ်လဲ၊ လာပါ မင်း ဘာတက် နိုင်လဲ၊ ငါ သိချင်တယ်။ ”

လင်းယွန်က ပြုံးလျက်၊ စိန်ခေါ် လိုက်သည်။

“ အရိုင်း အစိုင်းကောင် ... ၊ မင်းရဲ့ လက်ရှိ အခြေ အနေကို နားမလည် သေးဖူးလား၊ လျိုမူ နဲ့ မိုရန်က မင်းကို လိုက်ရှာ နေတယ်၊ ငါသာ မမှားရင် ရှကျွယ် ရောပဲ၊ ... ”

“ ... ဒါကိုတောင် ငါ့ရဲ့ သက်တံ နယ်မြေနဲ့ ထပ်ပြီး ပတ်သက်ချင် နေတာလား၊ မြင့်မြတ် မြေ တွေကို ဘာထင် နေလဲ၊ ဟမ့် ... ။ ”

ရှီမင်၏ ဒေါသမှာ အဆုံး မရှိတော့ချေ။

“ ဟား ဟား ဟား ... ၊ ဒီစကား တွေက ကောင်းကင် လမ်းကို၊ ငါ စရောက် ထဲက ကြား နေရတဲ့ စကား တွေပဲ၊ မြင့်မြတ်မြေ ဖြစ်တော့ ဘာများ အသုံးဝင် လို့လဲ၊ မင်းတို့ကိုယ် မင်းတို့ ငါ့ထက် အရည် အချင်း ရှိတယ် ထင်ရင်၊ လာစမ်း ကြည့်ပါ။ ”

လင်းယွန်က သူ့ထက် ပို၍ မောက်မာ ချေပြီ။

“ မင်း ... သေချင် နေတာပဲ၊ ကောင်းပြီ ... မြင့်မြတ်မြေ တွေကို စော်ကားပြီး တာတောင်၊ နောင်တ မရတဲ့ အမှိုက် တစ်စ အတွက်၊ ငါ့ကို အပစ် မတင် ပါနဲ့။ ”

စကားဆုံး သည်နှင့် ရောင်ဝါ သမုဒ္ဒရာများ အားလုံးကို လှည့်ပတ် လိုက်ရာ၊ အရှိန် အဝါများ ပေါက်ကွဲ ထွက်လာသည်။

“ ဟိတ် ... ။ ”

ထို့နောက် မူလစွမ်းအင်ကို အကုန်အစင် ထုတ်ဖော်လျက်၊ လင်းယွန်အား လက်သီးဖြင့် ထိုးချ လိုက်၏။

ထိုလက်သီး၏ စွမ်းအားကြောင့် မြေပြင်ကို တုန်လှုပ် သွားစေသည်။ သို့သော် လင်းယွန်မှာ သူ့ လက်သီးအား ဖမ်းကိုင်ရန် လက်လှမ်း လာ၏။

လက်ရှိ အချိန်၌ လင်းယွန် မည်မျှ သန်မာလာ သည်ကို မသိ သဖြင့်၊ ဤတုန့်ပြန် မှုသည် လူအုပ် ကြီးကို မျက်လုံးပြူး သွားစေ သည်။

“ ဒါက မင်းရဲ့ ခွန်အားလား ... ။ ”

လင်းယွန်က အထင်အမြင် သေးစွာဖြင့်၊ ရှီမင်၏ လက်ကောက် ဝတ်အား ဖမ်းယူလိုက် သည်။

ရွေ့လျားမှုမှာ မြန်ဆန် လှသဖြင့်၊ လက်သီးကို ပြန်ရုတ်ကာ၊ ရှီမင် တစ်ယောက် လှည့်ပြေးရန် ပြင်လိုက် တော့၏။

“ ခဏ နေပါဦး ... ၊ မင်းတို့ မြင့်မြတ် မြေရဲ့ စွမ်းအားကို၊ ငါ လင်းယွန် ကြည့်ပါ ရစေ။ ”

သို့သော် တစ်ဖက် လူက၊ လေထဲ ခြေ တစ်လှှမ်း လှမ်းတက် လိုက်ပြီး၊ သူ့လက်အား လှမ်းကိုင် လေသည်။

“ မ လုပ် နဲ့ ... ။ ”

ထိတ်လန့် နေသော အော်ဟစ်သံမှာ၊ ကျယ်လောင်စွာ ထွက်ပေါ် လာ၏။ အဆုံးတွင် ဖမ်းဆုပ် ခံရပြီး၊ သဲအိတ် တစ်လုံး ကဲ့သို့၊ မြေပြင်ပေါ် ပစ်ပေါက် ခံရ တော့သည်။

“ ဝုန်း ... ။ ”

ပစ်ပေါက် ခံရသည့် ဒဏ်ကြောင့် ကျောရိုးကျိုးကာ၊ သွေးအန် သွား၏။ နာကျင် မှုမှာ၊ ခန္ဓာကိုယ် အနှံ့၊ ချက်ချင်း ပျံ့နှံ့ လာသည်။

ကောင်းကင်နှင့် မြေကြီးပင်၊ တုန်ယင် လာသည်ဟု ထင်ရ စေသော အဆုံးမဲ့ သတ်ရန် ရည်ရွယ်ချက်ဖြင့်၊ လင်းယွန်က ဆက်၍ ဖြည်းညှင်းစွာလျှောက်လှမ်း လာပြန်၏။

“ မင်း ...၊ မင်း ... ။ ”

ထို့ကြောင့် ကြောက်လန့် စွာဖြင့်၊ လက်များကို နောက်ပြန် ထောက်လျက် တင်ပါးလွဲ ရွေ့ယူ လိုက်သည်။

“ ... မလာနဲ့၊ လင်းယွန် မင်း ဘာလို ချင်လဲ၊ ငါ မင်းကို ဘာမဆို ပေးနိုင် ပါတယ်၊ ငါ့ အနား မလာ ပါနဲ့ … ။ ”

သည်အချိန်၌ အကြောက် တရား ဟူသော အရာကို နက်ရှိုင်းစွာ ခံစား လိုက်ရသည်။

“ မင်းရဲ့ အသက် ... ။ ”

“ မလုပ်နဲ့ ... မလုပ်နဲ့... မလုပ် ပါနဲ့ ... ၊ ငါ့ကို မသတ် ပါနဲ့ … ။ ”

တစ်ဖက် လူ၏ တုံ့ပြန်မှုက သူ့အား မျှော်လင့်ချက် မဲ့သွား စေ၏။ နောင်တမှာ အဆုံး မရှိ တော့ချေ။ ထရပ် နိုင်ပါက ချက်ချင်း ဒူးထောက် တောင်းပန်မိ ပေမည်။

“ အိုး ... ၊ ငါ မင်းကို ပြောဖို့ မေ့သွားတယ်၊ လျိုမူ၊ မုဇီရီ၊ ရှကျွယ်နဲ့ မူရန် တို့ကို၊ ငါ အခုပဲ သတ်လာ ခဲ့ပြီ။ ”

“ ..... ။ ”

ရုတ်တရက် လင်းယွန်မှ ပြုံးကာ ဆိုလာသဖြင့်၊ ရှီမင် တစ်ယောက် စိတ်လွတ် သွားသည်။

ဤအခိုက်တွင် လင်းယွန်ကို မြင်သည်နှင့်၊ နယ်မြေ ခြောက်ခုမှ ချက်ချင်း ဆုတ်ခွာ ရသည့် အကြောင်း အရင်းအား၊ နားလည်လာ တော့သည်။

ထိုစဉ် မှာပင် လင်းယွန်က သူ့အား ကောက်ကိုင်ကာ လက်သီးဖြင့်၊ ထိုးချလာ တော့၏။

“ ဘောင်း ... ။ ”

ဖရုံးသီး တစ်လုံးအား ထိုးခွဲခံ လိုက်ရ သကဲ့သို့၊ အသားစနှင့် သွေးမှုန်များ လွင့်စင် လာသည်။

အလွန် ရက်စက်သော မြင်ကွင်းမျိုး ဖြစ်သဖြင့်၊ ကျန်ရှိ နေသော သက်တံ နယ်မြေမှ အထက် တန်းစားမှာ၊ ဆက်မနေ ရဲတော့ချေ။

အရပ် ရပ်သို့ ခွဲကာ၊ တက်သုတ်ရိုက် ကုန်တော့၏။ ရှီမင်ကို သတ်ပြီး သည့်တိုင်၊ လင်းယွန်မှာ ကျေနပ်ပုံ မရချေ။

“ သေကြစမ်း ... ၊ သုံးစား မရတဲ့ လူဖျင်းတွေ။ ”

ညာလက်အား ဝှေ့ယမ်း လိုက်ရာ၊ ခရမ်းရောင် ပန်းများ ရာဂဏန်းခန့် ပွင့်လာပြီး၊ လူတိုင်း ထံသို့၊ ဓားအလင်း များဖြင့် ပစ်လွှတ် ချေမွှပစ် တော့သည်။

သွေးအရိုး နယ်မြေ၏ အကြွင်း အကျန် များကို ခွင့်လွှတ်နိုင် သော်လည်း၊ ဤလူမိုက် တစ်အုပ် အပေါ်၊ ခွင့်မလွှတ် နိုင်ချေ။

နောက်ဆုံးတွင် အသိညာဏ် မရှိသော သည်လူဖျင်း တစ်အုပ်မှာ၊ သူ့ သူငယ်ချင်း များကို နှိပ်စက်ပြီး၊ ပယင်း နယ်မြေအား နိမ့်ချ ခဲ့သည်။

သည်နေ့မှ စ၍ မည်သူက မြင့်မြတ်ပြီး၊ မည်သူက နိမ့်ကျ သည်ကို၊ လူအများ သိအောင် ပြသ ရပေမည်။

ဤသို့ဖြင့် သက်တံ နယ်မြေ တစ်ခုလုံး ကောင်းကင် လမ်းမှ အပြီးတိုင်၊ ပျောက်ကွယ် သွားရ တော့လေသည်။

ပရိသတ်များ အနေဖြင့်၊ ထိတ်လန့်ခြင်း ဟူသော ခံစားချက်အား စကားလုံး များဖြင့် ဖော်ပြ ခြင်းငှာ၊ မစွမ်း တော့ချေ။

လက်လှိုင်းနှင့် မြင့်မြတ်မြေ တစ်ခုကို ဖျက်ဆီး လိုက်သည့် မြင်ကွင်း မျိုးမှာ၊ ရူးချင် စရာ ကောင်းချေပြီ။

***

All Chapters