မိတ်ဖွဲ့ လာသော လူတစ်စု။
Vol. 70 Ch. 968
သက်တံ နယ်မြေကို လက်လှိုင်းဖြင့် သုတ်သင် လိုက်သော မြင်ကွင်းမှာ၊ တုန်လှုပ် ချောက်ချား စရာ ကောင်းလှသည်။
စကား တစ်ခွန်းဖြင့်၊ မြင့်မြတ်မြေ ခြောက်ခုကို မောင်းထုတ် ခဲ့ခြင်း သည်ပင်၊ အံ့သြ စရာ ကောင်းနေပြီ ဖြစ်၏။
ရှီမင် ခွန်အားမှာ၊ လျိုမူနှင့် မယှဉ်နိုင် သော်လည်း၊ မြင့်မြတ်မြေ တစ်ခု၏ ခေါင်းဆောင် အဖြစ် ရှိနေ သေးသည်။ သို့သော် လင်းယွန် ထံမှ လက်သီး တစ်ချက် ကိုပင်၊ သူ မခုခံ နိုင်ခဲ့ချေ။
လက်ရှိ ခွန်အား အရ ဤလင်းယွန်မှာ၊ အခြား ကြယ်ဝိညာဉ် ပိုင်ရှင်များ အဆင့်သို့၊ ရောက်ရှိ လာပြီ ဖြစ်သည်။
သက်တံ နယ်မြေကို အမြစ် ဖြတ်လိုက် ပြီးနောက်၊ လင်းယွန်က ဖန်ရှောင်ယု တို့ထံ ပြန်ကြည့်သည်။
ဒဏ်ရာ များမှာ အခြေခံ အုတ်မြစ်ကို ထိခိုက်ခြင်း မရှိ သောကြောင့်၊ စိတ် သက်သာ ရာ ရသွားသည်။
သို့သော်လည်း အလွယ် တကူ ပြန်လည် သက်သာ နိုင်သော အခြေ အနေမျိုး မဟုတ် သဖြင့်၊ ကြယ် နန်းတော်၌ ရတနာများ ရှာဖွေနိုင် တော့မည် မဟုတ်ချေ။
“ ဂလု ... ဂလု ... ဂလု ... ။ ”
နဂါးဝိုင် များကို ထုတ်ယူကာ ကမ်းပေး လိုက်သည်။ သုံးယောက်သား မေးမြန်းခြင်း မရှိဘဲ မော့သောက် လိုက်၏။
နောက်တစက္ကန့် အတွင်း ဒဏ်ရာ များက၊ မြင်သာသော အဟုန်ဖြင့်၊ ပြန်လည် ကောင်းမွန် လာပြီး၊ မူလ စွမ်းအင် (၃၀) ရာခိုင်နှုန်းပင် တိုးပွား လာသည်။
သိပ်သည်းသော ရောင်ဝါများ ချက်ချင်း ပွင့်ထွက်လာ သဖြင့်၊ ရပ်ကြည့် နေဆဲ လူအုပ်မှာ မည်သည့် အရာများ၊ တိုက်ကျွေး ခဲ့သည်ကို သိချင် လာကုန်၏။
“ ဒါက ... ဘာဝိုင်လဲ။ ”
ဇိုချင်းရှန်က အံ့သြ တကြီး ပြန်ကြည့်ကာ၊ မေးလိုက်သည်။
“ နဂါး ဝိုင် ... ။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင်၊ နဂါးလေးထံ မေးငေါ့ ပြပြီး၊
“ အဲ့ဒီ ... လူမိုက်က ရိတ်သိမ်း နိုင်ခဲ့တာ၊ စိတ်မပူနဲ့ ငါ့မှာ အများကြီး ရှိတယ်။ ”
-ဟု ဆိုလိုက်၏။
သူ့အား ချီးမွမ်း စကားဆို နေသည်မှန်း သိသဖြင့်၊ နဂါးလေးက ရယ်ပြ လာသည်။ နဂါး ဝိုင် ဟူသော အဖြေကြောင့်၊ လူတိုင်း မျက်လုံး ပြူး ကုန်သည်။
နောက်ဆုံးတွင် နဂါး ဝိုင် ဟူသည်မှာ၊ သူတော်စင် ဆေးလုံး များနှင့် ယှဉ်နိုင်သော ရှေးဟောင်း ဝိုင် တစ်မျိုး ဖြစ်သည်။
ယင်းကို မြေအောက်ခန်း တစ်ခန်းစာ အပြည့်၊ လင်းယွန်မှ သိမ်းဆည်း ထားကြောင်း သိရှိ ရပါက၊ ပို၍ ထိန်လန့် ကုန်ပေမည်။
ဖန်ရှောင်ယုတို့ သုံးဦးမှာ၊ ပြန်လည် ကောင်းမွန် လာပြီ ဖြစ်သဖြင့်၊ လင်းယွန်အား ပြန်လည် စူးစမ်းမိ တော့သည်။
“ ငါတို့ မတွေ့ ရတာ ... ၊ ငါးလပဲ ရှိသေးတယ်၊ အခု မင်းကို မမြင်နိုင် တော့ဘူး၊ ကောင်းကင် လမ်းဟာ မင်း အတွက် သမုဒ္ဒရာ တစ်စင်းလို ပါပဲ။ ”
“ ငါ ကံကောင်းလို့ အခွင့် အရေးတွေ ရခဲ့တာပါ၊ မင်းတို့လည်း လုပ်နိုင် ပါလိမ့်မယ်။ ”
လင်းယွန်က ပြုံးကာ ဖန်ရှောင်ယုအား ပြန်လည် နှစ်သိမ့် လိုက်သည်။ ဇိုချင်းရှန်တို့ သုံးဦးမှာ မြင့်မြတ်မြေ များနှင့်၊ မဆုံတွေ့ ရပါက၊ ပြဿနာ များ ရှိမည် မဟုတ်ချေ။
“ ငါတို့ကို ပေးခဲ့တဲ့၊ ကံကြမ္မာ ကိုယ်ခံ ပညာတွေ အတွက်၊ မင်းကို ကျေးဇူး တင်ပါ တယ်၊ ဒီလိုမှ မဟုတ်ရင်၊ ငါတို့က ဒုက္ခကို ခံယူ နိုင်တဲ့ အရည် အချင်းတောင် ရှိမှာ မဟုတ်ဘူး။ ”
ဇိုချင်းရှန်မှ ကျေးဇူးတင် စကား ဆိုလိုက်ပြီး၊
“ ဒါနဲ့ ... ၊ မင်း ငါတို့နဲ့ အတူ၊ တိမ်ဝိညာဉ် ဂိုဏ်းရဲ့ အမွေကို ရှာမလား။ ”
-ဟု မျှော်လင့်ချက် ကြီးစွာဖြင့် မေးမိ လေသည်။
လင်းယွန်သာ လိုက်ပါ လာခဲ့ ပါက၊ တိမ်ဝိညာဉ် ဂိုဏ်း၏ ဤအမွေခံ ရတနာ များကို မရ စရာ အကြောင်း မရှိချေ။
လင်းယွန်က နန်းတော် ကြီးအား လှည့်ကြည့်သည်။ သူ ဝင်သွား ပါလျှင် အဖိုး တန်သော အရာ တစ်ခုကို၊ ရှာတွေ့ နိုင်ပေမည်။
သို့သော် ၎င်းမှာ၊ ကြယ်ဗိမာန် များနှင့် ယှဉ်နိုင်သည့် နည်းလမ်း မရှိပေ။ အကြည့်ကို ပြန်ရုတ် လိုက်ပြီး၊ နဂါးလေးအား ခေါင်းပုတ်ကာ၊
“ ငါ မလိုက် တော့ဘူး၊ ဒါပေမယ့် ... ဒီလူမိုက်က မင်းတို့နဲ့ အတူ၊ လိုက်လိမ့်မယ်၊ သူက ရတနာ ရှာတဲ့ နေရာမှာ၊ ကျွမ်းကျင်သူ တစ်ယောက်ပါ။ ”
-ဟု ပြန်ဖြေ လိုက်တော့သည်။
ဇိုချင်းရှန် တို့၏ လက်ရှိ ခွန်အား အရ၊ ကောင်းမွန်သော အရာ များကို၊ ရိတ်သိမ်း နိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း သူ သိသည်။
သူတို့ အားလုံးမှာ ပယင်း ကမ္ဘာ ကြီးမှ လာသော သူငယ်ချင်းများ ဖြစ်၏။ အထူး သဖြင့် ဇိုချင်းရှန်ဟု ခေါ်သော ဇိုယန်နှင့် ရင်းနှီးမှုမှာ နက်ရှိုင်း ပေသည်။
ထို့ကြောင့် သူငယ်ချင်း များအား ကောင်းကင် လမ်း၌၊ အခွင့် အရေးများ ရှာတွေ့ စေလို၏။
တစ်ဖက်တွင် နဂါး လေးမှာ၊ သူ့ထက် များစွာ ပိုမြန် သဖြင့်၊ ဇိုယန် တို့အား ကူညီကာ၊ သူ့နောက် အမီ လိုက်လာ နိုင်သည်။
လေးနာရီကြာ ပြီးနောက်တွင်၊ ဂိုဏ်း နယ်မြေကို ဖုံးလွှမ်း နေသော ကြယ်ရောင် အတား အဆီးမှာ၊ လူတိုင်း ဝင်ရောက် နိုင်သည် အထိ၊ အားပျော့ လာသည်။
ယင်းကြောင့် နဂါးလေးအား လှည့်ကြည့်ကာ၊ ‘မြန်မြန်လုပ်’ ဟု တိုက်တွန်း မိ၏။
“ ဝှစ် ... ။ ”
နဂါးလေးက အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ကြယ်ရောင် အတား အဆီး များကို လက်သည်းဖြင့်၊ အလွယ် တကူ ဆုတ်ဖြဲ ပစ် လိုက်သည်။
ဤမြင်ကွင်း အရ နဂါးလေး တစ်ကောင် များစွာ သန်မာ လာကြောင်း၊ သိလိုက် ရသည်။ ၎င်းကို သူတို့နှင့် ထည့်ပေး ခြင်းဖြင့်၊ လင်းယွန်မှ ကူညီ နေပေ၏။
“ ဝှစ် ... ။ ”
တစ်ချိန်တည်း မှာပင် လူအုပ် ကြီးက၊ လေထဲ ခုန်တက်လာ တော့သည်။
“ သွား ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြ လိုက်ရာ၊ သုံးယောက်သား နဂါးလေး နောက်သို့ လိုက်ပါ သွားကြ တော့သည်။
ကြယ်နန်းတော် တစ်ခု၏၊ အမွေခံ နယ်မြေ ဖွင့်လှစ်ခြင်း အခမ်း အနားကို ငြိမ်သက်စွာ ငေးကြည့် နေမိသည်။
ယင်းက ပြိုးပြက် နေသော်လည်း၊ ကြယ်ဗိမာန် များနှင့် ယှဉ်ပါလျှင် သေးနုပ်နေ သေးသည်။
နောင်တွင် ပထမ တန်းစား ပါရမီရှင် များအား၊ ရင်ဆိုင် ရတော့မည် ဖြစ်သဖြင့်၊ လွယ်ကူမည် မဟုတ်ချေ။
ကောင်းကင် လမ်းသည် သူ့အတွက် စိတ်လှုပ်ရှား စေ၏။ ထို့စဉ် အလင်းစက် တစ်စက်မှာ၊ လေထု အလယ် တရွေ့ရွေ့ ကျယ်လာပြီး၊
“ အိုး ဟိုး ... ၊ မင်းက နှစ်လလောက် မတွေ့ရ ရုံနဲ့၊ တကယ် သန်မာ လာတာပဲ။ ”
-ဟူသော စွဲမက်ဖွယ် အသံ တစ်သံ နှင့်အတူ၊ ဖေးရွယ် တစ်ယောက် ထွက်ပေါ် လာသည်။
သူမ အနား တစ်ဝိုက်တွင်၊ ခရမ်းရောင် အခိုး အငွေ့များ ရစ်သိုင်း လာပြီး၊ ဆွဲဆောင်မှု ရှိသော အသွင်ဖြင့် လင်းယွန်ကို ကြည့်သည်။
“ မင်း ... နောက်နေ တာပဲ ဖြစ်ရမယ်။ ”
နဂါးလေး မရှိခင်၊ ဤအမျိုး သမီး ထွက်ပေါ်လာ ခြင်းမှာ၊ စိတ်သက်သာ စရာ အကြောင်း မရှိချေ။
“ ခစ် ခစ် ခစ် ... ငါ မနောက် ပါဘူး၊ ငါ့အာရုံကို ဖမ်းစား နိုင်တဲ့၊ ယောက်ျားတွေ အများကြီး မရှိတာ အကယ်ပါ။ ”
ဖေးရွယ်က ညှို့မြူ နိုင်စွမ်း ပြင်းသော အကြည့်ဖြင့် ဆိုလာသည်။ ယွဲ့ဝေဝေနှင့် သူမ ကြား၊ အဆင် မပြေမှု အချို့ ရှိနိုင် သော်လည်း၊ သူ့အပေါ် ရန်ငြိုးထား နေသည်မှာ၊ နားမလည် နိုင်စရာ ပေပင်။
ယခု အချိန်ထိ ဖေးရွယ်အား အနိုင်ယူ နိုင်မည်ဟု ယုံကြည်ချက် မရှိ သေးချေ။ သို့သော် ဝှက်ဖဲများ အကုန် အစင် ထုတ်ဖော် ပါက၊ အငိုက် ဖမ်းနိုင်မည်။
“ ရေခဲ အလှ တရား၊ နဂါး ပြည်နယ်သား တစ်ယောက်ကို လှည့်စား နေတာတွေ ရပ်လိုက် ပါ၊ မင်းရဲ့ အာရုံကို စွဲဆောင် နိုင်တဲ့ ဘယ်သူ မဆို၊ ရလဒ်ကောင်း မရှိဘူး … ။ ”
ပြတ်သားသော လေသံ နှင့်အတူ လူသုံးယောက် ထပ်မံ ရောက်ရှိ လာသည်။ ထိုသူများ၏ အငွေ့ အသက်ကြောင့်၊ လင်းယွန် ခမျာ ဖိအား အချို့ ခံစား လာရသည်။
“ လောချန် ... ။ ”
စကားပြော လိုက်သော လူငယ်က ရောက်သည်နှင့်၊ ရိုးရှင်းစွာ ပြုံးလျက်၊ မိတ်ဆက် စကား ဆိုသည်။
မျက်နှာ ပြောင်းလဲခြင်း မရှိ သော်လည်း၊ ထိုနာမည် ကြောင့် လင်းယွန် တစ်ယောက် ထိတ်လန့် သွားရသည်။
လောချန်သည် နဂါး တစ်ရာ၏ ဦးခေါင်း ဖြစ်ပြီး၊ ၎င်း အမည်မှာ ကောင်းကင် ကြေးမှုံ၌ တောက်ပ နေပြီ ဖြစ်၏။
ဆိုလို သည်မှာ ကောင်းကင်လမ်း အဆုံး၌ စောင့်နေသော ပြိုင်ပွဲအား ယှဉ်ပြိုင်ရန် အရည် အချင်း ရှိနေပြီ ဖြစ်သည်။
“ ကျွင့် မုန် ချန် ... ။ ”
“ ချင် လင်း ... ။ ”
ကျန်သူ နှစ်ဦး ကလည်း၊ သူတို့၏ နာမည် အသီး သီးအား ဖော်ပြကာ ခေါင်းညိတ် ပြသည်။ ၎င်းတို့ နှစ်ယောက်မှာ လောချန် ကဲ့သို့ပင် နဂါး ပြည်နယ်အား ကိုယ်စား ပြုသော ပုဂ္ဂိုလ်များ ဖြစ်ပေ၏။
“ မင်္ဂလာပါ ... ၊ မင်းတို့ နာမည် တွေကို ... ၊ ငါ ခဏ ခဏ ကြားဖူး ပါတယ်။ ”
လင်းယွန်က ပြုံးကာ နှုတ်ဆက် လိုက်၏။ သူသတိ မထား မိခင် ကပင်၊ ရောက်ရှိ လာကြ သောကြောင့်၊ ခွန်အား အရာ၌ သံသယ ဝင်စရာ မရှိချေ။
တစ်ဖက်တွင် သူ့အပေါ် ရန်လိုခြင်း မရှိကြောင်း၊ နားလည် လာသည်။ မဟုတ် ပါက ကောင်ကင် ဓားမှ၊ ၎င်းတို့၏ ဆန္ဒ များအား အာရုံခံ မိလိမ့်မည် ဖြစ်သည်။
“ ဟား ဟား ဟား ... ၊ ငါတို့က မင်း လောက်တောင် ကျော်ကြားမှု မရှိတော့ ပါဘူး၊ ပန်းသင်္ချိုင်း နဂါး ပြည်နယ်မှာ၊ မင်းရဲ့ အမည်ကို တည်ဆောက် ထားပြီး ပါပြီ။ ”
“ ဟုတ်တယ် ဒီလောက်လည်း၊ နှိမ့်ချ မနေပါနဲ့၊ မင်း မသန်မာရင် ငါတို့က လာတွေ့ နေစရာ မရှိဘူး၊ အထူး သဖြင့် ရေခဲ အလှ တရား ပေါ့။ ”
လောချန်နှင့် ချင်လင်းတို့၏ နောက်ဆက်တွဲ စကား များကြောင့်၊ ဖေးရွယ် ခမျာ၊ မျက်လုံးပြူး ပြ လိုက်မိသည်။ သို့သော် ငြင်းဆန်ခြင်း မရှိ သကဲ့သို့၊ သဘော တူသည့် အမူ အရာလည်း မပြချေ။
နဂါး ပြည်နယ်၏ ထိပ်သီး ကျွမ်းကျင်သူ များက၊ သူ့အား မိတ်ဖွဲ့ရန် ရောက်ရှိလာ သဖြင့်၊ လင်းယွန် တစ်ယောက် အံ့အား သင့် သွားသည်။
ထို့ကြောင့် စကား မဆိုနိုင် တော့ဘဲ၊ သံသယ များစွာဖြင့် အတွေးထဲ နစ်မြုပ်သွား တော့၏။
( ဒီလူ တွေမှာ၊ ဘာရည်ရွယ် ချက်များ ရှိနေလဲ။)
***