ကြယ်စင် နဂါး ခုနစ်ကောင်။
Vol. 70 Ch. 969
လေးလေး နက်နက် တွေးတော နေသော လင်းယွန်ကို ကြည့်ကာ၊ လောချန်က ပြုံးလိုက် သည်။
“ မင်းမှာ နတ်ကြယ် ပုလဲတွေ ရှိတာ၊ ငါတို့သိ ပါတယ်၊ မင်းရဲ့ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာနဲ့၊ တာအို လက်နက်၊ ဘာကိုမှ ငါတို့ စိတ်မဝင်စား ပါဘူး၊ ဒါကြောင့် စိတ်မပူ ပါနဲ့။ ”
မြင့်မြတ် မြေမှ အထက် တန်းစား များနှင့် မတူဘဲ၊ လောချန်တို့ သုံးဦးမှာ၊ သဘောထား ကြီးမြတ် ချေ၏။
မြင်မားသော အဆင့် တစ်ခုသို့ ရောက်ရှိ ပြီးနောက်၊ ၎င်းတို့မှာ သာမန်လူ များနှင့်၊ လုံးဝ ကွဲပြား သွားလေပြီ။
သူတို့ ထံမှ နတ်ကြယ် ပုလဲ ရောင်ဝါ များကိုပင်၊ သတိထား မိလာ သဖြင့်၊ လိမ်ညာ နေခြင်း မဟုတ်ကြောင်း ပြောနိုင်သည်။
ခြိမ်းခြောက် နိုင်သည့် ခံစားချက် အချို့ ပေးစွမ်း နေသောကြောင့်၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာများ ကိုပင်၊ လေ့ကျင့် ထားကြ မည်မှာ သေချာသည်။ အဆင့်မြင့် တာအို လက်နက် များလည်း ရှိနိုင်၏။
“ လင်းယွန်၊ နဝမမြောက် ကောင်းကင် လမ်းက ကြီးမားပြီး၊ နဂါး ပြည်နယ် ဆိုတာ၊ အဓိက ဒေသ လေးခု အနက်က တစ်ခုပဲ၊ ... ”
“ ... အနာဂတ်မှာ နဂါး ပြည်နယ်ကို စွန့်ခွာပြီး၊ တခြား ပြည်နယ် တွေကို ရင်ဆိုင် ရလိမ့်မယ်၊ အဲဒီ အချိန် ကျရင်၊ ငါတို့ လက်တွဲ ထားသင့်တယ် မဟုတ်လား၊ ... ”
“ ... အခု ချိန်မှာ၊ ပြိုင်ဘက် ဖြစ်နေ ပေမယ့်လည်း၊ ကြိုတင် မိတ်ဖွဲ့ ထားလို့ အဆင် ပြေမယ်လို့ ငါထင်တယ်၊ မင်း ဘယ်လို မြင်လဲ။ ”
အမြော် အမြင် ကြီးမား လှသည့် လောချန်ကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြ သွားသည်။
“ မင်း ဆီက ... ၊ ဒီလို စကားကြား ရတာ ဂုဏ်ယူ မိပါတယ်။ ”
ဤသည်မှာ လင်းယွန် ဖြစ်၏။ သူ့အပေါ် လေးစား သူများကို ပြန်၍ လေးစား ချေပြီ။ နဂါး ပြည်နယ်၏ အကြီး အကဲ ဆိုတိုင်း၊ မြှောက်ပင့် ပေါင်းသင်းမည် မဟုတ်ချေ။
ဓားသမား တစ်ယောက် အနေဖြင့်၊ သူ့တွင်လည်း သူ့မာန ရှိချေ၏။
“ ဒါဆို ... ငါတို့ အဆင် ပြေပြီ ။ ”
လောချန်က ခေါင်းညိတ် လိုက်သည်။
“ မင်း တိမ်ဝိညာဉ် ဂိုဏ်းရဲ့ အမွေကို စိတ် မဝင်စား ဖူးဆိုတာ ငါ မြင်တယ်၊ ကြယ် ဗိမာန် ခုနစ်လုံး ဆီကို ဦးတည် နေတာလား။ ”
“ မင်းရော ... အဲ့ဒီကို ပဲလား။ ”
လုချန်၏ မေးခွန်းကို လင်းယွန်က မေးခွန်းဖြင့်၊ ပြန်ဖြေ ပေးလိုက်သည်။
“ အင်း ... ဒါက ဟုတ်တယ်လို့ ပြောလိုရ သလို၊ မဟုတ်ဖူး လို့လည်း ငြင်းနိုင် ပါတယ်၊ တကယ်တော့ နဂါး ပြည်နယ်ရဲ့ အမွေ အစစ် အမှန်က ... ”
“ ... နဂါး နန်းတော် မှာပဲ ရှိတယ်၊ မင်း စိတ်ကူး ထဲမှာ ရှိတဲ့ အရာ တွေထက်၊ ပိုတန်ဖိုး ရှိတဲ့ အရာမျိုး တွေပဲ။ ”
လောချန်၏ မျက်နှာမှာ လေးနက် သွားသည်။ သူ့ စကား ကြောင့် လင်းယွန် တစ်ယောက် တုန်လှုပ် သွား၏။
ပထမ တန်းစား ပါရမီရှင် ခုနစ်ပါးတွင် ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာများ ပိုင်ဆိုင် ထားကြောင်း၊ အားလုံးက အတည်ပြု ထားသည်။
ထို့ကြောင့် သူတို့ စိတ်ဝင် စားသော အမွေ ရတနာ မျိုးမှာ၊ ကံကြမ္မာ ကိုယ်ခံ ပညာ နယ်နိ မိတ်ကို ကျော်လွန် နိုင်ပေမည်။ များ မကြာခင် နှုတ်ဆက် စကား ဆိုလျက်၊ လင်းယွန်က ဦးစွာ ထွက်ခွာ သွားသည်။
“ လောချန်၊ မင်းက လင်းယွန်ကို အရမ်း အထင်ကြီး နေသလိုပဲ၊ သူ့ အလား အလာက ဒီလောက်လည်း မဟုတ်သေး ပါဘူး။ ”
ကျွင့်မုန်ချန်က သံသယ မျက်လုံး များဖြင့် ဆိုသည်။ ချင်လင်း သည်လည်း ထိုနည်း လည်းကောင်း မြင်၏။
လင်းယွန်မှာ အစွမ်း ရှိသည် မှန်သော်လည်း၊ လောချန်၏ အလေး ပေးမှုမှာ၊ အဓိပ္ပါယ် မရှိပေ။ အဆင့်တူ တစ်ယောက် ကဲ့သို့၊ ဆက်ဆံနေ ချေပြီ။
“ မဟုတ်ဖူး အတွေး မမှား ကြနဲ့၊ သူ့မှာ ကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေ ရှိတယ်၊ ကောင်းကောင်း ဝှက်ထား ပေမဲ့၊ ဒါကို ငါ မြင် နိုင်တယ် … ။ ”
လောချန်က ချင်လင်း တို့အား သတိပေး လိုက်ပြီး ပြုံးရယ် လျက်ဖြင့်၊
“ သူတို့ လေးယောက်က၊ လင်းယွန် အပေါ် အထင် သေးနေ ဦးမယ် ဆိုရင်၊ ပွဲက စိတ်ဝင်စား စရာ ကောင်းလာ လိမ့်မယ်။ ”
-ဟု ဆိုလိုက် တော့၏။
သူ ရည်ညွှန်းသော လေးဦးမှာ၊ နဂါး ပြည်နယ်၏ ထိပ်သီး ခုနစ်ဦး အနက်၊ ကျန်(၄)ဦး ကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်းတို့ (၇) ဦးမှာ ပြည်နယ် တစ်ခု တည်းကို ကိုယ်စားပြု သော်လည်း၊ မစည်းလုံး ကြချေ။
“ တကယ် ပြောနေ တာလား ... ။ ”
ကျွင့်မုန်ချန်၏ မျက်နှာ ပေါ်ရှိ သံသယ များမှာ၊ ပို၍ ပြည့်လျှံ့ လာသည်။ လင်းယွန်မှာ သူတို့အား ယှဉ်နိုင်သည် အထိ၊ ဝှက်ဖဲများ ရှိနေ မည်ဟု မယုံချင် သေးချေ။
“ မယုံ နိုင်စရာ ပါပဲ ။ ”
ချင်လင်းက မအောင့်သည်း နိုင်တော့ဘဲ၊ ရေရွတ် လိုက်သည်။
“ မင်းတို့ မယုံ ဖူးလား၊ ငါက ပိုတွက် နေတယ်လို့ ထင်နေတာ မဟုတ်လား၊ စဉ်းစား ကြည့်ပါဦး၊ သူက ကောင်းကင် ဝိညာဉ် နယ်မြေကို ... ”
“ ... နတ်ကြယ် ပုလဲ အသုံး ပြုပြီး ရောက်လာတာ၊ ငါတို့ အားလုံးက တတိယ ကောင်းကင် ရောက်မှသာ သန့်စင်ခွင့် ရတာ၊ အုတ်မြစ်ချင်း ယှဉ်ရင် ... ”
“ ... ဘယ်သူက ပိုခိုင်မာ နိုင်မယ် ထင်လဲ၊ ပြီးတော့ သူ့ဆီ ကနေ၊ အရှိန်အဝါ နှစ်ခုကို ခံစား မိတယ်၊ ပြောချင် တာက ... စွမ်းအင် ကျင့်ကြံမှု နည်းစနစ် နှစ်ခုကို၊ ... ”
“ ... တစ်ပြိုင် နက်တည်း လေ့ကျင့် ထားတယ်၊ ဒါကိုမှ မယုံ သေးရင်၊ ရေခဲ အလှ တရားကို ကြည့်၊ သူ့ အာရုံကို လင်းယွန်က တကယ် ဖမ်းစား ထားတယ် ဆိုတာ၊ မယုံ မရှိနဲ့။ ”
ရုတ်တရက် စကားဝိုင်း အတွင်း၊ ဆွဲသွင်း ခံလိုက် ရသော ဖေးရွယ်က ထိတ်လန့် စွာဖြင့်၊
“ ဘာလဲ ... ငါ ဘာမှ မသိဘူး၊ ငါ့ကို လာမမေး နဲ့၊ အခု ငါ ရွှေဗိမာန်ကို သွားတော့ မယ်၊ ငါ့ နောက်ကို လိုက်မလာ ကြနဲ့။ ”
-ဟုဆိုလျက်၊ ခရမ်းရောင် အမှုန်များ ရစ်သိုင်း လာပြီး၊ လေဟာနယ် ပုံပျက် သွားကာ၊ ချက်ချင်း ပျောက်ကွယ် သွားလေသည်။
အခြား သူများကို မနာလို ဖြစ်စေသော ထူးခြားသည့် ရွေ့လျားမှု ပညာရပ် တစ်ခု ဖြစ် ချေ၏။
လေဟာနယ် ပြန်လည် ငြိမ်သက် သွားချိန်၌ ချင်လင်းက၊
“ သူ တစ်ခု ခုတော့ သိထား ရမယ်၊ လင်းယွန်က သူ့ကို ပြန်ပြီး ခုခံခဲ့ တာကို၊ ငါနဲ့ ကျွင့်မုန်ချန် မြင်တယ်၊ အဲ့ဒီ တုန်းက လင်းယွန် ဆိုတာ၊ ဒီလောက်ထိ အသန်မာ သေးဘူး။ ”
-ဟု ဆိုလိုက် လေသည်။
လောချန်က လက်ဖဝါး နှစ်ဖက်ကို ဖြန့်ကာ၊ ပခုံး တွန့်လျက် ပြုံးပြီး၊
“ ရေခဲ အလှ တရား ကိုယ်တိုင်က၊ မပြော ချင်ဖူး ဆိုရင်၊ ဘယ်သူမှ အတင်း အကျပ် မေးလို့ မရ ပါဘူး၊ အခု ငါတို့ ဘယ်ကြယ် ဗိမာန်ကို သွားချင်လဲ။ ”
-ဟု စကား လမ်းကြောင်း ပြောင်းလဲလိုက် တော့သည်။
“ မီး ဗိမာန် ... ။ ”
“ ကောင်းပြီ ... ၊ ငါလည်း တခြား ကြယ် ဗိမာန် တွေကို၊ သိပ် စိတ်မဝင် စားဖူး၊ အဲ့ဒီကိုပဲ သွား ရ အောင် ... ။ ”
ကြယ်ဗိမာန် (၇)လုံးကို၊ သူတို့ ပိုင်ဆိုင် သကဲ့သို့၊ သုံးယောက်သား ပေါ့ပေါ့ ပါးပါးပင် ရွေးချယ် နေခဲ့ ကြသည်။
နဂါး ပြည်နယ်တွင် သူတို့ အတွက်၊ ပြိုင်ဘက် များစွာ မရှိ သောကြောင့်၊ ယင်းက အဓိပ္ပါယ် ရှိပေ၏။
လောချန် အဖွဲ့အား နှုတ်ဆက် ပြီးနောက်၊ လင်းယွန်မှာ ခရီးဆက် လာခဲ့သည်။ ယွဲ့ဝေဝေ ဒုက္ခကို ဖေးရွယ်ထံ မေးမြန်းချင် လှသော်လည်း၊ အဖြေပေး လာမည် မဟုတ် သောကြောင့်၊ မြိုသိပ် လိုက်ရသည်။
သုံးရက် ကုန်လွန် သွားချိန်တွင်၊ သိပ်သည်းသော ကြယ်စွမ်းအင် များကို၊ လေထု အတွင်းမှ ရှူရှိုက်မိ လာ၏။ ၎င်းက မြူ အဖြစ် ဖွဲ့တည် နေပေသည်။
သို့သော် မိစ္ဆာ ရောင်ဝါ အချို့၊ ရောနှော နေကာ၊ သန့်စင်ရန် ခက်ခဲ ချေသည်။ တစ်ချိန် တည်း မှာပင်၊ အပိုင်း အစများ ပေါလော မျောနေသော နယ်မြေ ကြီးအား၊ မြင်လိုက် ရ၏။
ဤသည်မှာ ရှေးဟောင်း စစ်မြေပြင် တစ်ခု ဖြစ်ပေသည်။ ပိုင်လိချီ ကဲ့သို့ အစွဲ ရှိခဲ့သော လူ အချို့၏၊ တိုက်ပွဲဝင် ပုံရိပ် များကို၊ မကြာ မကြာ မြင်လာ ရတော့၏။
လမ်း တစ်လျှောက်၌ လူရိပ် လူယောင် လျော့နည်း လာပြီး၊ လျိုမူထက် အားနည်းခြင်း မရှိသော လူ အချို့ သည်သာ၊ အုပ်စုဖွဲ သွားလာ နေကြ လေသည်။
လောချန်နှင့် တွေ့ဆုံ ပြီးနောက်၊ နဂါး ပြည်နယ်တွင်၊ လျှို့ဝှက် နဂါး များစွာ ရှိနေ ကြောင်းကို၊ သိရှိ ရသည်။
လုံလောက်သော ခွန်အား မရှိ မချင်း၊ သတိထား ကပ်ထားဖို့ လိုပေ၏။ တစ်နာရီ ကုန်လွန် သွားချိန်၌၊ လေထု အတွင်း အပူချိန် မြင့်တက် လာသည်ကို၊ ခံစား လိုက်ရသည်။
“ ဒီခံစားချက်က နည်းနည်းတော့ ရင်းနှီး နေသလိုပဲ။ ”
များမကြာခင် နတ်ကြယ် ပုလဲများ ပေါ်တွင်၊ တွေ့ရှိရ တက်သော မီးလျှံ များကို ကောင်းကင် ၌ မြင်လိုက် ရ၏။
“ ကြယ် မီး တောက် တွေ ပဲ … ။ ”
ထို မီးတောက်များ မြေပြင်ပေါ် ပြုတ်ကျ လာပါက၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို စိတ်ကူး မယဉ် နိုင်ပေ။
သို့သော် နီးကပ်လာ ချိန်၌၊ မီးနယ်မြေ ထဲတွင်၊ ကွဲလွဲ နေသော အာကာပြင် တစ်ခုကို သတိထား မိလိုက်သည်။
(မီးနယ်မြေ= ကောင်းကင်ရှိ ကြယ်မီးတောက် အပူရှိန် ဖုံးလွှမ်း နေသော ပတ်ဝန်းကျင်။ )
ထိုအာကာပြင် အတွင်း၊ အလင်း အရောင် အမျိုးမျိုးဖြင့်၊ နတ်ဘုံ နတ်နန်း အလား ပြိုးပြက် ခမ်းနား နေသော ဗိမာန် (၇) လုံးအား၊ မြင်လာ ရသည်။
ဘုံဗိမာန် များမှာ ထူးခြားသည် သာမက၊ ထိုအာကာပြင် ထဲရှိ လေထု ထဲတွင်၊ ထိုနေရာ၏ အမည်အား ပြောပြ နေသော ရူရ်များ လွင့်မျော နေ၏။
“ ကြယ်စင် နဂါး ခုနစ်ကောင်။ ”
အဆိုပါ ရူရ် များကို ဆက်စပ် ပြီးနောက်၊ ရရှိ လာသော အမည် တစ်ခု ဖြစ်၏။
“ ဒါဆို ဘုန်းနေမင်းနဲ့၊ သက်ဆိုင်တဲ့ ကြယ်စင် နဂါး ဗိမာန်က ဘယ်မှာလဲ … ။ ”
အချိန် အတော်ကြာ၊ ဂရု တစိုက် ကြည့်မှ သာလျှင်၊ ရွှေရောင် နေမင်းကြီး တစ်စင်း ကဲ့သို့၊ တောက်ပ နေသော၊ ဗိမာန် တစ်ခုအား တွေ့ရှိ ရလေသည်။
သို့သော် သူ သွားလို ပါလျှင်၊ ကြယ် မီးတောက် နယ်မြေကို ဖြတ်သန်း ရပေမည်။ ထိုနယ်မြေ အပူချိန်မှာ၊ တတိယ ကောင်းကင် ဝိညာဉ် အောက်ရှိ၊ မည်သူ့ကို မဆို၊ အလွယ် တကူ ပြာချ နိုင်သည်။
“ အား ... ။ ”
မီးနယ်မြေ အတွင်း၊ ဖြတ်သန်း နေသော ကျင့်ကြံသူ အများ စုကို လောင်ကျွမ်း ပစ်သည့် ဖြစ်စဉ်များ၊ မကြာ ခဏ ဖြစ်ပေါ် လာသည်။
ဓား သူတော်စင်၏ နတ်ဘုရား ပုံရိပ်ယောင် ဓားမှာ၊ နဂါးဂိတ် ဂိုဏ်းနှင့် ဆက်နွယ်မှု ရှိသဖြင့်၊ အိုင်းရစ် ဓားသုတ္တန်နှင့်၊ ဓားသေတ္တာ၏ အချက် အလက် အချို့အား၊ ရှာတွေ့ နိုင်မည်ဟု၊ မျှော်လင့် မိသည်။
ထို့ကြောင့် တုန့်ဆိုင်း မနေ တော့ဘဲ၊ မီးနယ်မြေ အတွင်း လှမ်းဝင် လိုက်၏။ ကြယ် မီးတောက်မှ လျှံထွက် လာသော အပူမှာ၊ အရေပြား များကို ချက်ချင်း နီရဲသွား စေသည်။
ထို့အပြင် မူလ စွမ်းအင်ထံ ကြယ်မီး တောက်များ၊ ကူးစက် တော့မည့် လက္ခဏာများ ပြသ လာ၏။
ခေါင်းအား ပြန်မော့ ကြည့်လိုက်ရာ၊ ကြယ်ဗိမာန် ခုနစ်လုံးသည်၊ သဲကန္တာရ အတွင်း မှ တံလျှပ်များ အဖြစ်သို့၊ တွန့်လိမ် ပျောက်ကွယ် သွားသည်။
ဤကြယ် ဗိမာန်များ အတွက် လူပေါင်း မည်မျှ သေဆုံး ခဲ့မည်ကို၊ တွေးနေမိ လေသည်။
“ ငါ့ရဲ့ ... ကျင့်ကြံမှု ကိုသာ အားကိုး နေမိရင်၊ မူလ စွမ်းအင် ကုန်တဲ့ အခါ၊ တကယ် သေရ လိမ့်မယ်။ ”
ကျင့်ကြံမှု သက်သက်ဖြင့်၊ စွန့်စားမိ ပါက၊ မူလ စွမ်းအင် ကုန်ဆုံး သွားသော်၊ တစ်နာရီ အတွင်း မီးရှို့ ခံရဖွယ် ရှိသည်။ ထို့ကြောင့် သူ့ ဓား ရည်ရွယ်ချက် လုံလောက် စေရန်သာ၊ ဆုတောင်း မိ၏။
မဟုတ်သော် ပန်းသင်္ချိုင်း တစ်ယောက် မီးလောင် သေဆုံး ရသည် ဟူသော အဖြစ်မှာ၊ ရှက်စရာ ကောင်းရ ပေလိမ့်မည်။
***