← Chapters

ကြယ်မိစ္ဆာ ပန်း။

Vol. 70 Ch. 970

ကြယ်မိစ္ဆာ ပန်း။

Vol. 70 Ch. 970

မီးနယ်မြေမှာ ကြယ်မီးတောက် များဖြင့်၊ ဖန်တီး ထား သော်လည်း၊ ဓား ရည်ရွယ် ချက်က လွယ်ကူစွာ ခွဲထုတ် နိုင်ခဲ့သည်။

ဝှက်ဖဲ များကို ထုတ်ပြရန် စောလွန်းနေ သောကြောင့်၊ မီးနယ်မြေအား အလော တကြီး ဖြတ်သန်း မိသည်။

မီးနယ်မြေမှာ အံ့သြစရာ ကောင်းချေ၏။ နတ်ကြယ်ပုလဲ များစွာကို သန့်စင် ထားသည့် တိုင်၊ သူခန္ဓာ အပေါ် အန္တရာယ် ပေးနိုင်ဆဲ ဖြစ်သည်။

များမကြာခင် ကြယ်မီးတောက် များ၏ အပူချိန်ကြောင့်၊ လေဖိအား ပြောင်းလဲ သွားပြီး၊ လေဆင် နှာမောင်း တစ်ခု ဖွဲ့တည် လာသည်။

“ ဝရူး ..... ။ ”

ငွေရောင် အလင်းများ ဖြာထွက်လျက် လေဆင် နှာမောင်း ကြီးက၊ ကွဲလွဲ နေသော အာကာပြင် ထဲသို့၊ ဦးတည် သွားလေသည်။

ကံဆိုးသူ အချို့မှာ၊ ကြောက်စရာ ကောင်းသော စွမ်းအားဖြင့်၊ စုပ်ယူခြင်း ခံလိုက် ရသည်။

“ အား ... ။ ”

နာကျင်စွာ အော်ဟစ် သံများ ဆက်တိုက် ထွက်ပေါ် လာပြီး၊ ချက်ချင်း အရိုးစု အဖြစ်သို့၊ ပြောင်းလဲ သွားကုန်၏။

ထိုလေဆင် နှာမောင်း အတွင်းရှိ၊ ကြယ်မီးတောက် များက၊ အရိုးစု များကို၊ သတ္ထု အရိုးများ ကဲ့သို့၊ ပြန်လည် သန့်စင်ပေး တော့သည်။

ထိုဖြစ်စဉ် များမှာ၊ မကြာ ခဏ ဆိုသလို၊ ထွက်ပေါ် တက်သဖြင့်၊ သတိထား ဖြတ်ကျော် နေမိသည်။

“ ချွင် ... ၊ ချွင် ... ။ ”

လေဆင် နှာမောင်းများ ထဲရှိ၊ အသံမျိုးစုံ မြည်နေသော သတ္တု အရိုးစု များထံ၊ အကြည့် အရောက်တွင်၊ နှုတ်ခမ်းများ တုန်ယင် သွား၏။

၎င်းလေဆင် နှာမောင်း အတွင်း၊ ဖြတ်ကျော် ရှင်သန် နိုင် ပါက၊ ရုပ်ခန္ဓာမှာ မယုံ နိုင်လောက် အောင်၊ သန်မာ လာနိုင်သည်။

ထို့နောက်တွင် အရိုးစု များမှာ၊ တာအို အဆင့် ထိတိုင်၊ ပြောင်းလဲသွား တော့၏။ နဂါး လေးသာ ရှိပါက၊ ဤအခွင့် အရေးကို အသုံး ချကာ၊ သူ့ကိုယ်သူ သန့်စင် နိုင်ပေမည်။

လက်ရှိ အခြေ အနေမှာ၊ စတုတ္ထနှင့် ပဉ္စမ ဒုက္ခများ ခံယူ ခြင်းနှင့် ဆင်တူသည်။ ၎င်းအဆင့် တွင် လူ တစ်ဦး၏ ကိုယ်ခန္ဓာအား၊ သန့်စင် ပေးသည့်၊ မီးမုန်တိုင်းများ ကျဆင်း လာတက် ချေ၏။

တစ်နာရီခန့် ခရီးဆန့် လာပြီးနောက်၊ ထွက်ပေါက်အား ရှာမတွေ့ သေးချေ။ ဆန့်ကျင် ဘက် အနေဖြင့်၊ ကြယ်မီးတောက် အပူရှိန်မှာ၊ ပို၍ ပြင်းထန် လာသည်။

မှိုပွင့်များ ကဲ့သို့သော မှော်ဆန် လွန်းသည့်၊ ပန်း အချို့အား မြင်လာ ရသည်။ ထိုပန်း များ၏ ရနံ့မှာ၊ စူးရှ သင်းပျံ့ နေပေ၏။

အနည်းငယ် ရပ်တန့် ကြည့် ပြီးနောက်၊ ပန်းများမှာ ရတနာများ ဖြစ်ကြောင်း၊ သူ သိလာ ရသည်။

ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့် လိုက်ရာ၊ မျက်နှာတွင် စိုးရိမ် ပူပန်မှု များနှင့် ပြည့်နှက် နေသော လူများ စွာကို တွေ့လာ ရ၏။

ထိုပန်း များကြောင့်၊ သူတို့၏ မူလ စွမ်းအင်များ ပို၍ လောင်ကျွမ်း လာ သဖြင့်၊ စတင် ထွက်ပြေး တော့သည်။

လှပပြီး တန်ဖိုး ရှိသော ရတနာ များနှင့်၊ ကြောက်စရာ ကောင်းသည့် အန္တရာယ် များမှာ၊ ဒွန်တွဲ နေတက် ပေ၏။

“ မိစ္ဆာ ငရဲပန်း။ ”

နောက်ဆုံး၌ ပန်း များ၏ အမည်ကို၊ ပြန်သတိရ သွားသည်။ ပန်းသင်္ချိုင်း ဓားအား အဆင့်မြှင့် တင်ရန် အတွက်၊ ပန်း ရနံ့များ လိုအပ် သောကြောင့်၊ ပန်းများ အားလုံးကို အထူး သတိထား မိခဲ့သည်။

ဤပန်း များတွင်၊ ‘ကြယ်မိစ္ဆာ’ ဟူသော အခြား အမည် တစ်ခုလည်း ရှိလေသည်။ ၎င်းတို့ ရှင်သန် ပေါက်ဖွားရန်၊ လိုအပ်ချက် များခေျ၏။

ကြယ်မီးတောက် များနှင့်၊ နတ်ဆိုး ရောင်ဝါများ ပေါင်းစည်း လိုက်သော အခါတွင်၊ ကြယ်မိစ္ဆာ ပန်းများကို၊ မွေးဖွား ပေးလာသည်။

ဤပန်းပွင့် များမှ အစေ့ များကို၊ မိစ္ဆာ ကျင့်ကြံသူ တိုင်းက နှစ်သက် ကြပြီး၊ ၎င်းတွင် ပါရှိသော စွမ်းအားကြောင့်၊ ရူးသွပ် ကြချေ၏။

ပဉ္စမမြောက် ကောင်းကင် ဝိညာဉ်၊ ကျွမ်းကျင် သူပင် သန့်စင်ခဲ့ ပါက၊ ပေါက်ကွဲ နိုင်ခြေ များနေဆဲ ဖြစ်သည်။

၎င်းကြယ်မိစ္ဆာ ပန်း များမှာ၊ အလွန် ရှားပါးလှ သဖြင့်၊ ဆုံတွေ့ နိုင်ချေ နည်းသည်။ ထို့ကြောင့် ရိတ်သိမ်းရန် ကြိုးစား သင့်သည် လောဟု၊ စတင် တွေးတော လာမိ၏။

ပန်းသင်္ချိုင်း ဓားကို၊ အဆင့်မြှင့် တင်ရာ၌ ၎င်းအား အသုံးပြု နိုင်သည်။ သို့သော် အချိန် အတော် ကြာ စဉ်းစား ပြီးနောက်၊ အန္တရာယ်ကို မလိုချင် သဖြင့်၊ စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်၏။

နှင်း ရည်ရွယ်ချက် မရှိဘဲ၊ ထိုပန်း များကို ခူးယူရန် ခက်ခဲ ပေမည်။ မဟုတ်သော် ပန်းအား ထိလိုက် သည်နှင့်၊ ပေါက်ကွဲ နိုင်၏။

သည့်နောက် ဂရုတစိုက် ခရီးဆက် လာခဲ့သည်။ ဓားဖြင့် ကာကွယ်ကာ၊ ပန်းများ ရန်မှ၊ ရှောင်ရှား လာနိုင်၏။

“ ဝှစ် ... ။ ”

သို့သော် ပန်း နယ်မြေမှ လွန်မြောက် တော့မည့် အချိန်တွင်၊ ပုံရိပ် တစ်ရိပ်က သူ့အား ဖြတ်ကျော် သွားကာ၊ လက်လှိုင်းဖြင့် ပန်းများကို စုရုံး စေလိုက်သည်။

သည့်နောက် သူ့ထံသို့၊ ချက်ချင်း ပစ်လွှတ် လာတော့၏။ ‘သေစမ်း’ လင်းယွန်က ကျိန်ဆဲပြီး ထိုပုံရိပ်အား မော့ကြည့် လိုက်သည်။

ရှစ်ရွှမ်း ဟူသော ဘုန်းရွှေ ဝိညာဉ် ပိုင်ရှင် ဖြစ်၏။ ဘုံကျောင်း ရှေ့၌ ဤလူမှာ၊ သူ့အား ရှုံ့ချ ခဲ့ဖူးသည်။

သူ့ မျက်လုံး များ၌ လှောင်ပြုံး အချို့ စွန်းထင်း နေပြီး၊ ပျံသန်း နေခြင်းမှ ခဏရပ်ကာ၊

“ တောင်းပန် ပါတယ်၊ မင်းကို ငါ သတိ မထား မိလိုက်ဘူး၊ ဒါပေမယ့် ဒီကြယ်မိစ္ဆာ ပန်း လောက်နဲ့၊ မင်းကို ခြိမ်းခြောက် နိုင်မယ် မထင် ပါဘူး၊ ဟုတ်တယ် မလား၊ ဟား ... ဟား ... ဟား ... ။ ”

တောင်းပန် နေသော်လည်း၊ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် ခဲ့မှန်း၊ မည်သူ မဆို ပြောနိုင် လေသည်။

“ ဟား ... ၊ ဟား ... ၊ ဟား ... ။ ”

ထို့နောက် လင်းယွန်ထံ တစ်ချက်ပင်၊ လှည့်မကြည့် တော့ဘဲ၊ ငှက် တစ်ကောင် ကဲ့သို့၊ ရယ်မောလျက် ခရီးဆက် သွားတော့၏။

“ လူယုတ်မာ ... ။ ”

ဒေါသဖြင့် ကျိန်ဆဲ လိုက်သည်။ ရှစ်ရွှမ်း သဘော ထားမှာ ဆိုးရွား ချေ၏။ သို့သော် ယခု အချိန်၌ ၎င်းထက် ပန်းများကို ဖြေရှင်းရန်၊ ပို၍ အရေးကြီး ချေပြီ။

ပန်း တစ်ပွင့် ကတင် သူ့အား သတ်ရန်၊ လုံလောက် နေပြီမို့၊ ဤမျှ များပြား လှသော ပန်းများနှင့် တိုက်မိ ပါက၊ မည်သို့ ဖြစ်လာ မည်ကို၊ တွေးမကြည့် ရဲချေ။

“ ဟိတ် ... ။ ”

စိတ်တည် ငြိမ်အောင် ပြင်ယူ လိုက်ပြီး၊ မူလ စွမ်းအင် များကို ဖြန့်ကျက်ကာ၊ လက်ဖဝါးအား တွန်းထုတ် လိုက်သည်။

သို့သော် ပန်း များ၏ ဦးတည် ရာကို မပြောင်းလဲ ပေးနိုင် ခဲ့ချေ။ အကန့် အသတ် မရှိသော ဖိအား သည်သာ၊ ပို၍ တိုးလာ တော့၏။

ဤနည်းဖြင့် သေရ မည်လော။ လက်မခံ လိုချေ။ ထို့ကြောင့် လက်သီးအား ဆုပ်ကိုင်ကာ၊ ဝိညာဉ်ရေး ဓားကို အဆုံးထိ၊ တွန်းထုတ် လိုက်သည်။

မူလ စွမ်းအင် များက၊ ကြောက်မက်ဖွယ် လှိုင်းထ လာပြီး၊ ခရမ်း ပြာရောင် အလင်းများ ထွက်ပေါ် လာ၏။

ထို့နောက် လက်ဖဝါးအား တွန်းထုတ် လိုက်သည်။ ကြယ်မိစ္ဆာ ပန်းများကို မထိရဲ သဖြင့်၊ လေထုကို ကြားခံ အဖြစ်၊ ရိုက်ထုတ် ရလေသည်။

“ ဝှစ် ... ။ ”

ဤသည်မှာ နောက်ဆုံး နည်းလမ်း ဖြစ်သည်။ သူ့ လက်ဖဝါး များက ပန်း ရှစ်ပွင့်ထံ၊ လေလှိုင်းများ ပို့လွှတ်ကာ၊ ချက်ချင်း ဟန့်တား လိုက်သည်။

“ ဟိတ် ... ။ ”

မူလ စွမ်းအင် များစွာ ကုန်ခမ်းစေ သော်လည်း၊ ထိရောက်မှု ရှိ၏။ သည့်နောက် ခြေလှမ်း ပေါင်းများစွာ ပြန်ဆုတ် လိုက်ပြီး၊ နောက်ထပ် လက်ဖဝါး ချက် များကို ထပ်မံ တွန်းထုတ် လိုက်မိသည်။

ဤနည်းဖြင့် ပန်း နယ်မြေကို ဖြတ်ကျော်ရန် ကြိုးစား နေမိ၏။ သို့သော် နောက်ဆုံးတွင် မူလ စွမ်းအင် များ ကုန်ခမ်း လာတော့သည်။

“ ဟိတ် ... ။ ”

ခရမ်းရောင် ပန်းများ ပွင့်နေသော အပြာရောင် သစ်ပင်ကြီး၊ ထွက်ပေါ် လာချိန်၌၊ သူ့ လက်ဖဝါးကို နောက်တစ်ကြိမ် တွန်းထုတ် လိုက်ပြန်သည်။

သည်တစ်ကြိမ်၌ ပန်း ရှစ်ပွင့်မျှ ဖယ်ရှား နိုင်ခဲ့၏။ သို့သော် သူ့ မျက်နှာမှာ အသေကောင် ကဲ့သို့၊ ဖြူဖျော့ သွားသည်။

မူလ စွမ်းအင်များ ကုန်ဆုံး သွားပြီး ဖြစ်သဖြင့်၊ ကောင်းကင် ဓားကို အသုံးပြု ရန်သာ၊ ကျန်ရှိ ပေတော့သည်။

“ ငတုံး ... ၊ မင်းရဲ့ နေနတ်ဘုရား တံဆိပ်က၊ ဒီပန်းတွေကို ဝါးမျို နိုင်တယ်။ ”

ရုတ်တရက် အပြစ်တင် ရှုံ့ချသော အသံ တစ်သံ ထွက်ပေါ် လာသည်။ ယင်းမှာ ဖေးရွယ် ဖြစ်ကြောင်း၊ သူ မှတ်မိ၏။

ထို့နောက် စဉ်စားချိန် မရ တော့ဘဲ၊ သူမ သတိ ပေးချက် အတိုင်း၊ တောင်ပံ လူသားအား ဆင့်ခေါ်ကာ၊ တံဆိပ်ကို ဖွဲ့စည်း လိုက်သည်။

တောင်ပံ လူသား ပေါ်လာသော အခါတွင်၊ ကြယ်မိစ္ဆာ ပန်းများ အဟုန်မှာ၊ သိသိ သာသာ နှေးကွေး သွား၏။

“ စုပ် ယူ စမ်း ... ။ ”

လက်ဖဝါး ပေါ်ရှိ တံဆိပ်မှ၊ စုပ်ဝဲ တစ်ခု ထွက်ပေါ် လာသည်။ သည့်နောက် ပန်းများကို ချက်ချင်း ဆွဲယူ တော့၏။

လျင်မြန်သော အဟုန်ဖြင့်၊ အနား ကပ်လာသော ကြယ်မိစ္ဆာ ပန်းများကို ကြည့်ပြီး၊ နှလုံး သံများ မြန်လာသည်။ ဖေးရွယ်သာ လိမ်ညာ ပြောခဲ့ပါ၊ သူ သေရ ပေမည်။

လက်ဖဝါးနှင့် ထိတွေ့ ပြီးနောက်၊ ပန်း ရှစ်ပွင့်မှာ၊ အံသြစရာ ကောင်းလောက်အောင် ပျောက်ကွယ် သွားသည်။ ထိုအချိန်၌ တောင်ပံ လူသားမှာ၊ ပို၍ လင်းလက် လာတော့၏။

ထို့နောက် လက်သီးကို လေထဲ ထိုးချ လိုက်သည်။ လက်သီးမှ စွမ်းအားသည် ရှေ့ပြေး ထွက်သွားပြီး၊ မီးနယ်မြေအား လမ်းကြောင်း တစ်ခု ဖန်တီးပေး လေ၏။

၎င်းလမ်း အတိုင်း မီးခိုးတန်း ကဲ့သို့၊ လင်းယွန် ခမျာ ချက်ချင်း ဖြတ်ကျော် ပျံသန်း လိုက်တော့သည်။

***

All Chapters