← Chapters

ပြန်လည် တွေ့ဆုံခြင်း။

Vol. 70 Ch. 971

ပြန်လည် တွေ့ဆုံခြင်း။

Vol. 70 Ch. 971

မီး နယ်မြေ အတွင်းမှ ပြေးထွက် လာနိုင် သည်နှင့်၊ ဖန်တီး ထားသော လမ်းကြောင်းမှာ၊ ပျောက်ကွယ် သွားခဲ့သည်။

မီးလောင် ဒဏ်ရာ များကို ပြန်စစ်ဆေး ကြည့်ရာ၊ အပ်စိုက်မှတ် အချို့ လောင်ကျွမ်းခံ လိုက် ရကြောင်း၊ သတိပြု မိ လာ၏။

အသက် ပြင်းပြင်း ရှူလျက် နှုတ်ခမ်း ထောင့်စွန်းမှ သွေးစက် များကို သုတ်လိုက်ပြီး၊

“ ဘယ်လောက် တောင် သနားစရာ ကောင်းလိုက်လဲ … ။ ”

-ဟု ညည်းတွား လိုက်သည်။

ပတ်ဝန်း ကျင်ကို ဝေ့ကြည့်ကာ၊ ရေခဲ အလှ တရား ဟူသော အမျိုး သမီးကို ရှာကြည့် လိုက် သော်လည်း၊ မတွေ့ ရချေ။

သူမအား ကျေးဇူးတင် ရပေမည်။ သို့မဟုတ်သော် ဝှက်ဖဲကို ထုတ်ဖော် ရတော့ မည် ဖြစ်၏။

ခဏမျှ အနားယူ ပြီးနောက်၊ ရုတ်တရက် သတ်ဖြတ် လိုသော ရည်ရွယ်ချက် များဖြင့်၊

“ ရှစ် ရွှမ်း ... ။ ”

-ဟု အံကြိတ် ရေရွတ် မိသည်။

ကြယ်မိစ္ဆာ ပန်းများမှာ၊ အန္တရာယ် သိပ်မရှိ လှသော်လည်း၊ အထင် သေးစွာဖြင့်၊ တမင် ပြုမူ ခဲ့ခြင်း ဖြစ်သည်။

“ မင်း ... စောင့်နေ၊ ရှစ် ရွှမ်း ... ။ ”

နဂါးဝိုင် တစ်လုတ် သောက်လိုက် သဖြင့်၊ ဒဏ်ရာများ သက်သာလာ ခဲ့သည်။ ကျင့်ကြံမှု အပေါ် သက်ရောက်မှု မရှိစေ သော်လည်း၊ မူလ စွမ်းအင်အား ပြန်လည် ဖြည့်တင်း စေ၏။

သည့်နောက် ရှေ့သို့ မျှော်ကြည့်ကာ၊ ဆက်လျှောက် လာစဉ်၊ မီးခိုးရောင် ပြောင်းလဲ နေသော လေထု အတွင်း၊ ကျွန်းမျော (၇)ကို လှမ်းမြင် လာရသည်။

ကျွန်းမျောများ ပေါ်တွင်၊ များပြား လှသော နန်းတော် အမိုးစွန်း များကို မြင်မိ၏။ ၎င်းတို့ကို အကန့် အသတ်မဲ့ ကြယ်ရောင် များက၊ ဖုံးအုပ် ထားပြီး၊ ထူးခြားသော ရောင်ဝါများ ဖြာထွက် နေသည်။

ကျွန်းမျော များမှာ၊ တစ်ခုနှင့် တစ်ခု ဝေးကွာလျက်၊ လူများစွာမှ ၎င်းတို့ ဆီသို့ ဦးတည် နေကြ ကုန်၏။

ထိုသူများ အားလုံးမှာ၊ မီးနယ်မြေကို ဖြတ်ကျော်နိုင် ခဲ့ကြသော၊ မြင့်မြတ်မြေ အသီး သီးမှ၊ ထူးချွန် သူများ ဖြစ်သည်။ ရှစ်ရွှမ်းသည် ထိုလူအုပ် ထဲ၌၊ သေချာပေါက် ရှိနိုင် ပေ၏။

“ သူ့မှာ ရွှေဝိညာဉ် ရှိတဲ့ အတွက်၊ ရွှေဗိမာန်ကို ဦးတည် သွားမှာ သေချာတယ်။ ”

ခေတ္တမျှ တုံ့ဆိုင်း သွားပြီး၊ ဘုန်းနေမင်း ဗိမာန် ဆီသို့သာ၊ ဦးတည် သွားရန် ဆုံးဖြတ် လိုက်သည်။ နောက်ပိုင်းတွင် နဂါး နန်းတော်၌၊ ရှစ်ရွှမ်းအား သင်ခန်းစာ ပေးနိုင်၏။

မီး နယ်မြေမှ အားနည်းသော၊ ကျင့်ကြံသူ များကို တားဆီးပြီး ဖြစ်သည်။ ထို့ကြောင့် မည်သည့် အရပ်သို့ ဦးတည် စေကာမူ၊ ပြိုင်ဆိုင်မှု ပြင်းထန် လာမည်မှာ သေချာ၏။

ထို့အပြင် နဂါး နန်းတော် ပေါ်လာ ပါက၊ ပထမ တန်းစား ပါရမီရှင်၊ ခုနှစ်ပါး သည်လည်း၊ ဝင်ရောက် ယှဉ်ပြိုင် လာမည် ဖြစ်သည်။

ဘုန်းနေမင်း ဗိမာန်သို့ လူအများ စိတ် မဝင်စား စေရန်သာ ဆုတောင်း မိသည်။ နဂါး နန်းတော် မရောင်ခင်၊ ဝှက်ဖဲများ ထုတ် မပြချင် သေးချေ။

နဂါး ဝိုင်ကြောင့်၊ မူလ စွမ်းအင်များ ပြန်လည် ပြည့်ဝ လာပြီး၊ လောင်ကျွမ်း ခံရသော အတွင်း အင်္ဂါ များမှာ၊ မကြာခင် ပြန်လည် ကောင်းမွန် လာ၏။

မူလ စွမ်းအင် အတွက်၊ စိုးရိမ် စရာ မရှိ တော့သည် ဖြစ်ရာ၊ တိမ်ပေါ် တက်လှမ်း ခြင်း ကို၊ ထုတ်ဖော် လိုက်သည်။ ဆုံးရှုံး ခဲ့ရသော အချိန် များကို ကာမိ စေရန် လို၏။

“ ဝှစ် ... ။ ”

တစ်နာရီ ကြာ ပြီးနောက်၊ နေဗိမာန် ရှိရာ ကျွန်းမျော ကြီးထံ ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။

ကျွန်းပေါ်တွင် ရောင်ခြည် စက်ဝန်းဖြင့်၊ ကာကွယ် ထားသော မြို့ကြီး တစ်မြို့ ရှိသည်။ လေထု ထဲတွင်၊ အလင်းမှုန် များ ပေါင်းစပ် ပါဝင် နေသဖြင့်၊ သက်တောင့် သက်သာ ဖြစ်စေသည်။

“ ဒါက တကယ် ကောင်းတဲ့ နေရာပဲ။ ”

သက်ပြင်း ချကာ၊ အသိ အမှတ်ပြု လိုက်မိ၏။ တစ်ချိန်က ဤမြို့တွင်၊ စည်ကား သိုက်မြိုက် ခဲ့မည်မှာ၊ သေချာသည်။

စစ်ပွဲကြောင့် မြို့ပျက် သွားသော်လည်း၊ နောင်လာ နောက်သား များအား၊ အကြည်ညို မပျက် စေသည့်၊ အရှိန် အဝါများ ကျန်ရှိ နေသေး၏။

အလယ် ဗဟိုတွင် ခမ်းနား ထည်ဝါသော ရှေးဟောင်း နန်းတော်များ ကျန်ရှိ နေသည်။ ထိုနန်းတော် များကို ထူးထူး ဆန်းဆန်း အဆောက် အအုံ များစွာက၊ ဝိုင်းရံ ထားချေ၏။

နန်းတော် တစ်ခု ရှေ့၌၊ လူများစွာ စုဝေးနေ သည်ကို တွေ့လိုက် ရ၏။ သူ့အား မြင်သည်နှင့် လူတိုင်းက အာရုံစိုက် လာသည်။

“ ပန်းသင်္ချိုင်း လင်းယွန်ပဲ။ ”

“ သူက ... လျိုမူနဲ့၊ မြင့်မြတ်မြေ ခေါင်းဆောင် တွေကို သတ်ခဲ့တယ်။ ”

“ ကြယ်ဝိညာဉ် ပိုင်ရှင်နဲ့၊ ပထမတန်းစား ပါရမီရှင် ခုနစ်ပါးနဲ့၊ မတွေ့ရလို့ ပေျာ်နေတာ၊ လင်းယွန်က ဘာလို့၊ ဒီရောက် လာတာလဲ။ ”

“ မင်း ... သိချင်ရင် သွားမေး ပါလား။ ”

“ သူ့ကို မထီမဲ့မြင် မပြုနဲ့၊ သူ့ကို မနှောင့် ယှက်တာ မင်းအတွက်၊ အကောင်းဆုံး ဖြစ်လိမ့် မယ်၊ လျိုမူ ကိုတောင် လက်သီး တစ်ချက် တည်းနဲ့၊ သစ်ပစ် လိုက်တာ ငါ မြင်တယ်။ ”

ဤနေရာရှိ လူ အများစုမှာ၊ မြင့်မြတ်မြေ များမှ ဖြစ်ကြ သော်လည်း၊ လင်းယွန်ကို ရန်မစ ရဲကြချေ။

လင်းယွန် အစား အခြားသူ တစ်ဦးသာ ဆိုပါလျှင်၊ ချက်ချင်း မောင်းထုတ် မိမည်မှာ သေချာသည်။

သို့သော် လင်းယွန်က သူတို့ကို ဂရု မစိုက်ချေ။ သူ့ ခွန်အားကို တိုက်ရိုက် ပြသထား ပြီးဖြစ် သဖြင့်၊ စကားလုံးများဖြင့် သွယ်ဝိုက် ခြိမ်းခြောက် နေစရာ မလိုဟု ယူဆ မိသည်။

ဝင်ပေါက်အား ပိတ်ဆို့ နေသော တံခါးကြီး တစ်ချပ်ကြောင့်၊ လူတိုင်း ရပ်တန့် နေခြင်း ဖြစ် သည်ကို၊ သတိပြု မိသည်။

ဤသည်မှာ ခမ်းနားသော နန်းတော် တစ်လုံး ဖြစ်၏။ သို့သော် တံခါး နောက်ကွယ်၌၊ အန္တရာယ် ပေးနိုင်သော အရိပ် အယောင်ကို၊ ခံစား မိကြသည်။

ယင်းမှာ နတ်ဆိုး သားရဲ မဟုတ် ပါက၊ ရှေးလူများ ကျန်ရစ် ခဲ့သော သတ်ဖြတ်ခြင်း အစီရင် တစ်ခု ဖြစ်နိုင်၏။

လူတိုင်းက သူတို့ကိုယ် သူတို့ အမြောက်စာ မဖြစ်ချင် သဖြင့်၊ ဤနေရာ၌ ရပ်တန့်ကာ ကြံဆ နေကြခြင်း ဖြစ်သည်။

“ ..... ။ ”

ရုတ်တရက် တံခါး နောက်ကွယ်မှ၊ တိုးဖျော့သော အသက် ရှူသံ တစ်သံ ထွက်ပေါ်၊ လာ၏။

ဤအရာက လူတိုင်းကို ကြားစေ သဖြင့်၊ မျက်နှာများ ပြောင်းလဲ သွားကာ၊ သံသယနှင့် အချင်းချင်း ပြန်ကြည့် မိကုန်သည်။

“ ဝှစ် ... ။ ”

လက်နှစ်ဖက်ကို ဆန့်လျက်၊ လင်းယွန် တစ်ယောက် အမြန် နောက်ဆုတ် လိုက်သည်။ ဆုတ်ခွာ နေစဉ် မြေပြင်၌ အက်ရာများ ဖြစ်ပေါ် လာပြီး၊ ပြင်းစွာ တုန်လှုပ် သွား၏။

“ ဝူး ... ။ ”

ထို့နောက်တွင် တံခါး ထံမှ မီးလျှံများ ပေါက်ကွဲ ထွက် လာပြီး၊ လူများစွာကို လွင့်စဉ် သွားစေ လေသည်။

ယင်းမှာ အဆုံးသတ် မဟုတ် သေးဘဲ၊ မီးစွဲလောင် ကုန်သဖြင့်၊ ချက်ချင်း ငြိမ်းသတ် ကြ သော်လည်း၊ မအောင်မြင် တော့ချေ။

“ အား ... ။ ”

ငရဲပွက် သည့် အလား၊ နာကျင်စွာ ဟစ်အော်သံ များ ဆူညံ လာပြီး၊ ပြာကျသည် အထိ၊ လောင်ကျွမ်း သွားကုန်၏။

ထို့စဉ် မှာပင် တံခါးပွင့် သွားကာ၊ ကြီးမားသော အရိပ်ကြီး တစ်ရိပ် တိုးထွက် လာ၏။

အနက်ရောင် အမွေး အမှင် များတွင်၊ ရွှေရောင် မီးလျှံများ လောင် ကျွမ်း နေသည့်၊ ငှက် တစ်ကောင် ဖြစ်သည်။

“ မီးလျှံ ငှက်မိစ္ဆာ။ ”

ခမ်းနားသော ရောင်ဝါနှင့်၊ ငှက်ကြီးအား ကြည့်ကာ၊ လူတိုင်း မတုန် လှုပ်ဘဲ၊ မနေနိုင် တော့ချေ။

မီးလျှံ ငှက်မိစ္ဆာ ဟူသည် ရွှေကျီးကန်းမှ ဆင်းသက် လာသော ရက်စက် ကြမ်းကြုတ် လှသည့်၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်၏။

ရွှေကျီးကန်း၏ မျိုးဆက် သွေးကို၊ အနည်းငယ် မျှသာ ဆက်ခံထား သော်လည်း၊ ၎င်းအား သာမန် နတ်ဆိုး သားရဲဟု မယူဆ သင့်ချေ။

ရွေကျီးကန်း သွေး ဟူသည် ဒဏ္ဍာရီလာ ရှေးဟောင်း သားရဲ တစ်ကောင် ဖြစ်နေဆဲ ဖြစ် လေသည်။

ဧရာမ ငှက်ကြီးက၊ ဖိအားကို ထုတ်လွှတ် လိုက်ပြီး၊ ၎င်း၏ ပိုင်နက်အား ကျူးကျော်လာသူ များလက်မှ ကာကွယ်ရန် ကြိုးစား တော့သည်။

“ ဖရူး ... ။ ”

သို့သော် သူ၏ တိုက်ခိုက်မှု များမှာ၊ ရက်စက်ရမည့် အစား၊ အနည်းငယ် သနား ကြင်နာ နေပုံ ရ၏။

“ မကြောက်နဲ့ ... ၊ ဒီသားရဲက မီးဇာကုန် နေပြီ၊ ငါတို့ အတူတူ ရင်ဆိုင်ပြီး၊ သူ့ကို သတ်ရ အောင်။ ”

“ သတ် ... ၊ ဒီတိရစ္ဆာန်ကို သတ်ပြီး နန်းတော်ထဲ ဝင်ရအောင်။ ”

လူအုပ် ကြီးက စိတ်အား တက်ကြွ လာပြီး၊ အိုမင်း နေသော မီးလျှံ ငှက်မိစ္ဆာကို၊ ပြန်လည် တိုက်ခိုက် ကုန်ကြ၏။

“ ဖ ရူး ... ။ ”

သို့သော် မီးလျှံ ငှက်မိစ္ဆာ ကြီးက၊ အတောင်ပံ များကို ဖြန့်ကာ၊ မီးတောက် များကို၊ လူအုပ်ထံ ရိုက်ထုတ် တားဆီး လာသည်။

“ ငါလည်း ကူညီ သင့်တယ် ... ။ ”

လင်းယွန်၏ မျက်လုံးများ လင်းလက် သွားသည်။ မီးလျှံ ငှက်မိစ္ဆာမှာ၊ ကြာမြင့်စွာ တိုက်ပွဲဝင် နိုင်တော့မည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။

ယခု အချိန်ထိ၊ အသက် ရှင်သန် နေနိုင် သေးသည်မှာ၊ အနည်းဆုံး ‘ပင်မ နတ်ဘုရား’ နယ်ပယ်၌ ရှိရ ပေမည်။

ထို့ကြောင့် ၎င်း၏ အမြုတေမှာ လွန်စွာ အဖိုးတန် နို်င၏။ သူ့ အတွက် အခွင့် အရေး ကောင်း တစ်ခု ဖြစ်လေသည်။

လင်းယွန်မှ ကူညီပေး သဖြင့်၊ မီးလျှံ ငှက်မိစ္ဆာကို ဖယ်ရှား ရာ၌၊ ပို၍ လွယ်ကူလာ တော့သည်။

“ ကျီး ... ။ ”

တစ်နာရီကြာ တိုက်ခိုက် လိုက်ကြ ပြီးနောက်၊ ငှက်မိစ္ဆာ၏ ရောင်ဝါမှာ ကျဆင်း လာလျက်၊ နောက်ဆုံး ထွက်သက်ကို ရှူထုတ် လိုက်တော့သည်။

“ ဟား ဟား ဟား ... မင်းတို့ အားလုံးရဲ့ ... ၊ ကြိုးစား အားထုတ်မှုတွေ အတွက်၊ ကျေးဇူးတင် ပါတယ်၊ ဒီသားရဲ အမြုတေကို ငါ ယူလိုက်မယ်။ ”

ရုတ်တရက် ရယ်မောသံ နှင့်အတူ၊ အစွမ်းထက်သည့် ရောင်ဝါ တစ်ခု ထွက်ပေါ် လာသည်။

“ ရှစ် ရွှမ်း ... ။ ”

အသံ ထွက်ပေါ် လာရာသို့၊ မော့ကြည့် လိုက်ရာ၊ မိတ်ဆွေ ဟောင်းကြီး ဖြစ်နေမှန်း၊ လင်းယွန် တစ်ယောက် သိရှိ လိုက်လေသည်။

***

All Chapters